ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 24 October 2011

GOOGLE CHROME ရဲ့ EXTENSIONS များအကြောင်း

GOOGLE CHROME ရဲ့ EXTENSIONS များအကြောင်း




Google ရဲ့ ကမ္ဘာကျော်လက်ရာဖြစ်တဲ့ Google Chrome Browser ဟာ အသုံးပြုတွေနဲ့ ရင်းနှီးကျွမ်းဝင်မှူရှိလာတာနဲ့အမျှ လူကြိုက်လည်း အလွန်များနေကြပါပြီ။
အဲဒါကြောင့် Browser လောကကို ကြီးစိုးနေကြတဲ့ IE တို့ Firefox တို့ရဲ့ဝေစုကို တဖြည်းဖြည်းခွဲယူနိုင်ခဲ့တာပါ။
Chrome ရဲ့အားသာချက်တွေထဲမှာ မြန်မာဆန်မှူဆိုတာက အဓိကကြွားလုံးထုတ်စရာဖြစ်ပြီး နောက်ထပ်ကျန်တဲ့အရာကတော အခမဲ့ Extensions တွေ Chrome အတွက်
ရရှိနိုင်တာပါပဲ။ အဲဒီထဲကမှ အကောင်းဆုံး၊ အသုံးအ၀င်ဆုံး၊ တန်ဖိုးအရှိဆုံး Extensions (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဒီ Extensions  လေးတွေကို အသုံးပြုရင်း Chrome နဲ့အတူ ပျော်မြူးနိုင်ဖို့ လေ့လာကြည့်လိုက်ရအောင်။

ဒေါင်းလောင်းယူနိုင်ရန်လင့်လေးပါ...
1. Google Calendar

   Calendar ဆိုတာ မြန်မာလိုဘာသာပြန်ရင်တော့ ပြက္ခဒိန်ပေါ့။ ဒါပေမယ့် Google Chrome  ကတော့သာမန်ပြက္ခဒိန်တစ်ခုမဟုတ်ပါဖူး။
အထူးစပါယ်ရှယ်ပြုလုပ်ထားတဲ့ ပြက္ခဒိန်ပါ။ ဒီ Extension လေးကို Download ချပြီး Install လုပ်ထားခြင်းဖြင့် Chrome ကိုအသုံးပြုတဲ့အခါ
event တွေနဲ့  ပြည့်စုံနေမယ့်သင့်ရဲ့ Calendar ကိုမြင်တွေ့ ရမှာပါ။ နောက်ပြီး event တွေကိုလည်း ထပ်ပြီးဖြည့်ဆည်းလို့ရမှာဖြစ်ပါတယ်။

2. Google Mail Checken Plus
    Check လုပ်တယ်ဆိုတဲ့စကားဟာ စုံစမ်းတာတို့၊ စစ်ဆေးတာတို့ကို ပြောတာပါ။ ဒီ Extension ကလည်း အဲဒီသဘောတရားပါပဲ။
ကိုယ့်ရဲ့ Gmail ကိုဖွင့်လိုက်တဲ့အခါ ကိုယ့်မှာ mail အသစ် ဘယ်နှစောင်ရှိလဲဆိုတာကို Icon လေးကို click နှိပ်လိုက်ရုံနဲ့ ပေးပို့သူ၊ ပေးပို့တဲ့အကြောင်းအရာ၊
 Message ရဲ့ ပထမစာကြောင်း၊ ပေးပို့တဲ့နေ့ စတာတွေကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

3. Mail Browser
    သင့်ရဲ့စီးပွားရေးအတွက်ကြောင့်ပဲဖြစ်ဖြစ်၊ အခြားအရေးတကြီး ဆက်သွယ်စရာတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် Message ထက် Contact တွေ၊ Attachment တွေကို
သုံးဖို့လိုအပ်လာရင် ဒီ Extension လေးကို အသုံးပြုရမှာဖြစ်ပါတယ်။ Click လေးတစ်ချက်နှိပ်ရုံနဲ့ Contact တွေရဲ့  Detail တွေကို တွေ့ ရမှာဖြစ်ပြီး
mail အသုံးပြုရာမှာ ပိုပြီးအားသာမှူတွေရှိမှာလည်း ဖြစ်ပါတယ်။

4. GleeBox
    Chrome Browser ကို အသုံးပြုပြီး အင်တာနက်ကိုအသုံးပြုတဲ့အခါ ပိုပြီးအလုပ်ဖြစ်စေမယ့် နော်ထပ် Extension လေးတစ်ခုက GleeBox ပါ။
ဒီ Extension လေးက Chrome ကို အသုံးပြုတ့အခါ Mouse ထက် Keyboard ကို ပိုပြီးအသုံးပြုလို့ ရစေမှာပါ။

5. Google Quick Scroll
    ဒီ Extension ကတော့ Google ရဲ့ Search ၀န်ဆောင်မှူကို သုံးတဲ့အခါမှာ အသုံးပြုရမှာပါ။ တစ်စုံတစ်ရာကိုရှာဖွေတဲ့အခါ Search Result တစ်ခုကို
 click နှိပ်ပြီး တုံ့ ပြန်လာမယ့် Text တွေကို window အသေးစားလေးနဲ့ မြင်နေရစေမှာပါ။

6. IE Tab
    Chrome ကို အသုံးပြုပြီး ၀က်ဘ်ဆိုက်တွေကို ကြည့်တဲ့အခါမှာ တစ်ခါတစ်ရံ အဆင်မပြေဖြစ်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ ဝက်ဘ်ဆိုက်တွေဟာ
Internet Explorer ဆိုတဲ့ IE မှာပဲ အလုပ်လုပ်ကြလို့ပါ။ အဲဒီပြသနာအတွက် ဖြေရှင်းမယ့်နည်းလမ်းကတော့ လွယ်လွယ်လေးပါပဲ။ Chrome အတွက် ဖန်တီးထားတဲ့ IE Tab
ဆိုတဲ့ Extension လေးကို click  နှိပ်ပေးလိုက်ရုံနဲ့ အဲဒီဝက်ဘ်ဆိုက်ဟာ IE ထဲမှာ ဖော်ပြပေးသွာှးာပါ။

7. Docs PDF/Power Point Viewer
    တစ်ခါတစ်ရံ ၀က်ဘ်ဆိုက်တွေပေါ်က ဖိုင်တွေကို ရှာဖွေကြည့်ရှူတဲ့အခါ PDF  ဖိုင်တွေ၊ Power Point ဖိုင်တွေကိုလည်း တွေ့ ရပါတယ်။
အဲဒါတွေကိ ကြည့်ရှူ့ ဖို့အတွက် Adobe Reader ဖွင့်ရတာမျိုးတွေ ဘာတွေလည်း ကြုံရတတ်ပါတယ်။ ဒီ Extension က အဲဒီဖိုင်တွေကို ကိုယ်ပိုင် Tab တစ်ခု
အဖြစ်နဲ့ လွယ်လင့်တကူ ကြည့်ရှူ လို့ရမှာဖြစ်တဲ့အပြင် Google Docs  မှာလည်း သိမ်းထားလို့ရပါတယ်။

8. Forecast Fox Weather
    ဒီ Extension ကတော့ ရာသီဥတုနဲ့ ပတ်သက်ပြီး အခြေအနေတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးမယ့် အရာလေး တစ်ခုပါ။
ရက်သတ္တပတ် တစ်ပတ်စာ မိုးလေ၀သ အခြေအနေကို လေ့လာလို့ ရသလို နေ့တစ်နေ့အတွက်လည်း အသေးစိတ်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

9. Fastest Chrom
    တစ်စုံတစ်ရာ ရှာဖွေရာမှာပိုပြီး မြန်ဆန်စေဖို့အတတွက် ကမ္ဘာကျော်ဆိုက် အင်တာနက်စွယ်စုံကျမ်း ၀က်ဘ်ဆိုက် Wikipedia နဲ့တွဲပြီး
အသုံးပြုပေးထားတဲ့ Extension လေးဖြစ်ပြီး လိုချင်တဲ့သတင်း အချက်အလက်တွေကို ပိုပြီးမြန်မြန် ရှာဖွေနိုင်စေမှာပါ။

10. Apture Highlights
     ဒီ Extension ကို အသုံးပြုတဲ့အခါ Fastest Chrome နဲ့ မတူညီ တာတစ်ခုရှိပါတယ်။ အဖြေတစ်ခုကို ရှာဖွေရာမှာ Fastest Chrome က မြန်ဆန်
မှူရှိပေမယ့် ဒီ Extension ကို အသုံးပြုရင်တော့ ဓါတ်ပုံ၊ ဗီဒီယို စတာတွေကို တိတိကျကျ သတ်မှတ်ပြီး ရှာဖွေနိုင်မှာပါ။

အခုလောက်ဆို Google Chrome ရဲ့ Extension လေးတွေအကြောင်း သိသင့်သလောက် သိရှိသွားပြီပေါ့နော်.....

အားလုံးကို လေးစားလျှက်
                                                  မျိုး

No comments:

Post a Comment

daweiit@gmail.com