ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday 21 October 2011

Virus နဲ့ Spyware တွေကိုဘယ်လိုကာကွယ်မလဲ


-Kill Virus
ဒီပို့လေး ကို ကျနော်နားလည်သလိုရေးထားလို့ ဖတ်ရတာ အဆင်မပြေခဲ့ရင်နားလည်ပေးစေချင်ပါတယ်.
ကျနော်တို့ နေ့စဉ် အင်တာနက် နဲ့ပတ်သတ်ပြီး ဆိုဒ်တွေကိုသုံးစွဲနေရပေးမယ့် လူတိုင်း virus ကိုက်မှာ
ကိုယ့်စက်ထဲကို spyware တွေဝင်ရောက်မှာကို စိုးရိမ်ကျရပါတယ်.virus တွေတခါထိပြီဆိုရင် ဟိုလုပ်မရ
ဒီလုပ်မရ အရမ်းကို ဒုက္ခရောက်ကျရပါတယ်.ဒီတော့ Antivirus လို software တွေနဲ့ ကာကွယ်ရတယ်
ကာဗာ လုပ်ရပါတယ်.နာမည်ကြီး Antivirus တွေဖြစ်တဲ့ Kaspersky,AVG,Nortan တို့တွေလဲ သုံးသာ
သုံးရတယ် key black ဖြစ်လိုက် active မဖြစ်တော့ လိုက်နဲ့ အရမ်းပဲ အဆင်မပြေဖြစ်ရပါတယ်.

ဒီတော့ ငွေလဲမကုန် ဝယ်လဲ သုံးဖို့မလိုပဲ free နဲ့ ကောင်းမွန်စွာ အလုပ်လုပ်တဲ့ antivirus တွေကိုရှာ
သုံးကြည့်မယ်.ခုလက်ရှိထဲမှာ free ပေးပြီး နာမည်ရနေတာကတော့ Avast ပါပဲ.လွယ်ကူစွာ အင်စတောပြု
လုပ်နိုင်ပြီး အဆင်ပြေစွာ အသုံးပြုနိုင်ပါလေ့မယ်.သူကို သုံးချင်တယ်ဆိုရင် လက်ရှိ ကျနော်တို့ insatll
လုပ်ထားတဲ့ antivirus software တွေကိုအရင်ဆုံးဖြုတ်ပစ်ရပါလေ့မယ်.antivirus ၂ခုတင်ထားပြီ
ဆိုရင် စက်ကို အင်မတန်မှ နှေးကွေးစွာ အလုပ်လုပ်ဆောင်ပေးပါလေ့မယ်.ဒီ Avast Antivirus လေး
ကို သူ့ရဲ့ဆိုဒ်မှာဖရီးဒေါင်းလုပ် ချနိုင်ပါတယ်.အောက်ပါလင့်တွေကနေ ဒေါင်းလုပ် လုပ်ယူပါ.
1.Avast Home Page
2.Ninite
3.Filehippo
ဒီလောက်ဆိုရင် ကျနော်တို့ antivirus ကို ငွေမကုန် ကီးတွေဘာတွေမလိုပဲ အဆင်ပြေပြေ သုံးနိုင်ပါလေ့မယ်.

Anti Spyware



spyware ဆိုတာဘာလဲ?
ကျနော်တို့ virus တွေ ပြီးရင် spyware ဆိုတာကို ကာကွယ်တာနည်းပါတယ်.နောက်တခုကလဲ
ကျနော်တို့personal computer တွေကို ဘယ် hacker တွေကမှ data တွေ လာယူ လာခိုး
တာတွေ မလုပ်ချင်ကျပါဘူးရုံးတွေ ကုမဏီတွေ တွက်သာ အရေးပါ ပြီးကာကွယ်ဖို့လိုပါလေ့မယ်.
ကျနော် အရင်က ပို့စ်တခုရေးဘူးပါသေးတယ်.MS Essential က စက်ထဲက spyware ကို
မရှာပေးနိုင်ပါဘူး ဒါကြောင့် spyware ကိုသီးသန့်ကာကွယ်ဖို့ ထုတ်ပေးထားတဲ့ software
တွေကို သုံးစွဲဖို့လိုအပ်လာပါလေ့မယ်.ကျနော် အပေါ်မှာပြောထားသလို အိမ်သုံးစက်တွေ တွက်
မလိုပေမယ်.ရုံးမှာ ကိုယ်နှစ်လချီပြီး စုစောင်းထားတဲ့ data တွေ ကို မိနစ်ပိုင်းတွင်းမှာ
spyware တွေက မိမိကွန်ပျူတာကနေ တဆင့် ပို့လွတ်ထားတဲ့ သူတွေဆီ ကိုယ့်ရဲ့ data
တွေသယ်ဆောင်သွားပါလေ့မယ်.ကျနော် သဘောကတော့ အိမ် ၂လုံးမှာ ဝင်းတံခါးတွေ ဖွင့်
ထားတဲ့ အိမ်ထက်စာရင် သော့မခတ်ထားရင်တောင် တခါးတွေကို စေ့ထား ပိတ်ထားတဲ့ အိမ်က
ပိုလုံခြုံပါလေ့မယ်.ပြောနေတာနဲ့ရှည်နေပါပြီကာမယ်ဗျာ ဆို ဘာနဲ့ကာမလဲ .အဝေးကြီး
မကြည့်ဘူး ဖရိးရတာလေးပဲသုံးကြည့်မယ်.အဆင်ပြေပါလေ့မယ်လူကြိုက်များပြီး
ဖရီးပေးနေတဲ့ ၃ မျိုးကို ကျနော် လမ်းညွန်ပေးလိုက်ပါတယ်.

1.Ad-Aware



Ad-Aware ဆိုတာ ဘာတွေ ကောင်လဲ ဘယ်လိုအလုပ်လုပ်လဲ? သူက antivirus & spyware ဆိုပြီး
တမင်ထုတ်လုပ်ထားတဲ့ ဆော့ဝဲတခုပါ.ကျနော်တို့ သုံးနေတဲ့ email,pay bill,download file တွေ
ဒါမှ မဟုတ်ရင်facebook မှာ Twitter မှာ သူများတွေ တင်ထားတဲ့ လင့်တွေ ဖိုင်တွေမှာ spyware
ရှိမရှိကာကွယ်ပေးပါတယ်.သူ့ရဲ့ homepage လေးမှာလဲပိုမိုပြည့်စုံစွာဖတ်ရှု့နိုင်ပါသေးတယ်.ဒေါင်း
လုပ်ကိုတော့ အောက်မှာ ဖရီး ရယူနိုင်ပါတယ်.

here>>

http://www.lavasoft.com/

2.Spybot Search and destory



ဒီတခုကတော့ စက်ထဲမှာ spyware တွေရှိနေပြီလားဆိုတာ မသင်္ကာတော့ရင် ၊ရှိနေပြီ
လို့ထင်နေရင်တော့ဖိုင်တွေကို စစ်ပေးနိုင်မယ့် ဆော့ဝဲလေးတခု ကတော့ FileAlyzer
ပါ.သူကတော့ ကိုယ့်မှာရှိတဲ့ ဖိုင်တွေကို analyze လုပ်ပေးမယ် မသင်္ကာတာတွေ့ရင်
Alert ပေးမယ်ပေါ့ဗျာ.သူ့ဆိုဒ်မှာတော့ ဒီလိုပဲ အလွယ်လေးရှင်းပေးထားပါတယ်.
fileAlyzer allows a basic analysis of files (showing file properties and file contents
in hex dumpform) and is able to interpret common file contents like resources
structures (like text, graphics,HTML, media and PE).
DOWNLOAD FILE ALYZER

3.Window Defender



ကျနော်တို့ window users တွေ တွက် စက်ထဲမှာ defender က အော်တိုပါပြီးသားပါပဲ.ကျနော်တို့ပဲ
မသုံးဖြစ်ကျတာ.ကြော်ငြာကောင်းတာကို လိုက်ပြီး ကောင်းတယ်ထင်နေကျတာ.ကျနော် သိတဲ့
သူငယ်ချင်းတယောက်ဆိုဘာ antivirus မှာ မသုံးဘူး စက်က ပါလာတဲ့ defender လေးပဲ သုံးတယ်.
ကျနော့်ဆိုလဲပြောတယ် သူ့တွက်ဒါလေးက အဆင်ပြေတယ် တဲ့ ခုလက်ရှိပါပဲ.မသိသူ ကျော်သွား
သဘောပေါ့ဗျာ.ကျနော်ကတော့ အားလုံး သတိထားမိအောင် ဒီပို့စ်လေးမှာ ထည့်ပြောပေးလိုက်ပါတယ်.
ကိုယ့်စက်ထဲမှာ မရှိသေးဘူးဆိုရင် အောက်ကလင့်မှာ ဖတ်ကြည့်ပြီး ဒေါင်းယူနိုင်ပါတယ်.
http://www.microsoft.com/windows/products/winfamily/defender/defaul...

ကျနော် သူ့ဆိုဒ်မှာရှင်းထားတာလေးကို ကူပေးလိုက်ပါတယ်.
Windows Defender detects and removes spyware
Windows Defender is software that helps protect your computer against pop-ups, slow performance,
and security threats caused by spyware and other unwanted software by detecting and removing
known spyware from your computer. Windows Defender features Real-Time Protection, a monitoring
system that recommends actions against spyware when it's detected, minimizes interruptions, and
helps you stay productive





နောက်တခုက ဖရီးတွေ ပေးတဲ့ ဆိုဒ်တွေမှာ virus တွေ spyware တွေရှိနေတတ်ပါတယ်.ကျနော်
အရင်ကပြောဘူးသလို browser တွေတွက် WOT လို မျိုး add on တွေကို အသုံးပြုပြီးမှ ဆိုဒ်တွေ
ကို သွားဖို့ တိုက်တွန်းပါတယ်.စာလဲ တော်တော်ရှည်သွားပြီ ထပ်ရေးဖို့လဲ ကျန်သေးတော့ နောက်ထပ်
ပို့စ်တခုမှာပဲ
-spyware Guild နဲ့website bugs ဆိုတာဘာလဲ ??
-ကိုယ့်သူငယ်ချင်းဆီက ဝင်လာတဲ့ မက်ဆေ့တွေထဲက လင့်တွေထဲမှာ ဘာတွေပါလာနိုင်သလဲ ??
-Window Pop up က Virus တွေကိုဘယ်လို အလုပ်လုပ်ပေးနေတာလဲ ??
ဆိုတာမျိုးတွေကို ကျနော် နားလည်သလောက် ပြန်ရေးပေးပါမယ်..ခုတော့ နားခွင့်ပြုပါဦး :)
ဒီ အောက်ကလင့်မှာ Top 7 Anti-Spyware တွေကို သွားရောက်လေ့လာနိုင်ပါတယ်.
http://techreviews.in/top-7-anti-spywares/

ဒီပို့စ်လေးကို PDF လေးနဲ့ ယူထားမယ်ဆိုရင် အောက်မှာ ဒေါင်းယူပါ.

Download here

More>>http://kaunglaynge.net



No comments:

Post a Comment

daweiit@gmail.com