ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 14 December 2015

iPhone 6S ကို သုံးကြိမ်အားသွင်းနိုင်မည့် 10,000mAh ဘက်ထရီ ပါဝင်သော စမတ်ဖုန်း

တစ်ကြိမ်အားသွင်းလျှင် ၁၅ ရက်အထိ သုံးနိုင်သော Oukitel K10000 စမတ်ဖုန်းကို ယခုအခါ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမတ်ဖုန်းသည် ၉ မီလီမီတာအထူရှိပြီး အကျယ် ၇၇ မီလီမီတာ၊ အမြင့် ၁၄၃ မီလီမီတာဖြစ်ကာ အလေးချိန်က ၁၈၄ ဂရမ်ဖြစ်သည်။

၎င်းတွင် ပါဝင်သည့် 10,000mAh ဘက်ထရီသည် စမတ်ဖုန်းအားသွင်းရန်အတွက် သယ်ဆောင်အသုံးပြုနေကြသော external portable USB charger များတွင် ပါဝင်သည့် ဘက်ထရီထက် ပိုမိုကြီးမားသည်။ Quick-Charge ကို ထောက်ပံ့ပေးထားသောကြောင့် ၀ မှ ၁၀၀ ရာခိုင်နှုန်းကို အားသွင်းရန် အချိန် ၃.၅ နာရီကြာမြင့်မည်ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းသည် အခြားသော ထုတ်ကုန်များကိုပါ အားသွင်းပေးနိုင်ပြီး power-out feature ဖြင့် iPhone 6S သုံးလုံးကို အားအပြည့်သွင်းပေးနိုင်သည်။

Oukitel K10000 စမတ်ဖုန်းကို အရွယ်ကြီးမားသည့် ဘက်ထရီအပြင် ၅.၅ လက်မ 720p screen, 1GHz quad-core MediaTek processor, 2GB RAM နှင့် 8MP ကင်မရာတို့ဖြင့် အသုံးပြုနိုင်သည်။ Operating System က Android 5.1 Lollipop ဖြစ်ပြီး 4G LTE နှင့် dual-SIM တို့ကို ထောက်ပံ့ပေးထားသည်။
၎င်းစမတ်ဖုန်းကို Gearbest တွင် အမေရိကန်ဒေါ်လာ ၂၄၀ ဖြင့် ကြိုတင်မှာယူနိုင်သည်။

Ref: 9to5Google
Credit internetjournal 
သီဟထိုက် My Page

သိပ္ပံနည်းပညာဆိုင်ရာ ပြပွဲ ကျင်းပမည်



သိပ္ပံနည်းပညာဆိုင်ရာပြပွဲ နှင့် ဟောပြောပွဲ "သိပ္ပံပွဲခင်း-၂၀၁၅ " ကို ရန်ကုန်တက္ကသိုလ်မှ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ဒီဇင်ဘာလ ၁၈ ရက် မှ ၂၀ ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ပြပွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ ဆန်းသစ် သိပ္ပံပြပွဲ/ပြိုင်ပွဲ၊ သိပ္ပံနည်းပညာဆိုင်ရာ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများ၊ သုတေသန လုပ်ငန်းသုံး စက်ကိရိယာများနှင့် ပတ်သက်သော သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာများကို ခင်းကျင်းပြသသွားမည့် အပြင် ဟောပြောပွဲများလည်း ပါဝင်မည် ဖြစ်သည်။

ပြပွဲသို့ တက္ကသိုလ်၊ ကောလိပ်များ၊ ဝန်ကြီးဌာနများ၊ သိပ္ပံနည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ဝင်ရောက်ပြသနိုင်မည်ဖြစ်ပြီး ပါဝင်ပြသလိုသူများ အနေဖြင့် ဖုန်း - ၀၁ - ၅၀၂၀၇၄၊ ၀၉၇၉၂၉၉၁၄၇၁၊ ၀၉ ၅၀၄၇၆၅၀ တို့သို့ ဆက်သွယ် ပါဝင်နိုင်ကြောင်း သိရသည်။

Credit  internetjournal
သီဟထိုက် My Page

Friday 11 December 2015

eBook Search Pro For Ios

 
 eBook Search Pro ဆိုသည့် app သည် iPhone, iPad တို့ပေါ်တွင် အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ Pro version တွင် eBook ပေါင်း 60,000 နဲ့အထက်ကို ရှာဖွေပေးနိုင်မည်ဖြစ်ပြီး eBook Reader များထဲသို့ တိုက်ရိုက် ထည့်သွင်းအသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။

အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit internetjournal
သီဟထိုက်
ယခုတင်ပေးထားသော App အား(မြောက်ဒဂုံ၃၅မှတ်တိုင်အနီး " ဆွေသဟာ" ဖုန်းဆိုင်တွင်အခမဲ့ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

GoPro Karma ဒရုန်းကို ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိမည်


Karma ဟုခေါ်သော ကင်မရာတပ်ဆင်ထားသည့် ဒရုန်းကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်တွင် ဖြန့်ချိရန် စီစဉ်ထားကြောင်း GoPro မှ ထုတ်ဖော်ပြောကြားသည်။

GoPro သည် အောက်တိုဘာလက အနည်းဆုံး 2.5K resolution ဖြင့် ရိုက်ကူးထားပြီး 1440p YouTube viewing option ဖြင့် ကြည့်ရှုနိုင်သော ကြော်ငြာဗီဒီယိုကို ဖြန့်ချိခဲ့သည်။ ယခုထုတ်ပြန်ကြေညာချက်တွင်လည်း ကုမ္ပဏီက အဆိုပါ ဗီဒီယိုကို ပြန်လည်အသုံးပြုခဲ့သည်။

GoPro တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ နစ်ခ်ဝုဒ်မန်းက ကုမ္ပဏီအနေဖြင့် quadcopter တစ်ခုကို လုပ်ဆောင်နေကြောင်း မေလက Re/code ကွန်ဖရင့်စ်တွင် အတည်ပြုပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ရှုထောင့်အသစ်ကနေ ကြည့်ရှုရတာက မယုံနိုင်လောက်အောင်ကို ကောင်းမွန်လှပါတယ်။ ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ ဒီလို ရှုထောင့်အသစ်နဲ့ ကြည့်ရှုတာကို ကျွန်တော်တို့ရဲ့ GoPro ကင်မရာတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့က quadcopter ဈေးကွက်မှာ အလားတူ အခွင့်အရေးတစ်ခုကို တွေ့ရှိထားပါတယ်” ၎င်းက ဆိုခဲ့သည်။

GoPro ၏ Karma ဒရုန်းကို ဒေါ်လာ ၅၀၀ မှ ၁၀၀၀ အကြား ကျသင့်ဖွယ်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချသည့်တန်ဖိုးနှင့် ပတ်သက်၍ ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဒရုန်းနှင့် ပတ်သက်သော သတင်းများအတွက် မှတ်ပုံတင်ထားပါက Karma ဒရုန်းတစ်စင်းကို အခမဲ့ ရရှိနိုင်မည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: Engadget
Credit internetjournal
သီဟထိုက်

Android သုံးစွဲသူ ၇၂ ရာခိုင်နှုန်းနီးပါးက နှစ်နှစ်သက်တမ်း ကြာမြင့်သည့် OS ကို အသုံးပြုနေဆဲဟုဆို





၇၁.၆ ရာခိုင်နှုန်းသော Android ထုတ်ကုန်များသည် Lollipop မတိုင်မီ ထွက်ရှိခဲ့သည့် OS ဗားရှင်းများကို အသုံးပြုနေဆဲဖြစ်ကြောင်း ယခုတစ်ပတ်အစောပိုင်းက Google မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အထူးသဖြင့် Android ၃၆.၆ ရာခိုင်နှုန်းသည် လွန်ခဲ့သည့် ၂ နှစ်က ထွက်ရှိခဲ့သော Android 4.4 KitKat ကို အသုံးပြုနေလျက်ရှိသည်။ Android ထုတ်ကုန် ၂၆.၉ ရာခိုင်နှုန်းတွင်မူ Jelly Bean ဗားရှင်းအမျိုးမျိုးကို သုံးစွဲလျက်ရှိသည်။ Jelly Bean သည် ၂၀၁၂ ခုနှစ် ဇွန်လက ထွက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက update ပြုလုပ်ပေးခြင်း မရှိတော့ပေ။

နှိုင်းယှဉ်ချက်များအရ iOS သုံးစွဲသူ ၇၀ ရာခိုင်နှုန်းသည် စက်တင်ဘာလက ထွက်ရှိခဲ့သော iOS 9 ကို အသုံးပြုနေကြသည်။ Android သုံးစွဲသူများစွာကမူ လာမည့် ၁ နှစ် သို့မဟုတ် ၂ နှစ်အတွင်း ထွက်ရှိမည့် Android 6.0 Marshmallow ကို သုံးစွဲရန် စောင့်ဆိုင်းလျက်ရှိသည်။

Ref: BGR
Credit internetjournal
သီဟထိုက်

Offline ဖြစ်နေပင်လျှင် Facebook post များ၌ comment ရေးသားနိုင်မည်

 
 
နာမည်ကျော် လူမှုရေးကွန်ရက်ဖြစ်သော Facebook ကို သုံးစွဲသူများသည် ယခုအခါ ၎င်းတို့၏ ဖုန်းများ offline ဖြစ်နေပင်လျှင် post များ၌ comment များ ရေးသားနိုင်ပြီ ဖြစ်သည်။

ထို့အတွက်ကြောင့် သုံးစွဲသူတစ်ဦးက အင်တာနက်လိုင်းမကောင်းသည့် နေရာသို့ ရောက်ရှိနေသည့်အခါ Facebook app ကို ဖွင့်ထားပြီး ပေါ်လာသည့် post များကို ဆက်လက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

သုံးစွဲသူများသည် offline ဖြစ်နေစဉ်တွင် post များ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Like နှင့် Share ပြုလုပ်နိုင်သည်။ ၎င်း မိုဘိုင်း app သည် offline ဖြစ်နေစဉ် ပြုလုပ်ထားသည့် လုပ်ဆောင်ချက်အားလုံးကို သိမ်းဆည်းပေးထားမည် ဖြစ်ပြီး သုံးစွဲသူက လိုင်းမိသည့်နေရာသို့ ရောက်ရှိသည့်အခါ အဆိုပါ လုပ်ဆောင်ချက်အားလုံးကို အလိုအလျောက် ပြုလုပ်ပေးမည် ဖြစ်သည်။

Offline comment ရေးသားခြင်းကို လက်ရှိတွင် Android app ၌သာ ပြုလုပ်နိုင်သည်။ အဆင့်မြှင့်တင်မှုအသစ်များကို အခြားသော platform များထံ မကြာမီ ဆက်လက်ဖြန့်ချိပေးသွားမည်ဟု Facebook မှ ပြောကြားခဲ့သည်။

Ref: NYDailyNews
Credit internetjournal

သီဟထိုက်