ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday 27 May 2016

Meizu M3 Note စမတ်ဖုန်း မော်ဒယ်သစ် ပြည်တွင်းဈေးကွက် ဝင်ရောက်



Meizu မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Meizu M3 Note စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ စမတ်ဖုန်းသည် 4G ကွန်ရက်ထိ ထောက်ပံ့ ပေးနိုင်ကြောင်း သိရသည်။
"Meizu M3 Note ကို ဆက်သွယ်ရေးပိုင်းမှာ Network အားလုံး အသုံးပြုနိုင်ပါတယ်။ 4G စနစ်လည်းရပါတယ်။ Fingerprint လက်ဗွေစနစ်လည်း ပါဝင်ပါတယ်။ Fingerprint Unlocaking က ဝ.၂ စက္ကန့်အတွင်း ဖွင့်ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်ကတော့ သတ္တု နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်" ဟု Meizu Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Meizu M3 Note သည် GSM နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်သည့် Dual SIM အမျိုးအစား ဟန်းဆက်ဖြစ်ပြီး မြင်ကွင်းအရွယ်အစားမှာ ၅.၅ လက်မရှိမည်ဖြစ်သည်။ အမြန်နှုန်း 1.8GHz နှင့် 1.0GHz ရှိသည့် Cortex-A53 Quad-core CPU နှစ်လုံးတပ်ဆင်ထားပြီး 2GB RAM နှင့် အချက် အလက်သိုလှောင်ရန်အတွက် 16GB Internal memory ပါဝင်မည်ဖြစ်သည်။

ကျောဘက်ကင်မရာမှာ 13MP အမျိုးအစားဖြစ်ပြီး ရှေ့ဘက်ကင်မရာမှာ 5 MP အမျိုးအစား ဖြစ်ကြောင်း သိရသည်။ Android OS 5.1 (Lollipop) ကို အသုံးပြုထားပြီး ဘက်ထရီမှာ 4100mAh ရှိမည် ဖြစ်သည်။

အရောင်အနေဖြင့် မီးခိုး၊ ရွှေ၊ အဖြူ အရောင်သုံးမျိုးဖြင့် ထုတ်လုပ်ထားပြီး တန်ဖိုးမှာ ၁၇၅,ဝဝဝ ကျပ် ဝန်းကျင်ရှိမည်ဖြစ်သည်။ အဆိုပါ Meizu M3 Note ကို ရန်ကုန် နှင့် မန္တလေးမြို့များတွင် စတင်ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သိရသည်။


Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com

No comments:

Post a Comment

daweiit@gmail.com