ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Wednesday 26 October 2011

ကွန်ပျူတာအခြေခံ အပိုင်း(၉)

ကွန်ပျူတာအခြေခံ အပိုင်း(၉)


လွမ်းက AutoCAD လို့ ခေါ်တဲ့ Basic Engineering Drawing ကို သင်ကြားပေးနေသူ ဖြစ်ပါတယ်…


CAD ရဲ့ အဓိပ္ပါယ်ကိုက Computer Aided Design ပါ… ကွန်ပျူတာအကြောင်း မသိပဲ ကွန်ပျူတာနဲ့  ပုံဆွဲတာကို သင်ကြားပေးလို့  မရပါဘူး…


လွမ်းရေးခဲ့တဲ့ ကွန်ပျူတာအခြေခံများဟာ Application Software တစ်ခုကို မသင်ကြားမှီ သိသင့်တဲ့ ကွန်ပျူတာနဲ့  ပတ်သက်တဲ့ အခြေခံသဘောတရား၊ အခေါ်အဝေါ်တွေပဲ ဖြစ်ပါတယ်…


လွမ်း ရေးခဲ့တာတွေဟာ အခြေခံသဘောတရားကလွဲလို့  အသေးစိတ်ရေးထားခြင်း မဟုတ်ပါဘူး…


ကွန်ပျူတာကို သုံးနေသူတစ်ယောက်အနေနဲ့  အခြေခံ သိထားသင့်တဲ့ အချက်တွေကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ်…


အခုနောက်ပိုင်း Laptop ၀ယ်သည်ဖြစ်စေ၊ Desktop ၀ယ်သည်ဖြစ်စေ Operating Software ကို Windows 7 ကိုသာ တင်ပေးတတ်ပါတယ်…


WindowsXP တုန်းက သုံးရကကောင်းသလို တော်တော်များများ Software တွေကို တင်ရလွယ်ကူပါတယ်…


Windows Vista ထွက်လာတော့ Graphic တွေက အရမ်းကောင်းလာပါတယ်… ဒါပေမဲ့ တစ်ချို့  Software တွေ တင်တဲ့အခါ Error များ ရှိလာပါတယ်…


Windows7 မှာတော့ Vista လို Graphic တွေက ကောင်းလာတဲ့အပြင် Software တင်တဲ့အခါမှာလည်း တင်လို့  လွယ်ကူတာကို တွေ့ ရမှာပါ…


ဒီနေ့ တော့ မိမိရဲ့ ကွန်ပျူတာမှာ File တွေကို ဘယ်လိုထားသင့်တယ်ဆိုတာနဲ့  ပတ်သက်လို့  ဆွေးနွေးချင်ပါတယ်…


လွမ်းရဲ့ Laptop မှာလည်း Windows 7 တင်ထားတာမို့  Windows 7 ကို အခြေခံပြီး ရေးသွားပါမယ်…


Display ပေါ်မှာ မိမိသုံးနေသော Software မှလွဲပြီး မည်သည့် File မျှ တင်မထားရင် ပိုကောင်းပါတယ်…


Open Files


You can open a file directly from My Computer or Windows Explorer to display its contents on your screen.
Each file on your computer is associated with a program. When you open a file, the associated program starts automatically. For example, bitmap files with the extension .bmp are usually associated with the Paint program. When you pen a file with the .bmp extension, the Paint program starts and the file is opened.
If Windows does not know which program to start, the Open With dialog box appears. You can choose which program you want to use to display the file.

Windows7 မှာ Windows Explorer ဖွင့်တာဟာ Libraries ကို Click လုပ် ဖွင့်လိုက်ရုံပါပဲ…



ဒီနေရာမှာ မိမိဖွင့်ထားတဲ့ Path လမ်းကြောင်းလေးကို Address Bar က ပြနေမှာ ဖြစ်ပါတယ်…


မိမိရွေးချယ်ထားသော File ရဲ့ အချက်အလက်တွေကို Status Bar ကနေ ပြနေမှာပါ…



Menu Bar မှလည်း မိမိ အသုံးပြုလိုရာကို ရွေးချယ်ပေးနိုင်ပါတယ်… ဥပမာ Organize Menu ကို Click လုပ်ကြည့်လျှင် Cut, Copy, Paste, Rename, Select All စသဖြင့် ပါရှိမှာပါ…



လွမ်းက My Pictures အောက်မှာ DL Pictures လို့  Folder လေးတစ်ခု ဖွင့်ထားတာပါ…


My Pictures အောက်မှာ Folder အသစ်ဖွင့်လိုပါက My Pictures တွင် Mouse Pointer ထားပြီး Right Click ပြုလုပ်ပါက ပေါ်လာသော Pop-up Menu ထဲမှ New>>>Folder ကို ရွေးပြီး မိမိပေးလိုသော နာမည်ကို ပေးရုံပါပဲ…

လွမ်းက Comment ပေးတဲ့အခါ ပုံလှလှလေးတွေ လိုက်ပေးတတ်သလို ကိုယ့်ဆီလာပေးတဲ့ပုံလေးတွေကိုလည်း သိမ်းထားတတ်ပါတယ်…


ပုံတွေက မျိုးစုံပါဝင်တာမို့ လွမ်းက DL pictures ထဲမှာ Folder တွေ ထပ်ခွဲထားပါတယ်…



ပုံမှာ မြင်ရတဲ့အတိုင်း ၀က်ဝံ၊ ကြောင်၊ စုံတွဲ၊ ကော်ဖီ၊ နှင်းဆီ စသဖြင့်ပါ…


ခုဆိုရင် Address Bar မှာ မြင်ရတဲ့အတိုင်း Coffee ဆိုတဲ့ Folder ကို ဖွင့်ထားတာပါ…


ဘယ်ဖက်ခြမ်းမှာက Folder များကိုသာပြပြီး ညာဖက်ခြမ်းမှာ မိမိရွေးချယ်ထားတဲ့ Folder ထဲမှ Files များကို ပြတာပါ… လွမ်းသိမ်းထားသော ကော်ဖီပုံများကို မြင်ရမှာပါ…


အဲဒီ File တွေထဲက ကိုယ်ဖွင့်ချင်တဲ့ ပုံကို Double Click လုပ်တာနဲ့  ပွင့်သွားမှာပါ…


Open File လုပ်လိုက်တာပါ… ကိုယ်ထည့်ထားတဲ့ Software ပေါ်မူတည်ပြီး ပုံကို ဖွင့်ပြမှာပါ…


လွမ်းရဲ့ Coffee ပုံက Windows Photo Viwer နဲ့  ပွင့်သွားတာပါ…




ကိုယ်ဖွင့်ချင်တဲ့ Software Location ကိုလည်း ပေးလို့ ရပါတယ်…


ပေးပုံပေးနည်းက Double Click မလုပ်ပဲ ကိုယ်ဖွင့်ချင်တဲ့ပုံကို Mouse Pointer ထားပြီး Right Click >>>Open with ဆိုတာကို ထောက်လိုက်ရမှာပါ…

ကိုယ့်စက်ထဲမှာ ရှိတဲ့ Software ပေါ်လာပါလိမ့်မယ်…


ဥပမာ- လွမ်းက ပုံကို ချဲ့ ချင် (သို့ မဟုတ်) ချုံ့ ချင်တဲ့အခါ Open with ထဲက Microsoft Office Picture Manager ကို ရွေးပြီး ဖွင့်လိုက်ပါတယ်…
ပုံဟာ Microsoft Office Picture Manager နဲ့  ပွင့်လာပါတယ်… ဒီနေရာမှာ ပြောချင်တာက မိမိစက်မှာ Microsoft Office တင်ထားမှသာ Picture Manager က ပါလာမှာပါ…


Open Recently Used Files


Windows helps you quickly find and open a file you recently worked with.
Windows remembers the last files you opened or saved and displays the names of the files in a list on the Start menu. You can quickly open any of these files to review or make changes to the files.


Windows7 မှာ မိမိနောက်ဆုံးအသုံးပြုခဲ့သော Files များကို သိမ်းထားတဲ့အတွက် အလွယ်တကူ ပြန်လည်ဖွင့်နိုင်ပါတယ်…


Start ကို Click ပြုလုပ်တာနဲ့  မိမိသုံးခဲ့သော Software များတွင် မျှားအနက်ပေါ်နေပြီး နောက်ဆုံး သိမ်းခဲ့သော File ၁၀-ခုကို ပြထားသည့်အတွက် မိမိဖွင့်လိုသည့် File ကို ဖွင့်ရုံပါပဲ…


လွမ်းက အခုစာနှင့်တွဲ၍ Paint တွင် Print Screen ပုံများ Paste ပြုလုပ်သိမ်းထားသည့်အတွက် Paint တွင် လွမ်းနောက်ဆုံးသိမ်းခဲ့သော ပုံများ ရှိနေပါတယ်…



မိမိဖွင့်လိုသောပုံကို Click ပြုလုပ်ရုံမျှဖြင့် သက်ဆိုင်ရာ Paint Software တွင်ပွင့်သွားမှာ ဖြစ်ပါတယ်…


မိမိနောက်ဆုံးနားထောင်ခဲ့သောသီချင်းများ၊ ပုံများ၊ စာများကို Start ပြုလုပ်ပြီး ပြန်လည်ဖွင့်နိုင်ပါတယ်…



ဒီနေ့ တော့ File လေးတွေကို Folder ခွဲသိမ်းတတ်ဖို့ နဲ့  ဖွင့်ပုံ၊ ဖွင့်နည်းလေးကိုပဲ ဆွေးနွေး ရေးသားပါတယ်…


ကွန်ပျူတာကို သုံးခြင်းဖြင့် နည်းပညာများ တိုးတက်ပါစေ…






လွမ်းဧကရီ
၂၁-၀၆-၂၀၁၁
ညနေ ၂း၁၀ နာရီ

မျှဝေမည် Twitter

No comments:

Post a Comment

daweiit@gmail.com