ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Wednesday 26 October 2011

Photoshop ဖြင့် ၁ မိနစ်အတွင်း ဓါတ်ပုံပြုပြင်နည်း

အာက်တွင်ပြထားသောပုံအားပြုပြင်ရန် အချိန် ၁ မိနစ်သာပေးရပါမည်။

စက္ကန့် ၃၀ အတွင်း ဆံပင်တစ်မွှေးမှ မပါအောင် နောက်ခံ Background ဖြတ်ထုတ်နည်း

၁။ ပထမဦးဆုံး ကိုယ်ပြုပြင်မည့်ဓါတ်ပုံနဲ့ နောက်ခံအတွက်အသုံးပြုမည့်ပုံအား ပုံပါအတိုင်း ဦးစွာနေရာချပါ။


၂။ Filter » Sharpen » Unsharp Mask... ဖြင့်ပုံအားထင်ရှားပြက်သားစေရန် အနည်းငယ်ချိန်ညှိပေးပါ။


၃။ Toolbox မှ Background Eraser Tool ဖြင့် ပုံတွင်ပြထားသည့်အတိုင်း ဖြတ်ထုတ်ပါ။
(Protect Foreground Color ကိုဖွင့်ထားခြင်းဖြင့် Foreground Color ရှိအရောင်ကိုပြက်ပါမသွားစေရန်ကာကွယ်ပေးပါသည်။)
ပုံ-၁ အတွက် Alt ကိုဖိ၍ မှင်စုတ်တံ(Eyedropper Tool) ပုံပေါ်လာသောအခါ
ဆံပင်ပေါ်တင်၍ Click နှိပ်ပါ။ သင်နှိပ်သောဆံပင်အရောင် Foreground Color
သို့ရောက်ရှိသွားမည်။
ထို့နောက် Background Eraser Tool ဖြင့် Click ဖိ၍ ပုံပါအတိုင်း
ဆံပင်အနားတစ်လျောက်ဆွဲပေးပါ။
မျက်နှာနှင့်အသားပေါ်မရောက်အောင်သတိထား၍ဆွဲပေးပါ။
အကယ်၍ဆံပင်ပြက်ပါသွားလျှင်(သို့မဟုတ်) Background မပြက်ပဲကျန်နေလျှင်
Options Bar ရှိ Tolerance တန်ဖိုးကိုအတိုးအလျော့ လုပ်၍ချိန်ညှိပေးပါ။
ပုံ-၂ အတွက် Alt ကိုဖိ၍ မှင်စုတ်တံ(Eyedropper Tool) ပုံပေါ်လာသောအခါ
အသားပေါ်တင်၍ Click နှိပ်ပြီး Background Eraser Tool ဖြင့်ဖြတ်ထုတ်ပါ။
ပုံ-၃ အတွက်ကျန်ရှိနေသော အပိုင်းအား Lasso Tool (L) ဖြင့် Select လုပ်၍ Del key ဖြင့်ဖြတ်ထုတ်ပေးပါ။


စက္ကန့် ၃၀ အတွင်း မျက်နှာပြုပြင်ခြင်း

၎။ Background ဖြတ်ထုတ်ပြီးသောဓါတ်ပုံအား Image » Adjustments » Brightness/Contrast ဖြင့်အလင်းအမှောင် ချိန်ညှိပေးပါ။


၅။ ၄င်းလေယာပေါ်တွင် Ctrl + Alt + ` နှိပ်လိုက်ပါက ပုံပါအတိုင်း Selection
ပေါ်လာပါလိမ့်မည်။ ထို့နောက် Ctrl + j (Layer via copy) နှိပ်ပါ။


၆။ ထို Copy ကူးထားသော Layer အား Filter » Blur » Gaussian Blur... ဖြင့်သင်လိုချင်သောမျက်နှာချောမွတ်စေရန်ချိန်ညှိပေးပါ။
ထို့နောက် Eraser Tool ဖြင့် အသားအရေမှလွဲ၍ မျက်လုံး ၊ ပါစပ် ၊ ဆံပင်..စသည်တို့ကိုဖြတ်ထုတ်ပေးပါ။


၇။ Layer အသစ်တစ်ခုယူ၍ Brush Tool ဖြင့် နှုပ်ခမ်းပေါ်တွင်ပုံပါအတိုင်းချယ်သပေးပါ။
Filter » Blur » Gaussian Blur...ဖြင့်ထောင့်စွန်းများပြေပြစ်သွားစေရန်ပြုလုပ်ပေးပြီး Layer Opacity ကိုလျော့ပေးပါ။


၈။ နောက်ဆုံးအဆင့်အနေနှင့် Toolbox မှ Burn Tool (O) ဖြင့် မျက်လုံးမျက်ခုံး တို့မဲမှောင်လာစေရန် ပွတ်ဆွဲပေးလိုက်ပါက
မိနစ်ပိုင်းအတွင်း အလွန်စွဲဆောင်မှုကောင်းတဲ့ နတ်သမီးလေးအဖြစ်သို့  ပြောင်းလဲသွားပါလိမ့်မယ်။

http://grou.ps/www_myanmarfighters/blogs/item/photoshop


Tags: နည်းပညာ..
..
aungzinoo Comment by aungzinoo 6 hours ago
ပုံက Background Color တူနေတယ် ဆိုရင်တော့. . . Megic Wang Tool ကိုသုံးလိုက်ရင် ပို အဆင်ပြေမယ် ထင်ပါတယ်. ...
..

No comments:

Post a Comment

daweiit@gmail.com