ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Wednesday 7 December 2016

BRT ကားများတွင် MPU ကတ်ဖြင့် အသုံးပြုစီးနင်းနိုင်ရန် စီစဉ်

BRT ကားများတွင် MPU ကတ်ဖြင့် အသုံးပြုစီးနင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Myanmar Payment Union ၏ Acting Chairman ဦးဇော်ဝင်းက ပြောသည်။
“BRT ကားတွေမှာ MPU ကတ်ငွေသားအစား ဆောင်ရွက်နေမှုကြားသိရတယ်၊ တစ်ခါတစ်ရံလည်း အခက်အခဲတစ်ချို့ ကြုံတွေ့နိုင်ပါတယ်၊ အဲဒီအတွက်ကို ကောင်းအောင် လုပ်နေပါတယ်” ဟု ပြောကြားသည်။ MPU ကတ် အသုံးပြုမှု တွင်ကျယ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးတွင် MPU ကတ်အသုံး ပြုနိုင်သည့် POS (Point of Sale) ၇၀၀၀ ကျော်ရှိလာကြောင်း သိရသည်။ MPU အသုံးပြုသူပေါင်း နှစ်သန်းကျော်ရှိပြီး တစ်နိုင်ငံလုံး တွင်ထားရှိသည့် ATM ပေါင်း ၂၃၀၀ ကျော်ရှိလာကြောင်း ဦးဇော်ဝင်းက ပြောသည်။
“MPU ကို ပြည်ပအလည်အပတ်သွားတဲ့အခါ ငွေထုတ်ယူနိုင်အောင် အသုံးပြုနိုင်ဖို့၊ ဆေးဝါးသွားရောက်ကုသတဲ့အခါ ငွေသား ယူဆောင်စရာမလိုဘဲ သက်ဆိုင်ရာ နိုင်ငံရဲ့ ငွေကြေးထုတ်ယူပြီး စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ ငွေပေးချေနိုင်မှာဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။ လက်ရှိတွင် UPI, JCB စသည့်ကတ်များနှင့် ပူးပေါင်း၍ Co brand ကတ် အဖြစ် ပြည်ပတွင် ယူဆောင်အသုံးပြုနိုင်ကြောင်း သိရသည်။
MPU ကတ်များကို ပြည်တွင်း၌ ရန်ကုန်၊ မန္တလေး စသည့် မြို့ပေါ်နေရာများတွင် အသုံးပြုမှုများကြောင်း၊ လက်ရှိ MPU ကတ်များကို ပြည်တွင်း POS
(Point of sale) များ အသုံးပြုမှုများလာစေရန် ဈေးကွက်ချဲ့ထွင်နေကြောင်း သိရသည်။ MPU ကတ်များကို ATM, POS နှင့် ecommerce တို့တွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ MPU အဖွဲ့ဝင်ဘဏ်ပေါင်း ၂၃ ဘဏ်ရှိကြောင်း သိရသည်။ MPU ကတ် အသုံးပြုနိုင်မှုကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
AddThis Sharing Buttons

No comments:

Post a Comment

daweiit@gmail.com