ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 14 December 2015

iPhone 6S ကို သုံးကြိမ်အားသွင်းနိုင်မည့် 10,000mAh ဘက်ထရီ ပါဝင်သော စမတ်ဖုန်း

တစ်ကြိမ်အားသွင်းလျှင် ၁၅ ရက်အထိ သုံးနိုင်သော Oukitel K10000 စမတ်ဖုန်းကို ယခုအခါ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမတ်ဖုန်းသည် ၉ မီလီမီတာအထူရှိပြီး အကျယ် ၇၇ မီလီမီတာ၊ အမြင့် ၁၄၃ မီလီမီတာဖြစ်ကာ အလေးချိန်က ၁၈၄ ဂရမ်ဖြစ်သည်။

၎င်းတွင် ပါဝင်သည့် 10,000mAh ဘက်ထရီသည် စမတ်ဖုန်းအားသွင်းရန်အတွက် သယ်ဆောင်အသုံးပြုနေကြသော external portable USB charger များတွင် ပါဝင်သည့် ဘက်ထရီထက် ပိုမိုကြီးမားသည်။ Quick-Charge ကို ထောက်ပံ့ပေးထားသောကြောင့် ၀ မှ ၁၀၀ ရာခိုင်နှုန်းကို အားသွင်းရန် အချိန် ၃.၅ နာရီကြာမြင့်မည်ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းသည် အခြားသော ထုတ်ကုန်များကိုပါ အားသွင်းပေးနိုင်ပြီး power-out feature ဖြင့် iPhone 6S သုံးလုံးကို အားအပြည့်သွင်းပေးနိုင်သည်။

Oukitel K10000 စမတ်ဖုန်းကို အရွယ်ကြီးမားသည့် ဘက်ထရီအပြင် ၅.၅ လက်မ 720p screen, 1GHz quad-core MediaTek processor, 2GB RAM နှင့် 8MP ကင်မရာတို့ဖြင့် အသုံးပြုနိုင်သည်။ Operating System က Android 5.1 Lollipop ဖြစ်ပြီး 4G LTE နှင့် dual-SIM တို့ကို ထောက်ပံ့ပေးထားသည်။
၎င်းစမတ်ဖုန်းကို Gearbest တွင် အမေရိကန်ဒေါ်လာ ၂၄၀ ဖြင့် ကြိုတင်မှာယူနိုင်သည်။

Ref: 9to5Google
Credit internetjournal 
သီဟထိုက် My Page

သိပ္ပံနည်းပညာဆိုင်ရာ ပြပွဲ ကျင်းပမည်



သိပ္ပံနည်းပညာဆိုင်ရာပြပွဲ နှင့် ဟောပြောပွဲ "သိပ္ပံပွဲခင်း-၂၀၁၅ " ကို ရန်ကုန်တက္ကသိုလ်မှ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ဒီဇင်ဘာလ ၁၈ ရက် မှ ၂၀ ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ပြပွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ ဆန်းသစ် သိပ္ပံပြပွဲ/ပြိုင်ပွဲ၊ သိပ္ပံနည်းပညာဆိုင်ရာ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများ၊ သုတေသန လုပ်ငန်းသုံး စက်ကိရိယာများနှင့် ပတ်သက်သော သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာများကို ခင်းကျင်းပြသသွားမည့် အပြင် ဟောပြောပွဲများလည်း ပါဝင်မည် ဖြစ်သည်။

ပြပွဲသို့ တက္ကသိုလ်၊ ကောလိပ်များ၊ ဝန်ကြီးဌာနများ၊ သိပ္ပံနည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ဝင်ရောက်ပြသနိုင်မည်ဖြစ်ပြီး ပါဝင်ပြသလိုသူများ အနေဖြင့် ဖုန်း - ၀၁ - ၅၀၂၀၇၄၊ ၀၉၇၉၂၉၉၁၄၇၁၊ ၀၉ ၅၀၄၇၆၅၀ တို့သို့ ဆက်သွယ် ပါဝင်နိုင်ကြောင်း သိရသည်။

Credit  internetjournal
သီဟထိုက် My Page

Friday 11 December 2015

eBook Search Pro For Ios

 
 eBook Search Pro ဆိုသည့် app သည် iPhone, iPad တို့ပေါ်တွင် အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ Pro version တွင် eBook ပေါင်း 60,000 နဲ့အထက်ကို ရှာဖွေပေးနိုင်မည်ဖြစ်ပြီး eBook Reader များထဲသို့ တိုက်ရိုက် ထည့်သွင်းအသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။

အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit internetjournal
သီဟထိုက်
ယခုတင်ပေးထားသော App အား(မြောက်ဒဂုံ၃၅မှတ်တိုင်အနီး " ဆွေသဟာ" ဖုန်းဆိုင်တွင်အခမဲ့ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

GoPro Karma ဒရုန်းကို ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိမည်


Karma ဟုခေါ်သော ကင်မရာတပ်ဆင်ထားသည့် ဒရုန်းကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်တွင် ဖြန့်ချိရန် စီစဉ်ထားကြောင်း GoPro မှ ထုတ်ဖော်ပြောကြားသည်။

GoPro သည် အောက်တိုဘာလက အနည်းဆုံး 2.5K resolution ဖြင့် ရိုက်ကူးထားပြီး 1440p YouTube viewing option ဖြင့် ကြည့်ရှုနိုင်သော ကြော်ငြာဗီဒီယိုကို ဖြန့်ချိခဲ့သည်။ ယခုထုတ်ပြန်ကြေညာချက်တွင်လည်း ကုမ္ပဏီက အဆိုပါ ဗီဒီယိုကို ပြန်လည်အသုံးပြုခဲ့သည်။

GoPro တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ နစ်ခ်ဝုဒ်မန်းက ကုမ္ပဏီအနေဖြင့် quadcopter တစ်ခုကို လုပ်ဆောင်နေကြောင်း မေလက Re/code ကွန်ဖရင့်စ်တွင် အတည်ပြုပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ရှုထောင့်အသစ်ကနေ ကြည့်ရှုရတာက မယုံနိုင်လောက်အောင်ကို ကောင်းမွန်လှပါတယ်။ ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ ဒီလို ရှုထောင့်အသစ်နဲ့ ကြည့်ရှုတာကို ကျွန်တော်တို့ရဲ့ GoPro ကင်မရာတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့က quadcopter ဈေးကွက်မှာ အလားတူ အခွင့်အရေးတစ်ခုကို တွေ့ရှိထားပါတယ်” ၎င်းက ဆိုခဲ့သည်။

GoPro ၏ Karma ဒရုန်းကို ဒေါ်လာ ၅၀၀ မှ ၁၀၀၀ အကြား ကျသင့်ဖွယ်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချသည့်တန်ဖိုးနှင့် ပတ်သက်၍ ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဒရုန်းနှင့် ပတ်သက်သော သတင်းများအတွက် မှတ်ပုံတင်ထားပါက Karma ဒရုန်းတစ်စင်းကို အခမဲ့ ရရှိနိုင်မည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: Engadget
Credit internetjournal
သီဟထိုက်

Android သုံးစွဲသူ ၇၂ ရာခိုင်နှုန်းနီးပါးက နှစ်နှစ်သက်တမ်း ကြာမြင့်သည့် OS ကို အသုံးပြုနေဆဲဟုဆို





၇၁.၆ ရာခိုင်နှုန်းသော Android ထုတ်ကုန်များသည် Lollipop မတိုင်မီ ထွက်ရှိခဲ့သည့် OS ဗားရှင်းများကို အသုံးပြုနေဆဲဖြစ်ကြောင်း ယခုတစ်ပတ်အစောပိုင်းက Google မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အထူးသဖြင့် Android ၃၆.၆ ရာခိုင်နှုန်းသည် လွန်ခဲ့သည့် ၂ နှစ်က ထွက်ရှိခဲ့သော Android 4.4 KitKat ကို အသုံးပြုနေလျက်ရှိသည်။ Android ထုတ်ကုန် ၂၆.၉ ရာခိုင်နှုန်းတွင်မူ Jelly Bean ဗားရှင်းအမျိုးမျိုးကို သုံးစွဲလျက်ရှိသည်။ Jelly Bean သည် ၂၀၁၂ ခုနှစ် ဇွန်လက ထွက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက update ပြုလုပ်ပေးခြင်း မရှိတော့ပေ။

နှိုင်းယှဉ်ချက်များအရ iOS သုံးစွဲသူ ၇၀ ရာခိုင်နှုန်းသည် စက်တင်ဘာလက ထွက်ရှိခဲ့သော iOS 9 ကို အသုံးပြုနေကြသည်။ Android သုံးစွဲသူများစွာကမူ လာမည့် ၁ နှစ် သို့မဟုတ် ၂ နှစ်အတွင်း ထွက်ရှိမည့် Android 6.0 Marshmallow ကို သုံးစွဲရန် စောင့်ဆိုင်းလျက်ရှိသည်။

Ref: BGR
Credit internetjournal
သီဟထိုက်

Offline ဖြစ်နေပင်လျှင် Facebook post များ၌ comment ရေးသားနိုင်မည်

 
 
နာမည်ကျော် လူမှုရေးကွန်ရက်ဖြစ်သော Facebook ကို သုံးစွဲသူများသည် ယခုအခါ ၎င်းတို့၏ ဖုန်းများ offline ဖြစ်နေပင်လျှင် post များ၌ comment များ ရေးသားနိုင်ပြီ ဖြစ်သည်။

ထို့အတွက်ကြောင့် သုံးစွဲသူတစ်ဦးက အင်တာနက်လိုင်းမကောင်းသည့် နေရာသို့ ရောက်ရှိနေသည့်အခါ Facebook app ကို ဖွင့်ထားပြီး ပေါ်လာသည့် post များကို ဆက်လက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

သုံးစွဲသူများသည် offline ဖြစ်နေစဉ်တွင် post များ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Like နှင့် Share ပြုလုပ်နိုင်သည်။ ၎င်း မိုဘိုင်း app သည် offline ဖြစ်နေစဉ် ပြုလုပ်ထားသည့် လုပ်ဆောင်ချက်အားလုံးကို သိမ်းဆည်းပေးထားမည် ဖြစ်ပြီး သုံးစွဲသူက လိုင်းမိသည့်နေရာသို့ ရောက်ရှိသည့်အခါ အဆိုပါ လုပ်ဆောင်ချက်အားလုံးကို အလိုအလျောက် ပြုလုပ်ပေးမည် ဖြစ်သည်။

Offline comment ရေးသားခြင်းကို လက်ရှိတွင် Android app ၌သာ ပြုလုပ်နိုင်သည်။ အဆင့်မြှင့်တင်မှုအသစ်များကို အခြားသော platform များထံ မကြာမီ ဆက်လက်ဖြန့်ချိပေးသွားမည်ဟု Facebook မှ ပြောကြားခဲ့သည်။

Ref: NYDailyNews
Credit internetjournal

သီဟထိုက်
 

Saturday 15 August 2015

Android မှာ မိမိလက်ရေးနဲ့ စာရိုက်မယ်

မင်္ဂလာပါဗျ ...
Root လုပ်ပီ စက်ရုပ်ဖုန်းတွေမှာ စာလုံးတွေကိုလက်ကွက်နဲ့မရိုက်ဘဲ လက်ရေးနဲ့ရိုက်နိုင်မယ့် ကီးဘုတ်လေး တစ်ခုနဲ့မိတ်ဆက်ပေးပါမယ် ... Sanmyanmar Keyboard ဆော့ဝဲလ်လေးပါ ... ကီးဘုတ်လေးကို အသုံးပြု မယ်ဆိုရင် Sanpya.ttf {HTC ဖောင့်လေးပါ ...}ဖောင့်လေးပါ လိုပါမယ် ...


Full keyboard mode:

Keypad mode:


Handwriting recognition:


Other features:



ကီးဘုတ်နဲ့ ဖောင့်ထည့်သွင်းပုံအသေးစိတ်ကိုတော့ အောက်မှာ ပုံနဲ့ရေးပေးထားပါတယ် ...

Hidden content

လိုအပ်တဲ့ ဆော့ဝဲလ်နှစ်ခုကိုဒေါင်းပါဗျ ...
1/ Sanmyanmar Keyboard_1.0 [Android 2.3.3+] {2.80 MB}

2/ Myanmar Font_1.0 [Android 1.5+] {1.03 MB}

Sanmyanmar Keyboard ကိုဖုန်းမှာ Install လုပ်ပါ ... ဖွင့်ကြည့်မယ်ဆိုရင် အောက်ကပုံအတိုင်းတွေ့ပါမယ် ... En မှာတော့ အမှန်အတိုင်းပါ ... MM ဘက်မှာတော့ တရုတ်လို (သို့)(လေးထောင့်တုံး)တွေပဲ ပေါ်ပါမယ် ... ဒီမှာ မိမိတို့စက်ထဲမှာ Sanpya.ttf ဖောင့်ထည့်ထားပီးသား သူများကတော့ အသုံးပြုလို့ရပါပီဗျ ...



မြန်မာလိုပေါ်ဖို့အတွက် ဖောင့်ထည့်ရပါမယ် ... Myanmar Font.apk ကို Install ပီရင် ဖွင့်လိုက်ပါ ...
ပုံထဲကလိုတွေ့ပါမယ် ... {မှတ်ချက် - Root လုပ်ထားရန်နဲ့ Busybox သွင်းထားရန်လိုပါတယ် ...}

Android 4.x အထက်ဆိုရင် အပေါ်ဘောက်ကိုနှိပ်ပါ ...
Android 2.x Or 3.x ဆိုရင် အောက်ဘောက်လေးကိုနှိပ်ပေးပါ ...
Superuser Request တောင်းလာပါမယ် .... Allow (or) Grand လုပ်ပါ ... ပီရင် ဖုန်းကို Restart (or) Reboot လုပ်ပီ အသုံးပြုနိုင်ပါပီခင်ဗျာ ...
မျှားပြထားတဲ့ စက်သွားလေးကိုနှိပ်ပီး Sanpya (or) Zawgyi ကြိုက်တဲ့ဖောင့်နဲ့ရိုက်နိုင်ပါတယ် ...



ဖောင့်ကို apk နဲ့မသွင်းချင်သူများက Sanpya.ttf ဖောင့်ကို Root Explorer ကနေသွင်းနိုင်ပါတယ် ...
Root Explorer ကိုဖွင့် ... ညာဘက် SD ဘက်မှာဒေါင်းထားတဲ့ Sanpya.ttf လေးကို Copy လုပ်ပါ ...
ပီရင် Root Explorer ဘယ်ဘက်ခြမ်းက System >> Fonts ထဲမှာ Paste (or) Copy here လုပ်ပါ ...
Permission ကို r - w - r - r --- လို့ပြောင်းပီ Reboot လုပ်ပီသုံးနိုင်ပါပီ ...


လက်ရေးနဲ့ရေးချင်တဲ့သူများကတော့ အောက်ပုံထဲမှာ မျှားပြထားတဲ့ လက်ကွက်ပုံးလေးကိုကလစ်ပီ ကျွန်တော်ဝိုင်းပြထားတာလေးကိုရွေးပေးလိုက်ပါ ...




မူရင်း Chinese လေ့လာချင်ရင်ဒီမှာကလစ်ပါ ...
ဒီလင့်က Google နဲ့ Chinese ဆိုဒ်ကို Translate လုပ်ထားတဲ့လင့်ပါ ...



ကျန်တာတွေတော့ ကိုယ့်ဟာကိုယ်တာ ဆက်ကလိကြည့်ကြပါခင်ဗျာ ...
အဆင်ပြေပါစေဗျ ...

 Credit to mpxteam&ZawMyoOo
Thiha Htike(THT)
My Facebook Account Click

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)

အဝင် Message လေးတွေကိုပြင်မယ်

ကျွန်တော်လည်းပတ်မွှေရင်းတွေ့တာပါ ကဲအောက်မှာ ကလိချင်သူများကိလိပြီးလိုတာယူသုံးပေါ့ဗျာ...
Credit to paypaylay99
 
Thiha Htike(THT)
ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
  ++++++++++++++++++++++++++++++++++++++++++++

ကဗျာဂျာနယ်အတွဲ(၅)(၁၅.၈.၂၀၁၅)

ကျွန်တော်တို့ကဗျာဂျာနယ်လေးကလည်းအကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်နေခဲ့တာကြာခဲ့ါပြီ 
အလုပ်တွေထဲမှာမအားလို့ကတစ်ကြောင်း အကြောင်းအမျိုးကြောင့် မအားလို့ကတစ်ကြောင်း
နားနေခဲ့တာအခုမှသာဆက်ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကိုနားလည်ပေးကြပါခင်ဗျာ
နောက်ပြီးကျွန်တော့်မှာplanလေးတစ်ခုရှိပါတယ်အဲ့planလေးကနောက်ပို့စ်တစ်ခုမှာတင်ပေးပါ့မယ်
အခုတော့ဒီပို့စ်လေးမှာ အရင်တိုင်းကဗျာလေးတွေတင်ပေးလိုက်ပါတယ်ခင်ဗျာ...အားပေးကြပါအုံးနော်....
ဧပရယ်14ရဲ့ညလေးတညမှာ
လေပြေတွေတို့နှစ်ယောက်နှင့်အတူပျော်လို့
ချစ်ဦးသူနူတ်ခမ်းဖျားလေးက
တယောသံစဉ်အလား ချစ်တယ်တဲ့
နားထဲမှာနားဝင်ချိုရင်း........

ကဗျာရေးသူ=y.ke
 


ကောင်းလေးရေ
ချစ်တယ်မပြော
ချစ်တယ်မဖြေဘဲ
တို့နှစ်ယောက်ချစ်မိသွားခဲ့ကြတယ်
မုန်းတယ်မပြောဘဲ လမ်းခွဲခဲ့ကြတယ်
ဒါပေမဲ့...
အချိန်နဲ့အမျှ ပိုလာတဲ့ သံဃောဇဉ်တွေကို
တကယ်ပဲဖြတ်ပစ်နိုင်မှာတဲ့လား
ကြယ်နူးခဲ့အချိန်လေးတွေကိုရော
တကယ်ပဲမေ့လိုက်ရတော့မှာလား
ကောင်လေးရယ်.......

ကဗျာရေးသူ=JULIARအိစံ
(အ.ထ.က ဖားကန့်)
 


မျဉ်းပြိုင်သစွာ
နှလုံးသားတစ်ခုအရင်းတည်လို့
တစ်ဘ၀စာချစ်ခဲ့ပေမယ့်
မင်းကတော့စိမ်းကားရက်တယ်
BFFလို့မင်းဆိုပေမယ့်
နှလုံးသားရူံးတဲ့ ငါ့မှာ
ဆွဲအားမရှိတဲ့နေရာတစ်ခုမှာ
ဆုံခွင့်ရှိတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို
ထာဝရသစွာရှိနေပါ့မယ်

ကဗျာရေးသူ=နောင်သူရိန်(သာစည်သား)
 
 


ဗေဒါနှင့် နေရာ
**********

#ဆရာဇော်ဂျီရေးသီပါခဲ့
ဗေဒါပန်းမြ
နူးညံ့စွလျင်
လောက၏ဒါဏ်လောကဓံကို
ခံလျက်ရင်ဆိုင်
စိတ်မယိုင်ပဲ
ခိုငခိုင်လျှမ်းလျှမ်း
လန်းမြဲလန်းရျွှ်
ပန်းပန်လျက်ပါမဗေဒါဟု
သူငါဒုဒေး
အားဆေးကျွေးသည်
တတ်သွေးဖြန်းဖြန်း
ထ ;ဘိသော။
#ဇော်ဂျီဆရာ
ဥပမာပြ
လောက၏ဒါဏ်လောကဓံအား
တော်လှန်ကျော်လွှား
သူ့စိတ်ထားကို
စံထားနမူ
ခံစားယူလည်း
သူသူငါငါ
လူတကာတို့
တူစွာတိုင်ပင်
လားသို့လျှင်တည့်
ဦးတင်ညွှတ်တွား
မြတ်ဘုရားဉ်
ပန်းများဝေေ၀တင်သချေဝယ်ကြေးငွေတစ
မပေးရသည်

ကဗျာရေးသူ=မသိ :(
 
 


ရှေ့ကိုလေအစဉ်လှမ်း
ချေလှမ်းတိုးရွှေ့သမျှ
ကျန်ခဲ့သူ ပူရှစေရင်
ထွက်ခွာသူ
သင်ပြန်ကြည့်လှည့်ပါ

ကဗျာရေးသူ=အောင်သိန်းဟန်(ချပ်သင်း)
 
 


"သစွာ"
လိမ်မပြောတတ်တဲ့
ငါ့နှလုံးသားက
ဘယ်တော့မှညာမပြောဘူးဆိုတာယုံ
တစ်ကြိမ်မှာတစ်ခါတည်းဖြစ်တည်လို့....

ကဗျာရေးသူ=မသိ:(
 
 


ရင်ခွင်နန်းတော်
***********
ပြေးထွက်ခဲ့ချင်ပြီ
ဟန်ဆောင်အပြုံးအပျော်တွေတော်ပါတော့။
ရတနာစိမ်ကျောက် ဇယ်တောက်တောက်လည်း
မကစားချင်တော့ဘူး။
ခမ်းနားတဲ့နန်းတော်
တကယ် မောင့်ရင်ခွင်လောက်
မနွေးထွေးဘူး...။


ကဗျာေ၇းသူ=Dညနေ
အားလုံးအတွက် အစဉ်ကြိုးစားလျက်...
သီဟထိုက်(THT)

Friday 14 August 2015

Galaxy Note 5 နှင့် Galaxy S6 Edge+ တို့ကို Samsung ပွဲထုတ်မိတ်ဆက်


 


Samsung သည် နယူးယောက်တွင် ကျင်းပပြုလုပ်ခဲ့သော ပွဲတစ်ခု၌ Galaxy Note 5 နှင့် Galaxy S6 Edge+ တို့ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ phablet သစ်များကို အမေရိကန်နှင့် ကနေဒါတွင် သြဂုတ်လ ၂၁ ရက်၌ စတင်ရောင်းချမည် ဖြစ်သည်။ လက်ရှိတွင် အမေရိကန်၌ ကြိုတင်အမှာစာများ လက်ခံနေပြီး တန်ဖိုးမှာ Note 5 အတွက် စာချုပ်နှင့် ဒေါ်လာ ၂၀၀ ကျသင့်မည်ဖြစ်သည်။ S6 Edge+ ၏ စာချုပ်နှင့် တန်ဖိုးမှာ ဒေါ်လာ ၃၀၀ ဖြစ်သည်။

၎င်းဖုန်းနှစ်မျိုးစလုံးတွင် ၅.၇ လက်မ screen များကို အသုံးပြုထားပြီး Edge ၏ display တွင်မူ ဘေးတစ်ဘက်တစ်ချက်စီ၌ ကွေးညွှတ်ထားသည်။ ၎င်းတို့ကို သတ္တုဖန်ထည်ဒီဇိုင်းဖြင့် ဖန်တီးထားသည်။

အထက်ပါ phablet သစ် နှစ်မျိုးတွင် Android 5.1 Lollipop, 16MP rear-facing ကင်မရာနှင့် 5MP front-facing ကင်မရာတို့ကို အသုံးပြုထားသည်။ ထို့အပြင် Galaxy S6 နှင့် Galaxy S6 Edge တွင် ပါဝင်သော ချစ်ပ်များအတိုင်း အဆင့်မြင့် နည်းပညာဖြင့် တည်ဆောက်ထားသော Samsung ၏ Exynos 7420 eight-core ပရိုဆက်ဆာများကိုလည်း အသုံးပြုထားသည်။ လျင်မြန်သော အားသွင်းစနစ်နှင့် လျင်မြန်သော ကြိုးမဲ့အားသွင်းစနစ် လုပ်ဆောင်ချက်များ ပါဝင်ပြီး Samsung Pay ဖြင့် ငွေပေးချေနိုင်ရန်အတွက် NFC ချစ်ပ်များကိုလည်း ထည့်သွင်းပေးထားသည်။

S6 Edge+ သည် Note 5 ထက် အရွယ်အနည်းငယ် သေးငယ်ပြီး အလေးချိန်မှာ ၁၅၃ ဂရမ်ဖြစ်သည်။ Note 5 ၏ အလေးချိန်က ၁၇၁ ဂရမ် ဖြစ်သည်။ Edge+ အနက်ရောင်၊ ရွှေရောင်၊ ငွေရောင်တို့ဖြင့် ရရှိမည် ဖြစ်သည်။ Note 5 အတွက် အနက်ရောင်၊ အဖြူရောင်ဖြင့် ရွေးချယ်နိုင်သည်။ Note တွင် stylus တစ်ခု ပါဝင်သော်လည်း Edge+ တွင်မူ ပါဝင်ခြင်း မရှိပေ။

Galaxy Note 5 ကို 32GB နှင့် 64GB ဖြင့် ရရှိနိုင်ပြီး စာချုပ်မပါ တန်ဖိုးမှာ 32GB အတွက် ၈၄၀ ဒေါ်လာ၊ 64GB အတွက် ၉၁၅ ဒေါ်လာ အသီးသီးကျသင့်မည်ဖြစ်သည်။

Edge+ ကိုလည်း 32GB, 64GB ဖြင့် ရရှိနိုင်ပြီး စာချုပ်မပါ တန်ဖိုးမှာ 32GB အတွက် ၈၁၅ ဒေါ်လာ ဖြစ်ကာ 64GB အတွက် ၉၁၅ ဒေါ်လာဖြစ်သည်။

Ref: CNET
 Credit=>internetjournal
Thiha Htike(THT)
 My Facebook Account Click

MPT ၏ E top-up ဝန်ဆောင်မှုတွင် ၅၀၀ ကျပ်မှ စတင်၍ ဖုန်းဘီလ်များ ဖြည့်သွင်းနိုင်ပြီ


 မန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် ယနေ့မှစတင်၍ မိမိတို့၏ ဖုန်းဘီလ်များအား အနည်းဆုံး ၅၀၀ ကျပ်မှ စတင်ဖြည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။


ယခုကဲ့သို့ ၅၀၀ ကျပ်မှစတင်၍ ဖုန်းဘီလ်ဖြည့်သွင်းနိုင်သည့် ဝန်ဆောင်မှုကို MPT ၏ E top-up စနစ်တွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်။
ယနေ့မှ စတင်လိုက်သော ဝန်ဆောင်မှုအား ပြည်တွင်း၌ ဖွင့်လှစ်ထားသော E top-up အရောင်းဆိုင်များတွင် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit=>internetjournal
Thiha Htike(THT)
My Facebook Account Click

Redmi Note 2 နှင့် Redmi Note 2 Prime ကို Xiaomi မိတ်ဆက်




တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi သည် ကုမ္ပဏီ၏ ဈေးသက်သာသော phablet Redmi Note အား အဆင့်မြှင့်ထားသည့် Redmi Note 2 နှင့် Redmi Note 2 Prime တို့ကို ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။

Redmi Note 2 ကို ၇၉၉ ယွမ် (၁၂၅ ဒေါ်လာ) ဖြင့်လည်းကောင်း Prime ကို ၉၉၉ ယွမ် (၁၅၅ ဒေါ်လာ) ဖြင့်လည်းကောင်း အသီးသီး ရောင်းချမည် ဖြစ်သည်။

Redmi Note 2 တွင် ၅.၅ လက်မ full-HD (1080x1920p) display ကို အသုံးပြုထားပြီး အရွယ်အစားမှာ ၁၅၂ x ၇၆ x ၈.၂၅ မီလီမီတာ ဖြစ်သည်။ အလေးချိန်က ၁၆၀ ဂရမ်ဖြစ်သည်။

2GHz MediaTek Helio X10 octa-core ပရိုဆက်ဆာနှင့် 2GB LPDDR3 RAM တို့ကို အသုံးပြုထားပြီး 16GB သိုလှောင်မှုပမာဏဖြင့် ရရှိနိုင်သည်။ Prime တွင် 2.2GHz MediaTek Helio X10 octa-core ပရိုဆက်ဆာ အသုံးပြုထားပြီး သိုလှောင်မှုပမာဏမှာ 32GB ဖြစ်သည်။
http://www.internetjournal.media/sites/all/modules/contrib/ckeditor/ckfinder/core/connector/php//images/11896032_10153126890172825_822859549205982795_n.jpg
ကျောဘက်ကင်မရာမှာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာမှာ 5MP ဖြစ်သည်။ Android 5.0 Lollipop ကို Xiaomi ၏ MIUI 7 skin သစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Redmi Note 2 သည် dual-sim ဖုန်းဖြစ်ပြီး 3060mAh ဘက်ထရီကို အသုံးပြုထားသည်။ 3G, 4G LTE, Bluetooth နှင့် GPS ချိတ်ဆက်မှုတို့ကို ထောက်ပံ့ပေးထားသည်။

ထို့အပြင် Xiaomi သည် customised Android ROM ဗားရှင်းသစ်ဖြစ်သော MIUI 7 ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ၎င်း software သစ်တွင် Gallery app ၌ face recognition စနစ် ပါဝင်မှု အပါအဝင် feature သစ်အချို့ ပါဝင်လာသည်။ အဆိုပါ ROM ကို ကမ္ဘာတစ်ဝန်းသို့ သြဂုတ်လ ၁၉ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။

Ref: Times of India
Thiha Htike(THT)
  My Facebook Account Click

Thursday 13 August 2015

အဝေးထိန်း လေယာဉ်နှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများ တင်ပို့ရောင်းချမှု တရုတ်ကန့်သတ်ခဲ့





တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီး (MOC) သည်သြဂုတ်လ ၁၅ ရက်မှ စတင်၍ စွမ်းဆောင်ရည်မြင့် အဝေးထိန်း လေယာဉ်များ နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချမှုကို ပိတ်ပင်ခဲ့သည့် အမိန့်စာကို ထုတ်ပြန်ခဲ့သည်။
ယခုကန့်သတ်မှုသည် အဆင့်မြင့် အဝေးထိန်း လေယာဉ်များနှင့် အခြားနည်းပညာများ အနေဖြင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်သောကြောင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အစိုးရပိုင်သတင်းစား China Daily ကဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ၏ စည်းမျဉ်းသစ်များအရ အဆင့်မြင့် အဝေးထိန်းလေယာဉ်များနှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများကို နိုင်ငံရပ်ခြားသို့ တင်ပို့မည့် ကုမ္ပဏီများအတွက် နိုင်ငံတွင်းရှိ ကုန်သွယ်ရေး အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူရန် ပထမဦးစွာ စာရင်းသွင်းရမည် ဖြစ်သည်။

တရုတ်အာဏာပိုင်များက လေပေါ်တွင် တစ်နာရီနှင့်အထက် ပျံသန်းနိုင်သော အဝေးထိန်း လေယာဉ်များကို အဆင့်မြင့် အဝေးထိန်းလေယာဉ်အဖြစ် သတ်မှတ်ထားသည်။ ယခုတားမြစ်မှုတွင် စီးပွားဖြစ် အသုံးပြုသော အဝေးထိန်းလေယာဉ် အကျုံးမဝင်သော်လည်း တရုတ်ကုမ္ပဏီများ၏ နည်းပညာကို အဓိကကာကွယ်ပေးမည့် ဥပဒေဖြစ်ကြောင်း စီးပွားဖြစ် အဝေးထိန်းကုမ္ပဏီ DJI Technology ဒုဥက္ကဌ ရှန်ဂျန်ဟိုက ပြောကြားခဲ့သည်။

အဝေးထိန်း လေယာဉ်များကို စာရင်းပေးသွင်း တင်ပို့မည့် တရုတ်ကုမ္ပဏီ များအနေဖြင့် နည်းပညာအသေးစိတ် ဖော်ပြချက်နှင့်အတူ တင်ပို့ရောင်းချခြင်းကို လက်ခံသူနှင့် ၎င်းကနည်းပညာကို ဘယ်သို့ဘယ်ပုံ အသုံးချမည့် အကြောင်းကို ဖော်ပြရန်လိုအပ်သည်။ အဆိုပါ လုပ်ငန်းစဉ်သည် ၄၅ ရက်နှင့်အထက် ကြာမြင့်နိုင်သော်လည်း ၎င်းအချိန်အပိုင်းအခြားမှာ အစိုးရ၏ ဗျူရိုကရေစီစနစ်အရ မကြာမြင့်သည့် ကာလတစ်ရပ်ဖြစ်ကြောင်း သိရသည်။ တရုတ်အာဏာပိုင်များ သည် တစ်စက္ကန့်လျှင် 8 tera floating-point operations ထက်ပိုမိုစွမ်းဆောင်နိုင်သော စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများကို နိုင်ငံပြင်ပသို့ တင်ပို့ခွင့်မပြုတော့ပေ။

Ref: Mashable
Credit=>internetjournal
Thiha Htike(THT)
My Facebook Account Click

ရေ​ဘေးဒုက္ခသည်​များအတွက်ငါတို့တတ်နိုင်သလောက်ကူညီကြစို့...(Let"s Save Our People #Myanmar...)

မြန်မာပြည်သူပြည်သားအားလုံးပဲမင်္ဂလာပါခင်ဗျာ တစ်ဖက်သားဒုက္ခရောက်နေရင် တတ်နိုင်သလောက်ကူညီဖေးမရမယ်ဆိုတာမြတ်ဗုဒွ၏တရားတော်ထဲမှာပါသလိုလူသားတိုင်းလိုက်နာကျင့်သုံးရမယ့်လမ်းစဉ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပြောချင်တာကအခုကျွန်တော်တို့မြန်မာနိုင်ငံမှာရာသီဥတုအလျောက် ​ရေ​ ဘေးဒုက္ခများကြုံတွေ့နေရာတာလူတိုင်းအသိပါပဲခင်ဗျာသက်ဆိုင်ရာကကူညီပေးနေသလိုပြည်သူလူထုကလည်းတတ်နိုင်သလောက်ကူညီပေးနေကြပါတယ်ခင်ဗျာအဲ့တွင်ကျွန်တော်တို့အဖွဲ့လေးကလည်းတစ်ဖက်တစ်လမ်းကကူညီပေးချင်တဲ့ပြင်းထန်တဲ့စိတ်စေတနာကြောင့်အခုလိုသက်ဆိုင်သောအများပြည်သူများကိုလက်ဆင့်ကမ်းအလှူလေးတတ်နိုင်သလောက်အကူညီခံရခြင်းဖြစ်ပါတယ်ခင်ဗျား...။ ။
 White Leaf Organization မှ ​ရေ​ဘေးဒုက္ခသည်​များအတွက်​ အလှူ ခံခြင်း -ကျွန်​​တော်တို့ White Leaf Org မှလူငယ်​များအ​နေနဲ့​အခုဖြစ်​​ပေါ်​နေတဲ့​ရေ​ဘေးဒုက္ခသည်​များအတွက်​ မိမိတို့တက်​စွမ်းသမျှအင်​အားဖြင့်​ကူညီသွားဖို့ရှိရာပါတယ်​ခင်​ဗျ ထို့ရာတွင်​​ငွေ​ကြေးအခက်​အခဲနဲ့ လှူ ဖွယ်​ပစ္စည်​များမှာ နဲပါး​နေ​သေးပါသဖြင့်​ ​​စေနာရှင်​များ၏ အကူအညီများနှင့်​အခြားအဆက်​အသွယ်​များကို အ​ရေးကြီးစွာလိုအပ်​​နေပါတယ်​ ။
 ကျွန်​​တော်​တို့ Organiation မှ အလှူ ခံ၍ရလာ​သော ​ငွေ​ကြေးများအား စား​သောက်​ကုန်​နှင့်​ အခြားပစ္စည်းများဝယ်​ယူ၍ ​လေ​ကြောင်းအကူအညီတစ်​ခုဖြင့်​ ဒုက္ခသည်​စခန်းများသို့ပို့​ဆောင်​​ပေးမည်​ဖြစ်​ပါသည်​အကယ်​၍ ကုန်းလမ်းများသွားလာ၍ရလာလျှင်​မိမိတ်ို့ကိုယ်​တိုင်​ လူအားဖြင့်​ပါဒုက္ခသည်​များရှိရာသို့သွာ​ရောက်​လှူဒါန်းမည်​ဖြစ်​ပါသည်​ ။
  သို့ဖြစ်​ပါ၍ မိမိတို့လှူ ဒါန်းချင်​သည့် ပစ္စည်​နှင့်​​ငွေ​ကြေးများအားနဲသည်​များသည်​မဆိုထားပါ ပါဝင်​လှူ ဒါန်းကြပါလို့တိုက်​တွန်းလိုပါတယ်​ခင်​ဗျာအကယ်​၍ လာ​ရောက်​ယူပါဆိုလျှင်​လဲ ကျွန်​​တော်​တို့ လူငယ်​များမှကိုယ်​တိုင်​လာယူဖို့အသင့်​အ​နေအထားမှာရှိ​နေပါတယ်​ခင်​ဗျာ ဆက်​သွယ်​စုံစမ်းနိုင်​မည့်​ဖုန်းနံပါတ်​များက​တော့
 -Zay Ye Htut(09795370779) Khant Zawoo (09799866722) Thiha Htetnaing-(09421063148) အ​ဝေး​ရောက်​​စေတနာရှင်​များအတွက်​က​တော့- White Leaf Organizationရဲ့ATM Cardဖြစ်​တဲ့ 9503090000552228 AGD card 016100100046210 UAE card ကိုငွေလွှဲပေးနိုင်ပါတယ်ခင်ဗျာ
 Facebook Page - White Leaf Organiztion https://m.facebook.com/whiteleaforgamisation လာ​ရောက်​လှူဒါန်းနိုင်​မည့်​​နေရာ- မဟာမြိုင်​ကားမှတ်​တိုင်​ အနီး Gusto International College အလှူ ဒါန နည်းများမဆိုပါဝင်​လှူ ဒါန်းနိုင်​ကြပါ​စေ တဆင့်​ share​ပေးချင်းဖြင့်​ကူညီပါ








 
 
Thiha Htike(THT)
thihahtike.it@gmail.com

MyanPay အွန်လိုင်းငွေချေ စနစ်တွင် MPU ကတ် ငွေဖြည့်သွင်းခြင်း စတင် အသုံးပြုနိုင်



MyanPay အွန်လိုင်းငွေချေစနစ်တွင် MPU ကတ် ငွေဖြည့်သွင်းခြင်း စတင်အသုံးပြုနိုင်ကြောင်း တာဝန်ရှိသူက ပြောသည်။

သြဂုတ်လ ၁၀ ရက်မှစတင်ကာ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ယူနိုက်တက်အမရာ ဘဏ်၊ မြ၀တီဘဏ်တို့၏ MPU ကတ်ပိုင်ရှင်များအနေဖြင့် အဆိုပါစနစ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းဘဏ်များတွင် MPU အား အွန်လိုင်းတွင် အသုံးပြုနိုင်ရန်အတွက် သွားရောက် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အသုံးပြုခွင့်ရရှိပါက အွန်လိုင်းမှ MPU အသုံးပြုကာ တိုက်ရိုက် ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း၊ တိုက်ရိုက် ငွေဖြည့်သွင်းပြီး MyanPay နှင့် ချိတ်ဆက်ထားသော ဝက်ဘ်ဆိုက်များတွင် ငွေပေးချေမှု ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

MyanPay နှင့်ချိတ်ဆက်ထားသည့် Online Merchant Website စာရင်းကို http://merchant.myanpay.com.mm/ တွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။ MyanPay ငွေပေးချေမှု စနစ်ဖြင့် ငွေပေးချေနိုင်သော Facebook Page များ၊ Online Shopping Website များ၊ Online Business Website များအား MyanPay ၏ Merchant Directory တွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ MyanPay အသုံးပြု၍ ငွေလက်ခံသော Merchant ဖြစ်ပါက မိမိ၏ Facebook Page (သို့) Online Website အား Merchant Directory တွင် ပါ၊ မပါ စစ်ဆေးကာ Merchant Directory တွင် မပါဝင်သေးပါက support@myanpay.com.mm သို့ ဆက်သွယ်၍ မိမိ၏ Online Business အချက် အလက်များအား ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit=> internetjournal
Thiha Htike(THT)
My Facebook Account Click

Android နှင့် iOS အတွက် EA Sports FIFA ကို စက်တင်ဘာ ၂၂ တွင် ဖြန့်ချိမည်





EA Sports FIFA ကို PC နှင့် ဂိမ်းစက်များအတွက် အမေရိကန်တွင် ဖြန့်ချိမည့် စက်တင်ဘာ ၂၂ ရက်တွင် Android နှင့် iOS ထုတ်ကုန်များအတွက်ပါ ဖြန့်ချိသွားမည်ဟု သိရသည်။

စမတ်ဖုန်းနှင့် tablet များတွင် EA Sports FIFA ကို အခမဲ့ download ပြုလုပ်ကာ ကစားနိုင်မည် ဖြစ်ပြီး ဂိမ်းစက်တွင် ကစားသကဲ့သို့ ဂရပ်ဖစ်၊ အဆင့်မြှင့်ထားသော AI နှင့် လုပ်ဆောင်ချက်သစ်များ ထောက်ပံ့ပေးထားသည်။ ထို့အပြင် မိုဘိုင်းဗားရှင်းဂိမ်းတွင် ကစားသမားက ဂိုးသွင်းပြီး အောင်ပွဲခံမှုများနှင့် ဂိမ်းကစားရာတွင် ချောမွေ့စွာ ကစားနိုင်မည့် control option သစ်များ ပါဝင်လာမည် ဖြစ်သည်။

Feature သစ်အနေဖြင့် လိုချင်သည့် ကစားသမားများကို အလျဉ်းသင့်ရာ ကစားသမားသစ်များနှင့် ဖလှယ်နိုင်ပြီး ပိုကောင်းသည့် ကစားသမားကို ဖလှယ်သည့်အခါ ကြယ်ပွင့်များသည့် ကစားသမားတစ်ဦးကို ပြန်ရနိုင်သည့် အခွင့်အရေးပိုများမည် ဖြစ်သည်။

၎င်းဂိမ်းတွင် နာမည်ကျော် Ultimate Team mode ပါဝင်ပြီး အရေးပါသည့် အပြောင်းအလဲအနည်းငယ် ပြုလုပ်ထားသည်။
 EA Sports FIFA ကို စက်တင်ဘာလ ၂၂ ရက်တွင် စတင်ဖြန့်ချိမည် ဖြစ်သည်။

Ref: NDTV
Credit=> internetjournal
Thiha Htike(THT)
My Facebook Account Click

Wednesday 12 August 2015

MEC ၏ ဖုန်းပြောခနှင့် အင်တာနက် အသုံးပြုခ နှုန်းထားလျှော့ချ





MEC ၏ ဖုန်းပြောခနှင့် အင်တာနက်အသုံးပြုခ နှုန်းထားလျှော့ချသတ်မှတ်လိုက်ကြောင်း မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း (MEC) မှတာဝန်ရှိသူက ပြောသည်။

သြဂုတ်လ ၁၀ ရက်မှစတင်ကာ လျှော့ချလိုက်ခြင်းဖြစ်ကြောင်း၊ ယခင်ဖုန်းပြောခ နှုန်းထားအနေဖြင့် MEC Tel ဖုန်းအမျိုးအစားအချင်းချင်းကို တစ်မိနစ်လျှင် ၃၅ ကျပ်မှ ၂၂ ကျပ်သို့လည်းကောင်း၊ MEC Tel ဖုန်းမှ အခြားအော်ပရေတာများသို့ ခေါ်ဆိုခကို ယခင်တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု ၂၃ ကျပ်သို့ လည်းကောင်း လျှော့ချ သတ်မှတ်လိုက်ကြောင်း တာဝန်ရှိသူက ပြောသည်။

အင်တာနက်အသုံးပြုခ နှုန်းထားအနေဖြင့် ယခင်တစ်မိနစ်လျှင် လေးကျပ်မှ ယခုသုံးကျပ်သို့ လျှော့ချသတ်မှတ် လိုက်ကြောင်း သိရသည်။

MECTEL ဆင်းမ်ကတ် အသုံးပြုသူများအတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ယခု ၁၅ ကျပ်သို့ ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ လျှော့ချခဲ့ကြောင်း၊ ယခင် ကတ်ပျက်၊ ကတ်ပျောက် အတွက် ၂၀,၀၀၀ ကျပ် ပေးသွင်းရရာမှ ၁,၅၀၀ ကျပ် သာ ပေးသွင်းရန် လည်း လျှော့ချသတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။ MEC ဆင်းမ်ကတ်များ၏ တန်ဖိုးမှာ ၁,၅၀၀ ကျပ် ဖြစ်သည်။

Credit=>internetjournal
Thiha Htike(THT)
 My Facebook Account Click

Samsung က ရေဘေးသင့်ပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် လေ့လာနေသည်ဟုဆို





Samsung သည် ရေဘေးသင့်ဒေသများ၏ ပြန်လည်ထူထောင်ရေး အတွက် ကူညီထောက်ပံ့မှုများ ပိုမိုဆောင်ရွက်သွားရန် လေ့လာမှုများ ပြုလုပ်နေသည်ဟု Samsung Myanmar ၏ Managing Director Mr. Nam Sik Ahn က ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ချက် အရ သြဂုတ်လ ၂ ရက်အထိ အိမ်ခြေပေါင်း ၁၆,၃၈၆ အိမ်မှ ပြည်သူပေါင်း ၈၉,၁၀၇ ဦး ရေကြီးမှုနှင့် မြေပြိုမှုများကို ကြုံတွေ့ခံစားနေရသည်ဟု သိရသော်လည်း သတင်းအချက်အလက် ရရှိမှုသည် အနည်းငယ်သာ ရှိသေးကြောင်း ၎င်းက ပြောသည်။

“Samsung အနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာတွင်လည်း မြန်မာနိုင်ငံသားများကို အကူအညီ အထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန် ရှာဖွေလျက်ရှိပါတယ်။ ရေပြန်ကျသွားရင်လည်း ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့ ကူညီထောက်ပံ့မှုများကို ပိုမိုဆောင်ရွက် သွားနိုင်ဖို့ လေ့လာ ရှာဖွေနေပါတယ်” ဟု Mr. Nam Sik Ahn က ဆိုသည်။

Samsung သည် မကြာသေးခင်က ရေဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ကို အစားအသောက်၊ ဆေးဝါးနှင့် အသုံး အဆောင် ပစ္စည်းများကို သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်ဖြစ်ပြီး ဆက်သွယ်ရေး ဆိုင်ရာ စနစ်များ၊ လမ်းပန်းဆက်သွယ်ရေးများ၊ အခြေခံအဆောက်အအုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ လူနေအိမ်များအတွက် ပြန်လည်ထူထောင်ရေး လိုအပ်နေသည်ဟု သိရသည်။

Credit=> internetjournal
Thiha Htike(THT)
My Facebook Account Click

စတုတ္ထမြောက် ဆက်သွယ်ရေးလိုင်စင်အတွက် လျှောက်လွှာတင်သူ မရှိသေး


 မန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ကို စိတ်ဝင်စားသည့် အမျိုးသားအများပိုင် ကုမ္ပဏီ များပြားသော်လည်း လျှောက်လွှာတရားဝင်တင်သည့် ကုမ္ပဏီမရှိသေးကြောင်း အများပိုင် ကုမ္ပဏီ ဖွဲ့စည်းရေးနှင့် တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီ မှသိရသည်။

မြန်မာနိုင်ငံသည် ဆက်သွယ်ရေး အော်ပရေတာ လေးခုထားရှိမည်ဟု တရားဝင် ကြေညာထားပြီး လက်ရှိအချိန်၌ ပြည်ပမှ ဆက်သွယ်ရေး အော်ပရေတာနှစ်ခုနှင့် ပြည်တွင်း မှ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုတို့ကို လိုင်စင်ပေးအပ်ပြီးဖြစ်သည်။

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာကို ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီက ဦးဆောင်အနေဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး ဖိတ်ခေါ်ထားသော အမျိုးသားအများပိုင် ကုမ္ပဏီများ ရှယ်ယာရှင်များအဖြစ် ပူးပေါင်းပါဝင်ကြရမည် ဖြစ်သည်။

“စိတ်ဝင်စားမှုတော့ များတယ်။ ဖောင်တော့ မတင်ကြသေးဘူး။ သတ်မှတ်ထားတဲ့ရက်ကလည်း လိုသေးတယ်။ တချို့ကတော့ လာပြီးဆွေးနွေး မေးမြန်းနေကြတာ ရှိတယ်။ သူတို့တွေ ဖောင်လာ တင်၊ မတင်ဘူးဆိုတာ မသိသေးဘူး။ နီးမှ လာတင်ကြမယ် ထင်တယ်” ဟု အများပိုင် ကုမ္ပဏီဖွဲ့စည်းရေးနှင့် တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။

အများပိုင် ကုမ္ပဏီဖွဲ့စည်းရေးနှင့် တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီသည် ဇူလိုင်လ ၂၆ ရက် နေ့စွဲဖြင့် အမျိုးသား အများပိုင်ကုမ္ပဏီများကို စတုတ္ထမြောက် ဆက်သွယ်ရေးလိုင်စင်အတွက် ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသည့် အမျိုးသား အများပိုင်ကုမ္ပဏီများသည် သြဂုတ်လ ၂၄ ရက် နောက်ဆုံးထား လျှောက်ထားမှုများ ပြုလုပ်ရမည်ဖြစ်သည်။

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းပြီးပါက နိုင်ငံခြား မိတ်ဖက်ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကော်ပိုရေးရှင်း တစ်ခုအနေဖြင့် မိုဘိုင်းဖုန်းအပြင် အခြားသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အဆိုပါကော်ပိုရေးရှင်းမှ ပေးအပ်နိုင်မည်ဟု သိရသည်။

စတုတ္ထမြောက် ဆက်သွယ်ရေး လိုင်စင်သည် အခြားသော ဆက်သွယ်ရေး အော်ပရေတာများနည်းတူ လုပ်ငန်းလိုင်စင် ၁၅ နှစ်အကြာ ရရှိမည်ဖြစ်ပြီး အခွန်အခများကိုလည်း သတ်မှတ်ထားသည့်အတိုင်း အစိုးရထံ ပေးသွင်းရမည်ဟု သိရသည်။

Credit=> internetjournal
Thiha Htike(THT)
My Facebook Account Click

ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် ဖိုက်ဘာ ဆက်ကြောင်း ချို့ယွင်းမှုကြောင့် Telenor မိုဘိုင်းကွန်ရက် ပြတ်တောက်

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် Telenor Myanmar ၏ ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်နေခြင်းကြောင့် မိုဘိုင်းဖုန်း ခေါ်ဆိုမှုများနှင့် အင်တာနက် ဆက်သွယ်မှုများကို ခေတ္တ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း အဆိုပါကုမ္ပဏီမှ သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ပြည်နယ်နှစ်ခုတွင် ချိတ်ဆက်သွယ်တန်းထားသော ဖိုက်ဘာဆက်ကြောင်းများ၌ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲအချို့ ဖြစ်ပေါ်နေသဖြင့် ယခုကဲ့သို့ ဆက်သွယ်မှုကွန်ရက်များ ပြတ်တောက်နေရခြင်းဖြစ်ကြောင်း သိရသည်။
Telenor ၏ မိုဘိုင်းဆက်သွယ်မှုကွန်ရက်များ ယင်းပြည်နယ်နှစ်ခုတွင် ပြတ်တောက်နေမှုအား သက်ဆိုင်ရာ ကုမ္ပဏီမှ ပြန်လည်ပြုပြင်နေပြီး ဆက်သွယ်မှုများ ကောင်းမွန်မည့်အချိန်ကို သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 Credit=> internetjournal
Thiha Htike(THT)

Friday 7 August 2015

ပုံတစ်ပုံတွေ့ပြီဆိုရင် ပုံအမှန်လား ပြင်ပြီး ဖွထားတဲ့ပုံလား ဘယ်လိုသိမလဲ

No image

1 .. အရင်ဆုံး အဲဒီပုံကို ဖုန်းထဲမှာ save လုပ်ထားလိုက်ပါ
2 .. www.images.google.com ကို browser မှာဖွင့်ပါ
3 .. ဖုန်းရဲ့ menu ကနေ Desktop view ကိုရွေးပါ (ကွန်ပျူတာသုံးတဲ့သူတွေအတွက်တော့ ဒီအဆင့်မလိုပါဘူး)
4 .. search box ရဲ့ ညာဖက်အစွန်နားက ကင်မရာပုံလေးကို နှိပ်ပါ
5 .. Upload image ကိုနှိပ်ပါ
6 .. Choose file ကိုနှိပ်ပြီး save လုပ်ထားတဲ့ပုံကိုရွေးပေးလိုက်ပါ
ပုံကို google မှာ upload တင်ပြီးတာနဲ့ အဲဒီပုံနဲ့ အနီးစပ်ဆုံးတူတဲ့ပုံတွေ ဆက်စပ်နေတဲ့ website တွေကို ဖော်ပြပေးလာပါလိမ့်မယ်

လေးစားခင်မင်လျှက်
အိုင်တီ မုဆိုး


Video နဲ့လုပ်နည်းကြည့်ချင်ရင်အောက်မှာသွားကြည့်လိုက်နော်...

https://www.facebook.com/itmsoe/videos/459891620882342/

Thiha Htike(THT)

thihahtike.it@gmail.com

My Facebook Account Click

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++

Galaxy စီးရီးဖုန်းများတွင် အပါးလွှာဆုံးဖြစ်သော Samsung စမတ်ဖုန်း ပြည်တွင်းဈေးကွက် ဝင်ရောက်





Galaxy စီးရီးဖုန်းများတွင် အပါးလွှာဆုံးဖြစ်သော Samsung Galaxy A8 စမတ်ဖုန်းကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Galaxy A8 စမတ်ဖုန်းသည် အထူ ဝ.၂၃ လက်မ (၅.၉ မီလီမီတာ) သာရှိသည့်အပြင် အလေးချိန် ၁၅၁ ဂရမ်ရှိသော ပါးလွှာပေါ့ပါးသည့် ဖုန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

"Galaxy A8 ကို လှပသပ်ရပ်ပြီး အနုစိတ်ကျတဲ့ လုံးပြည့်သတ္တု ကိုယ်ထည်၊ အလွန်ပါးလွှာသေသပ်တဲ့ ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားတဲ့အပြင် အဆင့်မြင့်နဲ့ အကောင်းဆုံး Hardware စနစ်၊ ကင်မရာ စနစ်တွေကို ထိတွေ့ခံစားနိုင်ဖို့ အတွက် ဖန်တီးထားပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် Galaxy A8 က သုံးစွဲသူတွေရဲ့ နေ့စဉ် လိုအပ်ချက်တွေကို အဆင်ပြေစေရန်အတွက် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များတွေနဲ့ အတူ အပါးလွှာဆုံးသော Galaxy စမတ်ဖုန်းတွေကို ပံ့ပိုးပေးနိုင်ဖို့ Galaxy A စီးရီးရဲ့ အခြေခံအယူ အဆတွေကိုလည်း ထည့်သွင်းပေးထားပါတယ်" ဟု Samsung Myanmar ၏ မန်နေဂျင်း ဒါရိုက်တာ Mr Man Sik Ahn က ပြော သည်။

Galaxy A8 သည် သတ္တုကိုယ်ထည် ဖွဲ့စည်းမှုပုံစံနှင့် အထူ ၂ မီလီမီတာမျှသာရှိသော ဘေးဘောင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည်။ မြင်ကွင်း အရွယ်အစား ၅.၇ လက်မ ရှိသော Full HD Super AMOLED မျက်နှာပြင်နှင့် အလင်းအားနည်းသည့် အခြေအနေတွင် ကြည်လင်ပြတ်သားသော ဓာတ်ပုံများကို ရိုက်ကူးနိုင်သည့် F1.9 Lens အမျိုးအစားကို ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာဖြင့် HDR ရိုက်ကူးနိုင်စေရန် ဖန်တီးထားကြောင်း သိရသည်။

16 MP ကျောဘက်ကင်မရာနှင့် 5MP ရှေ့ဘက်ကင်မရာများ တပ်ဆင်ထားပြီး Theme Service နှင့် Smart Manager စသည့် နည်းပညာသစ်များ ထောက်ပံ့ ပါဝင်မည် ဖြစ်သည်။

Galaxy A8 စမတ်ဖုန်းကို အဖြူ၊ အနက်၊ ရွှေ အရောင် သုံးရောင်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး တန်ဖိုး ၅၇၉,ဝဝဝ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

Credit==>internetjournal 
Thiha Htike(THT)
thihahtike.it@gmail.com

အမျိုးသားများက အမျိုးသမီးများထက် မိုဘိုင်းဖုန်း ပိုမိုပိုင်ဆိုင်

မန်မာနိုင်ငံတွင် အမှန်တကယ်အသုံးပြုသော ဖုန်းကတ်ပိုင်ဆိုင်မှု အချိုးအစားသည် အမျိုးသားများ၌ ၄၅ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများ၌ ၃၂ ရာခိုင်နှုန်းရှိကြောင်း LIRNE asia နှင့် MIDO တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ သိရသည်။
 စစ်တမ်းအရ အမျိုးသားနှင့် အမျိုးသမီး မိုဘိုင်းဖုန်းပိုင်ဆိုင်မှုသည် များစွာ ကွာဟခြင်းမရှိခဲ့သော်လည်း ၃၃ ရာခိုင်နှုန်းသော အမျိုးသားတို့သည် စစ်တမ်းကောက်ယူသည့်နေ့ နာရီအနည်းငယ်က ဖုန်းခေါ်ဆိုခဲ့ကြောင်း ဖြေဆိုထားပြီး ၂၅ ရာခိုင်နှုန်းသော အမျိုးသမီးများသည်လည်း အလားတူခေါ်ဆိုမှုပြုခဲ့သည်ဟု သိရသည်။

မိုဘိုင်ဖုန်းပိုင်ဆိုင်မှုနှင့် မိုဘိုင်းဖုန်းခေါ်ဆိုမှုတို့ အဓိကအားဖြင့် အမျိုးသား၊ အမျိုးသမီးအနေဖြင့် ကွာခြင်းမဟုတ်ဘဲ ဆင်းရဲ၊ ချမ်းသာမှုနှင့် အဓိကသက်ဆိုင်သည်ဟု စစ်တမ်းကဖော်ပြထားပြီး မိုဘိုင်းဖုန်း လုံးဝသုံးစွဲခြင်းမရှိသူသည် အမျိုးသမီး ၃၃ ရာခိုင်နှုန်းရှိပြီး အမျိုးသားအနေဖြင့် ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ယေဘုယျအားဖြင့် အမျိုသားတို့၏ ဖုန်းခေါ်ဆိုမှု ၂၇ ရာခိုင်နှုန်းသည် အသက်မွေးဝမ်းကျောင်းအတွက် ခေါ်ဆိုကြခြင်းဖြစ်ပြီး အမျိုးသမီးတို့၏ ဖုန်းခေါ်ဆိုမှု ၁၆ ရာခိုင်နှုန်း အသက်မွေးဝမ်းကျောင်းအတွက် ခေါ်ဆိုခြင်းဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုသည် အများအားဖြင့် လူမှုရေးအကြောင်းအရာများအတွက်သာ ဖြစ်ကြောင်း စစ်တမ်းက ဖော်ပြသည်။

အဆိုပါစစ်တမ်းကို ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းကာလများအတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကောက်ယူလိုသည့် လူဦးရေ၏ ၉၁.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုနိုင်ခဲ့သည် ဟု စစ်တမ်း ကောက်ယူခဲ့သည့် အဖွဲ့များက ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့် အမျိုးသား မိုဘိုင်းဖုန်းပိုင်ဆိုင်မှုသည် အိန္ဒိယအပါအဝင် အခြားသော အိမ်နီးချင်းနိုင်ငံများ၌ တယ်လီကွန်းဈေးကွက် စတင်ကာစက တွေ့ကြုံခဲ့ ရသည့် ကွာခြားမှုများနှင့် နှိုင်းယှဉ်လျှင် ကွာခြားမှုများစွာ နည်းပါးနေကြောင်း သိရသည်။

အလားတူ စစ်တမ်းအရ အမျိုးသား ၅၉ ရာခိုင်နှုန်းတို့သည် တစ်လအတွင်း မိုဘိုင်းဖုန်း အသုံးပြုခဲ့ကြသည်ဟု သိရပြီး အမျိုးသမီး ၅၂ ရာခိုင်နှုန်းတို့သည် တစ်လအတွင်း မိုဘိုင်းဖုန်း အသုံးပြုခဲ့သည်ဟု သိရသည်။

Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com