ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 31 October 2011

[mrsorcerer:7848] Gmail ၏အဆင့်မြင့် အင်္ဂါရပ်များ(ကူးယူဖေါ်ပြပါသည်)

မြန်မာပြည်ရှိ  email သုံးစွဲသူ အများစုမှာ Gmail ကို သုံးကြပါသည်။  Gmail ဖြင့် စာအပို့အယူ လုပ်ခြင်းကို ကောင်းစွာ ကျွမ်းကျင်ကြသော်လည်း Gmail ၏ လုပ်ငန်း ဆောင်တာများကို ESHY စပ်အောင် ဝင်ကြည့်ဖူးသူ အတော်ပင် နည်းပါသည်။ ယခု ဖော်ပြမည့် အစိတ်အပိုင်းတို့မှာ သုံးစွဲသူ အတော်များများ အမှတ်တမဲ့ ဖြစ်နေကြသော အစိတ်အပိုင်းများ ဖြစ်ပါသည်။

- Gmail Labs ကို အသုံးပြုခြင်း

Gmail Labs တွင် ပါဝင်သော စွမ်းဆောင်ရည် အတော်များများ၌ စမ်းသပ်ဆဲ အဆင့်တွင် ရှိနေသေးသော စိတ်လှုပ်ရှားဖွယ် Feature များ ပါဝင်နေပါသည်။ ယင်း Feature အားလုံးကို  Gmail သုံးစွဲသူအားလုံး လွယ်လင့်တကူ သုံးစွဲနိုင်အောင် ပြုလုပ် မပေးထားပါ။ ထို့ပြင် ကြိုတင် သတိပေးမှု တစ်စုံတစ်ရာ မရှိဘဲ ပျောက်သွားခြင်း၊ အသစ်ပေါ်လာခြင်းတို့လည်း ရှိနိုင်ပါသေးသည်။ ထို့ကြောင့် အောက်တွင် ဖော်ပြထားသော အချက်များသည် စာရှုသူ ကိုယ်တိုင် Gmail Labs သို့ ဝင်ရောက် ကြည့်ရှုသည့်အခါ တွေ့ရှိရမည့် အချက်အလက်များနှင့် ကွဲလွဲမှုအချို့ ရှိကောင်း ရှိနေနိုင်ပါသည်။ Gmail Labs သို့ဝင်ရောက်ရန်နှင့် အချို့သော Feature များကို အဖွင့်အပိတ်လုပ်ရန်အတွက် အောက်ပါအဆင့်များကို လုပ်ဆောင်ရန် လိုအပ်ပါမည်။

၁။ Gmail site ထဲသို့ ဝင်ရောက် လှည့်ပတ် ကြည့်ရှုရပါမည်။ အကယ်၍ လိုအပ်လျှင် Login ဝင်ရပါလိမ့်မည်။

၂။ Setting ဟု ပြထားသောနေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Setting Page ကြီး ပေါ်လာပါမည်။

၃။ Labs ဟု ပြထားသောနေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Gmail Labs Page ပေါ်လာပါမည်။

၎။ Labs တွင် ခွင့်ပြုထားသော Feature များကို သုံးစွဲနိုင်ရန်အတွက် Enable Option ကို ရွေးချယ်ပေးပါ။

၅။ ပြီးလျှင် Save Changes နေရာတွင် ဘယ်ကလစ်နှိပ်ပါ။ မိမိ ရွေးချယ်လိုက်သော Feature အသက်ဝင်လာအောင် Gmail က ဆောင်ရွက်ပေးပါမည်။ Gmail  Labs အတွက် ရွေးချယ်ခွင့်ပေးထားသော Feature အချို့မှာ Add any gadget by URL, Advanced IMAP Controls, Authentication icon for verified senders စသည်တို့ ဖြစ်ပါသည်။ ဖော်ပြထားသော Feature တို့မှာ ရည်ရွယ်ချက်ကောင်းဖြင့် ပြုလုပ်ထားသော်လည်း စမ်းသပ်ဆဲအဆင့်တွင် ရှိသေးသည်ဖြစ်၍ မိမိက စမ်းသပ်သုံးစွဲရင်း အမှားအယွင်း တစ်စုံတစ်ရာ ရှိကောင်း ရှိနိုင်ပါသည်။ ဤသို့ဖြစ်ခဲ့ပြီး  Gmail တွင် ပိတ်ဆို့မှုရှိခဲ့သော် GmailLabs Feature ကို ပိတ်ရပါလိမ့်မည်။ Gmail Labs ကြောင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည်ဟု ထင်ပါသလား။ ဥပမာ... Gmail  ကို   Lodding တက်စေရာတွင် ပုံမှန်အတိုင်း မဟုတ်တော့သည့် ကိစ္စမျိုး ဖြစ်ပါသည်။ ဤသို့သော ကိစ္စများအတွက် အရေးပေါ် မလွယ်ပေါက် ရှိပါသည်။ အဆိုပါ မလွယ်ပေါက်သို့ သွားရမည့် လမ်းကြောင်းမှာ https://mail.google.com/mail/၊ Labs=0. ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်သည့်အခါ Gmail Labs ကို ပိတ်ပစ်လိုက်ပါမည်။ ယင်းကြောင့် ပြဿနာတက်ရသည်ဟု ဆိုလျှင်လည်း များသောအားဖြင့် ပြေလည်သွားလေ့ ရှိပါသည်။ ပြေလည်ခြင်း မရှိခဲ့လျှင် ပြဿနာ အရင်းအမြစ်ကို ရှာဖွေ ရှင်းလင်းရပါမည်။ (Gmail ပြဿနာများအကြောင်း ဆောင်းပါးတွင် သီးခြား ဖော်ပြပါမည်)။

- Google gadget များ ထပ်ပေါင်းထည့်ခြင်း

Gmail Labs တွင် ပါဝင်သော Feature တစ်ခုမှာ Google gadget များကို မိမိ၏ Gmail account ထဲတွင် ပေါင်းထည့်ခွင့်ပြုခြင်း ဖြစ်ပါသည်။ Google gadget ဆိုသည်မှာ Install လုပ်ယူနိုင်သော Code အစိတ်အပိုင်းများကို ဆိုလိုပါသည်။ ယင်းတွင် Game ကစားခြင်း၊ Calendar ac: ယူခြင်း အပါအဝင် အခြား လုပ်ဆောင်နိုင်မှု အတော်များများ ပါဝင်ပါသည်။ Google gadget အစုအဝေးကြီးကို http://www.google.com/ig/directory၊ synd=open. တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ Google gadget ကို Gmail ထဲသို့ ပေါင်းထည့်နိုင်ရန်အတွက် Gadget ရှိရာ URL သို့ ဝင်ရောက်ရန် လိုအပ်ပါမည်။ Gadget တစ်ခု တည်ရှိရာ URL ကို ရှာဖွေရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ http://www.google.com/ig/directory၊ synd=open. သို့ သွားရောက်ပါ။

၂။ မိမိ စိတ်ဝင်စားသော Gadget ကို တွေ့ပြီဆိုပါက Gmail ထဲသို့ ပေါင်းထည့်နိုင်ရန်အတွက် (Add to your Webpage) နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

၃။ Get the Code နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

၎။ ယင်း Gadget ရှိသော URL ကို ကော်ပီ ကူးယူရပါမည်။ “ URL=~” နှင့်စပြီး  .xml နှင့် အဆုံးသတ်ပါမည်။

ဥပမာ ... http://www.atlas-labs.net/gadgets/widget 2/arix/arix.xml အဆိုပါ Gadget ကို Gmail setting page တွင် Install လုပ်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။

၁။ Gmail ထဲသို့ ဝင်ရောက်ပြီး Setting နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

၂။ Labs နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

၃။ Add Any Gadget by URL ကိုရှာပါ။

၎။ ယင်းဘေးရှိ Radio button  နှစ်ခုအနက်မှ  Enable  ဆိုသော Button  ကိုရွေးပေးပါ။

၅။ Save the Change နေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Gmail သည် Setting Page ထဲတွင်  gadget အသစ်ကို ပေါင်းထည့်ပေးပါမည်။

၆။ ပေါ်လာသော Gadgets tab တွင် ဘယ်ကလစ်နှိပ်ပါ။

၇။ Add a gadget by URL ဟူသော စာတန်း၏ အောက်ဘက်တွင် လေးထောင့်ကွက် အလွတ်တစ်ခု ပေါ်လာသည်ကို တွေ့ရပါမည်။ ယင်းထဲတွင် မိမိ ကူးယူလာခဲ့သော Gadget URL ကို Paste လုပ်ပြီး ထည့်သွင်းပေးလိုက်ပါ။

၈။ ပြီးလျှင် နံဘေးဘက်ရှိ  Add  ဟူသောနေရာ၌ ဘယ်ကလစ် နှိပ်ပေးလိုက်ပါ။ Setting Page ထဲတွင် Gadget ပေါ်လာသည်ကို မြင်တွေ့ရပါမည်။ ဤ Lab feature ကို disable လုပ်ရန်အတွက် Setting  ရှိ Lab ခေါင်းစဉ်အောက်သို့ ဝင်ပြီး သက်ဆိုင်ရာ Feature ဘေးရှိ Disable button ကို ရွေးပေးရပါမည်။ ပြီးလျှင် Save the Changes  နေရာ၌ ဘယ်ကလစ်နှိပ်ပြီး ထွက်လိုက်ပါ။

- Known Sender များထံမှ လာသောစာများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးခြင်း

မိမိနှင့် ဆက်သွယ်နေရသော အချို့ site များ ဥပမာ ... eBay နှင့် PayPal တို့သည် လိုအပ်သည့်အခါ မိမိထံသို့ စာပို့ကောင်း ပို့ပါလိမ့်မည်။ ထိုအချက်ကို သိထားသော Spam Letter ပို့သူများ၊ Account data ခိုးသူများသည် အမှန်တကယ်ပင် eBay နှင့် PayPal  မှ စာပို့လေသယောင် ပြုလုပ်ပြီး မိမိ၏ account ထဲသို့ ထိုးဖောက် ဝင်ရောက် လာတတ်ပါသည်။ ဤ Lab feature သည် လူအများ သိရှိပြီးသော နာမည်ကြီး စာပို့သူများထံမှ လာသည်ဟုဆိုသော စာတိုင်းကို Key icon ဖြင့် တိုက်ဆိုင် စစ်ဆေးပြီး အစစ်အမှန် ဟုတ်မဟုတ် ဆုံးဖြတ်ပါသည်။ အားနည်းချက်မှာ eBay နှင့် PayPal တို့မှလာသော စာများကိုသာ တိုက်ဆိုင် စစ်ဆေးပေးနိုင်သေးခြင်း ဖြစ်ပါသည်။ လုံးဝ မစစ်ဆေးပေးသည်နှင့်စာလျှင် တော်ပါသေးသည်။ ယင်း feature ကို အသုံးပြုနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။

၁။ Gmail ထဲမှ Setting Page သို့ဝင်ပါ။ Labs တွင် ဘယ်ကလစ်နှိပ်ပြီး ရွေးပါ။

၂။ Available Labs ခေါင်းစဉ်အောက်ရှိ Authentication Icon for Verified Senders စာသားကို တွေ့အောင်ရှာပါ။

၃။ ယင်းစာသားဘေးရှိ Enable raido button တွင် ဘယ်ကလစ်နှိပ်ပြီး ရွေးပါ။

၎။ Setting Page အောက်ဘက်ရှိ  Save changes button ကို ရွေးပေးပါ။ Gmail သည် Gadget အသစ်တစ်ခုကို Setting page တွင် ထပ်မံ ထည့်သွင်းပေးပါမည်။ ဤ Feature ကို ထည့်သွင်းပြီး နောက်ပိုင်း၌ eBay နှင့် PayPal တို့မှလာသော စာအစစ်အမှန်တို့၏ ဘေးတွင် စာအစစ်ဖြစ်ကြောင်း Key icon တစ်ခု တွဲပေးထားသည်ကို Inbox ထဲတွင် တွေ့ရပါမည်။ ဤ Feature ကို Disable လုပ်ရန် Labs ခေါင်းစဉ်အောက်သို့ ဝင်ပြီး သက်ဆိုင်ရာ Feature ဘေးတွင်ပေးထားသော Disable button ကိုရွေးရပါမည်။ ပြီးလျှင် Save the changes ကိုရွေးပြီး ထွက်ခဲ့ရပါမည်။
 
--
မှော်ဆရာအဖွဲ

[mrsorcerer:6324] Windows 7 အသုံပြုသူများအတွက်သာ…

ကျွန်တော်ဒီပို့ဒ်လေးကိုတော့ကွ
န်ပျူတာကိုစတင်အသုံးပြုကာစကွန်ပျူတာနဲ့အကျွမ်းတ၀င်မ၇ှိသေးတဲ့အချိန်

တွေမှာကြုံတွေ့ ၇တက်တဲ့အခက်အခဲလေးတွေကိုတင်ပြပေးသွားပါမယ်။ကွန်ပျူတာကိုစတင်ပြီးတော့လေ့

လာကာစသူတွေအတွက်၇ည်၇ွယ်ပါတယ်။ကျွန်တော်အခြေခံဖြစ်တက်တာလေးတွေကိုပဲပြောပြပေးသွားမှာပါ

ခင်ဗျာ..။

1.ကျွန်တော်တို့ Windows စတက်တက်ချင်းမှာမလိုအပ်တဲ့ Program
တွေတက်တက်လာတာတွေကိုကြုံဖူးကြ

မှာပါ။ဒီလိုမျိုးမလိုအပ်တဲ့ Programs ကို Windows
အတက်မှာပေးထားခြင်းအားဖြင့် Windows ၇ဲ့ Loading

Time ကိုလဲကြာစေပါတယ်.။ဒီတော့ကျွန်တော်တို့မလိုတဲ့ Program
လေးတွေကိုဖြုတ်ထားချင်တယ်ဆို၇င်

တော့   Windows + R ကိုနှိပ်ပါ။ပြီး၇င် Run Box ထဲမှာ msconfig
လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

System  Configuration  Box  လေးကျလာပါလိမ့်မယ်။အဲ့ဒီမှာ  General ,
Boot , Services , Startup

Tools  ဆိုပြီးတွေ့ ၇ပါလိမ့်မယ်။ Startup
ကိုသွားပါ။ပြီး၇င်ကျွန်တော်တို့ဖြုတ်ချင်တဲ့ Software တွေကိုအမှန်

ခြစ်ဖြုတ်လိုက်ယုံပါပဲ။ဥပမာ.. ..။ကျွန်တော်က G-talk ကို Windows
တက်လာလာချင်းမှာမပေါ်စေချင်ဘူး

ဆို၇င် G-talk  ဆိုတာလေးကို၇ှာပြီးအမှန်ခြစ်ဖြုတ်လိုက်ယုံပါပဲ။ပြီး၇င်
Apply >>  OK  ကိုပေးလိုက်ယုံပါပဲ

Ctrl +  Alt +  Esc လို့နှိပ်လိုက်၇င်လဲ System  Configuration  Box
လေးတန်းကျလာပါလိမ့်မယ်.။

2.ကျွန်တော်တို့  Windows  Tasbar ကိုအပေါ်၊ အောက် ၊ ဘေး ၊ ဘယ် ၊ ညာ
ပြောင်းချင်သူများအတွက်ပါ။

အ၇င်ဆုံး Tasbar ပေါ်မှာ Right  Click  ထောက်ပါ။ပြီး၇င် Properties
ကိုနှိပ်လိုက်ပါ။ကျလာတဲ့ Box လေး

ထဲမှာ  Tasbar , Start Menu , Toolbars ဆိုပြီးတွေ့ ပါလိမ့်မယ်.။ Tasbar
ထဲမှ Tasbar  Location and

on screen မှာ Bottom , Left , Right , Top
ကိုမိမိတို့စိတ်ကြိုက်ပြောင်းပြီး Apply >> OK ပေးလိုက်ပါ။

တကယ်လို့ Tasbar ကို Show , Hide လေးနဲ့ထားချင်တယ်ဆို၇င်တော့ Auto hide
the tasbar ကိုအမှန်

ခြစ်ပေးလိုက်ယုံပါပဲ။ပြီး၇င် Apply >> OK ပေးလိုက်ပါ။

3.Destop ပေါ်မှာ၇ှိတဲ့ Icon တွေကိုမိမိတို့စိတ်ကြိုက် အကြီး
၊အသေးဘယ်လိုပြောင်းမလဲ။လွယ်ပါတယ်.။

Destop ပေါ်မှာ Right Click နှိပ်လိုက်ပါ။ပြီး၇င် View ကိုသွားပါ။ Large
Icon , Medium Icon , Small

Icon ကြိုက်တာေ၇ွးလိုက်ယုံပါပဲ။ကျွန်တော်တို့ Destop ပေါ်မှာ File
တွေ၇ှပ်ပွနေတာကိုအလွယ်တကူပြန်

စီမယ်ဆို၇င် Destop ပေါ်မှာ  Right Click  နှိပ်လိုက်ပါ။ပြီး၇င် Sort by
ကိုသွားပါ။Name , Size , Item

type တစ်ခုခုကိုေ၇ွးလိုက်ပါ။ဒါဆို၇င်ဖိုင်တွေကိုအလိုအလျောက်ပြန်စီပြီးသားဖြစ်သွားပါလိမ့်မယ်။တကယ်

လို့ Destop ပေါ်မှာဘာ Icons မှမထားပဲ၇ှုင်း၇ှင်းလင်းလင်းထားချင်တယ်ဆို၇င်
Destop ပေါ်မှာ Right

Click နှိပ်။ပြီး၇င် View ကိုသွားပါ။ပြီး၇င် Show destop icon
လေးကိုအမှန်ခြစ်ဖြူတ်ပေးလိုက်ယုံပါပဲ။

ဒါဆို၇င် Destop ပေါ်မှာ၇ှုင်း၇ှင်းလင်းလင်းလေးဖြစ်သွားပါလိမ့်မယ်..။Icon
တွေကိုပြန်ထားချင်တယ်ဆို

တော့ Show destop icon လေးကိုပြန်ေ၇ွးပေးလိုက်ယုံပါပဲ။

4.ကျွန်တော်တို့ Windows တင်ပြီးပြီးချင်း Tasbar မှာ  Folder  , Windows
Media , Internet exploser

Icons များပေါ်နေပါလိမ့်မယ်။အဲ့ဒီကောင်လေးတွေကို Tasbar
ပေါ်ကနေဖျောက်ချင်တယ်ဆို၇င်တော့

ကိုဖျောက်ချင်တဲ့ Icon လေးကို  Right Click ထောက်ပါ။ပြီး၇င် Unpin this
program from tasbar ဆို

တာလေးကိုနှိပ်လိုက်ယုံပါပဲ..။တကယ်လို့ကိုယ်ထားချင်တဲ့ Program လေးတွေကို
Tasbar ထဲမှာပေါ်စေချင်

တယ်ဆို၇င်တော့ Program  လေးကို  Right ထောက်ပါ။ပြီး၇င် Pin to tasbar
ဆိုတာလေးကိုနှိပ်လိုက်ယုံ

ပါပဲ။

5.မိမိကွန်ပျူတာမှာ Administrator password  ခံထားချင်တယ်ဆို၇င် Start >>
Control  Panel  ကိုသွားပါ။

Control  Panel ထဲမှ  User accounts ကိုနှိပ်လိုက်ပါ။အဲ့ဒီမှာ  Create  a
 password  for your  account

ကိုဆက်ပြီးနှိပ်လိုက်ပါ။ပြီး၇င် New password  နဲ့  Confirm  new
password  မှာမိမိသုံးချင်တဲ့ Password

ကိုထည့်ပါ.။ပြီး၇င်  Create  Password
ဆိုတာလေးကိုနှိပ်လိုက်ယုံပါပဲ။တကယ်လို့မိမိကတစ်နေ၇ာကိုခဏ

သွားမယ်။မိမိလုပ်နေတာကိုလဲသူများကိုမသိစေချင်ဘူး.ကွန်ပျူတာကိုလော့ချထားခဲ့ချင်တယ်ဆို၇င်
Windows

+  L  ကိုသာနှိပ်လိုက်ပါ။ဒါဆို၇င်အလိုအလျောက်လော့ချပြီးသားဖြစ်သွားပါလိမ့်မယ်။ပြန်ဖွင့်မယ်ဆို၇င်တော

စောစောကပေးခဲ့တဲ့ Password  လေးကို၇ိုက်ထည့်ပြီးပြန်ဝင်လိုက်ယုံပါပဲ။

6.ကျွန်တော်တို့  Windows  တင်ပြီးကာစမှာ  Resolution
အ၇မ်းများနေတာကြောင့် Destop  Icon တွေ ၊

Tasbar  တွေကြီးနေတာတွေကြုံဖူးကြမှာပါ။ဒါဆို၇င်ပုံမှန်သုံးနေကြပုံစံလေးအတိုင်းပြင်ချင်တယ်ဆို၇င်တော့

Destop ပေါ်မှာ  Right  ထောက်ပါ။ပြီး၇င် Screen Resolution
ဆိုတာကိုနှိပ်လိုက်ပါ။ပြီး၇င် Resolution

ဆိုတာမှာမိမိတို့စိတ်ကြိုက်ပြန်ချိန်လိုက်ပါ။ပြီး၇င် Apply >>  OK
ကိုနှိပ်လိုက်ပါ။ဒါဆို၇င်ကျွန်တော်တို့ပုံမှန်

သုံနေကြအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။

7.ကျွန်တော်တို့ Program တွေကို  Comment
ပေးပြီးသုံးချင်သူများအတွက်ပါ။ဥပမာ…..။ကျွန်တော်က

Mozilla   Firefox ကို Comment  ပေးပြီးသုံချင်တယ်ဆို၇င် Start  >>  All
Programs >>  Mozilla

Firefox  ကိုသွားပါ.။ပြီး၇င် Mozilla  Firefox ကို  Right  Click
ထောက်လိုက်ပါ။ပြီး၇င် Properties ကို

နှိပ်လိုက်ပါ။Short cut   TAB သွားပါ။ပြီး၇င်  Shortcut  Key မှာ  Ctrl +
 Alt + M ဆိုပြီးထည့်လိုက်

ပါ။ M  နေ၇ာမှာမိမိတို့စိတ်ကြိုက်နာမည်ထည့်လို့၇ပါတယ်။ပြီး၇င် Apply >>
OK ပေးလိုက်ပါ။ဒါဆို၇င်

ဒါဆို၇င် Keyboard မှာ Ctrl +   Alt  + M  ဆိုပြီးနှိပ်လိုက်ယုံနဲ့
Mozilla   Firefox ပွင့်လာတာကိုတွေ့

၇ပါလိမ့်မယ်။

--
မှော်ဆရာ အဖွဲ့ 

Hacker ဆိုသော အရာ

Hacker ဆိုသော အရာ


Hacker တဲ့ဗျာ။
ကြားဖူးနေတာကြာပါပြီ။ ဟိုလူလဲ Hacker ဒီလူလဲ Hacker တဲ့ကြားနေရတာကတော့တကယ်ပဲ Hacker တွေကျနော့ပတ်ဝန်းကျင်မှာ များလှချေလားပေါ့။ Hacker
တွေကိုဘယ်သူကဘာဆိုတာသတ်မှတ်ချက်
တွေကောရှိလိမ့်မယ်ထင်ပါတယ်။
ကျနော်သိသလောက်ကတော့ Hacker ဆိုတဲ့လူတွေကအေးအေးဆေးဆေးနဲ
့နည်းပညာရပ်တစ်ခုကို အရူးအမူးလေ့လာနေတဲ့လူတွေ လို့ ပဲသတ်မှတ်ပါတယ်။ (
ဒါကကျွန်တော့်သတ်မှတ်ချက်နော်) တကယ်တမ်းနည်းပညာ အသိုင်းအ၀ိုင်းမှာ
နည်းပညာအသစ်တစ်ခုထွက်လာပေမယ့် သူ့ နောက်ကွယ်က အားနည်းချက်ဆိုတာက ရှိစမြဲပါ။
အဲဒီအားနည်းချက်တွေကို သူတို့ ကလိုက်ရှာပြီးတော့ဖြည့်ဆည်းကြတယ်။ တစ်ချို
့ကလည်းအပျော်သဘော တစ်ချို့ ကလည်း တကယ့်အပီအပြင်။ တစ်ချို့ ကလဲ
ရွက်ပုန်းသီး။ တစ်ချို့ ကလဲ အာကျယ်အာကျယ်ပေါ့ဗျာ။ ဒါပေမယ့်ပေါ့လေ
ကြားရသလောက်က Hacker ဆိုတဲ့လူတွေကကိုယ့်ကိုယ်ကို ကျနော် Hacker လို
့ပြောသံတော့မကြားရဘူးခင်ဗျ။ ကျနော့ပတ်ဝန်းကျင်မှာတော့ Hacker
ဆိုတဲ့စကားသံကို တော်တော်ကြားနေရပါတယ်။ အဟဲ :D သူတို့ တွေကလည်းတော်ကြတာကိုး
!! ဒါပေမယ့်ပေါ့ဗျာ။ ကျနော်သိသလောက် Hacker လို့ သတ်မှတ်ရမယ့်သူထက်
Chatker လို့ သတ်မှတ်ရမယ့်လူတွေပဲများပါတယ်။ ဟိဟိ (
ဘော်ကယ်များစိတ်မဆိုးကြေးနော်။ ) အဲဒါနဲ့ နောက်တစ်ခုက Cracker တဲ့ဗျ။ သူတို
့မှလည်း ကောင်းကျိုးဆိုးကျိုးလေးတွေတော့ရှိကြပါတယ်။

ကဲဒီတစ်ခါလာပါပြီ။ အဓိကက Hacker ကို ၃ မျိုးခွဲထားကြပါတယ်။
1. White Hat ( နည်းပညာရဲ့ လိုအပ်ချက်များကိုဖြည့်စွမ်းပေးသူ ။ စေတနာရှင် / ပညာရှင်များ /
Hero တွေပေါ့ဗျာ)
2. Black Hat ( နည်းပ ညာရဲ့ အားနည်းချက်များကိုအခွင့်ကောင်းယူပြီးအနှောင့်အယှက်ပေးသူ / ခြိမ်းခြောက်သူ
)
3. Grey Hat ( နည်းပညာရဲ့ အားနည်းချက်များအပေါ် သူ့ စိတ်ကြိုက် ဖြူချင်ဖြူ ဒါမှမဟုတ် နက်ချင်နက်သူ )

ဒီလိုနဲ့ အဖြူရောင် Hacker လို့ သတ်မှတ်ခံထားရတဲ့ ကမ္ဘာကျော် White Hat တွေကို
ဖော်ပြပေးပါမယ်။

1.Stephen Wozniak


သူကတော့ White Hacker ရဲ့ No.1ပါ။ Apple company ကြီးရဲ့ နောက်ထပ် Steve လို
့လူသိများတဲ့ပညာရှင်တစ်ယောက်ပါ။
သူက နိုင်ငံတော်ကနေပေးတဲ့ နည်းပညာဆု။ ကတ်တရင်းတက္ကသိုလ်နဲ့ နိုဗာအရှေ့ တောင်ပိုင်းတက္ကသိုလ်
ကပေးတဲ့ဂုဏ်ထူးတောင် ပါမောက္ခဆုတွေကိုလည်းရရှိထားပြီး။ စက်တင်ဘာ 2000 မှာ
National Inventors Hall of fame ဆုကိုလည်းရရှိထားပါတယ်။ Blue box ဆိုတဲ့
ရပ်ဝေးကိုဖုန်းဆက်ရင် ဖုန်းအလိုလိုပိတ်တဲ့စနစ် နဲ့ Hacker
ဘ၀ကိုစတင်ခဲ့ပါတယ်။ ကားရောင်းပြီးတော့ Apple I ကွန်ပျူတာ
လေးတွေကိုထုတ်လုပ်ခဲ့ပါတယ်။ ခုတော့ ပရဟိတလုပ်ငန်းတွေ လိုက်လုပ်ပေးနေတဲ့သူတော်ကောင်း Hacker တစ်ယောက်ပါ။

2. Tim Berners-Lee

သူကတော့ WWW ဆိုတဲ့ World Wide Web ကိုတီထွင်ခဲ့တဲ့သူတစ်ယောက်လို
့နာမည်ကြီးတဲ့ပညာရှင်တစ်ယောက်ပါ။ သူ့ တီထွင်မူ့ ကြောင့် အခုဆို၇င်
www.ဘာညာ ဆိုပြီးတော့သုံးလာရတာပေါ့။ ထောင်စုနှစ်နည်းပညာဆု ကိုဆွတ်ခူးထားတဲ့ပညာရှင်ပါ။
သူငယ်ငယ်တုန်းက အောက်စ်ဖို့ ဒ် တက္ကသိုလ်မှာသူငယ်ချင်းတွေရဲ
့ကွန်ပျူတာတွေထဲကို ခိုးဝင်လွန်းလို့ သူ့ ကိုကွန်ပျူတာမသုံးရဘူးဆိုပြီး
ပိတ်ပင်ထားခဲ့ရပါသတဲ့။ နောက်တစ်ခုကတော့တက္ကသိုလ်မှာတုန်းက
တယ်လီဗေးရှင်းဟောင်း ။ သံဂေါက်တံ။ သွပ်ပြားချပ် ။ M6800 processor တို့ နဲ
့ကိုယ်ပိုင်ကွန်ပျူတာကိုတီထွင်ခဲပါသတဲ့။သူတည်ထောင်ထားတဲ့ W3C အဖွဲ့ ဟာ
အချိန်ပြည့်ဝန်ထမ်းတွေနဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေအပြင် Web ဖွံ
့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြပါတယ
သူကတော့ Linux ရဲ့ ဖခင်ကြီးပါ။ သူ့ ကိုယ်သူ အင်ဂျင်နီယာ လို
့ပဲခေါ်ပါတယ်။ သူ့ ရည်မှန်းချက်ကရှင်းရှင်းလေးပါ။ " ဒီသောက်သုံးမကျတဲ့
operating system ကိုကျွန်တော်က အပျော်သဘောနဲ့ ထွင်ခဲ့တာ " တဲ့ဗျာ။ Linux
ရဲ့ ဂိုဏ်းချူပ်ဘ၀နဲ့ နေပြီး မည်သည့်ပရိုဂရမ်ကိုမဆို အားလုံး
အကျိုးအတွက်တီထွင်နိုင်စွမ်းရှိအောင် အကူအညီပေးနေပါတယ်။ သူရဲ
့စွမ်းဆောင်ချက်တွေကြောင့် စတော့ဟုမ်းတက္ကသိုလ်နဲ့ ဟယ်ဆင်ဆီ တက္ကသိုလ်တို့ က
ဂုဏ်ထူးဆောင်ပါရဂူဒေါက်တာဘွဲ့ ကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ Times
Magazine ကလည်း "60 Years of Heroes " ဆိုပြီး သူ့ ကိုဂုဏ်ပြုခဲ့ပါတယ်။

နောက်ထပ် White Hat ( White Hacker) တွေအများကြီးရှိပါသေးတယ်။

ဒီတစ်ခါတော့ လာပြန်ပြီပေါ့
Black Hat တွေ

1. Jonathan James

သူကတော့လူပျိုပေါက်ကတည်းက နားမည်ဆိုးနဲ့ ကျော်ကြားပြီးထောင်နန်းစံခဲ့ရပါတယ်။ အင်တာဗျူးတစ်ခု မှာသူပြောတာက "
ကျွန်တော်က ၀န်းကျင်ကိုကြည့်တယ်။ ကစားရမှာကိုကြည့်တယ်
တစ်ခုခုဟာကျွန်တော့ကိုစိန်ခေါ်နေသလိုဖြစ်နေရင်
ကျွန်တော်ကအစဆွဲထုတ်လိုက်တော့တာပဲ " တဲ့လေ။ ဂျိမ်းစ်ဟာ DTRA တို့ NASA
ကိုရအောင်ဖောက်နီုင်ခဲ့ပါတယ်။ NASA ကပရိုဂရမ်တွေကို သူတတ်ထားတဲ့ C နဲ့ ပဲ
Code တွေကို Downlod လုပ်သွားခဲ့တာတဲ့လေ။ ဂျိမ်းစ်ကအမှု့ ရင်ဆိုင်နေတုန်း
ပြောသွားတဲ့စကားကတော့ " ခင်ဗျားတို့ Code ကြီးကတုန်းလွန်းပါတယ်ဗျာ ဘယ်က 1.7
သန်းတန်မှာလဲ " တဲ့လေ။ ဟက်ကာလောကမှာ "c0mrad"
ဆိုပြီးနာမည်ချက်ချင်းကြီးသွားတယ်။ ထောင်ထဲမှာ10 နှစ်လောက်နေလိုက်ရတယ်။
ကွန်ပျူ တာကိုအပျော်သဘောနဲ့ ဆော့ဖို့ တောင်မကိုင်ရဘူးလို
့တားမြစ်ခြင်းခံလိုက်ရပါတယ်။ ခုဆိုရင်သူ့ ဘ၀ကို
သိက္ခာရှိရှိဘ၀ကိုရပ်တည်နိုင်ဖို့ ကြိုးစားနေပါတော့တယ်။

2. Adrian Lamo

သူကတော့ သူ့ ကိုယ်သူ ခြေသလုံးအိမ်တိုင်ဟက်ကာ ပါတဲ့။ အင်တာနက်မှာဆိုရင် Kinko ဆိုပြီးနာမည်ဝှက်သုံးပါတယ်။ သူဝင်မွှေသွားတဲ့ Company တွေထဲမှာ Yahoo! ။
Bank of America ။ Citigroup ၊ Cingular တွေပါပါတယ်။ အဲဒီ Company
တွေကWhite hat တွေငှားပြီးတော့ ထမ်းသိမ်းစောင့်ရှောက်ထားတာတောင်
ဝင်မွှေသွားနိုင်တဲ့သူ့ ရဲ့ အစွမ်းကတော့မသေးလှပါဘူး။
ထုံးစံအဆိုင်းနောက်ဆုံးမှာအဖမ်းခံရပြီးတော့ အခုဆိုရင်
ဆုရဂျာနယ်လစ်တစ်ယောက်အနေနဲ့ ဟောပြောပွဲတွေလိုက်ပြောရင်း
ဘ၀ကိုအဓိပါယ်ရှိရှိရပ်တည်နေပါတော့တယ်။

3. Kevin Mitnick

သူကတော့သူ့ ကိုယ်သူ ဟက်ကာပိုစတာသမားလေး ပါတဲ့။ အာဏာပိုင်တွေဝုန်းဒိုင်းကြဲခေါင်းခြောက်ပြီး
လိုက်ဖမ်းခဲ့ရတာပါ။ တရားရေးရာဌာနက သူ့ ကို "
အမေရိကန်သမိုင်းတွင်ကွန်ပျူတာပြစ်မူ့ ဖြင့်အလိုအပ်ဆုံးလူ"
အဖြစ်ထုတ်ပြန်ခဲ့ရတဲ့အထိပါ။ နာမည်ကြီးဟက်ကာတစ်ယောက်ဖြစ်တဲ့ Tsutoma
Shimomura အိမ်ကကွန်ပျူတာကိုခိုးဝင်လိုက်တာမှာဘ၀ပျက်ရတော့တာပါပဲ။
ဖုန်းလိုင်းတွေ။ လက်မှတ်အတုတွေ လုပ်ပြီး နောက်ဆုံး Network တွေ အထိဝင်ပြီး
Software ခိုးတဲ့အထိဖြစ်လာတာပါ။ နောက်ဆုံးတော့ ထောင်ထဲမှာ ၅ နှစ်လောက် နဲ
့၈ လတိတိအကျယ်ချုပ်နဲ့ ကွန်ပျူတာတွေဖုန်းတွေ
ကိုမကိုင်ရပဲနေထိုင်ပြီးပြန်ပေးဆပ်ရပါတော့တယ်။ အခုတော့
ကွန်ပျူတာလုံခြုံရေးအတိုင်ပင်ခံ စာရေးဆရာ။ ဟောပြောသူ တစ်ယောက်ဘ၀နဲ
့လမ်းမှန်ပေါ်မှာ လျှောက်လှမ်းနေပါပြီ။
နောက်ထပ် Black Hat တွေအများကြီးမှအများကြီးရှိကြပါတယ်။

( အထက်ပါ အကြောင်းအရာများအား PC Magzine march2008 နှင့် www.itsecurity.com မှကိုးကားပါသည်။ )

ကျနော့ကိုကြွားသော Hacker ဆိုတဲ့တစ်ယောက်
တစ်ရက်တော့ဗျာ။ ကျနော်အလုပ်များနေတဲ့ရက်တစ်ရက်ကပါ။ အတိအကျတော့မမှတ်မိတော့ပါဘူး။
နဲနဲတော့ကြာပါပြီ။ အလုပ်လုပ်ရင်း Gtalk ကိုဖွင့်ထားမိလေတော့။ Account
တစ်ခုလာ Add တော့ကျနော်ကလက်ခံလိုက်ပါတယ် ။ (
အကောင့်ကိုတော့မပြောပြတော့ပါဘူး ) ၀င်ဝင်ချင်းဆောက်နဲ့  ထွင်းဆိုသလိုပါပဲ။
လက်ခံလို့ လည်းပြီးရော ဘလိုင်းကြီးကောတော့တာပါပဲ။ သူ့ ကိုယ်သူမိတ်ဆက်ပါတယ်
Hacker ပါတဲ့ မင်းကဘာကောင်လဲတဲ့ ငါက ISP တွေကိုတောင် DoS attack လုပ်နေတာဆိုပဲ။ ပြီးတော့ပြောသေးတယ်ခင်ဗျ
ကျနော်ကလဲ အာရုံကလဲနောက်လာတာပေါ့ဗျာ စာကတော့ nonstop
ရိုက်ပြီးပြောတာခင်ဗျ။ +-*/ တွေရောပါတာပေါ့ခင်ဗျာ။
ကျနော်အောင့်အီးသီးခံပြီးတော့ကြည့်နေလိုက်ပါတယ်။ စာတွေတတုံတုံနဲ
့တက်လာပါတယ်။ ဒါပေသိရိုက်သမျှ တွေက ကပြားစာတွေပါ မြန်းဂလိ လို
့ခေါ်ကြတဲ့ဟာတွေလေ။ အဲဒီကတည်းကပေါက်တော့ပေါက်နေပါပြီ။
ကျနော်လဲတစ်ခွန်းပြန်ပြောမိပါတော့တယ်။ " မင်းဖာသာမင်းဘာကာပဲဖြစ်ဖြစ်ငါ့ကိုလာမပြောနဲ့ ။ ငါအလုပ်များနေတယ်လို့ "
အဲဒီတော့ သူကပြန်ပြီးတော့ ပြောပြန်ပါတယ်။ မင်းမကျေနပ်ရင် ငါ့ရဲ့ Website
ကိုပြန် Hack ဆိုပဲ။ ပြီးတော့သူပေးထားခဲ့တာက သူများထောင်ထားတဲ့ ဆိုဒ်ကြီး။
အဟဲအနော်ကလဲ
ညစ်ကျယ်လုပ်ချင်တာနဲ့ သူ့ မေးလ်နဲ့ လိုက်ရှာကြည့်ပြီးတော့ သူ့ Page မှာ
Shutdown shortcut လေးနဲ့ မိတ်ဆက်ပေးခဲ့ပါတော့တယ်။
နောက်ရက်လည်းရောက်ရော။
ချိုချိုသာသာနဲ့ အစ်ကိုတွေဘာတွေခေါ်ပြီးတော့ခင်ခင်မင်မင်ဖြစ်သွားပါတော့တယ်။

( မှတ်ချက်။ ။ ကျနော့အဖြစ်မှန်တစ်ခုကိုတင်ပြခြင်းသားဖြစ်ပါတယ်။
ပတ်သက်မိသောညီလေးရေစိတ်မဆိုးနဲ့ ကွာ။ )

ကျနော် Hacker တစ်ယောက်မဟုတ်ပါ။ ဒါပေမယ့် နည်းပညာလမ်းကြောင်းထဲမှာ တစိုက်မတ်မတ်လျှောက်နေတဲ့လူတစ်ယောက်သာဖြစ်ပါတယ်။
ဒီလိုပါပဲကျန်တဲ့မသိသေးတဲ့ အပေါင်းအသင်းတွေကလဲ သိလာအောင်
ဒီပိုစ့်လေးကိုရေးလိုက်တာပါ။

--

More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en

[mrsorcerer:4696] Re: gtalk password

Software မလိုပါ။ သာမန်အတွက် ဆို Mozilla သုံးရင် Tool => Options =>
Security => Remember password for the site ကို Check
လုပ်လိုက်ရင်ရပါပြီ။ ဒါဆို ဘယ် Site ပဲဝင်ဝင်၊ သူက Password သိမ်းမှာလား
Remember လုပ်မှာလားဆိုတာ မေးပါလိမ့်မယ်။ ဒါကို Accept လုပ်လိုက်ရင်
နောက်တစ်ခါ က်ုယ်အဲဒီ Site ကိုပြန်ဝင်လိုရင် Username Password
ရိုက်ဖို့မလိုတော့ပါ။

ကျေးဇူး။
လေးစားစွာဖြင့်
jacknetster@gmail.com
Admin (မှော်ဆရာအဖွဲ့)

On May 15, 10:08 am, win min oo <winmi...@googlemail.com> wrote:
> ကိုယ့် Laptop ထဲမှာ gtalk သုံးရင် passwordကျန်ခဲ့တဲ့ software
> လိုချင်လို့ပါ  website တွေထဲမှာ တွေ့ပေမယ့် free
> မဟုတ်ဘူးဖြစ်နေပါတယ်....ရှိရင် ပို့ပေးပါနော်

--
မှော်ဆရာ အဖွဲ့ ...
...

you can download google-talk-password-recovery from following site
http://www.itsamples.com
you must do (remember me)
- Show quoted text -

ယူ​နီ​ကုဒ်​ကြောင့် မြန်မာ​စာ စာလုံးပေါင်း​သတ်ပုံ စစ်​လို့​ရ​ပြီ



--
Why Unicode?
မြန်မာ​အိုင်​တီ​ပ​ရို​အပါ​အ၀င် အဓိက Web Site တော်တော်​များ​များ ယူ​နီ​ကုဒ်​စနစ်​ကို ပြောင်းလဲ​ခဲ့​ကြ​ပြီ​ဖြစ်​ပါ​တယ်။ ဘာ​ကြောင့် ပြောင်း​ရ​တာ​လဲ? မြန်မာ​စာ​ကို နိုင်ငံ​တစ်​ကာ​အဆင့်​အဖြစ် မြှင့်​တင်​နိုင်​ဖို့​ပါ။ အခု​ချိန်​မှာ ကွန်​ပြူ​တာ​သုံး​မြန်မာ​စာ​ရဲ့​အဆင့်​အတန်း​ဟာ နိုင်ငံ​တစ်​ကာ​ကို​မ​ဆို​ထား​နဲ့ အိမ်နီးချင်း​နိုင်ငံ​တွေ​နဲ့​တောင်​မှ နှိုင်းယှဉ်​လို့​မ​ရအောင် နိမ့်​ကျနေ​ပါ​သေး​တယ်။

ဘာ​ကြောင့်​နိမ့်​ကျ​ရ​တာ​လည်း​ဆို​တော့ နိုင်ငံ​တစ်​ကာ စံ​ချိန်​စံ​ညွှန်း​နဲ့​ကိုက်​ညီ​တဲ့ စနစ်​တွေ​ကို အသုံး​မ​ပြု​ခဲ့​တဲ့​အတွက်​ဖြစ်​ပါ​တယ်။

ဒီ​လို​မျိုး စံ​နဲ့​မ​ညီ​တာ​တွေ​ကို​သုံး​ခဲ့​တော့ ဘယ် Software က​မှ မြန်မာ​စာ​ကို စာလုံးပေါင်း​သတ်ပုံ စစ်​မ​ပေး​နိုင်​ခဲ့​ပါ​ဘူး။ မြန်မာ​စာ​ကို ဘာသာ​ပြန်​ပေး​နိုင်​တဲ့ ဘာသာ​ပြန်​စနစ် မ​ရှိ​ခဲ့​ပါ​ဘူး။ စနစ်​မ​ကျ​တဲ့​အတွက် ကွန်​ပြူ​တာ​က မြန်မာ​စာ​ကို နား​မ​လည်​ပါ​ဘူး။ ကွန်​ပြူ​တာ​က မြန်မာ​စာ​ကို နား​မ​လည်​တဲ့​အတွက် မ +ျ +ိ +ု +း လို့ ရိုက်​ထား​တဲ့ မျိုး​ကို မ +ိ +ျ +ု +း လို့​ရှာ​ရင် တွေ့​မှာ​မဟုတ်​ပါ​ဘူး။ English စာ​မှာ​ဆို​ရင် Myo လို့​သိမ်းထား​ရင် myo နဲ့​ပြန်​ရှာ​လည်း တွေ့​ပါ​တယ်။ ဒီ​လို​စံ​ချိန်​မ​မှီ​တဲ့ စနစ်​တွေ​ကို​သာ​ဆက်​သုံး​နေ​မယ်​ဆို​ရင် ဒါ​တွေ ဘယ်​တော့​မှ​ရ​လာ​မှာ​မဟုတ်​ပါ​ဘူး။

ဒါ​ဟာ ကျွန်တော်​တို့ ဘာ​ကြောင့် ယူ​နီ​ကုဒ်​စနစ်​ကို ပြောင်း​သုံး​ရ​ခြင်း​ရဲ့ အကြောင်းရင်း​ပဲ ဖြစ်​ပါ​တယ်။ နိုင်ငံ​တကာ​စံ​ညွှန်း​ဖြစ်​တဲ့ Unicode Standard ကို လိုက်နာ​ထား​တဲ့​အတွက် ကျွန်တော်​တို့ မြန်မာ​စာ​လည်း နိုင်ငံ​တစ်​ကာ​အဆင့်​ကို (တ​ဖြည်း​ဖြည်း) မြင့်​တက်​လာ​ခဲ့​ပြီ​ပဲ ဖြစ်​ပါ​တယ်။ ကွန်​ပြူ​တာ​က​လည်း မြန်မာ​စာ​ကို နားလည်​လာ​ပြီ​ဖြစ်​ပါ​တယ်။


တစ်​ယောက်​တစ်​ပေါက်​ဖြစ်​နေ​တဲ့ ပြဿနာ
Web Site တွေ ယူ​နီ​ကုဒ်​စနစ် ပြောင်း​သုံး​ကြ​တော့ အခက်​အခဲ​တစ်​ချို့ တွေ့​လာ​ရ​ပါ​တယ်။ အချို့ Site တွေ​က ယူ​နီ​ကုဒ်​သုံး​ပြီး အချို့ Site တွေ​က ဇော်ဂျီ​ကို​ဆက်​သုံး​နေ​ကြ​ပါ​တယ်။

ဇော်​ဂျီ​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​ရ​တော့ ယူ​နီ​ကုဒ်​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​မ​ရ​တာ၊ ယူ​နီ​ကုဒ်​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​ရ​တော့ ဇော်ဂျီ​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​မ​ရ​တာ​မျိုး​တွေ ဖြစ်လာ​ပါ​တယ်။ ဒီ​ပြဿနာ​ကို​ဖြေ​ရှင်း​ဖို့​အတွက် Firefox Addon တစ်​ခု​ကို မိတ်​ဆက်​ပေး​ချင်​ပါ​တယ်။

သံလွင် က​ဖန်တီး​ပေး​ထား​တဲ့ Myanmar Converter Firefox Extension က အခု​ဖြစ်​နေ​တဲ့ ပြဿနာ​ကို ဖြေ​ရှင်း​ပေး​နိုင်​ပါ​တယ်။ အသေး​စိတ်​ကို သံလွင် Website မှာ သွား​ကြည့်​လို့​ရ​ပါ​တယ်။ လက်တွေ့စမ်းသပ်ဖို့ ဒီအဆင့်တွေအတိုင်း လိုက်လုပ်သွားပါ။

၁.) Extension ကို Install လုပ်​ဖို့​အတွက် ဒီ Link ကို​နှိပ်​ပါ

၂.) အောက်​မှာဖော်​ပြ​ထား​တဲ့ Confirmation ပေါ်​လာ​တဲ့​အခါ Allow ကို နှိပ်​ပေး​ပါ။



၃.) Extension ကို Install လုပ်​ပြီး​တဲ့​အခါ Firefox ကို Restart လုပ်​ပေး​ဖို့ လို​အပ်​ပါ​တယ်။
၎.) မြန်မာ​အိုင်​တီ​ပ​ရို​က ဟိုးအရင်က ဇော်ဂျီ ယူ​နီ​ကုဒ် ရော​နေ​တဲ့ Page တစ်​ခု နဲ့ စမ်း​ကြည့်ပါ​မယ်။

ကျွန်တော့်​စက်​မှာ ဇော်ဂျီ Font မ​ရှိ​ပါ​ဘူး။ ရှိ​ရင်​လည်း မြန်မာ​အိုင်​တီ​ပ​ရို​မှာ Myanmar3 ကို အဓိက Font အနေ​နဲ့ သတ်​မှတ်ထား​တဲ့​အတွက် အဆင်​ပြေ​ပြေပေါ်​မှာ​မဟုတ်​ပါ​ဘူး။ Page ကို Load လုပ်​လို​မ​ပြီး​ခင် ဒီ​လိုပေါ်​နေ​မှာ​ဖြစ်​ပါ​တယ်။



ဒါ​ပေ​မယ့် Page ကို အပြည့်​အ၀ Load လုပ်​ပြီး​သွား​ချိန်​မှာ​တော့ ဇော်ဂျီ​နဲ့ ရေးထား​တဲ့ Text တွေ​ကို ယူ​နီ​ကုဒ်​အဖြစ် အလို​အလျှောက်​ပြောင်း​ပေး​သွား​တဲ့​အတွက် အဆင်​ပြေ​ပြေ မြင်​ရ​သွား​မှာ​ဖြစ်​ပါ​တယ်။


ဒီ Extension က Facebook, Gmail စ​တဲ့ Web Site တွေ​မှာ​ပါ အစဉ်​ပြေ​ပြေ အလုပ်​လုပ်​ပါ​တယ်။ သူများတွေ တစ်ချို့ကဇော်ဂျီနဲ့ တစ်ချို့က ယူနီကုဒ်နဲ့ အမျိုးမျိုးတင်နေတဲ့ Facebook Wall Status တွေအားလုံးကို မြင်ရပါပြီ။ Gmail မှာလည်း သူများတွေက ကိုယ့်ဆီကို ဘာနဲ့ပဲပို့ပို့ မြင်ရပါပြီ။ ဒါ​ကြောင့် ဇော်ဂျီ Font လုံး​၀​မ​လို​အပ်​တော့​ပါ​ဘူး။ သူ​များ​တွေ​ဘာ Font သုံး​ထား​ထား အဆင်​ပြေ​ပြေ မြင်​ရ​မှာ​ပါ။

စက်​ထဲ​မှာ ဇော်ဂျီ​နဲ့ ယူ​နီ​ကုဒ် နှစ်​မျိုးရှိ​နေ​ရင် တစ်​ခု​နဲ့​တစ်​ခု အပြန်​အလှန် "ညိ" နေ​တဲ့​အတွက် အချို့ ပြဿနာ​တွေ​ရှိ​နိုင်​ပါ​တယ်။ ကျွန်တော်​ကတော့ မ​လို​အပ်​တော့​တဲ့ ဇော်ဂျီ​ကို လုံး​၀ ထုပ်​ပစ် (Uninstall) ဖို့ အကြံ​ပြု​ချင်​ပါ​တယ်။ ကျွန်တော့် စက်​ထဲ​မှာ ဇော်ဂျီ Font လုံး​၀​မ​ရှိ​ပါ​ဘူး။ ဒါ​ပေ​မယ့် (ဒီ Extension ကြောင့်) စာ​အားလုံး​ကို ဖတ်​လို့ ရ​နေ​ပါ​တယ်။

မြန်မာ​စာလုံးပေါင်း​သတ်ပုံ
ယူ​နီ​ကုဒ်​ဟာ Computable ဖြစ်​တဲ့​အတွက် ကွန်​ပြူ​တာ​နဲ့ Software တွေ​က နားလည်​ကြ​ပါ​တယ်။ ကျွန်တော်​တို့​က အဲ့​ဒီ ယူ​နီ​ကုဒ်​စနစ် ပြောင်း​သုံး​လာ​တဲ့​အတွက် (အခြား​ဘာသာ​စကား​တွေ​လို) ဘာသာ​ပြန်​စနစ်​တွေ၊ စာလုံးပေါင်း​သတ်ပုံ​စစ်​တာ​တွေ စတင်​အကောင်အထည် ဖော်​နိုင်​လာ​ပြီ​ပဲ​ဖြစ်​ပါ​တယ်။ မြန်မာ​စာ​ဟာ နိုင်ငံ​တစ်​ကာ​အဆင့်​ကို ထိုး​ဖောက်​ရောက်​ရှိ​လာ​ခဲ့​ပါ​ပြီ။

စောစော​က ကျွန်တော်​တို့ Install လုပ်​ခဲ့​တဲ့ Extension မှာ သတ်ပုံ​စစ်​တဲ့ စနစ် တစ်ခါတည်း ပါလာ​ပါ​တယ်။ တစ်ခါတည်း စမ်းသပ်​ကြည့်​လို့​ရ​ပါ​တယ်။


လက်​ရှိ​စာ​ရိုက်​နေ​တဲ့ Textarea ထဲ​မှာ Right Click နှိပ်​လိုက်​ရင် Context Menu ပေါ်​လာ​ပါ​တယ်။ အဲ့​ဒီ Menu ထဲ​က Check Spelling ဆို​တဲ့ Check ရဲ့​အောက်​မှာ Language ဆို​တဲ့ Submenu တစ်​ခု​ရှိ​ပါ​တယ်။ အဲ့​ဒီ Submenu ထဲ​က Burmese/Myanmar ဆို​တဲ့ Option ကို​ရွေး​မယ်​ဆို​ရင် မြန်မာ​စာလုံးပေါင်း​သတ်ပုံ စတင်​စစ်ဆေး​နေ​ပြီ​ပဲ ဖြစ်​ပါ​တယ်။



လက်တွေ့ စစ်​ကြည့်​ပါ​မယ်။



ဒီ​စမ်းသပ်​မှု့​မှာ စာလုံးပေါင်း လေး​နေရာ မှား​နေ​ပါ​တယ်။ သတ်ပုံ​စစ်​တဲ့​စနစ်​က သုံး​နေရာ​ကို မှား​မှန်း​သိ​ပြီး လိုင်း​တား​ပေး​ထား​တာ​ကို တွေ့​ရ​ပါ​တယ်။ အဲ့​ဒီ​လိုင်း​အနီပေါ်​မှာ Right click လုပ်​မယ်​ဆို​ရင် ဖြစ်​နိုင်​ခြေ​ရှိ​တဲ့ စာလုံးပေါင်း အမှန်​တွေ​ကို ဖော်​ပြ​ပေး​ပါ​လိမ့်​မယ်။

အမှား​ထောက်​ပြ​နိုင်​ခြင်း​မ​ရှိ​တဲ့ စကား​စု "ဖြစ်​နေကျ" မှာ "ကျ" ဆို​တဲ့​စကားလုံး​ဟာ သူ​တစ်​လုံး​တည်း​ဆို​ရင် မှန်​နေ​တဲ့​အတွက် မှား​မှန်း စနစ်​က မ​သိ​တာ​ဖြစ်​ပါ​တယ်။ လက်​ရှိ​စနစ်​ဟာ စကားလုံး "တစ်​လုံး​ချင်း​စီ​ကို​ပဲ" စစ်​ပေး​နိုင်​ပါ​သေး​တယ်။ "စကား​စု" တွေ​ကို​တော့ မှန်​အောင် စစ်​မ​ပေး​နိုင်​သေး​ပါ​ဘူး။ လက်​ရှိ​မှာ စာလုံး​တစ်​လုံး​ချင်း​စီ​ကို​ပဲ မှန်​အောင်​မ​ရေး​နိုင်​သူ​တွေ အများ​ကြီး ရှိ​ပါ​တယ်။ အဲ့​ဒီ​လူ​တွေ​အတွက်​တော့ အထိုက်​အလျှောက် အသုံး​၀င်​မှာ​ပါ။


ဒါ​ဟာ အခု​မှ စလုံး​ရေ "စ" ယုံ​ပဲ​ရှိ​ပါ​သေး​တယ်။ အမှန်​တစ်​ကယ် ပြည့်စုံ​ကောင်းမွန်​တဲ့​စနစ်​တွေ ပေါ်ပေါက်​လာ​ဖို့​အတွက်​တော့ ဝိုင်းဝန်း တည်ဆောက်​ကြ​ရ​ဦး​မှာ​ပါ။ အဲ့​ဒီ​လို တည်ဆောက်​ဖို့​ကို ကျွန်တော်​တို့ Professional ရဲ့​တာ​၀န်​လို့​ပဲ ထား​လိုက်​ပါ။ အသုံးပြု​သူ​တွေ ယူ​နီ​ကုဒ်​ကို အသုံးပြု​ပေး​ခြင်း​ဖြင့်​ပဲ ကူညီ​ပေး​ကြ​စေ​လို​ပါ​တယ်။

အသုံးပြု​သူ​တွေ​က နိုင်ငံ​တကာ​စံ​ဖြစ်​တဲ့ ယူ​နီ​ကုဒ်​ကို သုံး​ပေး​မှ​သာ အခု​လို​အသုံး​၀င်​တဲ့​စနစ်​တွေ​ကို တည်ဆောက်​ပေး​လို​သူ​တွေ ဖန်တီး​တည်ဆောက်​ပေး​နိုင်​မှာ ဖြစ်​ပါ​ကြောင်း....
Credit to http://www.myanmaritpro.com/profile/EiMaung  ( ကိုအိမောင် @ Myanmaritpro.com)
Credit to http://www.myanmaritpro.com/profiles/blogs/1445004:BlogPost:232572  ( this blog)

[mrsorcerer:5945] စာကိုယ် (Text Body) မှာ ပုံတွေဘယ်လိုတွဲထည့်မှာလည်း။ How to Add Photos in Text Body?

စာကိုယ် (Body Text မှာ) ပုံတွေကိုထည့်ဖို့ အောက်ပါအတိုင်းလုပ်ဆောင်ရပါမယ်။

၁. မိမိတို့အဆင်ပြေသလို မိမိ Mail Setting ကိုသွားပါ။ Mail Setting/Gmail Setting နဲ့ Account Setting ကိုတော့ မမှားအောင်သတိထားပါ။ မှားရင်လည်း Account Setting ထဲက Gmail Setting ကိုထပ်သွားပါ။ အောက်ကပုံကိုကြည့်ပါ။


1.jpg



၂. Setting အောက်က အနီဝိုင်းထားတဲ့ Lab ကိုနှိပ်ပါ။


2.jpg


၃. အောက်ကပုံ (ပုံ- ၃) မှာဖေါ်ပြထားတဲ့ Inserting Images Row ကိုသွားပါ။
၎. Enable နှင့် Disable ဆိုတဲ့ Combo Box နေရာမှာ Enable လုပ်ထားလိုက်ပါ။ အနီဝိုင်းထားပါတယ်။


3.jpg


မှတ်ချက်။ ။ Mail Error ကြောင့် ပုံတွေဟာ တစ်ခါတစ်လေ Mail Body မှာမပေါ်တတ်လို့ ပုံမှန် Attach လုပ်တဲ့နည်းအတိုင်းလည်း၊ Attach တွဲလုပ်ပေးပါ။

အဆင်ပြေပါစေခင်ဗျ...

လေးစားစွာဖြင့်
jacknetster@gmail.com
Admin (မှော်ဆရာအဖွဲ့)


--
မှော်ဆရာ အဖွဲ

[mrsorcerer:6324] Passport ပုံတွေကိုအလွယ်ကူဆုံးပြင်ကြမယ်.......

ဒီကောင်လေးကတော့ Passpord ပုံတွေကိုအလွယ်တကူ Edit လုပ်ဖို့အတွက်အရမ်းကိုအထောက်

အကူပြုတဲ့ဆော့ဝဲလ်လေးပါ..။ပြီး
ရင် Passpord
ပုံတွေကိုပိုက်ဆံအကုန်အကျခံပြီးသွားရိုက်နေစရာ

မလိုတော့ပဲမိမိတို့ဆီကအဆင်ပြေမဲ့ပုံလေးတွေကိုသုံးပြီး Passpord
ပုံလေးတွေဖန်တီးနိုင်မှာဖြစ်

ပါတယ်.။အရမ်းကိုအသုံးဝင်တဲ့ဆော့ဝဲလ်လေးပါ။ဖိုင်ဆိုဒ်ကလဲ 1.42 MB
ပဲရှိတဲ့အတွက်ပေါ့ပေါ့

ပါးပါးနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်..။ဒီကောင်လေးအတွက် Register
လုပ်ဖို့အတွက် Register info

လေးပါထည့်ပေးထားပါတယ်…။အသုံးဝင်တာလေးမို့လို့ပြန်ရှယ်ပေးလိုက်ပါတယ်….။





Downloading  From  Ifile.it ( 1.420 MB )

http://ifile.it/3fo407a/Passport.Photo.Studio.1.51.rar

--
မှော်ဆရာ အဖွဲ

window 7နှင့်မည့်သည့်ဝင်းဒိုးတွင်မဆိုSWiSH Max4 ခရက်ဖိုင်

window 7နှင့်မည့်သည့်ဝင်းဒိုးတွင်မဆိုSWiSH Max4 ခရက်ဖိုင်

ယခုတောတွင်းကျတော်ကြားနေရသည်မှာ window 7 တွင် ခရက်ဖြည်မရသောပြသနာများအကြောင်း
ဖြစ်ပါသည် ။ ကျတော် ကူညီပေးချင်ပေမယ့်မအားလို့
သူငယ်ချင်းတွေကိုမကူညီနိုင်ခဲ့ပါဘူး ..
skysoehtike@gmail.com သို့ဆက်သွယ်တောင်းယူနိုင်ပါတယ်။
အခုခရက်ဖိုင်မှာ မည်သည့်ဝင်းဒိုးမဆိုအလုပ်လုပ်ပါသည် ။
ခရက်ဖြည်ပုံမှာ မေးထဲမှာပဲရှင်းပြပေးထားပါသည် ။ ဒီနေရာမှာ ဒေါင်းဖို့ Download ဖိုင်ထားပေးချင်ပေမယ့်
ကွန်နက်ရှင်အခက်ခဲကြောင့် မထားပေးတာသူငယ်ချင်းတို့နားလည်ပေးစေချင်ပါတယ်
နောက်တစ်ချက်က မေးထဲကဒေါင်းတာက ကွန်နက်ရှင်မကောင်းလည်းဒေါင်းလို့ရတာကြောင့်ပါ သူငယ်ချင်းတို့အားတဲ့အချိန်လိုတဲ့အချိန်ဒေါင်းလို့ရတယ်လေ window 7 မှရယ်မဟုတ်ပါဘူး မည်သည့်ဝင်းဒိုးမဆို
Patch ဖြည်ရခြင်း မရှိအသုံးပြုနိုင်ပါသည်။ လိုအပ်သောသူငယ်ချင်းများ မှတ်ချက်ပေးရန်နေရာတွင် သူငယ်ချင်းတို့
အကောင့်ကိုထားခဲ့၍သော်၎င်း skysoehtike@gmail.com သို့ဆက်သွယ်၍သော်၎င်း တောင်းယူနိုင်ပါသည် ။
Views: 10

အင်တာနက်စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း

အင်တာနက်စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း
လွတ်လပ်တဲ့ အာရှအသံ (RFA) ရဲ့ အင်တာနက် စာမျက်နှာများကို
မြန်မာပြည်တွင်းက ကြည့်လို့ မရအောင် ပိတ်ဆို့ထားပါလိမ့်မယ်။ ဥပမာဆိုရင်၊
http://www.rfa.org/burmese ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။
ဒါပေမဲ့၊ အဲဒီ အင်တာနက်စာမျက်နှာကို တိုက်ရိုက်မသွားပဲ proxy server လို့
ခေါ်တဲ့ ကြားခံကွန်ပျူတာ ဆာဗာစနစ်ကို အသုံးပြုပြီး ကြည့်ရှုနိုင်တဲ့
နည်းလမ်းရှိပါတယ်။
အဲဒီလို ကြားခံ ကွန်ပျူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့
အင်တာနက် စာမျက်နှာတွေကို ကြည့်နိုင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း
မသိနိုင်ပါဘူး။ ကွန်ပျူတာ အသုံးပြုသူဟာ ကြားခံကွန်ပျူတာထဲကို
ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြား ပိတ်ဆို့ထားတဲ့ အင်တာနက်
ဝက်ဘ်ဆိုက်တွေကို သွားတဲ့ သဘောမျိုးပါ။
ဘယ်လိုရှာဖွေမလဲ
အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကွန်ပျူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ
ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီး ရှာရမှာ
ဖြစ်ပါတယ်။ ရှာရမဲ့ စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl
ဒါမှမဟုတ် nph-proxy.cgi တို့ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။
တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့
စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။
အဲဒီလို ရှာလိုက်တဲ့အခါမှာ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ်
လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို တွေ့ရပါလိမ့်မယ်။
ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ link လမ်းကြောင်းကို
တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ
ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကို ထည့်သွင်းရမဲ့
ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ်။



ပိတ်ဆို့ခံထားရတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာURLကို အဲဒီကွက်လပ်ထဲမှာ
ရိုက်ထည့်လိုက်ရင် ကိုယ်သွားချင်တဲ့ ဝက်ဘ်ဆိုက်ကို ရောက်သွားပါလိမ့်မယ်။
ဥပမာအားဖြင့်၊ လွတ်လပ်တဲ့ အာရှအသံ RFA ရဲ့ မြန်မာဘာသာစာမျက်နှာ လိပ်စာ
www.rfa.org/burmese ဖြစ်ပါတယ်။
ကြားခံ ကွန်ပျူတာ ဆာဗာတချို့ကတော့ ရှေ့က http:// ဆိုတာကိုပါ
ရိုက်ထည့်ရပါတယ်။ ဥပမာဆိုရင်၊ http://www.rfa.org/burmese လို့
ရိုက်ရပါတယ်။
တခြား ဖြတ်လမ်းနည်းအနေနဲ့ အောက်မှာ အဆင်သင့်ပြထားတဲ့ Link
အဆက်အသွယ်တွေကို နှိပ်လိုက်ရင်လည်း ကြားခံ ကွန်ပျူတာ ဆာဗာတခုထဲကို
သွားနိုင်ပါတယ်။ ဒါပေမဲ့၊ ဒီလို လူသိရှင်ကြား ကြေညာထားတဲ့
အင်တာနက်လိပ်စာတှေကို အာဏာပိုင်တွေက ပိတ်ဆို့ထားပြီးသား ဖြစ်နိုင်ပါတယ်။
အဲဒီလို ဆိုရင်တော့ စောစောက ရှင်းပြခဲ့တဲ့နည်းအတိုင်း ကိုယ့်ဖာသာ
ရှာကြည့်ပြီး လုပ်လိုက်ရင် လွယ်လွယ်လေးပါ။
http://www.stupidcensorship.com/
http://proxify.com/ This is free but there is also a version available
for a fee.
http://www.zensur.freerk.com/nada/
Proxy Server လို့ခေါ်တဲ့ ကြားခံ ကွန်ပျူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း
ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ အခုနည်းတွေအတိုင်း ရှာကြည့်ပြီး
ပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ်
သွားလာလည်ပတ်နိုင်ပါတယ်။

- Show quoted text -...............
...................
............

photoshop နဲ့ background နောက်ခံဓါတ်ပုံပြောင်းမယ်


backgroung  နောက်ခံပုံပြောင်းနည်းလေးပါ
ပြောင်းနည်းတွေကတော့ အမျိုးမျိုးရှိပါတယ်
ကျနော်ကတော့ အဲ့ထဲကနေအလွယ်ဆုံးနည်းကို
သူငယ်ချင်းများအတွက်မျှဝေးပေးလိုက်ပါတယ်ဗျာ
ပြိးသွားပါပြိး
လူနှစ်ယောက်သုံးယောက်ထဲချင်လဲရတယ်ဗျ :)
Views: 566
အမျိုးအစား: Photoshop................
.....................
သရဲလေး{hein} 10:17pmမှာစက်တင်ဘာလ 27, 2011 တွင် သရဲလေး{hein} မှရေးခဲ့သောမှတ်ချက်
နောက်ထပ်ရှိရင်လဲ ဝေမျှပါဥိးဆိုတဲ့သူငယ်ချင်းများ လေ့လာချင်တဲ့သူငယ်ချင်းများ ဒီလင့်ကို သွားလိုက်ပါဗျphotoshop အဖွဲလင့်လေးပါ
ခင်လျှက်  သရဲလေး{hein}
...................................................
.............................................
သရဲလေး{hein} 3:25pmမှာဇူလိုင်လ 27, 2011 တွင် သရဲလေး{hein} မှရေးခဲ့သောမှတ်ချက်
http://ifile.it/p40kiq1 photoshp  ဆော့ဝဲ ဒီလင့်ကနေဆော့ဝဲဒေါင်းလို့ရတယ်ဗျ 
.....................
.........................
......................

သီချင်းနားထောင်ဖို့ / ကိုယ်ကြိုက်တဲ့ သီချင်းကို ဖြတ်ပြီး Ring tone-လုပ်ဖို့ Cowon Jetaudio

Sai Myo Aung

သီချင်းနားထောင်ဖို့ / ကိုယ်ကြိုက်တဲ့ သီချင်းကို ဖြတ်ပြီး Ring tone-လုပ်ဖို့ Cowon Jetaudio

Download-ဒီနေရာလေးကို နှိပ်လိုက်ပါ
..........................
နောက်တစ်ခု MP3-အင်္ဂလိပ်သီချင်းနားထောင်ရင် သီချင်းစာသားက Desktop-မှာပေါ်တဲ့ဆော့ပ်ဝဲ
ကိုယ်ဖွင့်လိုက်တဲ့သီချင်းဖိုင်က သီချင်းနာမည်မှန်မှ စာသားပေါ်လာမယ် မမှန်ဘူးဆိုရင် နာမည်ပြန်ပြောင်းလိုက် ပြီးရင်ပြန်ဖွင့်ကြည့်။ (အင်္ဂလိပ်သီချင်းအတွက်သာ)
Download-ဒီနေရာလေး
ဒီဆော့ပ်ဝဲကို ဟိုအရင်က အိမ်လွမ်းသူထဲကတစ်ယောက်ပါပဲ တင်ပေးထားတယ်။
သူ့ကိုလည်း ကျေးဇူးအကြီးကြီးတင်ပါတယ်။
.................................
Ring Tone-ဖြတ်ဖို့ ပုံစံ
အားလုံးအဆင်ပြေပါစေ.....

မိမိပုံလေးနဲ့Flash Movie Maker လေးလုပ်ချင်ရင်...

သူငယ်ချင်းအားလုံးမင်္ဂလာပါခင်ညာ
မိမိဓာတ်ပုံလေးတွေနဲ့ဖလတ်သီချင်းလေးတွေလုပ်ချင်ကြရင်
ကျနော်သိသလောက်လေးရေးပြီးတင်ပေးလိုက်ပါတယ်
လုပ်ကြည့်ချင်တယ်ဆိုရင်တော့ဒီအောက်မှာဆော့ဝဲလေးဒေါင်းယူလိုက်ပါ
ဆိုက်နှစ်ခုကိုတင်ပေးထားပါတယ်အစဉ်ပြေမည့်နေရာမှာဒေါင်းလိုက်ပါ
install လုပ်စရာမလိုပါဘူး


အဆင့်(၁) size and sound မှာကလစ်နှိပ်လိုက်ပါ
အဆင့်(၂)  width မှာ 1000  Height မှာ 800 လောက်ထားလိုက်ပါ
အဆင့်(၃) နံပါတ်(၃)နေရာအ၀ိုင်းလေးထဲကို အမှန်ခြစ်လေးခြစ်ပေးပါ
အဆင့်(၄) Browse မှာကလစ်နှိပ်ပြီး သီချင်းတစ်ပုဒ်ထည့်လိုက်ပါ




နောက်ခံအတွက်ပါ ကာလာနှင့်ထည့်ချင်လားဓာတ်ပုံနဲ့ထည့်ချင်လား
နှစ်မျိုးရှိပါတယ်.. Background ဆိုတဲ့နေရာမှာကလစ်လုပ်လိုက်ပါ
နောက်ခံကို ကာလာနဲ့ထည့်ချင်တယ်ဆိုရင် အနီဝိုင်းအသေးလေးထဲကို
ကလစ်နှိပ်ပြီးအပြောက်လေး(ဟီးးဘာပြောရမလည်း) အဆက်လေးလုပ်လိုက်ပါ
နောက်ပြီး အနီအ၀ိုင်းကြီးပြထားတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့အရောင်နှစ်မျိုးရွေးလိုက်ပါ
နောက်ခံကိုဓာတ်ပုံနဲ့ထည့်ချင်ရင်တော့
အပြာရောင်အ၀ိုင်းလေးထဲကိုအမှန်ခြစ်လေးခြစ်ပေးပါ
နောက်ပြီး Add နေရာမှာကလစ်နှိပ်ပြီးပုံထည့်လိုက်ပါ
နောက်ပြီးအောက်မှာမြင်နေရတဲ့ လေးထောင့်အကွက်ထဲမှာကြည့်လိုက်ပါ
ဓာတ်ပုံကိုဘယ်လိုပုံစံနဲ့ထားချင်းလည်းကိုယ့်စိတ်ကြိုက်ကြည့်လိုက်ပါ
ဟိုအောက်မှာပြထားတဲ့ဖလတ်စောင်းထဲကအတိုင်းလုပ်ချင်ရင်တော့
နံပါတ်(၃)နေရာမှာ Tile ကိုထားလိုက်ရင်ပုံတစ်ပုံထဲနဲ့အများကြီးဖြစ်သွားမှာပါ




ဒီမှာတော့ စာရေးပြီးထည့်ချင်ရင်..ဓာတ်ပုံတွေ ဟိုပြေးဒီပြေး ဂျွန်းထိုးနေတာမျိုးတွေ
လုပ်ချင်ရင်တော့
Text and image မှာကလစ်နှိပ်လိုက်ပါ
ပြီးရင်အနီရောင်လေးထောင့်ကွက်ထဲကစာတွေကိုအရင်ဖျက်လိုက်ပါ
မျှားပြထားတဲ့အနီရောင်ကြက်ခြေခတ်လေးကိုကလစ်လုပ်ပြီးဖျက်လိုက်ပါ
အဲ့စာတွေကိုမသိလို့မဖျက်ပဲထားရင်အဲ့စာတွေကရှုပ်နေတာလေ
စာတွေဖျက်ပြီးရင်အောက်မှာဆက်ကြည့်လိုက်ပါ




ဓာတ်ပုံတွေကိုအရင်ထည့်ပါ့မယ် ကိုထည့်ချင်သလောက်သာထည့်လိုက်တော့
Add image မှာကလစ်နှိပ်ပြီးပုံထည့်လိုက်ပါ..တစ်ပုံချင်းပဲထည့်လို့ရမှာနော်
အပြာရောလေးထောင့်ကွက်ထဲကိုကြည့်လိုက်ပါ
အဲနေရာမှာဘယ်လိုပုံစံမျိုးထားချင်လည်းကြည်လိုက်ပါ
ဦးစွာပထမတော့  Center မှာပဲထားလိုက်ပါ
ကိုယ်ထည့်လိုက်တဲ့ပုံကအကြီးကြီးဖြစ်နေရတော့ မျှားပြထားတဲ့နေရာက
နံပါတ်လေးတွေကိုပြောင်းပေးပါ  ဆက်လျှောက်အောက်ပုံ




ဒီနေရာမှာလည်းပုံတွေကိုဘယ်လိုမျိုးလုပ်ချင်လည်းနောက်မှကြည့်တော့
ကျနြော်ပထားတာလေးပဲအရင်လုပ်ကြည့်လိုက်ပါ
ပုံတွေအတွက် Effect ထည့်ဖို့အတွက် Effect မှာကလစ်နှိပ်လိုက်ပါ
အောက်မှာကြည့်လိုက်ပါ လေးမျိုးရှိပါတယ်
Fly ဆိုတာလေးကိုကလစ်နှိပ်ပြီး အဆက်လေးလုပ်လိုက်ပါ
ပြီးရင်..အင်းဒီနေရာတော်တော်ရှုပ်တယ်
အောက်မှာတင်ထားတဲ့ဖလတ်စောင်းလေးထဲကအတိုင်းပဲပြောပြမယ်နော်
ကြံတာတော့နောက်မှပဲလုပ်ကြည့်ကြပေါ့နော်
ဟုတ်ကဲ့ Fly ဆိုတဲ့နေရာမှာအဆက်လေးလုပ်လိုက်ပါ
ပြီးရင်ပုံအ၀င်အထွက်လေးတွေကို အပြာရောင်လေးထောင့်ကွက်ထဲကြည့်လိုက်ပါ
အပေါ်က Fly in form left ဆိုရင်ဘယ်ဘက်နေထွက်လာမယ်
အောက်က Fly out to top ဆိုရင် အပေါ်ကိုတက်သွားမယ်
ပုံလေးက ဘယ်ဘက်ကနေထွက်လာပြီးအလယ်ရောက်တာနဲ့
အပေါ်ကိုတက်သွားပါ့မယ် အဲတာတွေမလုပ်ပဲထားရင်တော့
ဘယ်ဘက်ကနေထွက်လာပြီးဘယ်ဘက်ကိုပြန်ဝင်သွားပါတယ်
ပုံတွေအများကြီးထည့်ရင် အဲနေရာလေးမှာအမျိုးမျိုးပြောင်းပေးလိုက်ပေါ့နော်..ဟီးး




ဒီနေရာမှာတော့ Effect တွေအများကြီးရှိပါတယ်ကိုယ်ကြိုက်တဲ့ဟာလေးကို
ကလစ်နှိပ်ကြည့်လိုက်ပါ
မျှားပြထားတဲ့နေရာမှာတော့ ကိုယ်လုပ်လိုက်တဲ့ Effect တွေအများကြီးရချင်ရင်
အပေါ်ဆုံးကနံပါတ်လေးကိုပြောင်းပေးပါ
အောက်ပဟာလေးတွေကတော့ Effect အရောင်းလေးတွေပြောင်းတဲ့ဟာပါ
ကိုယ်ကြိုက်တဲ့အရောင်းလိုက်ပေါ့နော်.....



ဒါကတော့ကိုယ်ထည့်လိုက်တဲ့ဓာတ်ပုံလေးတွေကို Link တွေချိတ်ချင်ရင်ပေါ့
 Link တွေချိတ်တာကိုမသိရင် အောက်မှာတင်ထားတဲ့ဖလတ်စောင်းထဲက
ပုံလေးတွေ..စာလေးတွေကလစ်နှိပ်ကြည့်လိုက်ပါ..အခြားတစ်နေရာရောက်သွားပါ့မယ်
အဲလိုမျိုးတွေလုပ်ချင်ရင်ဆက်ကြည့်လိုက်ပါ..မလုပ်ချင်သူများတော့
ဒါကိုကျော်သွာလိုက်ပါ...ဟိုအောက်မှာကြည်လိုက်ပါ
Linkချိတ်ချင်သူများကတော့စမယ်ပေါ့နော်
 Web link ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
ပြီးရင်အပြာရောင်အ၀ိုင်းလေးပြထားတဲ့နေရာလေးမှာအဆက်လေးလုပ်လိုက်ပါ
အနီရောင်အ၀ိုင်းပြထားတဲ့နေရာလေးမှာလည်းအဆက်လေးလုပ်လိုက်ပါ
အဲနေရာမှာတော့နားတော့မလည်းဘူး..မလလုပ်လည်းရပါတယ်
အပြာရောင်လေးထောင့်ကွက်ထဲမှာကြည့်လိုက်ပါ
အပေါ်ကအကွက်ထဲမှာ _blank ကိုထားပါ
အောက်ကအကွက်ထဲကို ကိုယ်ချိတ်မည့် link ကိုထည့်လိုကပါ
ဒါဆိုရင်ပုံနဲ့ link ချိတ်ပြီးပေါ့နော်




ဒါကတော့စာတန်းစာကြောင်းစာလုံးထည့်ချင်ရင်တော့
Add text ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
အခုမြင်နေရတဲ့အကွက်လေးထွက်လာပါမယ်
အဲအကွက်ထဲကိုစာရေးရမှာပါအဲထဲမှာရေးရင်တော့မြင်နေရတဲ့အတိုင်းပါပဲ
တစ်နေရာရာမှာရေးပြီး copy ကူးပြီးထည့်လိုက်ပါ
ပြီးရင် okလုပ်လိုက်ပါ



ဒီနေရာမှာတော့ ဟိုအောက်ကအနီရောင် Tiဆိုတဲ့အ၀ိုင်းလေးကိုကလစ်နှိပ်လိုက်ပါ
ပြီးရင် font နေရာမှာ zawgyi.one ကိုထားလိုက်ပါ
အနီရောင်မျှားပြထားတာက font ဆိုက်ကြီးသေးလုပ်တာပါ
အပြာရောင်မျှားပြထားတဲ့နေရာမှာက စာလုံးအရောင်ပါ
ပထမနေရာက စာလုံးအရောင်ပါ..ဒုတိယနေရာက နှစ်ထပ်အရောင်ပေါ်အောင်လုပ်တာပါ
နှစ်ထပ်အရောင်ပေါ်ချင်ရင်တော့အပြာဝိုင်းလေးပြထားတဲ့နေရာမှာ 2..3..4 ကြိုက်ရာထားလိုက်ပါ
zawgyi ဖေါင့်ပြောင်းတဲ့နေရာမှာနနြတြော့ခတ်တယ်ဗျတစ်ခါတန်းပြီးပေါ်မလာဘူး
အဲတာကိုစိတ်ရှည်လက်ရှည်နဲ့ ဖျက်လိုက်ပြန်ထည့်လိုက်လုပ်ပေးပါ
ကျနော်တော့အဲပဲလုပ်နေ၇တာ..ပြီးရင် ok လုပ်လိုက်ပါ



ဒါကတော့ စာတန်းလေးတွေအတွက် Effect ထည့်ရပါမယ်
ကိုယ်ကြိုက်ရာကလစ်နှိပ်ကြည့်ပြီးလုပ်ကြည့်လိုက်ပါ



ဒါကတော့စာတန်းလေးတွေနေရာချပေးရမယ်ဟာပါ
position ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
အနီရောင်အ၀ိုင်းလေးကဟာကို အဆက်လေးလုပ်လိုက်ပါ
ပြီးရင် အပြာရောင်လေးထောင့်ကွက်ထဲကနေရာလေးတွေမှာ
နံပါတ်လေးတွေပြောင်းပြီးစာတန်းလေးရွှေ့ပေးလိုက်ပါ
left ဆိုတဲ့နေရာမှာနံပါတ်လေးတွေများပေးရင် ညာဘက်ကိုရွေ့သွားပါတယ်
top ဆိုတဲ့နေရာမှာနံပါတ်လေးတွေများပေးရင်အောင်ကရွေ့သွားပါတယ်
အောက်မှာတင်ထားတဲ့ဖလတ်စောင်းထဲကအတိုင်းဖြစ်အောင်တော့
ဒီလိုနံပါတ်လေးတွေနဲ့ရွှေ့ပေးရပါတယ်





ဒါကတော့စာနဲ့ link ချိတ်ချင်ရင်ပေါ့အပေါ်မှာပြောခဲ့သလိုပါပဲ
အနီရောင်အ၀ိုင်းလေးတွေထဲကဟာလေးကိုအဆက်လေးလုပ်ပေးလိုက်ပါ
ပြီး၇င်အပြာရောင်အကွက်ထဲက အပေါ်နေရာမှာ _blank ကိုထားပါ
အောက်ကအကွက်ထဲကိုကိုယ်ချိတ်ချင်တဲ့ link ကိုထည့်လိုက်ပါ
 link မချိတ်ချင်သူများကတော့အောက်ကိုပဲကျော်ကြည့်လိုက်ပါ


စာနဲ့ link ချိတ်ရင်ဒီနေရာလေးပိုလာတယ်ခင်ညာ
အ၀ိုင်းပြထားတဲ့နေရာလေးတွေမှာအမှန်ခြစ်လေးတွေခြစ်ပေးလိုက်ပါ
ခြစ်မပေးရင်လေ မှိတ်တုတ်မှိတ်တုတ်နဲ့နေပါတယ်ခင်ညာ
ဒါကတော့ LINK ချိတ်ချင်သူတွေပဲလုပ်ပါ



အားလုံးအိုကေပြီဆိုရင် သိမ်းမယ် save မယ်ပေါ့နော်
အောက်မှာရှိတဲ့ Publish ဆိုတာလေးကိုအရင်ကလစ်နှိပ်လိုက်ပါ
ပြီးရင်အပေါ်က Publish ကိုထပ်ကလစ်နှိပ်လိုက်ပါ




ဒီနေရာမှာတော့အပေါ်ဆုံးနေရာမှာအဆက်လေးလုပ်လိုက်ပါ
ပြီးရင် ok  လုပ်လိုက်ပါ





ဒီနေရာမှာတော့ အပေါ်ကအကွက်လေးထဲမှာ နာမည်လေးတစ်ခုခုရေးလိုက်ပါ
အောကျကအကွက်လေထဲမှာတော့ Flash movie(swf) ထားလိုက်ပါ
ပြီးရင် save ကိုပဲကလစ်နှိပ်လိုက်ပါ



ဒီလိုမျိုးတွေပေါ်လာရင် သိမ်းစည်းပြီးပါပြီခင်ညာ


နမူနာလုပ်ပြထားတဲ့ဖလတ်သီချင်းတွေပါ


 

ဒါလေးကတော့ကျနော်တို့ရဲ့ရွှေမြန်မာဥယျာဉ်ထဲက
မင်းသား..မင်းသမီးကြီးတွေပါ နမူနာလုပ်ပြလိုက်တာပါ
နာမည်လေးတွေအပေါ်ကလစ်လုပ်ကြည့်လိုက်ပါ
သူတို့စာမျက်နှာကိုရောက်သွားပါတယ်ခင်ညား
့မှားတာများရှိခဲ့ရင်လည်း
တောင်းပန်အပ်ပါသည်................


 


အားလုံးပဲအစဉ်ပြေနိုင်ကြပါစေဗျာ
လိုအပ်ချက်တွေအများကြီးရှိနိုင်ပါတယ်
ကျနော်လည်းဖလတ်စောင်းနဲ့ပတ်သတ်လို့ဘာမှသိပ်မသိပါဘူး
သူငယ်ချင်းတစ်ယောက်ကတောင်းဆိုလို့
ကျနော်လုပ်တဲ့နည်းအတိုင်းရေးပြလိုက်ပါတယ်
ဒီပို့ကိုရေးရမှာလည်းတော်တော်လေးကြောက်ပါတယ်ဗျာအများကြီးပဲဗျာ
သီချင်းသံနဲ့စာသားနဲ့ဘယ်လိုညီအောင်လုပ်ရမယ်ဆိုတာတော့
ကျနော်လည်းမလုပ်တတ်ပါဘူးခင်ဗျာ




မသိတာ..နားမလည်တာများရှိခဲ့ရင်
အူကြောင်ကြောင်ကောင်လေး

Views: 590
အမျိုးအစား/ကဏ္ဍ: နည်းပညာ