ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 24 March 2015

Mobile ခဲဆော်ပညာရှင်ကြီးများခင်ဗျာ...(Ail in One PoSt)၂4.3..2၀1၅

Image result for Mobile Hardware image









အခုမှစတင်လေ့လာသူတွေအတွက်ပေါ့ ဘယ်လိုပြောရမလဲ ၁၂၃၄ ပေါ့ အစကနေ လူများတွေပြောတယ် လည်ဘယ်ထိပေါ့  ဟုတ်ကဲ့ အဲ့ လည်ဘဲအထိ တင်သွားမှာပါ ဒါပေမဲ့

ကိုယ်ပိုင်စာသားတွေမဟုတ်တော့ နားမလည်တာရှိရင်သေချာထပ်ဖတ်ပါနားလည်သွားပါ  ကျွန်တော် ဆရာတွေတွေ့ရင် " ဟား .. ဟား..ဟား.." လို့ကျွန်တော်တင်သောပို့စ်တွေကို

ရယ်ပါလိမ့်မယ် ။ ဟုတ်ကဲ့ပါကျွန်တော်လည်းလေ့လာနေဆဲပါ ဘာမှမတတ်ပါဘူး ဒီအတိုင်းပဲ လိုအပ်မယ်ထင်လို့ Sharing လုပ်ရတာပါခင်ဗျာ.. ဟုတ်ကဲ့ ... ကျွန်တော်က သာမန်Software

သမားလေးပါ ခင်ဗျာ...ယခုဒီပို့စ်ထဲမှ စာသား၊ပို့များသည် ဒီဆိုဒ်မှာရှိချင်ရှိပါလိမ့်မည် ၊ ဒီဆိုဒ်မှာရေးသော ဘလော့ခ်ဂါတွေရေးရင်ရေးခဲ့ဖူးမယ် ၊ ဒါပေမဲ့နားလည်ပေးပါ ၊ယခုမှစတင် Media

Device များကိုသုံးမဲ့ သူများအတွက် သူတို့မရှာဖွေတတ်လို့ တောင်းဆိုလို့တင်ပေးရတာ ဆရာ၊ညီအကိုများနားလည်ပေးကြပါနော်..် အပေါ်က ခေါင်းစဉ်လေးကတော့ Mobile Hardware

Service ကိုလေ့လာနေတဲ့ အဲ ပြင်ဆင်နေတဲ့သူများအတွက် ကျွန်တော် Hardware ဆရာများ Sharing လုပ်ထားတာမှတစ်ဆင့် ပြန်လည် Share လုပ်တယ်ပေါ့ ဒါကြောင့် Hardware

ကိုလေ့လာနေသူ ၊ ပြင်ဆင်နေသော ညီအကိုဆရာများကို တင်စားသောအနေဖြင့် "Mobile ခဲဆော်ပညာရှင်ကြီးများခင်ဗျာ... " လို့ တင်စားရခြင်းဖြစ်ပါတယ်ခင်ဗျား... :D ဒီခေါင်းစဉ်နဲ့ကတော့

Mobile Hardware ပိုင်းတွေကြည့် သည်းသန့်တင်သွားမှာပါ...





ဒီပို့စ်လေးကတော့ ဒီဆိုဒ်မှာတင်ပေးထားပြီးသားပါ အစဉ်လိုက်ဖြစ်အောင်တင်ပေးလိုက်တာပါ





ELECTRONICS ဖြစ်ပေါ်လာပုံ
 >>>>>>>>>>>>>>>>>>>>>>>>

Electronics နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ နားလည်ထားရန်လိုအပ်ပါသည်။ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။

Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။

လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။


တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။

သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။
အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။

အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။


ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။


ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။
  1. အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။
  2. ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။
  3. လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
  4. ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။
  5. ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။
  6. မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။

(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။

ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။


ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။

မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။

မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။


ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။

အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သည်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ ။





                                                                          Credit to MCT
Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call

& Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply

ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆို(Gဆို G လို့ရေးပေးပါ :D) ပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ.. 






































ကျွန်တော့်ကို နည်းပညာနဲ့ပတ်သတ်လို့ ကျွန်တော့်ရဲ့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများမေးလျှင် "ယုံကလေးနှာစေး" တယ်လို့ထင်ပါလိမ့်မည် ။ ။

Saturday 21 March 2015

Imobile i-note 3 firmware


Imobile i-note 3 firmware ရှာနေသူများ အတွက်
တင်နည်းကတော့ SD Crad နဲ့ တင်ရမှာဖြစ်ပါတယ်
တင်နည်းတော့ မရေးတော့ ဘူးနော်(သိကြမှာပါ)
Download

Post By DAWEI IT(ရေချမ်း)

Wednesday 11 March 2015

ဘ၀ကိုအောင်မြင်ချင်စိတ်ပေါ်လာပြီလား... (Ali In OnE PoSt)၃.1၁.၂01၅

Image result for Success image
ကျွန်တော်ဟာ လူသားအားလုံးကို တတ်တတ်ကြွကြွနဲ့ ဘ၀ကို တိုးတတ်စေချင်တဲ့ အတွက် ကြောင့် ကျွန်တော့်၏ မြင်ဆရာ၊ကြားဆရာ ဆရာ့သန်းထိုက်(ရွှေရိပ်)်ရေးသားထားသော ဒသန ဆန်ဆန်စကားလေးများအား ကူးယူပြီး မိတ်ဆွေအပေါင်းတို့ မောပန်းနေကြသော ဘ၀အမောများနှင့် အောင်မြင်လိုစိတ်များအား ကျွန်တော်ရဲ့ ယခုပို့စ်လေးနဲ့ အားပေးပါရစေ







"လောကရဲ့ ဒုက္ခတွေကို ခံစားတတ်လာပြီ....
လောကရဲ့ နာကျင်ပေးမှုတွေကို ခံစားတတ်လာပြီ....
လောကရဲ့ သင်ခန်းစာတွေကို တကယ်နားလည်နေပြီလား ....
ဒါဆို မကြာခင် သင်အောင်မြင်ဖို့ လမ်းစရလာလိမ့်မယ်....
ပြောကတည်းက လမ်းစနော်...
ကျန်တာက သင်ကိုယ်တိုင်ဖန်တီးမှုသာဖြစ်လိမ့်မယ် .....
တကယ်လိုအပ်တာ အခုလုပ်သင့် ပြောင်းလဲသင့်တာ စသင့်တာတွေ ချက်ချင်းလုပ်လိုက်ပါ။
ခဏနေမှဆိုရင် ဘ၀ကလည်း ခဏနေ့မှပဲဖြစ်လာပါလိမ့်မယ်...
ဒီစကားလုံးလေးကို သတိပြုလိုက်ပါ
" ယနေ့အကြွေးမရောင်းပါ "
မနက်ဖြန်တိုင်းဟာ မျှော်လင့်ချက်မဟုတ်ဘူးနော်....
Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆို ပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

Facebook ချစ်သူများအတွက် Facebook နည်းလမ်းလေးများ...(Ail in One PoSt)3.၉.2၀1၅

FaceBook မှ သူငယ်ချင်း စရင်းဖျက်နည်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>



 
၁။ ။ မိမိ ၏ အကောင့်ထဲကို အရင်ဝင်ပါ။

၂။ ။ အာသေဝနာစ ဗာလနံ သည် ၃၈ ဖြာမင်္ဂလာနှင့်ညီ၏ ထို့ကြောင့်မပေါင်းသင့်ဟုသင်ယူဆသော သူကို မိတ်ဆွေအဖြစ်မှရပ်စဲလိုပါက  ရပ်စဲလိုသော သင့်မိဆွေ၏ Profile Page ကိုဖွင့်ဝင်ပါ။ သင့်ရဲ့ Profile Page ကိုမသွားတပ်ပါက ပုံမှာပြထားသော Friend Box
မှာ ကလစ်နှိပ်ဝင်ပါ။

၃။ ။ သင်မိတ်ဆွေမဖြစ်လိုတော့သော ထိုသူ၏အမည်ကိုရှာပါ ထိုသို့ရရှာရန် အထက်မှာအနီရောင်ဖြစ်ပြထားသောနေရာကနေ ဘလစ်နှိပ်ပြီးကြည့်နိုင်ပါတယ် အကယ်၍သင့်မိတ်ဆွေစရင်းမှာ အရန်းများနေပါကအောက်ပုံက အပြာရောက်ဘားတန်းရဲ့ Search Box မှာထိုသူ၏ အမည်ကိုရိုက်ထဲပြီးရှာပါ။ ဤသို့ရိုက်ထဲလိုက်ပါက အောက်ပါကဲ့သို့ သင့်မိတ်ဆွေ၏အမည် ပေါ်လာပါမည်။
၎။ ။ သင့်မိတ်ဆွေ၏ Profile Page ကိုအောက်ပါအတိုင်းမြင်တွေရမှာဖြစ်ပါတယ်။ ထိုသူ၏ အမည်နှင့်တစ်တန်းထဲမှာ Friend , Meaasge , Call စသဖြင့်သင်တွေ့ရမှာပါ၊ ထိုအထဲက Friend ပေါ်တွင် ကလစ်နှိပ်ရင် စာရွက်ငယ်လေးကျလာပါလိပ်မယ်၊
ထိုအထဲမှ Unfriend ကိုကလစ်နှိပ်လိုက်ပါ။

 

၅။ ။ Unfriend ကိုကလစ်နှိပ်နောက် အောက်မှာပြထားသောပုံလေးထဲက OK မှာကလစ်နှိပ်ပါ နရာကသင်သည် သင်၏မိတ်ဆွေကို သင့်ဘဝထဲမှ ထုပ်ပြစ်လိုက်ပါပြီ။ လူမိုက်နှင့် မပေါင်းဖေါ်ရခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်။
ဝင်လာသော Post များကို Block လုပ်နည်း။
၁။ ။ FaceBook ပေါ်မျာရှိနေတဲ့ နောက်ဆုံးရောက်လာတဲ့ သင့် မိတ်ဆွေများရဲ့ Post ကိုရှာပါ ညာဘက်ထောင့်နားလေးဆီက မျှားအနီရောင်နှင့်ပြထားသော Drop-Down Arrow လေးဆီကိုသွားပါ။ က။ ။  Drop-Down Arrow လေးမှကျလာသော Pop Up Menu လေးထဲမှ Hide ကိုရေးပေးပါ။
 

ခ။ ။ သင်လိုချင်သော Update ဖြစ်မဲ့အမျိုးစားကိုရွေးပါ မျှားအနီရောင်နှင့် အောက်ပုံမှာ ပြထားသည်။


ဂ။ ။ သင်မြင်တွေ့လိုသော အနေအထားများကို ရွေးယူပါ။
 


၂။ ။ စိတ်အနှောက်ရှက်ဖြစ်စေသော FaceBook မှ Game Post များကိုဖြောက်ထားနည်း
က။ ။ ညာဘက်အပေါ်ထောင့်နားက Drop-Down Menu ဆီသို့သွားပါ
 

ခ။ ။ Game Post များနောင်မမြင်ရလေအောင် မျှားအနီရောင်ဖြင့်ပြထားသော Stop Publishing Activity From TopFace ကိုရွေးပါ
 

၃။ ။ Timeline ကိုအသုံးပြုပြီး သင်မြင်တွေ့နေရသော Post များကို ထိမ်းချုပ်နည်း
က။ ။ သင့်မိတ်ဆွေ၏ Timeline ဆီသို့သွားပြီ မျှားအနီရောင်ဖြင့်ပြထားသော Friend မှာ ကလစ်နှိပ်ပါ
 

ခ။ ။ ကျလာသော Menu များထဲမှ သူတို့ပို့ဆောင်မှုများကို အဖွင့် အပိတ်လုပ်ရန် Show in News Feed ကိုရွေးပါ။
 
ဒီလောက်ဆို FaceBook ပေါ်ကသင့်စိတ်အနှောက်ရှက်ဖြစ်မဲ့ ပြဿနာ အချိုကို ဖြေရှင်းတန်သလောက် ဖြေရှင်းနိုင်ကောင်းမည်ထင်ပါသည်။ ဒီ Post ကို wikiHow မှ ဘာသာပြန်ဆိုထားသည် 
 



Facebook မှာ Video Chat ကိုဘယ်လိုသုံးမလဲ
Facebook မှာ Video Chat ထဲ့ဘို့ သင် FacebookVideoCa­llSetup_v1.2.19­9.0.exe ကဲ့သို့သော software မျိုးကို install လုပ်ရန်လိုပါတယ်။ ဒီ Post ကိုရေးစဉ်က version ဟာ ဒီလောက်ဘဲ ရှိသေးပေမဲ့ ခုသုံးနေကြတာက v1.205. ကိုကျော်နေပါပြီ။ Post ထဲမှာရေးထားတဲ့ software ကိုရှာတော့ virus ပါနေတာကိုတွေ့ရပါတယ်၊ သို့သော်လဲ သူမူမပျက်ရေးပေးလိုက်ပါတယ်။ 
၁။ ။ ပထမဆုံး သင့်သူငယ်ချင်းမှာ Facebook Video Chat ရှိမရှိကို အရင်မေးပါ။ သင်စခေါ်တဲ့ အခါမှာ  "Set Up Video Calling" မှာကလစ်နှိပ်ပါ။

၂။ ။ Facebook ရဲ့ Video Call Plugin အတွက် Install လုပ်ရန်စတင်ပေးဘို့လိုပါတယ်။ ဒီအတွက် အောက်ပါလုပ်ဆောင်ချက်များကို အဆင့်အတိုင်း လိုက်နာလုပ်ဆောင်ပေးပါ။

Facebook ကနေပြီးတော့ File တစ်ခုကို Download လုပ်ပေးပါလိပ်မယ်။ ကျလာပြီးတဲ့ Download File ပေါ်မှာ Double ကလစ်နှိပ်ပေးပါ။

ဒါမှ မဟုတ်ရင်လဲ Facebook Browser ကနေဘဲသူဖာသာသူ install လုပ်ပေးသွားပါလိပ်မယ်။
 
၃။ ။ Install လုပ်ပြီးသွားတဲ့ အခါမှာ သင့်သူငယ်ချင်းကို ခေါ်ဘို့ပြည့်စုံသွား ပါပြီ။ သင်သူငယ်ချင်းကို သင်ခေါ်တဲ့အခါ ပြန်ပြောဘို့မှာထားပေါ့။ ခေါ်နေစဉ်အတွင်း နည်းငယ်စောင့်ရန်လိုအပ်ပါတယ်။
 
Facebook ကသင်ခေါ်တဲ့လူကို "Start Video Call" ကိုကလစ်နှိပ်ပြီးလက်ခံပေးဘို့ အသိပေးမှာဖြစ်ပါတယ်။
 
၎။ ။ သင့်ရဲ့နောက်ထပ် သူငယ်ချင်းတွေကို ခေါ်ချင်သေးလား! ခေါ်ချင်သေးရင် Chat Window ထဲမှာရှိထဲ Video ခလုပ်လေးကို ကလစ်နှိပ်ပေးပါ တကယ်လို သင့်မိတ်ဆွေက ပြန်မပြောဖြစ်ရင်လဲ သင် Video Message ပို့ပေးလို့ ရပါတယ် သူအဆင်ပြေတော့ကြည့်ပါလိပ်မယ်။
 
 




ကျနော် စင်္ကြာဝဠာ အနန္တ ရဲ့ကိုတိုင်ရေးလေးတွေပါ။ WikiHow မှ ဘာသာပြန်ထားတာပါ။



 
၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ ဆိုတာ ကြည့်နိုင်မှာပါ။ 

၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်းအရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက Privacy Setting ကို ပြောင်းမှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။ 

၃။ သင့်သူငယ်ချင်းတွေ တင်သမျှအားလုံးကို သင်မြင်ရမှာ မဟုတ်သလို သင်တင်သမျှ အရာတိုင်းကိုလည်း သင့်သူငယ်ချင်း လက်တစ်ဆုပ်ကသာ မြင်ရလိမ့်မယ်။ Facebook က အသုံးပြုသူတွေကို အွန်လိုင်းမှာ ကြာကြာ ရှိစေချင်တဲ့အတွက် Like အများကြီး ရထားတဲ့၊ အများဆုံး share ထားတဲ့၊ comment အများကြီး ရှိတဲ့ post တွေကို သင်အရင်မြင်ရအောင် အပေါ်ကို ရွှေ့ပေးထားပါတယ်။ 

၎။ သင် Facebook ထဲကို ဝင်ထားတုန်းဆို ကျွန်တော်တို့က သင် ဘာလုပ်နေသလဲ လိုက်ကြည့်ထားတယ်။ Facebook ရဲ့ Like ဒါမှမဟုတ် Share ခလုတ်ရှိတဲ့ Website တွေကို သင်ဝင်ကြည့်တိုင်း Facebook က မှတ်တမ်းတင် သိမ်းဆည်းထားတယ်။ 

၅။ သင်တင်တဲ့ post တွေကို Public က ကြည့်လို့ရအောင် လုပ်ထားရင် လူတိုင်းက သင် ဘယ်ရောက်နေသလဲ သိနိုင်ပါတယ်။ မတော်တဆများ သင့်အိမ်ကိုဝင်ဖို့ ချောင်းနေတဲ့ သူခိုးက သင်ခရီးသွားနေတာ သိသွားရင်တော့ … 

၆။ ဘွဲ့ရတာတို့၊ စေ့စပ်တာတို့၊ လက်ထပ်တာတို့၊ ကလေးမွေးတာတို့လို သတင်းထူးတွေ တင်ဦးမှာလား။ Facebook က သိပါလိမ့်မယ်။ သိရုံတင် မဟုတ်ဘဲ သင့်သူငယ်ချင်းတွေ အွန်လိုင်းတက်ပြီး Facebook ထဲကို ဝင်လာတဲ့ အချိန်အထိ မြင်ရအောင် တင်ထားပေးပါလိမ့်မယ်။ 

၇။ Facebook က သင့်အကြောင်း များများသိလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ ဥပမာ – သင်က Giordano တံဆိပ် ကြိုက်တယ်ဆိုရင် Facebook က Giordano မှာ ဈေးဝယ်လို့ရတဲ့ ကူပွန်ကို သင်မြင်ရအောင် ပြပေးတဲ့အခါ သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။ 

၈။ သင် သတိတရရှိတဲ့ သူငယ်ချင်းတွေရဲ့ post တွေ သိပ်မတွေ့ဘဲ သိပ်မသိတဲ့သူတွေဆီက post တွေပဲ များနေသလား။ သင်ရဲ့ newsfeed ကို Mostrecent ကနေ Top News ကို ပြောင်းလိုက်ပါ။ ပြီးရင် သင်အမြဲ မြင်ချင်၊ တွေ့ချင်တဲ့ သူငယ်ချင်းတွေကို Closefriends ထဲကို ထည့်ပြီး၊ သင်မမြင်ချင်တဲ့ သူတွေဆိုရင်တော့ subscibe လုပ်ထားတာ ဖြုတ်လိုက်ပါ။ 

၉။ Facebook က နေရာလပ်တွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းပါတယ်။ ကြော်ငြာကုမ္ပဏီတွေက သူတို့ ပစ်မှတ်ထားတဲ့ ဒေသ၊ လုပ်ငန်း၊ အသက်အရွယ်နဲ့ ပညာ အဆင့် အတန်းတွေကို Facebook ကို ပြောပြတဲ့အခါ Facebook က အချက်အလက်တွေနဲ့ ကိုက်ညီသူတွေ ကြော်ငြာတွေကို မြင်ရအောင် ဆောင် ရွက်ပေးပါတယ်။ 

၁၀။ သင်တင်တဲ့ post ကို သင့်သူငယ်ချင်း အားလုံး မြင်ရအောင် လုပ်ချင်ပါသလား။ Post တစ်ခုအတွက် ခုနစ် ဒေါ်လာကနေ ဆယ်ဒေါ်လာလောက်ထိ ပေးရင် သင့်သူငယ်ချင်းတိုင်းရဲ့ Top News မှာ သင်တင်ထားတဲ့ post ပေါ်အောင် Facebook က လုပ်ပေးပါလိမ့်မယ်။ 

၁၁။ အသုံးပြုသူ တော်တော်များများက Timeline ကို သဘောမကျကြပါဘူး။ ဒါပေမဲ့ ဒါကို မကြာခင် ပြောင်းလဲမယ့် အလားအလာတော့လည်း မမြင်မိဘူး။ Timeline က အသုံးပြုသူအချင်းချင်း ဝေမျှရာမှာ ထိရောက်ပြီး အမြင်ဆန်းပါတယ်။ ကုမ္ပဏီတွေကလဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မြင်သာထင်သာ ကြော်ငြာလို့ရလို့ သဘောကျကြတယ်လေ။ 

၁၂။ သင်တင်တဲ့ post တွေကို သင့်မြို့က လူတွေပဲ၊ သင့်ကျောင်းက လူတွေပဲ၊ သင့်အလုပ်က လူတွေပဲ စသဖြင့် လူတစ်စုပဲ မြင်အောင် လုပ်လို့ရပါတယ်။ သင်တင်တဲ့ post ကို သင့်သူဌေးက လွဲပြီး ကျန်တဲ့သူအားလုံး မြင်အောင်လဲ လုပ်လို့ ရပါတယ်။ အဲဒါတွေ အကုန်လုံးကို status update box ရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ မြားခလုတ်မှာ ပြောင်းလို့ ရပါတယ်။ 

၁၃။ နောက်တတ်၊ ပြောင်တတ်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် သူငယ်ချင်းရှေ့မှာတော့ သင့် Facebook ကို မဖွင့်ထားမိပါစေနဲ့။ တစ်ယောက်ယောက်ကများ သင့် Facebook ပေါ်မှာ ပြောင်ချော်ချော် status တွေ လျှောက်ရေးလို့ကတော့ သင့်ကို ကြောင်နေပြီလားလို့ ထင်သွားမှာပါပဲ။ 

၁၄။ သူငယ်ချင်း လက်ခံတာနဲ့ တခြား page တွေကို like လုပ်တဲ့အခါ သတိထားပါ။ သင်တွေ့သမျှသူတွေကို လက်ခံ၊ တွေ့သမျှ page ကို like လုပ်ထားရင်တော့ သင်စိတ်မဝင်စားတဲ့ အရာတွေလဲ အများကြီး သင်တွေ့နေရမှာပါ။ အဲဒီတော့ အချိန်ယူပြီး မမြင်ချင်တာတွေကို စစ်ထုတ်ပစ်ပါဦး။ 

၁၅။ Facebook Chat ထဲမှာ Offline လုပ်ပြီး သင် စကားမပြောချင်တဲ့ သူငယ်ချင်းတွေဆီကနေ ပုန်းနေလို့ရပါတယ်။ တကယ်လို့ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ပဲ စကားမပြောချင်ဘူး ဆိုရင်လည်း chat window ထဲက သူ့နာမည်ကို နှိပ်၊ ညာဘက်ထိပ်မှာရှိတဲ့ icon မှာ သူ့တစ်ယောက်ထဲကိုပဲ offline လုပ်ထားလို့ ရပါတယ်။ 

၁၆။ တချို့ အချက်အလက်တွေက Facebook ပေါ်မှာ ဖွက်ထားလို့ မရပါဘူး။ ဥပမာ – သင့်နာမည်၊ သင့် profile မှာ တင်ထားတဲ့ ဓာတ်ပုံ၊ သင်က အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာတွေပေါ့။ ဒီလို အချက်အလက်တွေကို လူတိုင်းက ကြည့်နိုင်ပါတယ်။ 

၁၇။ သင် သဘောကျတဲ့ Facebook page တွေမှာ လူတွေ နည်းသွားတယ်လို့ ထင်မိလား။ အဲဒါ profile အတုတွေနဲ့ page အတုတွေကို Facebook က လိုက်ဖျက်သိမ်းနေလို့ပါ။ တစ်ခါတလေမှာ လူတစ်ယောက်ထဲကပဲ accountတွေ အများကြီးနဲ့ သုံးနေတတ်တယ်လေ။ Facebook ရဲ့ အဆိုအရကတော့ profile အတုတွေက ၈၃ မီလီယံတောင် ရှိတယ်တဲ့။ 

၁၈။ သုံးရတာ ပိုမြန်ချင်တယ် ဆိုရင်တော့ ဒီနည်းကို သုံးပါ။ သင့်ဖုန်းနဲ့ Facebook ကို log in မလုပ်ခင် Wifi network တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ပါ။ 

၁၉။ သင် ကုမ္ပဏီတစ်ခုခုကို Like လုပ်တာပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုအကြောင်းကို comment ပေးတာပဲဖြစ်ဖြစ် သတိထားပါ။ သင်ဘာလုပ်လိုက်သလဲ ဆိုတာ သင့်သူငယ်ချင်းတွေဆီမှာ ပေါ်ပါတယ်။ သင့်လုပ်ရပ်ကို Facebook က ကြော်ငြာအနေနဲ့ အသုံးချကောင်း ချပါလိမ့်မယ်။ 

Credit to Smart Pro Journal


 

Facebook Chat မှာ Auto Reply ထားနည်း

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 


















Facebook သုံးတဲ့ သူငယ်ချင်းတွေအတွက်
ကိုယ်ကိုယ်တိုင် ကိုယ့်အကောင့်ကို ၀င်မသုံး
နေပေမယ့် ကိုယ့်ကို အမြဲတမ်း Online အဖြစ်
မြင်တွေ့နေစေပြီး ( ဆန္ဒရှိရင် Offline , Busy,
Away စသည့်ဖြင့်လည်း ထားနိုင်ပါတယ်)
Chat Box မှာ တစ်ယောက်ယောက်က message
ပို့လာတဲ့အခါ Auto Reply ပြန်အောင် လုပ်ထားနိုင်တဲ့
နည်းပညာလေးတစ်ခုပါ ...
ဒီနည်းလေးကို ကျွန်တော့်ရဲ့ အိုင်တီ မုဆိုး အကောင့်မှာ ၅ လကျော်လောက် စမ်းသပ်ပြီး နောက်ဆက်တွဲ Error မရှိတာသေချာမှ တင်ပေးလိုက်တာပါ ..
Android ဖုန်း Internal Memory 2G နဲ့အထက်ရှိရပါမယ်

(ဒါပေမယ့် Huawei U9200 မှာ ကောင်းကောင်းကြီး အလုပ်လုပ်တာကိုလည်း တွေ့ရပါတယ်)
တကယ်လို့ Auto Reply အတွက် Support မလုပ်နိုင်တဲ့ ဖုန်းအနိမ့်တွေမှာတောင်
Ever Online ဖြစ်အောင်တော့ လုပ်ပေးနိုင်တာကို တွေ့ရပါတယ် ..
မော်ဒယ် တော်တော်နိမ့်တဲ့ ဖုန်းတွေမှာတော့ Run လို့ကို မရပါဘူး ...
ကဲ .. စမ်းသပ်ချင်တယ်ဆိုရင် စ လိုက်ကြစို့
အရင်ဆုံး ဒီဆော့ဝဲ ကို အရင်ဒေါင်းယူပါ ..
ပြီးရင် ဖုန်းထဲမှာ Install လုပ်လိုက်ပါ ..
ပြီးရင် အင်တာနက်ချိတ်ဆက်ပြီး ဆော့ဝဲကို Run လိုက်ပါ ( လိုင်းနည်းနည်းကောင်းတဲ့အချိန်မှာ လုပ်ပါ)
အောက်ကပုံအတိုင်း ပွင့်လာပါမယ်
Log in ကို နှိပ်ပေးလိုက်ပါ .. Loading ခဏလောက်လုပ်ပြီးရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်
ကိုယ့် Facebook အကောင့်ရဲ့ email နဲ့ Password ကို ထည့်ပြီး Log in ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
OK ကို နှိပ်ပေးလိုက်ပါ ... တစ်ခါတစ်ခါ တခြား အဆင့်တွေဝင်လာတတ်ပါတယ် ..
အဲဒါဆိုရင်လည်း Agree, Allow , OK စတာတွေကို နှိပ်ပေးလိုက်ပါ
အောက်ကအဆင့်အတိုင်း ပွင့်လာပါမယ် ..
ဒီအဆင့်ရောက်ပြီဆိုရင် .. ဖုန်းရဲ့ Menu ကီးကို နှိပ်လိုက်ပါ ..
ပွင့်လာတဲ့ထဲက Setting ကို နှိပ်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ...
အဲဒီထဲက Push Settings ကို နှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
Auto Reply မှာ အမှန်ခြစ်လေးတပ်ပေးပြီး Message အကွက်ကို နှိပ်လိုက်ရင်
Auto Reply စာသားတွေကို ပြန်ပြင်လို့ရပါပြီ ..
ဒါဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Chat Box ကို တစ်ယောက်ယောက်က Message ပို့ခဲ့တာနဲ့ ..
သူငယ်ချင်းတို့ရဲ့ Auto Reply Message ဟာ အဲဒီသူငယ်ချင်းရဲ့ Chat Box ထဲကို ချက်ချင်း
ပြန်ပို့ပေးပါလိမ့်မယ် ...

 

 

Credit to All

 

 

ဆက်လက်ကြိုးစားပါအုံးမယ် 

ဒါရိုက်တာ

သီဟထိုက်   :P

 

 

 Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call

& Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply

ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆို ပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ.. 


Welcome From My Blog

 Welcome From My Facebook Group

Welcome From My Facebook Page


Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P


ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

 

မေးထားသောသူများအတွက် တင်ပေးလိုက်ပါပြီ... (All in one Post)3.9.2015

Image result for Success image
ကျွန်တော်ဟာ လူသားအားလုံးကို တတ်တတ်ကြွကြွနဲ့ ဘ၀ကို တိုးတတ်စေချင်တဲ့ အတွက် ကြောင့် ကျွန်တော့်၏ မြင်ဆရာ၊ကြားဆရာ ဆရာ့သန်းထိုက်(ရွှေရိပ်)်ရေးသားထားသော ဒသန ဆန်ဆန်စကားလေးများအား ကူးယူပြီး မိတ်ဆွေအပေါင်းတို့ မောပန်းနေကြသော ဘ၀အမောများနှင့် အောင်မြင်လိုစိတ်များအား ကျွန်တော်ရဲ့ ယခုပို့စ်လေးနဲ့ အားပေးပါရစေ







"လောကရဲ့ ဒုက္ခတွေကို ခံစားတတ်လာပြီ....
လောကရဲ့ နာကျင်ပေးမှုတွေကို ခံစားတတ်လာပြီ....
လောကရဲ့ သင်ခန်းစာတွေကို တကယ်နားလည်နေပြီလား ....
ဒါဆို မကြာခင် သင်အောင်မြင်ဖို့ လမ်းစရလာလိမ့်မယ်....
ပြောကတည်းက လမ်းစနော်...
ကျန်တာက သင်ကိုယ်တိုင်ဖန်တီးမှုသာဖြစ်လိမ့်မယ် .....
တကယ်လိုအပ်တာ အခုလုပ်သင့် ပြောင်းလဲသင့်တာ စသင့်တာတွေ ချက်ချင်းလုပ်လိုက်ပါ။
ခဏနေမှဆိုရင် ဘ၀ကလည်း ခဏနေ့မှပဲဖြစ်လာပါလိမ့်မယ်...
ဒီစကားလုံးလေးကို သတိပြုလိုက်ပါ
" ယနေ့အကြွေးမရောင်းပါ "
မနက်ဖြန်တိုင်းဟာ မျှော်လင့်ချက်မဟုတ်ဘူးနော်....
Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆို ပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...