ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Wednesday 26 October 2011

Deep Freeze ဆိုတာဘာလည်း?.. ဘယ်လိုအသုံးဝင်သလဲ?.

အညာသားလေး

Deep Freeze ဆိုတာဘာလည်း?.. ဘယ်လိုအသုံးဝင်သလဲ?..သူ့ကို Passwords မေ့နေလျှင် ဘယ်လိုပြန်ဖြုတ်ရမလဲ?..(ကွန်ပျူတာအခြေခံ အသိပညာရပ်)

Deep Freeze ဆိုတာ အင်တာနက်ဆိုင်များရဲ့မရှိမဖြစ်လက်စွဲ Software ငယ်တစ်ခုသာဖြစ်ပါတယ်။ အင်တာနက်ဆိုင်များရဲ့ မရှိမဖြစ်လက်စွဲဖြစ်သလို၊ ရုံးများ၊ကျောင်း စသည့်လူသုံးအများတဲ့ ကွန်ပျူတာ
တွေကို Restart ချလိုက်ရုံနဲ့ နဂိုမူလ ပြင်ဆင်ထားတဲ့ Settings တွေအတိုင်း ပြန်ရအောင်လုပ်ပေးမယ့်
Software ပါ။ တန်ဖိုးလဲ တကယ်ရှိသလို…လူသုံးလဲများပါတယ်။ အဲဒီလိုလူသုံးများလာခြင်းနှင့်အတူ
သူ့ကို Passwords မေ့လို့ ပြန်ဖြုတ်မရတဲ့ပြသနာတွေကလဲ အများကြီးပါ။ အခု ကျွန်တော်တင်ပြတဲ့
ပို့စ်ကိုဖတ်ပြီးသွားပြီ ဆိုတာနဲ့ သူ့ရဲ့အသုံးဝင်ပုံကိုကောင်းကောင်းကြီးသိသွားပါလိမ့်မယ်။ဒီ ပို့စ်လေး
ပြီးသွားပြီဆိုရင်တော့ ကျွန်တော့်ရဲ့ Deep Freeze အကြောင်းရေးသားခြင်းပြီးဆုံးသွားပါပြီ။

Deep Freeze ဘယ်လောက်အထိတောင် အသုံးဝင်သလဲသိဖို့အတွက် အောက်မှာဒေါင်းပြီးဖတ်ကြည့်ပါ။
နောက်ဆုံး Version ဖြစ်တဲ့ Deep Freeze 7 နဲ့လိုင်စင်ကီးကိုပါ တစ်ပါတည်းထည့်ထားပေးပါတယ်။
Download Here


Deep Freeze မှာပေးထားတဲ့ Passwords မေ့နေရင် ဘယ်လိုပြန်ဖြုတ်ရမလဲ..?

ဟုတ်ကဲ့..မိတ်ဆွေဟာ Deep Freeze ကိုရင်းနှီးကျွမ်းဝင်သူတစ်ယောက်ဖြစ်လာပြီ..(သို့) ရင်နှီးကျွမ်းဝင်ပြီးသားဆိုရင် Deep Freeze သုံးတဲ့အခါမှာ Passwords ပေးရတယ်ဆိုတာ သိမှာပါ။
ပေးထားတဲ့ Passwords သာမေ့သွားပြီဆိုရင် Windows ပြန်တင်ခြင်းနည်းနဲ့သာ ကုစားရပါတော့မယ်။
အဲဒီလိုလုပ်နေရရင် အချိန်ကုန်တာပေါ့။။ဒီတော့ သီးခြား Software တစ်ခုကိုသုံးရပါတော့မယ်။
သူကတော့ Deep Freeze Passwords Remover ပါ။ သုံးပုံသုံးနည်းကတော့ Remover ကို မ Run
ခင် Antivirus Software ကိုတော့ Exit လုံးဝလုပ်ထားဖို့လိုပါလိမ့်မယ်။ အဲဒါမှမဟုတ်ရင် Remover
ကို Virus ဆိုပြီး ၀ါးစားလိုက်မှာမလို့ပါ။ Remover ကို Run ပြီးပြီဆိုရင် Box အငယ်စားလေးတစ်ခုကျလာပါမယ်
အဲဒီဘောက်အငယ်လေးထဲမယ်ရှိတဲ့စာတွေကတော့ ရောမစာတွေလိုလိုဘာလိုလိုပါဘဲ.အဲဒါပြသာနာမဟုတ်ဘူး
ကျွန်တော်တို့လုပ်ရမှာက cHANGE 1T ဆိုတာလေးကို နှစ်ချက် ဒါမှမဟုတ် သုံးချက် နှိပ်ပေးလိုက်ရပါမယ်။ ပြီးရင် OK ကိုနှိပ်ပြီး ပိတ်လိုက်ရုံပါဘဲ။ ပြီးရင် Ctrl+Alt+Shift+F6 ကိုတွဲနှိပ်ပြီး Deep Freeze ကိုခေါ် ပြီးရင်
Passwords ရိုက်ရမယ့် အကွက်ထဲမှာ ဘာ Passwords မှ မရိုက်ဘဲ OK ကိုနှိပ်ပြီး Boot Frozen လုပ်ချင်လုပ်
Boot Thawed လုပ်ချင်လုပ် ကြိုက်တာကိုလုပ်ပြီး Apply and Reboot လုပ်ရုံဘဲခင်ဗျာ။ ကဲ.အောက်မှာ ဒေါင်းဖို့ပေးထားပါတယ်ခင်ဗျာ။ဒီမှာတင်ဘဲ ကျွန်တော် Deep Freeze အကြောင်းရေးခဲ့သမျှ အဆုံးသတ်လိုက်ပါပြီ..Deep Freeze နဲ့ပတ်သက်လို့ ဖတ်ချင်သေးတယ်ဆိုရင် ကွန်ပျူတာဆိုင်ရာမှာရှာဖတ်နိုင်
ပါတယ်ခင်ဗျာ။အားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Download Deep Freeze Passwords Remover

(ကျွန်တော်ရေးသားထားသော ဘလော့များနှင့်ပတ်သက်သည့်မေးခွန်းများကို သောကြာနေ့နှင့်စနေနေ့တိုင်း
ပြန်လည်ဖြေကြားပေးပါမည်။ မရှင်းလင်းတာရှိလျှင် မေးမြန်းနိုင်ပါသည်ခင်ဗျာ)
ပြန်လည်ပြောဆိုဆွေးနွေးမယ်

No comments:

Post a Comment

daweiit@gmail.com