ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Showing posts with label USB. Show all posts
Showing posts with label USB. Show all posts

Wednesday, 26 October 2011

ဖိုင်များအားUSB Drives ဖြင့်ကူးယူလို့မရအောင်လုပ်ခြင်း

စိုင်း

ဖိုင်များအားUSB Drives ဖြင့်ကူးယူလို့မရအောင်လုပ်ခြင်း

ကိုယ့်စက်က ဖိုင်တွေက
ို USB Drives နဲ့ကူးယူလို့မရအောင် လုပ်ကြမယ်/တခါတလေ
ကိုယ့်စက်ထဲက ဒေတာတွေကို သူများတွေ USB Drives နဲ့ကူးသွားမှာမလိုလားဘူး။
အထူးသဖြင့် လူဝင်လူထွက်များတဲ့ရုံးတွေမှာဆိုပိုဆိုးတယ်။ ဒါဆိုရင် အဲလို
USB Drives နဲ့ ကော်ပီကူးလို့မရအောင် Registry ထဲမှာသွားပြင်ကြရအောင်။
1) Start –> Run ကိုသွားလိုက်ပါ။ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2) ဒီလမ်းကြောင်းအတိုင်း တဆင့်ပြီးတဆင့်သွားလိုက်ပါ “HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control”
3) key အသစ်တခုဖန်တီးလိုက်ပြီး StorageDevicePolicies လို့ နာမည်ပေးလိုက်ပါ။
4) StorageDevicePolicies ကို ရွေးခြယ်လိုက်ပြီး DWORD (32-bit) Value ကို
ဖန်တီးလိုက်ပါ။ ပြီးရင် အဲဒီ DWORD (32-bit) Value ကို WriteProtect
ဆိုပြီး အမည်ပေးလိုက်ပါ။ 5) အဲဒီ WriteProtect ရဲ့တန်ဖိုးကို ပုံမှာ ပြထားတဲ့အတိုင်း " 1 " လို့ပြောင်းပေးလိုက်ပါ။
ပြီးရင် Registry Editor ကိုပိတ်လိုက်ပါ။ တခါတရံ ကိုယ်ပြောင်းထားတဲ့ setting
အလုပ်လုပ်ဖို့ computer ကို restart ချပေးဖို့လိုပါတယ်။
စက်ပြန်တက်လာတဲ့အခါ သင့်စက်ထဲက ဘယ်ဖိုင်ကိုမှ USB Drives
တွေနဲ့ကူးလို့ရမှာ မဟုတ်တော့ပါဘူး။ ကူးလိုက်ရင်အောက်ပါအတိုင်း error
message တက်ပါလိမ့်မယ်။ ဒီနည်းကို Window XP SP 2 မှ Vista
အထိသုံးလို့ရပါတယ်။ ဒါပေမဲ့ ဖိုင်ကူးမဲ့လူက administrator status
ရထားရင်တော့ ဒီ setting ကိုအလွယ်တကူပြန်ပြင်လို့ရပါတယ်။
မှတ်ချက်။ ။ Registry တွင် ဝင်ရောက်ပြင်ဆင်ချင်းမှာ မှားလုပ်မိလျှင် Windows
မတက်သည်အထိ ဖြစ်တတ်သောကြောင့် မကျွမ်းကျင်သူဖြစ်ပါက Registry ကို ကြိုတင်၍
backup လုပ်ထားရန်လိုအပ်ပါသည်။  

www.mawcity.com(saikothu@mawcity.com)

Usb device တွေကို Lock ချတဲ့Software

Usb device တွေကို Lock ချတဲ့Software

Usb Safeguard ဆိုတဲ့ Usb device တွေကို Lock ချတဲ့ software ရှိတယ်ပေါ့။ အဲဒီsoftware က 2GB pendrive ဆိုရင် free . 2GB နဲ့အထက်ဆိုရင် အခကြေးငွေပေးရတယ်။ အခကြေးငွေပေးပြီးဝယ်ချင်ပေမယ့်ည်း အခကြေးငွေရှိတောင် ကျွန်တော်တို့ နိုင်ငံမှာ Credict card စနစ်မရှိတော့အဆင်မပြဘူးဖြစ်နေတယ်။ Software လေးကတော့တော်တော် portable ဖြစ်တယ်။အဆင်လည်းပြေတယ်။ဒါပေမယ့် . 4GB pen drive တွေအတွက်အခက်အခဲဖြစ်နေလို့ crack, keygen လေးများရှိလျင် ကျေးဇူးပြု၍ share ပေးစေလိုပါတယ်။
 
Download ifile.it | Download mediafire | Download ziddu | Download zshare

Usb device တွေကို Lock ချတဲ့Software

Usb device တွေကို Lock ချတဲ့Software

Usb Safeguard ဆိုတဲ့ Usb device တွေကို Lock ချတဲ့ software ရှိတယ်ပေါ့။ အဲဒီsoftware က 2GB pendrive ဆိုရင် free . 2GB နဲ့အထက်ဆိုရင် အခကြေးငွေပေးရတယ်။ အခကြေးငွေပေးပြီးဝယ်ချင်ပေမယ့်ည်း အခကြေးငွေရှိတောင် ကျွန်တော်တို့ နိုင်ငံမှာ Credict card စနစ်မရှိတော့အဆင်မပြဘူးဖြစ်နေတယ်။ Software လေးကတော့တော်တော် portable ဖြစ်တယ်။အဆင်လည်းပြေတယ်။ဒါပေမယ့် . 4GB pen drive တွေအတွက်အခက်အခဲဖြစ်နေလို့ crack, keygen လေးများရှိလျင် ကျေးဇူးပြု၍ share ပေးစေလိုပါတယ်။
 
Download ifile.it | Download mediafire | Download ziddu | Download zshare

Monday, 24 October 2011

7 GB အခမဲ့ ရယူနိုင်ဖို့

ကျွန်တော်တို့ ဖိုင်တွေ သိမ်းဆီးဖို့ အတွက် memory stick ဝယ်ယူသုံးစွဲကြပါတယ်။ အဲ့လိုသုံးစွဲရာမှာ အခက်အခဲ တစ်ခုက virus ကိုက်လို့ ဖိုင်တွေ ပျောက်ဆုံးတာ memory stick တွေ ရေစို ပျက်စီးတာပါပဲ။ အဲ့လို ဖြစ်ပြီဆိုတာနဲ့ အဆိုး ဆုံး ပြဿနာ ကိုယ့် ရဲ့ အရေးကြီး တဲ့ အချက်အလက်တွေ ပျောက်ဆုံး ပျက်စီးကုန်တာပါပဲ။ အဲ့လို အဖြစ်ဆိုးကို ကာကွယ်နိုင်ဖို့ နည်းလမ်းက တော့ စိတ်ချရတဲ့ အွန်လိုင်းပေါ်မှာ ဖိုင်သိမ်းဆီးတဲ့ နည်းလမ်းပါပဲ။
ဖိုင်တွေ ကို အွန်လိုင်းပေါ်မှာ အခမဲ့ သိမ်းဆီးနိုင်ဖို့ ဝန်ဆောင်မှု ပေးနေတဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်။ ဆိုက်တော်တော်များများဟာ Free Plan အတွက်ဆိုရင်တော့ 1 GB, 2 GB ထက် ပို မပေးတတ်ကြပါဘူး။ ဒါပေမဲ့ MiMediaMiMedia ဆိုတဲ့ ဆိုက်ကတော့ 7GB အထိ အခမဲ့ ပေးသုံးထားတာ တွေ့ ရပါတယ်။
အခု အဲ့ဆိုက်ကနေ ဖိုင်တွေ သိမ်းဆည်းပုံ အဆင့်အဆင့် ကို ပြသသွားပါ့မယ်။
ပထမဦးဆုံး MiMedia ဆိုတဲ့ ဆိုက်မှာ register အရင်ဆုံး လုပ်ရပါမယ်။ အဲ့လို လုပ်ဖို့ အတွက် MiMedia ဆိုတဲ့ ဆိုက် ကို Browser မှာ ဖွင့် ပါ ပြီး ရင်  Sign Up ကို ကလစ်နှိပ်ပါ။





နောက်စာမျက်နှာ တစ်ခုမှာတော့ Plan ရွေးချယ်ရမှာပါ။ 7 GB နဲ့ လောက်ငှမယ်ဆိုရင်တော့ အခမဲ့ ရရှိတဲ့ Plan ကို ရွေးချယ်ပါမယ်။ ကျွန်တော်တို့ သုံးမဲ့ Space က 7 GB ထက်သာကျော်နေမယ်ဆိုရင်တော့ တစ်လ ကို $9.99 တန် Premium Plan ကို ရွေးချယ်ရပါမယ်။ သူ့ မှာ နောက်ထပ် ရွေးချယ်စရာ 500 GB Plan နဲ့ 1 TB Plan တွေ လဲ ရှိပါသေးတယ်။ အဲ့ဒီ Plan တွေ အတွက်တော့ တစ်လကို $20 နှင့် $35 အသီးသီး ကျသင့် ပါမယ်။ အခုတော့ Free Plan ကိုရွေးချယ်လိုက်ပါ့မယ်။
100% Free အောက်က Sign Up ကို ကလစ်နှိပ်လိုက်ပါ။










First Name: မိမိ၏ အမည် ကို ဖြည့် သွင်းရပါမယ်။
Last Name: မိသားစု အမည် ကို ဖြည့် သွင်း ရန်ဖြစ်ပါတယ်။ မိသားစု အမည် ထည့် မသုံးတတ်တဲ့ ကျွန်တော်တို့ လူမျိုး တွေ ကတော့ ကိုယ့်အမည်ကို နှစ်ပိုင်း ပိုင်းပြီး တစ်ပိုင်းစီထည့် လိုက်ရုံပါပဲ။
email: မိမိ ၏ email လိပ်စာ အပြည့်အစုံ ကို ဖြည့်သွင်းရပါမယ်။ (@ နောက်က domain တွေ ကို ပါ ဖြည့် သွင်းဖို့ ပြောတာပါ။)
Password: စကားဝှက် ကို ဖြည့် သွင်းရပါမယ်။ (စကားဝှက်တွေ ထည့်သွင်းရာမှာ 8 လုံးထက် မနည်းလွန်း အလုံး 20 ထက် မများလွန်းတဲ့ စကားစု တွေ ဖြစ်သင့်ပါတယ်)
Confirm Password: အထက် က စကားဝှက် ကို ပြန်လည် ရိုက်သွင်း ရပါမယ်။
Security Question: မိမိ password ကို မေ့ သွားခဲ့ ရင် ပြန်လည်ရယူဖို့ အတွက် ပါ။ ကြိုက်နှစ်သက်တဲ့ မေးခွန်း တစ်ခု ရွေးချယ်လိုက်ပါ။
Security Answer: အထက် က မေးခွန်းရဲ့ အဖြေကို ပြန်လည် ဖြေပေးရမှာ ဖြစ်ပါတယ်။
Referred By: ဒီ ဆိုက်ကို ဘယ်ကနေ သိတာလဲ လို့ မေးထားတာ ပါ။ တစ်ခုခု ဖြေပေးလိုက်ရင်ရပါတယ်။
အောက်က Box ကတော့ လူသားလား Program ကနေ Register လုပ်တာလားဆိုတာ ကို စစ်ဆေးဖို့ အတွက်ပါ။ အထက်က မြင်နေရတဲ့ စာသား အတိုင်း ရိုက်ထည့် လိုက်ရုံပါပဲ။ အကြီး အသေး အရေးကြီးတဲ့ အတွက် အကြီး အသေးခွဲခြားရိုက်ပေးရပါမယ်။
ပြီးရင်တော့ Sign Up ကို နှိပ်လိုက်ပါ။







Register ပြုလုပ်တဲ့ အဆင့် အားလုံး ပြီးမြောက်သွားပါပြီ။ မိမိ data တွေ အလွယ်တစ်ကူ သိမ်းဆီးနိုင်ဖို့ အတွက် MiMedia က ပေးတဲ့ Program တစ်ခုကို ဒေါင်းလုပ် လုပ်ပြီး ထည့်သွင်းရပါမယ်။
Tags: နည်းပညာ, အင်တာနက်....
..


....
Comment by NyiNyi on May 18, 2011 at 8:54pm
Thks. I also wanna share the free online storage website. U can get 50GB free space. U need to sign up.Here is the link ( www.adrive.com)


Comment by သိန်းထိုက် on May 25, 2011 at 1:52pm
အကောင့်လည်းလုပ်ပြီးပြီ။program လည်း download ဆွဲပြီးပြီ။login ၀င်တော့ fail ဖြစ်နေတယ်။ကူညီပါဦး။..
..
Comment by moe thu ya on July 7, 2011 at 4:12pm မေးတဲ့သူတွေကလဲ တော်တော်လေးကိုများနေပြီး.........
တင်ပေးတဲ့ သူကလဲ ခုထိမဖြေသေးဝူး.............
................................
ကျနော်ပဲ ခြားကနေ ဝင်ပြောပေးကြည့်မယ်နော်...
ကျနော်လဲ သိလို့တတ်လို့တော့မဟုတ်ပါဘူး...
ကျနော်လဲ ဒီဟာလေးကိုကူးထားပါ...
ကူးတဲ့အချိန်ကတော့ ဘယ်လိုသုံးရမှန်းကိုမသိဘူး....
သူက ကွန်ပျူတာ မှာရှိတဲ့ data တွေကို mimedia မှတ်ထားပေးယုံလောက်ပါ..
စမ်းကြည့်လို့ရပါတယ်... ကိုယ့် Mimedia ကိုဝင်ပြိး ကြည့်ကြည့်လို့ ရပါတယ်..ကိုယ့်ကွန်ပျူတာမှာ
ဘာတွေကို ထည့်ထားခဲ့ သလဲဆိုတာ... နောင်တချိန်မှာပြန်ယူလို့ရအောင်
ပေါ့....
ကွန်ပျူတာ တခုခုဖြစ်သွားတော့လဲ ... mimedia ကိုဝင်ပြီး အားလုံးပြန်ယူလို့ရတာပေါ့...
အရမ်းကောင်းတဲ့ဟာလေးပါ............ဖိုင်လေးတွေ ဆုံးရှုံးမှုမှ ကာကွယ်မှုတခုပေါ့....... ..
..
..
...
.

မိမိကွန်ပျုတာမှာ USB အသုံးပြုခွင့်လေးပိတ်ထားချင်ရင်

> မိမိကွန်ပျုတာမှာ USB အသုံးပြုခွင့်လေးပိတ်ထားချင်ရင်
>
>
>
> USB အသုံးပြုခွင့်ပိတ်ထားနည်းလေးပါ။
> အရင်ဆုံး ကျွန်တော်တို့ စလုပ်တော့မယ် ဆိုရင်
> windows +R ကီးလေး နှစ်ခုကို တွဲပြီး နှိပ်လိုက်တယ်ဆိုရင်
> RUN  ဘောက်လေးကျလာမှာ ဖြစ်ပါတယ်... အဲဒီဘောက်လေးထဲမှာ  REGEDIT
> ကိုရိုက်လိုက်ပါ။
> အဲဒီလေးကို ရိုက်လိုက်ရင် HKEY_LOCAL_MACHINE  ဆိုတဲ့စာသားလေးကို ရှာပြီးတော
> SYSTEM ကိုထပ်ပြီးတော့ ဖွင့်လိုက်ပါ
>  CURRENT CONTROL SET ဆိုတာလေးရှိပါတယ်..... CONTROL
> ကိုရောက်အောင်သွားပါ။
> RIGHT CLICK ကိုနှိပ်ပြီး NEWက  KEY  ပြုလုပ်ပါ။
>  KEY NAME ကို  Storage Device Policies  ဟုပေးပါ။
> USB အသုံးပြုခွင့်ပိတ်လိုလျှင်  KEY VALUE  ကို  1 ဟုရိုက်ပါ။
> အသုံးပြုခွင့်ပေးလိုလျှင် 0  ဟုရိုက်ပါ။
>
> ကဲ နောက်ပြီးတော့ ..... တစ်ဆင့်က ပြီးပါပြီးပေါ့ ....
>
> ခုဖော်ပြထားတဲ့ အဆင့်လေးတွေ တစ်ခုပြီး တစ်ခု လုပ်ပြိးသွားတယ်ဆိုရင်တော့
>
> သင်ကွန်ပျုတာမှာ စတစ်ကို သုံးလို့ မရအောင် ပိတ်ထားပြီးသားဖြစ်နေမှာ ဖြစ်ပါတယ်။
> သူများတွေ အလွယ်တကူလာပြီး ထည့်သုံးလို့ မရတော့ပါဘူး ဒါကြောင့်လည်း ပိုးမွှားရန်က
> စိတ်အေးရမယ်လို့ ထင်ပါတယ်.....
>
> ကဲ မန်ဘာဝင် ညီအကို မောင်နှတို့ရေ... ဟုတ်သည်ရှိ မဟုတ်သည်ရှိပေါ့ ခဏလောက်တော့
> လုပ်ကြည့်လိုက်နော်
>
> မကြိုက်ရင်တော့ ပြန်ဖျတ်ပေါ့ ။ ကိုပိတ်ထားတာကိုလည်း မမေ့စေနဲ့အုန်း ကိုသုံးမှ
> ဖွင့်မရဖြစ်နေမယ် သတိလေးတော့ထားနော်
>
> အားလုံးပျော်ရွင်ကြပါစေဗျာ.....
>

memory စတစ်ကို format ချင်တောင်မှမသေတဲ့ virous

mrsorcerer:8449] သိတဲ့ သူများ ပြောပေးကြပါ

 
 (memory stick ကိုတပ်မထားပါနဲ့ )
  • စက်ကို Safe Mode နဲ့ Reboot လုပ်လိုက်ပါ။
  • OS တက်လာရင် Start -> Run (Windows + R) လုပ်ပြီး msconfig ရိုက်ထည့်လိုက်ပါ။
msconfig.jpg

အဲဒီ့ program က OS တက်ပြီးရင် ဘယ်programတွေကို run မယ်ဆိုတာတွေ ကိုကြည့်/ပြင် တဲ့ program ဖြစ်ပါတယ်။
msconfig တက်လာရင် Startup tab ကို နိုပ်လိုက်ပါ။

startup.jpg
အဲဒီ tab မှာ program list ကို တွေ့ ပါမယ်။
  • အကုန်လုံးကို untick လုပ်၊ OK နိုပ်ပြီး စက်ကို Restart လုပ်ပါ။
  • OS တက်လာရင် shift ကို နိုပ်ထားပြီးmemory stick ကို တပ်လိုက်ပါ။ (autorun မဖြစ်အောင်လို့ ပါ)
(shift ကို တော်တော်ကြာအောင်ဆက်နိုပ်ထားပါ။ မလွှတ်လိုက်ပါနဲ့ )
  • OS က memory stick တပ်လိုက်တာကို သိလောက်ပြီထင်တဲ့အခါ (about 15-20sec) shift ကို လွှတ်လိုက်ပါ။
  • ပြီးရင် memory stick ကို format လုပ်လိုက်ပါ။

msconfig ရဲ့  Startup ထဲက program တွေထဲ မှာ တကယ်လိုအပ်တဲ့ program တွေပါမှာပါ။
အဲဒီတော့ အဲဒီ့ list ထဲမှာ ဘယ်ဟာကအမှန်အကန်၊ ဘယ်ဟာက အကြံအဖန် ခွဲခြားဖို့ လိုလာပါတယ်။
ကျွန်တော်လည်းခင်ဗျားစက်ထဲမှာ ဘာတွေရှိတယ်ဆိုတာမသိတော့ ခင်ဗျားဟာခင်ဗျား ခွဲခြားရပါမယ်။
အကောင်းဆုံးနည်းက list ထဲက programနာမည် တစ်ခုခြင်းကို google လုပ်ကြည့်ပါ။ (ဥပမာ။ what is ctfmon.exe)
google result ထဲမှာ နည်းနည်းလောက်လျှောက်ဖတ်ကြည့်ရင် သိပါလိမ့်မယ် အဲဒီ့ program က အမှန်အကန်လား၊ အကြံအဖန်လား ဆိုတာ။
safe ဖြစ် မဖြစ်ဆိုတာလည်းတွေ့ ပါလိမ့်မယ်။
safe.jpg
အဲလိုနည်းနဲ့ startup list ထဲကဟာအကုန်ရှာပြီးမှတ်ထားပါ။
  • ပြီးရင် msconfig ကို run ပါ။ (start -> Run -> msconfig) (reboot လုပ်စရာမလိုပါ)
  • ပြီးတော့ startup ကို သွားပြီး အမှန်အကန်ဆိုတဲ့ programတွေကို tick ပြန်လုပ်ပါ။
  • အမှန်အကန် အားလုံးtick ပြီးသွားရင် OK လုပ်လိုက်ပါ။
  • စက်ကို Restart လုပ်ဖို့ မေးပါလိမ့် မယ်။ Restart လုပ်လိုက်ပါ။

ဒီနည်းက 100% ပြန်ကောင်းနိုင်တယ်လို့ အာမ မခံပါ။
ဘာလို့ လည်းဆိုတော့ တစ်ချို့ malwareတွေက msconfig ထဲမှာ မမြင်နိုင်ပါ။
ဒါပေမယ့် ဒီနည်းပဲ အရင်စမ်းကြည့်လိုက်ပါ။

2011/8/14 green blade <greenblade.yns@gmail.com>
ကျွန်တော် မှာ memory စတစ်ကို format ချင်တောင်မှမသေတဲ့ virous ၇ှိနေပါတယ် နာမည်က

recycler

copy shortcut 1
copy shortcut 2
copy shortcut 3
copy shortcut 4
autorun .inf

လို့ပေါ်နေပြီး mini window xp ပေါ်မှာ သတ်ရင်လည်း မ၇ပါ  avira /
kasper/ avg/ norton/ bitdefender/ unlocker / တို့ နဲ့ သတ်ရင်လည်း
delete လုပ်ပြီး ၃ စက္ကန့် လောက်ကြာရင် ပြန်ရောက်လာပါတယ်
သတ်တတ်တဲ့သူများ၇ှိ၇င် ကူညီပေးကြပါ   format ချ၇င်လည်း မ၇ပါ

--
မှော်ဆရာအဖွဲ

Sunday, 23 October 2011

Windows XP USB Edition ( Reupload 04-30-2011)

နောက်တစ်ခု လာပြန်ပြီ၊ ကျနော်တော့မသုံးတတ်သေးဘူး၊ လိုချင်တဲ့သူ/ လိုအပ်တဲ့သူတွေအတွက်
သုံးရအောင် အရင်တင်ပေးလိုက်ပါတယ်၊ စိတ်ဝင်စားရင် ဒေါင်းယူလိုက်ပါ...။

Windows XP USB Edition - Boot Windows From USB Stick | 152 mb

Ever want to boot up into Windows XP via a USB flash drive? Well, now you can. This is a miniature version of Windows XP. So you can restore from backup, access your files, or do whatever you have to do. Installation instruction are included.


Download links :

Filesonicmediafire4shared

Saturday, 22 October 2011

USB Disk Eject


   ...ရွှေမြန်မာဥယာဉ်မှ ဥယာဉ်မှူးနှင့် တကွ အက်မင်များအားလုံး ၊ မန်ဘာများအားလုံး ...စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ရွှေမြန်မာဥယာဉ်လေး အစဉ်ထာဝရ တည့်တံ့ခိုင်မြဲပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျား....
      ကျနော်ဒီနေ့ တင်မဲ့ ပိုစ့်လေးကတော့ USB Disk Eject ပါခင်ဗျား...တင်ထားပြီးသားတစ်ခုရှိပေမဲ့ အခုဟာကတော့ တစ်မျိုးလေးပါ
ခင်ဗျား...ဖိုင်ဆိုက်လဲ သေးပြီး သုံးရတာ ရိုးရှင်းလွယ်ကူလှပါတယ်...  ဆော့ဝဲလ်လေးကို  Double Click လုပ်လိုက်တာနဲ့ အဆင်ပြေပါတယ် ...သုံးကြည့်ကြပါခင်ဗျား.... အောက်မှာ ဒေါင်းလုတ်လုပ်နိုင်ပါတယ်..

    USB Disk Eject

     သုံးပြီး အဆင်ပြေကြပါစေ...

အမျိုးအစား/ကဏ္ဍ: ဆော့ဝဲလ်

Friday, 21 October 2011

USB ကိုလုံ့ခြုံစိတ်ချစွာ ဖြုတ်တဲ့ ဆော့ဝဲလေးပါ

လွင်ကိုထွန်း

USB ကိုလုံ့ခြုံစိတ်ချစွာ ဖြုတ်တဲ့ ဆော့ဝဲလေးပါ

USB နဲ့ extra ဟက်ဒစ်တွေ အတွက်ပါ safe mode နှိပ်နေစရာမလိုပါ
shortcut လေးနဲ့ ၂ ချက်နှိပ်ရုံနဲ့လုံခြုံစိတ်ချစွာနဲ့ဖြုတ်လို့ရပါပြီ..crackချိုးဖို့တော့လိုမယ်နော်..
setup ကိုအရင် runပါ
crack ဖိုင်ကို program file ထဲက USB Safely Remove မှာ copy ထည့်လိုက်ရင်အဆင်ပြေပါပြီ၊
DOWNLOAD

Crack

အဆင်ပြေကြပါစေဗျာ။

မျှဝေမည် Twitter

Monday, 17 October 2011

Monday, 3 October 2011

USB Drive အတွင်းမှ Virus ကိုရှာဖွေရှင်းလင်းခြင်း

        စာဖတ်သူအတွက် USB Stick အပါအ၀င် USB Port မှာတပ်ဆင်မဲ့ Media Drive တွေမှာ Virus တွေပါလာလို့ ရှာဖွေရှင်းလင်းဖို့ လိုတဲ့အခါ အလွယ်ကူဆုံး နည်းလမ်းတွေနဲ့ ၀င်ရောက်ရှင်းလင်းပါ့မယ်။

        ပထမဦးစွာ စာဖတ်သူ ကွန်ပျူတာကို Auto Play မတက်အောင် လုပ်ထားဖို့ လိုပါတယ်။ ဒါမှမဟုတ် AutoRun Killer Program ထည့်ပြီးသားဖြစ် သင့်ပါတယ်။

        USB Port တွင် USB Stick ကိုတပ်ဆင်လိုက်ပါက။ (ဥပမာအနေနှင့် USB Memory Stick ကိုသုံးပြထားပါတယ်) AutoRun ကိုပိတ်ပြီးသားဖြစ်လို့ Auto Play တက်မလာပါ။

        Start => Run တွင် cmd လို့ထည့်သွင်းပြီး Enter Key ခေါက်လိုက်ပါ။ Command Prompt Program ပွင့်လာပါလိမ့်မယ်။

        C:\Document and Settings\user name>

        လို့ဖော်ပြထားတဲ့အတွက် Drive C: အောက်ကိုတိုက်ရိုက်သွားရန် > နောက်မှ cd\ လို့ထည့်ပြီးခေါက်ပါ။ C:\> လို့ပြောင်းသွားပါ့မယ်။ Document and Settings တွေ၊ User name တွေကိုဖြုတ်လိုက်တာပါ။ စာဖတ်သူ  မှတ်ထားလိုက်ပါ။ cd\ ဆိုတာ Drive Letter ကိုတိုက်ရိုက်သွားတာပါ။ လက်ရှိ စာရေးသူ ကွန်ပျူတာမှာ Harddisk ကို Partition လေးပိုင်း ပိုင်းထားတာကြောင့် C; D; E; F: နှင့် DVD Drive တစ်လုံးပါရှိပါသဖြင့် G: တစ်ခုရထားပြီဖြစ်လို့ USB Media Drive တွေကို H: ကစပြီးသတ်မှတ်ပါတယ်။

        C:\>dir h:\a

        လို့ရိုက်လိုက်ပါ။ အတွင်းရှိသမျှ ဖိုင်တွေကို ဖွက်ထား၊ ဖျောက်ထားပေမယ့် တွေ့မြင်ရပါမယ်။ ဒါကတော့ \a ကြောင့်ဖြစ်ပါတယ်။ မြင်ရပေမယ့် မဖျက်နိုင်သေးပါဘူး။ အတော်များများဟာ ၎င်းတို့ဖိုင်များကို အလွယ်တကူ မဖျက်နိုင်ရန် နည်းမျိုးစုံစီစဉ်ထားပါတယ်။ ထိုအထဲမှာ ယခုကဏ္ဍနှင့် သက်ဆိုင် တာကတော့ System, Hidden, ReadOnly များလုပ်ထားခြင်းပါ။

        System အဖြစ်သတ်မှတ်ထားတဲ့အတွက် ရွှေ့ခွင့်၊ ဖျက်ခွင့်မရှိပါဘူး။ Hidden လုပ်ထားတဲ့အတွက် မြင်ကွင်းမှာရှိမနေပါဘူး။ ReadOnly သတ်မှတ်လိုက်တော့ ပြင်ဆင်ခွင့်မရပြန်ပါဘူး။

        ဒါတွေကိုပြန်ဖြုတ်မှသာ Virus File ကိုဖျက်နိုင်မှာပါ။ ပြန်ဖြုတ်ရမယ့် Key Word ကတော့ Attribute ဖြစ်ပါတယ်။ Command Key အတိုက attrib ဖြစ်လို့ ဒီလိုရိုက်လိုက်ပါ။

        C:>attrib h:\*.* -s-r-h

        C:>attrib h:\*.inf-s-r-h

        C:>attrib h:\*.exe-s-r-h

        *.* ကတော့ ရှိသမျှမည်သည့်ဖိုင်ပုံစံမဆို အားလုံးကိုပြောလိုက်တာပါ။

-s-r-h က System ,Hidden, ReadOnly တွေကိုဖြုတ်လိုက်တာပါ။ *.inf ကတော့ရှိသမျှ AutoRun ဖိုင်များကို ပြင်ဆင်စေတာပါ။ *.exe ကလည်းအလားတူပါပဲ ရှိသမျှ exe ဖိုင်တွေကိုပြောင်းလဲတာပါပဲ။ စာဖတ်သူ အနေနဲ့ခေါ်ကြည့်တဲ့အခါ အခြားသောဖိုင်ပုံစံများဖြင့် ရှိခဲ့လျှင်လည်း  *.နောက်မှာဖြည့်သွင်းထည့်နိုင်ပါတယ်။ *.* ဟာ Externel Command မှာတော့ အားသိပ်မကောင်းတဲ့အတွက် တခါတရံတစ်ချို့ ဖိုင်တွေကို သီးသန့်ခွဲပြောပေးဖို့ လိုတတ်ပါတယ်။

        ဒါဆိုစာဖတ်သူ ဘယ်ဖိုင်ကိုဖျက်မှာလဲရွေးနိုင်ပါပြီ။ ဖျက်ရမယ့် Command ကတော့ Del ဖြစ်ပါတယ်။ အားလုံးကိုခြုံပြီး အစမှအဆုံး Command များကို ဖော်ပြရလျှင်-



        C:\Document and Settings\Username>cd\

        C:\>



        C:\>dir h:\a

        Autorun.inf

        Virusname.exe

        Other file and Folder -----------

       

        C:\>attrib h:\*.* -s-r-h



        C:\>del h:\autorun.inf

        C:\>del h:\virusname.exe

        ဒီလောက်ဆိုလျှင် စာဖတ်သူဖြေရှင်းနိုင်ပြီထင်ပါတယ်။ သတိထား ရမှာကတော့ ဖျက်တဲ့အခါ *.* မသုံးသင့်ပါ။ အားလုံးကိုဖျက်ခိုင်းတာ ဖြစ်နေတဲ့ အတွက် စာဖတ်သူအတွက် အခြားအရေးကြီး ဖိုင်များပါ ဖျက်လိုက်တဲ့ ထဲပါသွား မှာပါ။ စာဖတ်သူအနေနဲ့ ဓာတ်ပုံတွေရိုက်ထားပြီး ပုံတွေမမြင်ရတဲ့အခါ C:\>attrib h:\*.* -h သုံးလျှင်ပြန်လည်တွေ့မြင်နိုင်ပါပြီ။

ကျွန်တော် ဆရာသန်းထိုက် (ရွှေရိပ်)  သင်ပေးတာပါ ဆရာကျမ်းမာပါစေဗျာ.။။။

Write-Protected Error


( ဒီ Error တက်လို့ သုံးမရတော့ဘူးဆိုတဲ့ USB Memory Stickများ ပြန်လည် အသုံးပြုနိုင်ကြပါစေ )



အပေါ်မှာ ပြထားတဲ့ ပုံပါအတိုင်း Error Message လေးကို ကွန်ပျုတာ အသုံးပြုနေတဲ့သူတော်တော်များများ ကြုံတွေ့ဘူးကြလိမ့်မယ်လို့ ထင်ပါတယ်။ USB တွေ သွင်းလိုက်တဲ့အခါ အများဆုံး ဖြစ်တာပါ။ အခု အပေါ်မှာ ပြထားတဲ့ Error က USB ကို ကွန်ပျုတာမှ သွင်းလိုက်ပြီး ဘာမှ ကူးလို့မရ ဘာမှလုပ်မရတဲ့ အခါမှာ တက်လာတဲ့ Error Message ပါ။ ဒီလို အခက်တွေ့လာပြီဆို အောက်မှာ ပေးထားတဲ့ နည်းလမ်းလေးကို အသုံးပြုကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ 

  • Run ( Windowkey+R ) မှာ regedit ကို ရိုက်ထည့်ပြီး Enter (or ) OK ပေးလိုက်ပါ။ Registry Editor တက်လာပါလိမ့်မယ်။
  • HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control ထိရောက်အောင်သွားလိုက်ပါ။
  • Control ပေါ်မှာ Right Click ထောက်ပြီး New မှာ Key ကို ရွေးလိုက်ပါ။ အမည်ကို StorageDevicePolicies လို့ ပေးလိုက်ပါ။
  • StorageDevicePolicies ကို Click လိုက်ပြီး ညာဘက်မှာ Right Click ထောက် New ကနေ DWORD ကို Click ပေးပြီး အမည်ကို WriteProtect လို့ပေးလိုက်ပါ။
  • WriteProtect မှာ Double click ( or ) Right Click ထောက် Modify ကနေ Value ကို 0 ထည့်ပေးလိုက်ပါ။
အပေါ်က နည်းလမ်းတွေအတိုင်းပြုလုပ်ပြီးရင် Registry Editor ကို ပိတ်ပြီး USB ကို ပြန်သွင်းပြီး အသုံးပြုကြည့်ပါ။w

How To Fix This Problem


အပေါ်မှာ မြင်တွေရတဲ့အတိုင်း Error တစ်ခုကို ကွန်ပျုတာ အသုံးပြုနေကြတဲ့ သူတိုင်း တစ်ကြိမ်တစ်ခါတော့ ကြုံဘူးကြမယ်လို့ ထင်ပါတယ်။ ဒီ Error က ဘယ်အချိန်တွေမှာ ဖြစ်လဲဆိုတော့ ကျွန်တော်တို့တွေ USB ကို အသုံးပြုပြီး ပြန်ဖြုတ်တဲ့ အခါတွေမှာ ဒီလို Error Message တွေကို တွေ့ရတတ်ပါတယ်..။ ဘာကြောင့် ဒီလို Error တွေတက်ရတာလဲဆိုတော့ အသုံးပြုနေတဲ့ USB Drive ထဲက Program တစ်ခုခုဟာ Run နေတုန်း အသုံးပြုနေတုန်း ဖြစ်နေလျှက်သော်လည်းကောင်း ၊ မိမိစက်က Antivirus ဟာ အဲဒီ USB Drive ကို တစ်ခုခု စစ်ဆေးစောင့်ကြည့်နေ၍သော်လည်ကောင်း ဒီလို Error မျိုးတွေ ဖြစ်တတ်ပါတယ်...။ အဲဒီလို Error Messages တွေ တက်လာတဲ့အခါ ဘာလုပ်ရမလဲဆိုရင် -

( ၁ ) USB Drive ထဲကနေ ဖွင့်ထားတဲ့ Programs တွေ အားလုံးကို ပိတ်လိုက်ပါ..။ ပြီးရင် USB Drive ကို ဖြုတ်ကြည့်ပါ..။
( ၂ ) အပေါ်က နည်းနဲ့မရရင် Unlocker ကို အသုံးပြုပါ.။ Unlocker နဲ့ ပတ်သက်ပြီး ပို့စ်တစ်ခုကို ကျွန်တော် ဒီနေရာလေး မှာ ရေးထားတာရှိပါတယ်။ Unlocker ကို အသုံးပြုပြီး Unlock လုပ်ကြည့်ပါ။ ပြီးရင် USB Drive ကို ဖြုတ်ကြည့်ပါ..။

( ၃ ) နောက်ဆုံး မရဘူးဆိုရင်တော့ ကွန်ပျုတာကို Shut Down ချပြီး USB Drive ကို ဖြုတ်လိုက်ပါ..။ အေးရော :D ..။

စာဖတ်သူများထဲမှ တခြားလုပ်နည်းများသိတာ ရှိရင်လဲ Comments မှာ နည်းပညာများ ချန်ထားပေးခဲ့ပါခင်ဗျာ..။
Tags: နည်းပညာ........
........
စာပို့ပါ – အဖွဲ့ဝင်များကော့မက်ပေးခဲ့ပါက email ပို့ပါရန် ။

yeyintlay80@gmail.com Comment by yeyintlay80@gmail.com on February 5, 2011 at 12:53am
ကျတော်ကတော့ my computer ကို ဖွင့်ပြီးတော့ usb icon ပေါ် Right click ထောက်ပြီး Eject ကို click ပြီး ဖြုတ်ပါတယ် အဲဒီလိုမှ မရရင် ဒီအတိုင်းစွဲချွတ်လိုက်တယ် အကို.....အကို နည်းပေးတာကိုလည်း ကျေးဇူးတင်ပါတယ်..
seinm6 Comment by seinm6 on February 4, 2011 at 7:51pm
ကျွှန်တော်ကတော့  usb safely remove 432နဲ့ဖြုတ်ပါတယ် ၊  အဲ့ဆော့ဝဲလ်လေးက ရမ်းနေတဲ့ပရိုဂရမ်တွေကိုလဲပိတ်ပေးပါတယ်သုံးရတာလဲအဆင်ပြေပါတယ် ဖူးဗားရှင်းပါဒေါင်းလုပ်http://www.ziddu.com/download/13637390/usbsafelyremove432.zip.html


Sunday, 2 October 2011

USB Safely Remove


ဒီဆော့ပ်ဝဲက Windows 7 အတွက်ဆိုရင် တကယ်အသုံးဝင်တယ်ဗျာ။
ဘာဖြစ်လို့လဲဆိုတော့ Windows 7က USBတွေကို Removeတဲ့အခါမှာ
နည်းနည်းကြာတယ်မဟုတ်လား။ ဒီဆော့ပ်ဝဲနဲ့တွေ့သွားလို့ကတော့.....???
အရင်က ဒီဆော့ပ်ဝဲကို တွေ့တော့တွေ့တယ် အဲလိုကောင်းမှန်း ကျွန်တော့်မသိလို့
သူ့ကို ဥပေက္ခာပြုလိုက်တယ်။ ဒါပေမယ့် တွေ့တာများတော့ စမ်းကြည့်ရတာပေါ့ဗျာ..။
Downloadပြီး စမ်းကြည့်လိုက်တော့နော်
Attachments:
Reply by ခမိခဇဲ on ဇန်နဝါရီ 18, 2011 at 9:50am
Access Denied ဖြစ်နေတယ်ဗျာ ... ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ပြောပေးပါဦး ..။
Reply by Sai Myo Aung on ဇန်နဝါရီ 18, 2011 at 12:51pm
ပြန်ပြင်လိုက်ပါပြီအခု ပြန်ဒေါင်းလုတ်စွဲကြည့်

USB Block (ကိုယ့်ကွန်ပျူတာထဲမှာရှိတဲ့ ဖိုင်တွေကို လုံခြုံစေချင်သလား?)

Sai Myo Aung

USB Block (ကိုယ့်ကွန်ပျူတာထဲမှာရှိတဲ့ ဖိုင်တွေကို လုံခြုံစေချင်သလား?)


ကိုယ့်ကွန်ပျူတာထဲမှာရှိတဲ့ ဖိုင်တွေကို သူများခိုးသွားမှာကြောက်လို့
တစ်ချို့ကျတော့ folderတွေ lockထားတယ်
တစ်ချို့ကျတော့ သူများမမြင်အောင် ၀ှက်ထားတယ် စသည်ပေါ့ ကိုယ့်နည်းနဲ့ကိုယ်။
သူခိုးက ဘာဖြစ်လို့ခိုးလို့ရသလဲဆိုတာ သေချာစဉ်းစားလိုက်ရင်
အဖြေကတော့ “ကိုယ့်ကွန်ပျူတာမှာ တံခါးမပိတ်ထားလို့ပါပဲ”....?????
ဒါကြောင့် ဒီဆော့ပ်ဝဲကို ယူပြီး တံခါးမှန်သမျှကို သွားပိတ်ထားလိုက်
ဒါဆို သူခိုးဝင်လို့မရတော့ပါဘူး။စိတ်ချသွားပြီ။
ဒါပေမယ့် သူခိုးက ဧည့်သည်အနေနဲ့ လာချင်လာမယ်နော်...???
လာတဲ့အချိန်မှာ တံခါးလာခေါက်လိမ့်မယ်???
တံခါးလာခေါက်တဲ့ပုံစံက
....................
install-ပြီးသွားရင်
Crack-ထဲက Lic-ဖိုင်ကို Copy-ပြီး
install-လုပ်ထားတဲ့ C:\Program Files\USB Block-ထဲကို Paste-လိုက်၊
ပြီးရင် Lic-ဖိုင်ကို နှစ်ချက်နှိပ်ပြီး တင်လိုက် ok။ ဒါဆို အပြည့်စုံသုံးလို့ရပါပြီ။
(အဲလို မလုပ်ခဲ့ဘူးဆိုရင် ကီးထည့်ရဦးမယ်)
အဆင်ပြေပါစေ.......
Attachments:

Reply by nyinyi on ဇန်နဝါရီ 18, 2011 at 4:26pm
ဆ၇ာကီးေ၇ဘယ်နားက...ဒေါင်း၇မှာလဲဗျ...
Reply by Sai Myo Aung on ဇန်နဝါရီ 18, 2011 at 4:32pm

USB Disk Security.v5.4.0.6.Full.AiO

Memory stick-မှာ ပါလာတတ်တဲ့ Virus-ကို ကာကွယ်ချင်သူများအတွက်
Attachments:

Friday, 30 September 2011

USB Drive နဲ့ Memory Stick တွေကို Format လုပ်ချင်ရင်..

၂၀၀၉ နှစ်စလောက်က ကွန်ပျူတာတွေမှာ အရမ်းချစ်တယ် ဆိုတဲ့ Virus တစ်မျိုးဝင်ခဲ့တယ်.. တော်တော်များများ တော့ ဒီ ဗိုင်းရပ်စ်ကို ကြားဖူး/တွေ့ဖူးကြမှာပါ.. ကွန်ပျူတာကိုအကြီးအကျယ်ဒုက္ခမပေးပေမယ့်.. သူ့ကြောင့် တော်တော်လေးတော့ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်.. ဒီဗိုင်းရပ်စ်ကိုရှင်းဖို့ နည်းလမ်းလိုက်ရှာတာ. မြန်မာဘလော့ဂ် တော်တော်များများမှာ တွေ့ရတယ်..ဒါနဲ့. အဲဒါနည်းလမ်းအတိုင်းရှင်းလိုက်တာ.. အိုကေသွားတယ်.. ဒါပေမယ့် နောက်နေ့နံနက်ကျတော့ ပြန်ရောက်နေပြန်ရော.. တရာခံလိုက်ရှာရတော့တာပေါ့.. ဘယ်သူလဲ..ဘယ်ကလဲ.. တွေ့ပါပြီ. Memory Stick နဲ့ Camera တွေ။ ဒါကြောင့် Memory Stick နဲ့ Camera တွေကို Format လုပ်လိုက်ရတာပေါ့။ Format လုပ်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင်.................

၁။     အရင်ဆုံး Format လုပ်ချင်တဲ့ USB Device ကို ကွန်ပျူတာမှာ တပ်လိုက်ပါ။

၂။     Desktop မှာ Mycomputer Icon ကို Right-Click လုပ်ပြီး Manage ကိုရွေးလိုက်ပါ။
၃။     Device Manager ကို Click လုပ်ပြီး Disk Drive ကို Expend လုပ်လိုက်မယ်ဆိုရင် အောက်ပါတိုင်း မိမိရဲ့ USB Drive list ကိုတွေ့ရပါလိမ့်မယ်။
၎။      မိမိရဲ့ USB Drive ပေါ်မှာ Right-Click လုပ်၊ Properties ကိုရွေးပြီး အောက်ပါအတိုင်း Policy Tab ကိုသွားလိုက်ပါ။
၅။     အပေါ်ပုံမှာ ရွေးစရာ ၂ ခုရှိတဲ့အနက် ''Optimize for performance" ကိုရွေးလိုက်ပြီး "OK" လုပ်လိုက်ပါ။

၆။     My computer ကို ဖွင့်၊ မိမိရဲ့ USB Drive ပေါ်မှာ Right-click လုပ်ပြီး Format ကိုရွေးပါ။ အောက်ပါပုံအတိုင်း File system မှာ Drop Down လုပ်၊ NTFS ကိုရွေးပြီး Format လုပ်လိုက်ပါ။ အားလုံးအဆင်ပြေသွားပါပြီ...


Source: ဒီနေရာက ပို့စ်လေးကို သင့်လျော်သလို မြန်မာမှုပြုပါသည်။









 

Friday, 16 September 2011

USB Memory Stick ထဲကဖိုင်တွေကို ဖျက်မရ..ကော်ပီလုပ်မရတော့ဘူးလား

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။
အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ
တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိအောင် ဖြစ်ရတော့တာပါဘဲ။ အညာသားလေးကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry
Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့
Error မပေါ်တော့ပါ။အားလုံးကို..ကျေးဇူးတင်ပါတယ်ခင်ဗျာ..။

အဆင်မပြေသေးဘူးဆိုရင်လည်း http://www.cherrymyay.com/2011/06/remove-write-protection/ မှာဝင်ကြည့်ပေးပါခင်ဗျာ။

Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။
ပြန်လည်ပြောဆိုဆွေးနွေးမယ်

အခြားနည်းတစ်နည်းကတော့....Memory stick ကို right click နှိပ်ပြီးး copy လုပ်ပါ။အခြားနေရာတွင် paste လုပ်ပါ။ပြီးရင် Memory Stick ကို Format ချလိုက်ပါ။စောစောက Copy လုပ်ထားတဲ့ File ကိုပြန်ဖွင့်ပါ။ကိုင်း.....အဲဒီမှာစတွေ့ပြီပေါ့။ပြဿနာကောင်..Autorun.exe ကိုထုံးစံအတိုင်း Delete လုပ်လို့ရသွားပါပြီ။ကိုယ်တိုင်ရှာဖွေထားတဲ့နည်းလေးပါ။

control ထဲမှာ StorageDevicePolicies မရှိရင်ဘယ်လိုလုပ်မလဲ
http://www.siliconguide.com/qa/forum/messages/477-1.shtml အဲဒီထဲမယ် ဖတ်ကြည့်လိုက်ပါ
နော်။

http://www.cherrymyay.com/2011/06/remove-write-protection/ အဲမယ်ရေးထားတယ်အစ်ကို ဖတ်ကြည့်နော်။

Thursday, 15 September 2011

မိမိကွန်ပျုတာမှာ USB အသုံးပြုခွင့်လေးပိတ်ထားချင်ရင်

မိမိကွန်ပျုတာမှာ USB အသုံးပြုခွင့်လေးပိတ်ထားချင်ရင်

 
USB အသုံးပြုခွင့်ပိတ်ထားနည်းလေးပါ။
အရင်ဆုံး ကျွန်တော်တို့ စလုပ်တော့မယ် ဆိုရင်
windows +R ကီးလေး နှစ်ခုကို တွဲပြီး နှိပ်လိုက်တယ်ဆိုရင်
RUN  ဘောက်လေးကျလာမှာ ဖြစ်ပါတယ်... အဲဒီဘောက်လေးထဲမှာ  REGEDIT ကိုရိုက်လိုက်ပါ။
အဲဒီလေးကို ရိုက်လိုက်ရင် HKEY_LOCAL_MACHINE  ဆိုတဲ့စာသားလေးကို ရှာပြီးတော SYSTEM ကိုထပ်ပြီးတော့ ဖွင့်လိုက်ပါ
 CURRENT CONTROL SET ဆိုတာလေးရှိပါတယ်..... CONTROL
ကိုရောက်အောင်သွားပါ။
RIGHT CLICK ကိုနှိပ်ပြီး NEWက  KEY  ပြုလုပ်ပါ။
 KEY NAME ကို  Storage Device Policies  ဟုပေးပါ။
USB အသုံးပြုခွင့်ပိတ်လိုလျှင်  KEY VALUE  ကို  1 ဟုရိုက်ပါ။
အသုံးပြုခွင့်ပေးလိုလျှင် 0  ဟုရိုက်ပါ။
ကဲ နောက်ပြီးတော့ ..... တစ်ဆင့်က ပြီးပါပြီးပေါ့ ....
ခုဖော်ပြထားတဲ့ အဆင့်လေးတွေ တစ်ခုပြီး တစ်ခု လုပ်ပြိးသွားတယ်ဆိုရင်တော့
သင်ကွန်ပျုတာမှာ စတစ်ကို သုံးလို့ မရအောင် ပိတ်ထားပြီးသားဖြစ်နေမှာ ဖြစ်ပါတယ်။ သူများတွေ အလွယ်တကူလာပြီး ထည့်သုံးလို့ မရတော့ပါဘူး ဒါကြောင့်လည်း ပိုးမွှားရန်က စိတ်အေးရမယ်လို့ ထင်ပါတယ်.....
ကဲ မန်ဘာဝင် ညီအကို မောင်နှတို့ရေ... ဟုတ်သည်ရှိ မဟုတ်သည်ရှိပေါ့ ခဏလောက်တော့ လုပ်ကြည့်လိုက်နော်
မကြိုက်ရင်တော့ ပြန်ဖျတ်ပေါ့ ။ ကိုပိတ်ထားတာကိုလည်း မမေ့စေနဲ့အုန်း ကိုသုံးမှ ဖွင့်မရဖြစ်နေမယ် သတိလေးတော့ထားနော်
အားလုံးပျော်ရွင်ကြပါစေဗျာ.....


Usb device တွေကို Lock ချတဲ့Software

Usb device တွေကို Lock ချတဲ့Software

Usb Safeguard ဆိုတဲ့ Usb device တွေကို Lock ချတဲ့ software ရှိတယ်ပေါ့။ အဲဒီsoftware က 2GB pendrive ဆိုရင် free . 2GB နဲ့အထက်ဆိုရင် အခကြေးငွေပေးရတယ်။ အခကြေးငွေပေးပြီးဝယ်ချင်ပေမယ့်ည်း အခကြေးငွေရှိတောင် ကျွန်တော်တို့ နိုင်ငံမှာ Credict card စနစ်မရှိတော့အဆင်မပြဘူးဖြစ်နေတယ်။ Software လေးကတော့တော်တော် portable ဖြစ်တယ်။အဆင်လည်းပြေတယ်။ဒါပေမယ့် . 4GB pen drive တွေအတွက်အခက်အခဲဖြစ်နေလို့ crack, keygen လေးများရှိလျင် ကျေးဇူးပြု၍ share ပေးစေလိုပါတယ်။
 
Download ifile.it | Download mediafire | Download ziddu | Download zshare