ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 24 October 2011

Gmail မှ အသစ်ပြုလုပ်ပေးသော Button လေး နှစ်ခု

လွမ်းဧကရီ

Gmail မှ အသစ်ပြုလုပ်ပေးသော Button လေး နှစ်ခု

Gmail မှ အသစ်ပြုလုပ်ပေးသော Button လေး နှစ်ခု
Gmail New! Importance Markers


ဒီနေ့  လွမ်း Gmail ကို Mail Check လုပ်ဖို့  ၀င်တဲ့အခါ အသစ်ပေါ်လာတဲ့ Flyout Message လေးကို ဖတ်လိုက်ရပါတယ်…

New! Importance Markers တဲ့…

မိမိအတွက် အသုံးဝင်နိုင်တဲ့အတွက် OK ဆိုပြီး လက်ခံလိုက်ပါတယ်…




ဝင်လာတဲ့စာတွေမှာ Reply လုပ်ရမဲ့စာတွေရဲ့ ပေးပို့ သူဘေးမှာ အ၀ါရောင် မျှားတုံးပုံစံလေးတွေ ပေါ်နေတာကို
မြင်တွေ့ ကြရမှာပါ…


Reply လုပ်စရာမလိုတဲ့စာတွေမှာ မျှားတုံးပုံစံလေး မပါပါဘူး…

OK ပေးလိုက်တဲ့အတွက် Gmail Heading မှာ Plus နဲ့  Minus Sign သင်္ကေတ ၂-ခု ပေါ်လာပါတယ်…

အသုံးဝင်ပုံလေးကို နမူနာနဲ့  ရှင်းပြရမည်ဆိုလျှင် -




၁။ မိမိဝင်စာများကို ဖတ်နိုင်ရန် Inbox ကို Click လုပ်ထားပါ။

၂။ မိမိသိမ်းထားလိုသောအကြောင်းအရာ၊ မိမိ အရေးကြီးသည်ဟု သတ်မှတ်သောစာများတွင် Tick လုပ်ပေးရပါမည်။ ယခုနမူနာတွင် လွမ်း စာသုံးစောင် ရွေးထားပါသည်။

၃။ ပြီးလျှင် Mark as important လို့  အဓိပ္ပါယ်ရတဲ့ အပေါင်းပါသော မျှားတုံးလေး ကို Click ပြုလုပ်ရပါမည်။

၎။ ထိုအခါ မိမိပြုလုပ်ပြီးကြောင်း 3 conversations have been marked as important. ဆိုသော စာတမ်းလေး ပေါ်လာပါလိမ့်မည်။

မိမိ Gmail ဘယ်ဖက်တွင် ရှိသော Important ကို Click လုပ်ကြည့်ပါက မိမိ Tick လုပ်ထားသောစာ သုံးစောင်ကို
မြင်တွေ့  ရပါလိမ့်မည်။





ဤနည်းဖြင့် မိမိအရေးကြီးသောစာများကို Important အောက်တွင် သိမ်းထားပြီး မိမိအားလပ်ချိန်တွင် ဖတ်ရှုခြင်း၊ ပြန်ကြားခြင်းတို့  ပြုလုပ်နိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

အင်တာနက်ကို အသုံးပြု၍ ကွန်ပျူတာနည်းပညာများ လေ့လာနိုင်ကြပါစေ။






လွမ်းဧကရီ
၂၉-၀၄-၂၀၁၁
နံနက် ၀၂း၀၀ နာရီ

No comments:

Post a Comment

daweiit@gmail.com