ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 24 October 2011

Nvidia ရဲ့ PhysX

Nvidia ရဲ့ PhysX




တစ်ရက်က ကျွန်တော့်ကို Game တင်ပေးဆိုပြီး သူငယ်ချင်းတစ်ယောက်လာတယ်။ ဂိမ်းဆိုတော့ ဘာဂိမ်းများလဲလို့ နည်းနည်းတော့ စိတ်ဝင်စားတာပေါ့။ Crane Simulator 2009 တဲ့ဗျာ။ သူ့စက်ကို ကြည့်လိုက်တော့လည်း ဒီဂိမ်းကို ဆော့လို့ရတဲ့ စက်ပေါ့၊ Graphic Card ကလည်း 512 MB နဲ့ဗျာ။ ဒီတော့ ကျွန်တော်လည်း တင်ပေးလိုက်တယ်။ တင်လို့မရဘူးဗျာ။ ဘယ်လိုမှတင်လို့ကိုမရတာ၊ PhysX မရှိဘူးချည်းပဲပြောနေတယ်။ ဒီကောင် ဘာလဲမသိဘူးပေါ့။ ဒါနဲ့ ဂူဂယ်ကို လှမ်းမေးလိုက်တော့ Nividia ရဲ့ PhysX ကို တွေ့တော့တယ်။ ဒေါင်းလုတ်ဆွဲပြီးတင်ကြည့်လိုက်တော့ မောင်မင်းကြီးသား Crane Simulator 2009 ကြီးက Run လို့ရပါလေရော။ တစ်ကယ်တော့ Update Driver ထဲမှာပါပြီးသားပါ။ နည်းနည်းလောက မြည်းကြည့်လိုက်သေးတယ်။ အရင်က ဂိမ်းဆော့ခဲ့တာနဲ့ ကွာတယ်။ Graphic ပိုင်းမှာတော်တော်လေး ကွာသွားတယ်။
ကျွန်တော်သိသလောက် PhysX ဆိုတာ Ageia တွေ့ရှိခဲ့တဲ့ ဂိမ်းတွေရဲ့ လှုပ်ရှားမှုပိုင်းတွေမှာ အဓိကကျတဲ့ Physic Processing Unit လည်းဖြစ်ပါတယ်။ Ageia ရဲ့ PhysX Processor ထွက်လိုက်ပြီးတဲ့နောက်ပိုင်းမှာ Graphic Cards Manufacture
rs တွေကလည်း သူတို့ရဲ့ထွက်ကုန်တွေကို PhysX အတိုင်းသုံးစွဲလို့ရအောင် လုပ်လာကြတယ်။ ခုတော့ PhysX ဟာ Nvidia PhysX ဖြစ်လို့နေပါပြီ။

အရင်ကဆိုရင် OnBoard Graphic 128MB ဆိုရင် CPU ကနေ ဘယ်လောက် Share ယူသုံးတယ်ဆိုပြီး သိခဲ့ဖူးပါသေးတယ်။ နောက်ပိုင်း Graphic Card တွေကို လူတိုင်း (စက်ဝယ်သူတော်တော်များများ) ထည့်သုံးလာကြ တယ်။ ဂိမ်းသမားတွေပိုလို့တောင်ဆိုးပါသေးတယ်။ ကျွန်တော်ပြောချင်တာက Nvidia Card ဆိုရင် ခုနောက်ပိုင်းမှာတော့ Drivers တွေထဲမှာပါလာပါတယ်။ ဟိုးအရင် Card တွေနဲ့တော့ PhysX System Software ထည့်လို့မရပါဘူး။ Hardware မတွေ့ဘူးပဲ ပြောနေမှာပါ။

ဂိမ်းဆော့တဲ့နေရာမှာပဲဖြစ်ဖြစ်၊ 3D နဲ့ဆိုင်တဲ့နေရာတွေမှာ Graphic Card ကတော့ဖြင့်လိုပါတယ်။ ဒီတော့ ကိုယ့်စက်မှာ Graphic Card စိုက်လိုက်ပြီ။ Driver တင်လိုက်ပြီ။ PhysX ဆိုတာ ဘာမှန်းမသိလို့ မတင်လိုက်ဖူးဆိုတာ မဖြစ်အောင်လို့ပါ။

No comments:

Post a Comment

daweiit@gmail.com