ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 24 October 2011

> Bios password Bypass and Rese

> Bios password Bypass and Reset
> <http://3.bp.blogspot.com/_KR3gtgtKXeQ/TLvWupzdfrI/AAAAAAAAAHI/7aTncUsOYBc/s1600/biossecuritypassword.jpg>
>
> နောက် post တစ်ခုအနေနဲ့ ထပ်ရေးမယ်လို့ ပြောထားတဲ့ အတိုင်း ဆက်ရေးလိုက်ပါတယ်။
> BIOS မှာ Password ထားရင်ကျော် ဖို့၊ Reset လုပ်ဖို့ နည်းလမ်းလေးပါ။ ဒီpost
> အတွက် BIOS, CMOS, နဲ့ IBM BIOS ဆိုတဲ့ အသုံးနှုန်းတွေ မြင်ရမှာပါ။ အသေးစိတ်တော့
> ကျနော် မရေးနိုင်တော့ပါဘူး။ ကျော်တဲ့ နည်းပဲ ရေးမှာ မို့ပါ။ လေ့လာချင် သူတွေ
> အတွက် link ချိပ်ထားပေးပါတယ်။ အောက်က စာလုံးလေးတွေ မှာ click ပြီး
> ဖတ်ကြည့်ကြပါ။
>
> BIOS ဆိုတာ ... <http://www.computerhope.com/jargon/b/bios.htm>
> CMOS ဆိုတာ ... <http://www.computerhope.com/jargon/c/cmos.htm>
> BIOS နဲ့ CMOS ကွာခြားချက်
> ...<http://www.computerhope.com/issues/ch000707.htm>
> IBM BIOS အကြောင်း
> ...<http://doc.vic.computerbank.org.au/hardware/bios_docs/ibm_bios/>
>
> စလိုက်ရအောင်ဗျာ ... ။ အစီစဉ်မကျရင်လည်း သီးခံ ဖတ်ပေးပါဗျာ။
>
> TOSHIBA laptop နဲ့ Desktop အများစု မှာ BIOS password ကို ကျော်ဖို့ အတွက် ...
> Boot တတ်နေ စဉ် အတွင်း ဘယ်ဘက်မှ Shift key(left Shift) ကို နိုပ်ထားပေးပါ။
>
>
> IBM BIOS မှာဆိုရင် .... Boot တက်နေစဉ် mouse ရဲ့ Buttons ၂ ခု စလုံးကို
> တစ်ပြိုင်ထဲ ထပ်ခါ ထပ်ခါ နိုပ်ပေးပါ။
>
> # BIOS password ကို သုံးခါထက် ပိုပြီး မှားရိုက်မိရင် locked ဖြစ်တတ်ပါတယ်။ #
>
> PC Locked ဖြစ်သွားရင် BIOS password ကို crack or reset လုပ်ဖို့ အောက်ပါ
> software လေးသုံးလို့ရပါတယ်။
>
> CMOS password recovery tool 4.8 <http://www.cgsecurity.org/cmospwd-4.8.zip>
>
> Jumper ကို ဖြုတ်ရင်လည်း CMOS password ကို Clear ဖြစ်စေပါတယ်။ Jumper ကတော့
> Motherboard အမျိုးအစားကို လိုက်ပြီး နေရာကွဲပြားတတ်ပါတယ်။ များသောအားဖြင့်
> Motherboard အစွန်းက CMOS Battery နဲ့ ကပ်လျက် ဒါမှမဟုတ် Processor နဲ့
> ကပ်လျက်မှာ ရှိတတ်ပါတယ်။ ရေးထားတတ်တဲ့ အမည်တွေကတော့ CLEAR - CLEAR CMOS - CLR -
> CLRPWD - PASSWD - PASSWORD - PWD တို့ပဲ ဖြစ်ပါတယ်။(Laptop တွေမှာဆိုရင်
> jumper ဟာ keyboard ရဲ့ အောက် (သို့) laptop အောက်ခြေ မှာရှိတဲ့ အကန့်လေးတွေမှာ
> တွေ့နိုင်ပါတယ်။)
>
> [image: Image Hosting by Picoodle.com][image: Image Hosting by Picoodle.com]
>
> * ကွန်ပျူတာကို power ပိတ် plug ဖြုတ်ပြီးရင် jumper ကိုဖြုတ်ပါ။ ပြီးရင်
> ကွန်ပျူတာကို power ဖွင့်ပြီး ခဏထားပြီး ပြန်ပိတ်လိုက်ပါ။ ပြီးရင်တော့ jumper
> ကို ပြန်တပ်လိုက်ရင် password reset ဖြစ်သွားပါပြီ။ *
>
>
>

No comments:

Post a Comment

daweiit@gmail.com