ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Wednesday 26 October 2011

ဖိုင်များအားUSB Drives ဖြင့်ကူးယူလို့မရအောင်လုပ်ခြင်း

စိုင်း

ဖိုင်များအားUSB Drives ဖြင့်ကူးယူလို့မရအောင်လုပ်ခြင်း

ကိုယ့်စက်က ဖိုင်တွေက
ို USB Drives နဲ့ကူးယူလို့မရအောင် လုပ်ကြမယ်/တခါတလေ
ကိုယ့်စက်ထဲက ဒေတာတွေကို သူများတွေ USB Drives နဲ့ကူးသွားမှာမလိုလားဘူး။
အထူးသဖြင့် လူဝင်လူထွက်များတဲ့ရုံးတွေမှာဆိုပိုဆိုးတယ်။ ဒါဆိုရင် အဲလို
USB Drives နဲ့ ကော်ပီကူးလို့မရအောင် Registry ထဲမှာသွားပြင်ကြရအောင်။
1) Start –> Run ကိုသွားလိုက်ပါ။ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2) ဒီလမ်းကြောင်းအတိုင်း တဆင့်ပြီးတဆင့်သွားလိုက်ပါ “HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control”
3) key အသစ်တခုဖန်တီးလိုက်ပြီး StorageDevicePolicies လို့ နာမည်ပေးလိုက်ပါ။
4) StorageDevicePolicies ကို ရွေးခြယ်လိုက်ပြီး DWORD (32-bit) Value ကို
ဖန်တီးလိုက်ပါ။ ပြီးရင် အဲဒီ DWORD (32-bit) Value ကို WriteProtect
ဆိုပြီး အမည်ပေးလိုက်ပါ။ 5) အဲဒီ WriteProtect ရဲ့တန်ဖိုးကို ပုံမှာ ပြထားတဲ့အတိုင်း " 1 " လို့ပြောင်းပေးလိုက်ပါ။
ပြီးရင် Registry Editor ကိုပိတ်လိုက်ပါ။ တခါတရံ ကိုယ်ပြောင်းထားတဲ့ setting
အလုပ်လုပ်ဖို့ computer ကို restart ချပေးဖို့လိုပါတယ်။
စက်ပြန်တက်လာတဲ့အခါ သင့်စက်ထဲက ဘယ်ဖိုင်ကိုမှ USB Drives
တွေနဲ့ကူးလို့ရမှာ မဟုတ်တော့ပါဘူး။ ကူးလိုက်ရင်အောက်ပါအတိုင်း error
message တက်ပါလိမ့်မယ်။ ဒီနည်းကို Window XP SP 2 မှ Vista
အထိသုံးလို့ရပါတယ်။ ဒါပေမဲ့ ဖိုင်ကူးမဲ့လူက administrator status
ရထားရင်တော့ ဒီ setting ကိုအလွယ်တကူပြန်ပြင်လို့ရပါတယ်။
မှတ်ချက်။ ။ Registry တွင် ဝင်ရောက်ပြင်ဆင်ချင်းမှာ မှားလုပ်မိလျှင် Windows
မတက်သည်အထိ ဖြစ်တတ်သောကြောင့် မကျွမ်းကျင်သူဖြစ်ပါက Registry ကို ကြိုတင်၍
backup လုပ်ထားရန်လိုအပ်ပါသည်။  

www.mawcity.com(saikothu@mawcity.com)

No comments:

Post a Comment

daweiit@gmail.com