ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 31 October 2011

[mrsorcerer:7848] Gmail ၏အဆင့်မြင့် အင်္ဂါရပ်များ(ကူးယူဖေါ်ပြပါသည်)

မြန်မာပြည်ရှိ  email သုံးစွဲသူ အများစုမှာ Gmail ကို သုံးကြပါသည်။  Gmail ဖြင့် စာအပို့အယူ လုပ်ခြင်းကို ကောင်းစွာ ကျွမ်းကျင်ကြသော်လည်း Gmail ၏ လုပ်ငန်း ဆောင်တာများကို ESHY စပ်အောင် ဝင်ကြည့်ဖူးသူ အတော်ပင် နည်းပါသည်။ ယခု ဖော်ပြမည့် အစိတ်အပိုင်းတို့မှာ သုံးစွဲသူ အတော်များများ အမှတ်တမဲ့ ဖြစ်နေကြသော အစိတ်အပိုင်းများ ဖြစ်ပါသည်။

- Gmail Labs ကို အသုံးပြုခြင်း

Gmail Labs တွင် ပါဝင်သော စွမ်းဆောင်ရည် အတော်များများ၌ စမ်းသပ်ဆဲ အဆင့်တွင် ရှိနေသေးသော စိတ်လှုပ်ရှားဖွယ် Feature များ ပါဝင်နေပါသည်။ ယင်း Feature အားလုံးကို  Gmail သုံးစွဲသူအားလုံး လွယ်လင့်တကူ သုံးစွဲနိုင်အောင် ပြုလုပ် မပေးထားပါ။ ထို့ပြင် ကြိုတင် သတိပေးမှု တစ်စုံတစ်ရာ မရှိဘဲ ပျောက်သွားခြင်း၊ အသစ်ပေါ်လာခြင်းတို့လည်း ရှိနိုင်ပါသေးသည်။ ထို့ကြောင့် အောက်တွင် ဖော်ပြထားသော အချက်များသည် စာရှုသူ ကိုယ်တိုင် Gmail Labs သို့ ဝင်ရောက် ကြည့်ရှုသည့်အခါ တွေ့ရှိရမည့် အချက်အလက်များနှင့် ကွဲလွဲမှုအချို့ ရှိကောင်း ရှိနေနိုင်ပါသည်။ Gmail Labs သို့ဝင်ရောက်ရန်နှင့် အချို့သော Feature များကို အဖွင့်အပိတ်လုပ်ရန်အတွက် အောက်ပါအဆင့်များကို လုပ်ဆောင်ရန် လိုအပ်ပါမည်။

၁။ Gmail site ထဲသို့ ဝင်ရောက် လှည့်ပတ် ကြည့်ရှုရပါမည်။ အကယ်၍ လိုအပ်လျှင် Login ဝင်ရပါလိမ့်မည်။

၂။ Setting ဟု ပြထားသောနေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Setting Page ကြီး ပေါ်လာပါမည်။

၃။ Labs ဟု ပြထားသောနေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Gmail Labs Page ပေါ်လာပါမည်။

၎။ Labs တွင် ခွင့်ပြုထားသော Feature များကို သုံးစွဲနိုင်ရန်အတွက် Enable Option ကို ရွေးချယ်ပေးပါ။

၅။ ပြီးလျှင် Save Changes နေရာတွင် ဘယ်ကလစ်နှိပ်ပါ။ မိမိ ရွေးချယ်လိုက်သော Feature အသက်ဝင်လာအောင် Gmail က ဆောင်ရွက်ပေးပါမည်။ Gmail  Labs အတွက် ရွေးချယ်ခွင့်ပေးထားသော Feature အချို့မှာ Add any gadget by URL, Advanced IMAP Controls, Authentication icon for verified senders စသည်တို့ ဖြစ်ပါသည်။ ဖော်ပြထားသော Feature တို့မှာ ရည်ရွယ်ချက်ကောင်းဖြင့် ပြုလုပ်ထားသော်လည်း စမ်းသပ်ဆဲအဆင့်တွင် ရှိသေးသည်ဖြစ်၍ မိမိက စမ်းသပ်သုံးစွဲရင်း အမှားအယွင်း တစ်စုံတစ်ရာ ရှိကောင်း ရှိနိုင်ပါသည်။ ဤသို့ဖြစ်ခဲ့ပြီး  Gmail တွင် ပိတ်ဆို့မှုရှိခဲ့သော် GmailLabs Feature ကို ပိတ်ရပါလိမ့်မည်။ Gmail Labs ကြောင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည်ဟု ထင်ပါသလား။ ဥပမာ... Gmail  ကို   Lodding တက်စေရာတွင် ပုံမှန်အတိုင်း မဟုတ်တော့သည့် ကိစ္စမျိုး ဖြစ်ပါသည်။ ဤသို့သော ကိစ္စများအတွက် အရေးပေါ် မလွယ်ပေါက် ရှိပါသည်။ အဆိုပါ မလွယ်ပေါက်သို့ သွားရမည့် လမ်းကြောင်းမှာ https://mail.google.com/mail/၊ Labs=0. ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်သည့်အခါ Gmail Labs ကို ပိတ်ပစ်လိုက်ပါမည်။ ယင်းကြောင့် ပြဿနာတက်ရသည်ဟု ဆိုလျှင်လည်း များသောအားဖြင့် ပြေလည်သွားလေ့ ရှိပါသည်။ ပြေလည်ခြင်း မရှိခဲ့လျှင် ပြဿနာ အရင်းအမြစ်ကို ရှာဖွေ ရှင်းလင်းရပါမည်။ (Gmail ပြဿနာများအကြောင်း ဆောင်းပါးတွင် သီးခြား ဖော်ပြပါမည်)။

- Google gadget များ ထပ်ပေါင်းထည့်ခြင်း

Gmail Labs တွင် ပါဝင်သော Feature တစ်ခုမှာ Google gadget များကို မိမိ၏ Gmail account ထဲတွင် ပေါင်းထည့်ခွင့်ပြုခြင်း ဖြစ်ပါသည်။ Google gadget ဆိုသည်မှာ Install လုပ်ယူနိုင်သော Code အစိတ်အပိုင်းများကို ဆိုလိုပါသည်။ ယင်းတွင် Game ကစားခြင်း၊ Calendar ac: ယူခြင်း အပါအဝင် အခြား လုပ်ဆောင်နိုင်မှု အတော်များများ ပါဝင်ပါသည်။ Google gadget အစုအဝေးကြီးကို http://www.google.com/ig/directory၊ synd=open. တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ Google gadget ကို Gmail ထဲသို့ ပေါင်းထည့်နိုင်ရန်အတွက် Gadget ရှိရာ URL သို့ ဝင်ရောက်ရန် လိုအပ်ပါမည်။ Gadget တစ်ခု တည်ရှိရာ URL ကို ရှာဖွေရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ http://www.google.com/ig/directory၊ synd=open. သို့ သွားရောက်ပါ။

၂။ မိမိ စိတ်ဝင်စားသော Gadget ကို တွေ့ပြီဆိုပါက Gmail ထဲသို့ ပေါင်းထည့်နိုင်ရန်အတွက် (Add to your Webpage) နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

၃။ Get the Code နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

၎။ ယင်း Gadget ရှိသော URL ကို ကော်ပီ ကူးယူရပါမည်။ “ URL=~” နှင့်စပြီး  .xml နှင့် အဆုံးသတ်ပါမည်။

ဥပမာ ... http://www.atlas-labs.net/gadgets/widget 2/arix/arix.xml အဆိုပါ Gadget ကို Gmail setting page တွင် Install လုပ်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။

၁။ Gmail ထဲသို့ ဝင်ရောက်ပြီး Setting နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

၂။ Labs နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

၃။ Add Any Gadget by URL ကိုရှာပါ။

၎။ ယင်းဘေးရှိ Radio button  နှစ်ခုအနက်မှ  Enable  ဆိုသော Button  ကိုရွေးပေးပါ။

၅။ Save the Change နေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Gmail သည် Setting Page ထဲတွင်  gadget အသစ်ကို ပေါင်းထည့်ပေးပါမည်။

၆။ ပေါ်လာသော Gadgets tab တွင် ဘယ်ကလစ်နှိပ်ပါ။

၇။ Add a gadget by URL ဟူသော စာတန်း၏ အောက်ဘက်တွင် လေးထောင့်ကွက် အလွတ်တစ်ခု ပေါ်လာသည်ကို တွေ့ရပါမည်။ ယင်းထဲတွင် မိမိ ကူးယူလာခဲ့သော Gadget URL ကို Paste လုပ်ပြီး ထည့်သွင်းပေးလိုက်ပါ။

၈။ ပြီးလျှင် နံဘေးဘက်ရှိ  Add  ဟူသောနေရာ၌ ဘယ်ကလစ် နှိပ်ပေးလိုက်ပါ။ Setting Page ထဲတွင် Gadget ပေါ်လာသည်ကို မြင်တွေ့ရပါမည်။ ဤ Lab feature ကို disable လုပ်ရန်အတွက် Setting  ရှိ Lab ခေါင်းစဉ်အောက်သို့ ဝင်ပြီး သက်ဆိုင်ရာ Feature ဘေးရှိ Disable button ကို ရွေးပေးရပါမည်။ ပြီးလျှင် Save the Changes  နေရာ၌ ဘယ်ကလစ်နှိပ်ပြီး ထွက်လိုက်ပါ။

- Known Sender များထံမှ လာသောစာများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးခြင်း

မိမိနှင့် ဆက်သွယ်နေရသော အချို့ site များ ဥပမာ ... eBay နှင့် PayPal တို့သည် လိုအပ်သည့်အခါ မိမိထံသို့ စာပို့ကောင်း ပို့ပါလိမ့်မည်။ ထိုအချက်ကို သိထားသော Spam Letter ပို့သူများ၊ Account data ခိုးသူများသည် အမှန်တကယ်ပင် eBay နှင့် PayPal  မှ စာပို့လေသယောင် ပြုလုပ်ပြီး မိမိ၏ account ထဲသို့ ထိုးဖောက် ဝင်ရောက် လာတတ်ပါသည်။ ဤ Lab feature သည် လူအများ သိရှိပြီးသော နာမည်ကြီး စာပို့သူများထံမှ လာသည်ဟုဆိုသော စာတိုင်းကို Key icon ဖြင့် တိုက်ဆိုင် စစ်ဆေးပြီး အစစ်အမှန် ဟုတ်မဟုတ် ဆုံးဖြတ်ပါသည်။ အားနည်းချက်မှာ eBay နှင့် PayPal တို့မှလာသော စာများကိုသာ တိုက်ဆိုင် စစ်ဆေးပေးနိုင်သေးခြင်း ဖြစ်ပါသည်။ လုံးဝ မစစ်ဆေးပေးသည်နှင့်စာလျှင် တော်ပါသေးသည်။ ယင်း feature ကို အသုံးပြုနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။

၁။ Gmail ထဲမှ Setting Page သို့ဝင်ပါ။ Labs တွင် ဘယ်ကလစ်နှိပ်ပြီး ရွေးပါ။

၂။ Available Labs ခေါင်းစဉ်အောက်ရှိ Authentication Icon for Verified Senders စာသားကို တွေ့အောင်ရှာပါ။

၃။ ယင်းစာသားဘေးရှိ Enable raido button တွင် ဘယ်ကလစ်နှိပ်ပြီး ရွေးပါ။

၎။ Setting Page အောက်ဘက်ရှိ  Save changes button ကို ရွေးပေးပါ။ Gmail သည် Gadget အသစ်တစ်ခုကို Setting page တွင် ထပ်မံ ထည့်သွင်းပေးပါမည်။ ဤ Feature ကို ထည့်သွင်းပြီး နောက်ပိုင်း၌ eBay နှင့် PayPal တို့မှလာသော စာအစစ်အမှန်တို့၏ ဘေးတွင် စာအစစ်ဖြစ်ကြောင်း Key icon တစ်ခု တွဲပေးထားသည်ကို Inbox ထဲတွင် တွေ့ရပါမည်။ ဤ Feature ကို Disable လုပ်ရန် Labs ခေါင်းစဉ်အောက်သို့ ဝင်ပြီး သက်ဆိုင်ရာ Feature ဘေးတွင်ပေးထားသော Disable button ကိုရွေးရပါမည်။ ပြီးလျှင် Save the changes ကိုရွေးပြီး ထွက်ခဲ့ရပါမည်။
 
--
မှော်ဆရာအဖွဲ

No comments:

Post a Comment

daweiit@gmail.com