ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 24 October 2011

Windows 7: Automated Installation Kit



Windows 7: Automated Installation Kit







Windows 7 တင်ပြီးတာနဲ့ စာဖတ်သူအတွက် အသုံးဝင်မယ့် Software တွေ တင်ပြီးသား ဖြစ်သွားမယ်၊ ပြီးတော့ Windows Setting တွေကိုလည်း စာဖတ်သူစိတ်ကြိုက် ပြင်ထားပြီးသား ဖြစ်သွားမယ်။ ကဲ အဲဒီနည်းလမ်းလေး သိချင်ရင်တော့ Read more လေးကိုသာ နှိပ်လိုက်တော့ဗျို့။

ဒီနည်းလမ်းလေးကို သိထားခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ လက်တွေ့ မစမ်းသပ်ဖြစ်တာနဲ့ မရေးဖြစ်ခဲ့တာပါ။ Black XP ကို စတွေ့ဖူးခါစက သူ့ကို အရမ်းသဘောကျမိတာကနေ ဒီနည်းလမ်းကို စတင်တွေ့ရှိခဲ့တာပါ။ Black XP ကို သုံးဖြစ်တဲ့သူတွေ မှတ်မိကြမှာပါ။ သူက Windows တင်ပြီးတာနဲ့ Software တွေ တင်ပြီးသား။ ပြီးတော့ Windows တင်နေတဲ့အချိန်မှာလည်း ဘာဘာညာညာတွေ မမေးဘူးလေ။ Windows XP မှာ Windows တင်နေရင်း မေးတဲ့ဟာတွေ (Product Key, Regional Setting etc) တွေကို Answer file ရေးပြီး ဖြေထားလို့ရတာကိုတော့ MCSE စာအုပ်ကြီး ဖတ်ပြီး သိခဲ့တာမို့ အဲဒါဟာ ကျွန်တော့်အတွက်တော့ အဆန်းမဟုတ်တော့ပါဘူး။

ဒါပေမဲ့ Windows တင်ပြီးတာနဲ့ Software တွေ တင်ပြီးသားဖြစ်နေတာကတော့ ကျွန်တော့်အတွက် အဆန်းဖြစ်နေပါတယ်။ အဲဒါနဲ့ Black XP ကို ဘယ်လိုများလုပ်သလဲဆိုတာကို Internet မှာ မွှေကြည့်တဲ့အခါမှာ Windows Post Install ဆိုတဲ့ Software ကိုသုံးပြီး ဖန်တီးထားတယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒါနဲ့ WPI ကို download ဆွဲပြီး စမ်းသပ်ကြည့်ခဲ့ပါတယ်။ အဆင်ပြေပါတယ်။ ဒါပေမဲ့ အရမ်းကြာတာမို့ ကြာရှည်မသုံးတော့ပါဘူး။

အဲဒါနဲ့ ကြားထဲမှာ Windows 7 ကြီး ထွက်လာရော။ Windows 7 မှာရော အဲဒီလို လုပ်ရလားဆိုပြီး Internet မှာ မွှေကြည့်ပါတယ်။ Windows 7 Post Install နဲ့ ရှာမရတော့ Windows 7 Pre Install ဆိုပြီး keyword ပြောင်းပြီး ရှာကြည့်တဲ့အခါမှာ Microsoft Website ကနေ Windows 7 AIK(Automated Installation Kit) ဆိုတာကို စတွေ့ပါတော့တယ်။ AIK က Windows 7 တင်ပြီးတာနဲ့ ကိုယ်ကြိုက်တဲ့ Software တွေ၊ Driver တွေ ပါလာအောင် လုပ်ပေးနိုင်တယ်လို့ Microsoft က ပြောပါတယ်။

အဲဒါနဲ့ ၀မ်းသာအားရ Download ဆွဲမယ်ကြံတော့ 1 GB ကျော်ကြီး ဖြစ်နေတာ့ အံ့လည်း အံ့သြ၊ ဆွဲဖို့လည်း အချိန်မရ ဖြစ်နေပါတယ်။ အားတဲ့နေ့တော့ ဆွဲမယ်ကွာဆိုပြီး စိတ်ထဲမှာ တေးထားလိုက်တယ်။ ဒီလိုနဲ့ သင်္ကြန်ကျတော့ အလုပ်က လည်းအားနေတဲ့အချိန်မှာ အဲဒီ AIK ကို နေ့ရောညရော ရင်းပြီး ဆွဲပါတယ်။ မှတ်မှတ်ရရ သုံးရက်လောက် ကြာပါတယ်။ 

Download ဆွဲပြီးတာနဲ့ ချက်ချင်းပဲ စမ်းသပ်ကြည့်ပါတယ်။ Overview လေး နည်းနည်းပါးပါးလေး ဖတ်ကြည့်ပြီး ခေါင်းမူးသွားတာနဲ့ ပြန်ပစ်ထားလိုက်ပါတယ်။ ခေါင်းမမူးမှ နေရောလေ၊ AIK ကို သုံးဖို့အတွက် ကွန်ပျူတာနှစ်လုံး လိုမယ်၊ Network ချိတ်ရမယ်၊ ပြီးတော့ ဟိုဘက်စက်က Windows ကို Capture ဖမ်းရမယ် ဘာညာနဲ့ တော်တော်လေးကို ရှုပ်တာကိုး။

ဒါပေမဲ့ အခုရက်ပိုင်းမှာ လူကလည်း အားနေတာနဲ့ သေသေချာချာ စိတ်ရှည်လက်ရှည် စမ်းကြည့်တော့မှ အရမ်းလွယ်တာကို တွေ့သွားပါတယ်။ ပြီးတော့ အခုလို Software တွေ ပါပြီးသားဖြစ်တဲ့ Windows ခွေလေး ဖြစ်လာဖို့ အတွက် 1GB ကျော်ရှိတဲ့ AIK ကို Download ဆွဲစရာမလိုဘူးဆိုတာကို စမ်းသပ်နေရင်းနဲ့ သိလာတော့မှ ဒီ Article လေး ကို ရေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ တကယ်လို့ 1GB ကျော်ရှိတဲ့ AIK ကြီး ကို Download ဆွဲမှ လုပ်ရမယ်ဆိုရင်တော့ ကျွန်တော်လည်း ဒီ Article လေးကို ရေးဖြစ်မှာ မဟုတ်ပါဘူး။

ကဲ.. လေကြောရှည်တာ အဲ နိဒါန်းပျိုးတာ များကုန်ပြီ။ လုပ်နည်းအသေးစိတ်လေးကို Step by Step ကြည့်လိုက်ရအောင်ပါ။ တစ်ခု မှာလိုတာက အောက်မှာပြထားတဲ့ နည်းလမ်းတွေကို Advanced User တွေသာ စမ်းသပ် ကြည့်စေလိုပါတယ်။ ပြီးတော့ မထင်မှတ်ဘဲ ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း ကျွန်တော်က တာဝန်မယူပါ။ ကျွန်တော် စမ်းသပ်တုန်းကတော့ အားလုံးဟာ ချောချောမောမော အဆင်ပြေခဲ့ပါတယ်။

ဒါပေမဲ့ အောက်မှာပြထားတဲ့ နည်းလမ်းကို စာဖတ်သူအနေနဲ့ ဘယ် Website မှာမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လေးညလောက် အမျိုးမျိုးစမ်းပြီးမှ အဖြေတွေ့ခဲ့ပြီး အဆင်ပြေခဲ့တာပါ။ အစပိုင်းက Microsoft က ပြောတဲ့အတိုင်း လိုက်လုပ်တာပါ။ အဆင်မပြေပါ။ နောက် Microsoft ပြောတာလည်း ဟုတ်ချင်မှ ဟုတ်မှာပါလေဆိုပြီး သံသယ၀င်ပြီး ကိုယ့်နည်းကိုယ့်ဟန်လေးနဲ့ စမ်းမှ အဆင်ပြေခဲ့တာပါ။

လိုအပ်ချက်များ
၁။ Windows 7 တင်ထားတဲ့ ကွန်ပျူတာနှစ်လုံး ရှိရပါမယ်။ နှစ်လုံးစလုံးဟာ Network ချိတ်ထားရပါမယ်။
၂။ 256MB အနည်းဆုံးရှိတဲ့ Memory Stick တစ်ချောင်း လိုပါမယ်။ အဲဒါနဲ့ Format ကြိုရိုက်ထားပါ။
၃။ ကွန်ပျူတာနှစ်လုံးကို စိတ်ထဲမှာ နာမည်ပေးထားလိုက်ပါ။ တစ်လုံးကို Reference Computer လို့ သတ်မှတ်ပြီး ကျန် တစ်လုံးကို Technician Computer ဆိုပြီး သတ်မှတ်လိုက်ပါ။

စတင်ခြင်း

၁။ အောက်မှာပေးထားတဲ့ XML ဖိုင်ကို download ဆွဲပြီး Memory Stick ထဲ ထည့်ပါ။ Root Directory ဆောက်ပြီး ထည့်ပါ။ Folder တွေ ဘာတွေ ဆောက်ပြီး မထည့်ပါနဲ့။ ဖိုင်နာမည်ကို မပြောင်းပါနဲ့။ အခုဖိုင်လေးကို Answer File လို့ ခေါ်ပါတယ်။ Windows တင်တဲ့အခါမှာ မေးမယ့်မေးခွန်းတွေကို သူက ဖြေပေးပါလိမ့်မယ်။
http://www.myanmaritmen.com/download/Autounattend.xml

၂။ Refrence Computer ရဲ့ C: Partition ကို Format ရိုက်ရမှာမို့ ယူစရာရှိတာ ယူထားပါ။ Refrence Computer မှာ Memory Stick ကို ထိုးတပ်လိုက်ပါ။ ရှေ့အပေါက်မှာ မတပ်ပါနဲ့။ နောက်အပေါက်မှာ တပ်ပါ။ ပြီးတော့မှ ကွန်ပျူတာကို ဖွင့်ပါ။ Windows 7 Installtion DVD ခွေထည့်ပြီး Windows တင်ပါ။ Windows တင်တဲ့အခါ Version ရွေးခိုင်းတဲ့အခါမှာ Windows 7 Ultimate ကို ရွေးပါ။ C: Partition ကို Delete လုပ်ပါ။ New ပြန်ဆောက်ပြီး အဲဒီ C: ထဲမှာပဲ Windows တင်ပါ။

၃။ ထုံးစံအတိုင်း Windows တင်တာကို ပြီးအောင် စောင့်ပါ။ Windows 7 တင်ပြီးသွားတဲ့အခါမှာ ခါတိုင်းနဲ့မတူ Desktop တက်လာတဲ့အခါ အောက်မှာပြထားတဲ့ Box လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ သူ့ကို ပိတ်ပစ်လိုက်ပါ။ Windows ကိုလည်း သတိထားကြည့်လိုက်ပါ။ Aero တွေဘာတွေ ပါမှာမဟုတ်ပါဘူး။

၎။ ရပါပြီ။ ကြိုက်တဲ့ Software တွေ တင်ပါ။ Driver တွေ တင်ပါ။ (Driver က မတင်လည်းရပါတယ်) Windows ကို Setting ချိန်ပါ။ ဥပမာ My Computer icon ကို Desktop ပေါ်တင်တာတွေ၊ Explorer မှာ Menu bar ဖော်တာတွေ၊ Taskbar buttons တွေကို never combine လုပ်တာတွေ စသည်ဖြင့်ပေါ့။ ကိုယ်နှစ်သက်သလို Windows ကို ပုံစံချပါ။

၅။ အားလုံး စိတ်ကြိုက်ဖြစ်သွားဆိုရင် C:\Windows\System32\Sysprep ဆီသွားပြီး sysprep ဆိုတဲ့ program ကို ဖွင့်လိုက်ပါ။ System Preparation Tool ပွင့်လာရင် System Cleanup Action မှာ Enter System Out of Box ကို ရွေးပါ။ Generalize ကို အမှန်ခြစ်ပါ။ Shtutdown Options မှာ Shutdown ကို ရွေးပါ။ ပြီးတာနဲ့ OK နှိပ်ပါ။ အဲဒီအခါမှာ Sysprep က Hardware Configuration တွေအားလုံးကို Cleanup လုပ်ပါလိမ့်မယ်။ ခဏစောင့်ပါ။ ပြီးတဲ့အခါမှာ ကွန်ပျူတာက Shutdown ဖြစ်သွားပါလိမ့်မယ်။ အဲဒီကွန်ပျူတာကို လုံးဝ ပြန်မဖွင့်ပါနဲ့။

၆။ အောက်မှာပေးထားတဲ့ WinPE ကို Download ဆွဲပါ။ ရလာတဲ့ ISO ဖိုင်ကို စီဒီခွေနဲ့ ပြန် Burn ပါ။ အဲဒါကိုတော့ Technician Computer မှာ လုပ်ရမှာပေါ့လေ။
http://www.4shared.com/file/jTgSFrVs/winpe.html


၇။ WinPE စီဒီခွေလေး ရပြီဆိုရင်  အစောက Reference ကွန်ပျူတာမှာ ဒီ WinPE စီဒီခွေလေးနဲ့ Boot တက်လိုက်ပါ။ WinPE ပွင့်လာတာကို စောင့်ပါ။

၈။ WinPE တက်လာပြီဆိုရင် Windows ရှိနေတဲ့ Drive ကိုရှာပါ။ လက်ရှိ WinPE ခွေ ထည့်ထားတဲ့ Drive ရဲ့ Drive Letter ကိုလည်း သိအောင်ကြိုးစားပါ။ အဲဒါလေးက လက်ဝင်မယ် ထင်ပါတယ်။

၉။ ပြီးရင်တော့ ဒီ Command လေး ပေးလိုက်ပါ။
X:\imagex.exe /capture Z: Z:\myimage.wim "my Win7 Install" /compress fast /verify
Command ရဲ့ အဓိပ္ပာယ်ကတော့ Reference ကွန်ပျူတာထဲမှာ ရှိတဲ့ Windows Partition ကို myimage.wim ဆိုတဲ့ ဖိုင်အနေနဲ့ Image ဖန်တီးပြီး သိမ်းလိုက်တာဖြစ်ပါတယ်။ X: နေရာမှာ စာဖတ်သူရဲ့ CD Driver Letter ကို အစားထိုးရမှာဖြစ်ပြီး Z: နေရာမှာတော့ Windows ရှိနေတဲ့ Partition ရဲ့ Driver Letter ကို အစားသွင်းရမှာပါ။

၁၀။ ရပါပြီ။ အဲဒီ myimage.wim ဆိုတဲ့ GB နဲ့ချီပြီး ရှိနေတဲ့ဖိုင်ကြီးကို Network ကနေတစ်ဆင့် ဟိုဘက် Technician Computer ကို လှမ်းပို့တော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Technician ကွန်ပျူတာဘက်သွားပြီး D: ထဲမှာ Images ဆိုတဲ့ Folder တစ်ခု တည်ဆောက်ပြီး အဲဒါကို Share လုပ်ပါ။ Write Permission ပေးပါ။

၁၁။ အဲဒီ Technician Computer ရဲ့ Network Share ကို ဒီဘက် Reference Computer မှာ Network Drive အနေနဲ့ ဖန်တီးပါမယ်။ အဲဒီအတွက် Command က ဒါမျိုးပါ။
Net use Y: \\network

၁၂။ Username နဲ့ Password တောင်းရင် ဖြည့်ပေးပါ။ ဟိုဘက်စက်(Technician Computer) ရဲ့ Username နဲ့ Password ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ Username ထည့်ပေးတဲ့အခါမှာ computername\username ဆိုတဲ့ Format နဲ့ ထည့်ပေးရမှာပါ။

၁၃။ ရပြီ။ ဟိုဘက်ကို လှမ်းထည့်မယ်။ အဲဒီအတွက် Command ကတော့
Copy X:\myimage.wim Y:

ဒါဆိုရင် အားလုံး ပြီးသွားပါပြီ။ နောက်ဆိုရင် ကိုယ့် Network ထဲမှာ ရှိတဲ့ Computer တွေကို Windows တင်မယ်ဆိုရင် အရင်လိုမဟုတ်တော့ပဲ Technician Computer မှာ သိမ်းထားခဲ့တဲ့ Image ကို လှမ်းဆွဲခေါ်ပြီး တင်လိုက် ရုံပါပဲဗျာ။

အဲဒီအတွက် သင့် Network ထဲက Windows တင်လိုတဲ့စက်မှာ WinPE ခွေနဲ့ Boot တက်ပြီး သုံးရမဲ့ Command တွေကတော့

diskpart
select disk 0
clean
create partition primary size=200
select partition 1
format fs=ntfs label="system"
assign letter=c
active
create partition primary
select partition 2
format fs=ntfs label="Windows"
assign letter=d
exit

net use y: \\network_share\images
copy y:\myimage.wim d:

e:\imagex.exe /apply d:\myimage.wim 1 d:

d:\windows\system32\bcdboot d:\windows
ကဲ ဒီလောက်ဆိုရင် အဆင်ပြေလောက်ကြမယ်လို့ ထင်ကြပါတယ်။

No comments:

Post a Comment

daweiit@gmail.com