ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 31 October 2011

အင်တာနက်စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း

အင်တာနက်စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း
လွတ်လပ်တဲ့ အာရှအသံ (RFA) ရဲ့ အင်တာနက် စာမျက်နှာများကို
မြန်မာပြည်တွင်းက ကြည့်လို့ မရအောင် ပိတ်ဆို့ထားပါလိမ့်မယ်။ ဥပမာဆိုရင်၊
http://www.rfa.org/burmese ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။
ဒါပေမဲ့၊ အဲဒီ အင်တာနက်စာမျက်နှာကို တိုက်ရိုက်မသွားပဲ proxy server လို့
ခေါ်တဲ့ ကြားခံကွန်ပျူတာ ဆာဗာစနစ်ကို အသုံးပြုပြီး ကြည့်ရှုနိုင်တဲ့
နည်းလမ်းရှိပါတယ်။
အဲဒီလို ကြားခံ ကွန်ပျူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့
အင်တာနက် စာမျက်နှာတွေကို ကြည့်နိုင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း
မသိနိုင်ပါဘူး။ ကွန်ပျူတာ အသုံးပြုသူဟာ ကြားခံကွန်ပျူတာထဲကို
ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြား ပိတ်ဆို့ထားတဲ့ အင်တာနက်
ဝက်ဘ်ဆိုက်တွေကို သွားတဲ့ သဘောမျိုးပါ။
ဘယ်လိုရှာဖွေမလဲ
အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကွန်ပျူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ
ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီး ရှာရမှာ
ဖြစ်ပါတယ်။ ရှာရမဲ့ စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl
ဒါမှမဟုတ် nph-proxy.cgi တို့ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။
တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့
စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။
အဲဒီလို ရှာလိုက်တဲ့အခါမှာ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ်
လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို တွေ့ရပါလိမ့်မယ်။
ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ link လမ်းကြောင်းကို
တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ
ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကို ထည့်သွင်းရမဲ့
ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ်။



ပိတ်ဆို့ခံထားရတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာURLကို အဲဒီကွက်လပ်ထဲမှာ
ရိုက်ထည့်လိုက်ရင် ကိုယ်သွားချင်တဲ့ ဝက်ဘ်ဆိုက်ကို ရောက်သွားပါလိမ့်မယ်။
ဥပမာအားဖြင့်၊ လွတ်လပ်တဲ့ အာရှအသံ RFA ရဲ့ မြန်မာဘာသာစာမျက်နှာ လိပ်စာ
www.rfa.org/burmese ဖြစ်ပါတယ်။
ကြားခံ ကွန်ပျူတာ ဆာဗာတချို့ကတော့ ရှေ့က http:// ဆိုတာကိုပါ
ရိုက်ထည့်ရပါတယ်။ ဥပမာဆိုရင်၊ http://www.rfa.org/burmese လို့
ရိုက်ရပါတယ်။
တခြား ဖြတ်လမ်းနည်းအနေနဲ့ အောက်မှာ အဆင်သင့်ပြထားတဲ့ Link
အဆက်အသွယ်တွေကို နှိပ်လိုက်ရင်လည်း ကြားခံ ကွန်ပျူတာ ဆာဗာတခုထဲကို
သွားနိုင်ပါတယ်။ ဒါပေမဲ့၊ ဒီလို လူသိရှင်ကြား ကြေညာထားတဲ့
အင်တာနက်လိပ်စာတှေကို အာဏာပိုင်တွေက ပိတ်ဆို့ထားပြီးသား ဖြစ်နိုင်ပါတယ်။
အဲဒီလို ဆိုရင်တော့ စောစောက ရှင်းပြခဲ့တဲ့နည်းအတိုင်း ကိုယ့်ဖာသာ
ရှာကြည့်ပြီး လုပ်လိုက်ရင် လွယ်လွယ်လေးပါ။
http://www.stupidcensorship.com/
http://proxify.com/ This is free but there is also a version available
for a fee.
http://www.zensur.freerk.com/nada/
Proxy Server လို့ခေါ်တဲ့ ကြားခံ ကွန်ပျူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း
ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ အခုနည်းတွေအတိုင်း ရှာကြည့်ပြီး
ပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ်
သွားလာလည်ပတ်နိုင်ပါတယ်။

- Show quoted text -...............
...................
............

No comments:

Post a Comment

daweiit@gmail.com