ကျနော်တို့တွက် အသုံးဝင်ဆုံး နဲ့ အကောင်းဆုံး CometBird Browser

ဒီပို့စ်လေးကို ရေးလိုက်ရတဲ့ အတွက် တော်တော် ပျော်မိပါတယ်.ကျနော့်ရဲ့ ပို့စ်လေးတွေကို စောင့်ဖတ်နေတဲ့
မန်ဘာများတွက်ကောပေါ့ သူတို့ တွက် ကျနော့်ကြောင့် အဆင်ပြေပြေ သုံးရလေ လေ ကျနော် ကျေနပ်ဝမ်းသာရပါတယ်.
ကျနော် ဆိုဒ်မှာ copyright နဲ့ ညိတဲ့ မိုက်ကရိုဆော့ က ဆော့ဝဲတွေ အားလုံးနဲ့ ဝင်းဒိုးခွေ အပါအဝင် ကျနော် မတင်ပေး
ပါဘူး တင်ပေးမိရင်လဲ ကျနော့် ဆိုဒ်က ကြာကြာ ခံလေ့မယ် မထင်ပါဘူး တရက်တရက် bot 15 လောက် visitor ထဲမှာ
ရောက်နေတဲ့ တွက် ကျနော် တင်တာနဲ့ သူတို့ ချက်ချင်းသိ နိုင်ကျပါတယ်.ဒီတော့ တခုခုလိုချင်တာ အဆင်မပြေတာရှိ
ရင် ကျနော့် ဆီကို မေးလ်ပို့ပြီးတော့ တောင်းဆိုလို့ရပါတယ်.ကျနော့် ဆီကို မေးလ်ပို့ တောင်းတဲ့လူတိုင်းကို ပြန်ပြီးတော့
အဆင်ပြေအောင် လဲ လုပ်ပေးပါတယ်.ကဲ ကျနော် ခုပြောမယ့် browser လေးအကြောင်း လေ့လာရအောင်..

အားလုံးနားလည်အောင် ပုံလေးတွေသုံးပြိးတော့ သေချာရှင်းပေးပါမယ်.ခု ကျနော် မိတ်ဆက်ပေးမယ် browser လေးက
တော့ CometBird လို့ အမည်ရပါတယ်.Browsers တွေ ဒီလောက် များနေတာ ခု အသစ်ကကော ဘာတွေ ကောင်းလို့
လဲ လို့ မေးစရာရှိပါတယ်.ကျနော် သိသလောက် လေးတွေ ပြောပြပါမယ်.
၁.ကျနော် တို့ အကျွမ်းဝင်နေတဲ့ Mozzila Broswer လေးနဲ့ ပုံစံတူဖြစ်နေခြင်း၊
၂.ကျနော်တို့တွက် မဟာ အခက်ခဲကြီး မြန်မာဖောင့်ကို အဆင်ပြေပြေ သုံးလို့ရခြင်း
(၁၁)website များတွက် zawgyi font ကို ကောင်းမွန်စွာသုံးနိုင်ခြင်း

(၂၂) ကျနော်တို့ အပျင်းပြေ နားခိုရာ facebook လေးမှာ ဖောင့် တွက် အဆင်ပြေခြင်း

(၃၃) မသုံးမဖြစ် Gmail ထဲမှာ မြန်မာစာ ဖောင့် အဆင်ပြေခြင်း

၃.Browser တွက် သီးသန့် အကောင့် ပြုလုပ်နိုင်ခြင်း

( အကောင့်က ဘာတွက်လဲ ဆိုရင် ကျနော်တို့ ကိုယ်ပိုင် အကောင့်လေးနဲ့ သုံးမယ်ဆိုရင် Online Bookmarks လေး
တခု သုံးစွဲခွင့်ရမှာ ဖြစ်ပြီးတော့ ကိုယ် save လုပ်ထားတဲ့ လင့်များ url များကို ဒီ Broswer လေး သုံးတဲ့ နေရာတိုင်းမှာ
ပြန်သုံးလို့ရနိုင် ပါတယ်.ဒီတော့ ကိုယ့်တွက် အရေးကြီးတဲ့ link URL တွေကို သီးသန့်ကြီး သိမ်းစရာ မလိုတော့ဘူးလေ)

၎.Social Network တွေဖြစ်တဲ့ facebook,twitter တို့လို အကောင့်ရှိပြီးသူများတွက် သီးသန့်အကောင့်ပြုလုပ်ဖို့မလို
သူ့ကို allow ပြုလုပ်ပေးလိုက်တာနဲ့ အော်တို ချိတ်ဆက်ပေးပါလေ့မယ်၊၊
(အကောင့်တွေတခုမှ မရှိလဲ ဒီ Browser လေးကို firefox လေး တခုလိုပဲ သုံးစွဲနိုင်ပါတယ်)
၎.ကျနော်တို့တွက် vedio sharing တွေ ဖြစ်တဲ့ youtube,vimeo နဲ့ metacafe လို ဆိုဒ်တွေကို download manager
သုံးစွဲ ဖို့မလိုပဲ အော်တို ဒေါင်းလုပ်ပြုလုပ်ပေးနိုင်ပါတယ်
audio ပဲ လိုချင်လား ဆိုပြီး ထပ်ပြီး ခွဲခြား ဒေါင်း လုပ် လုပ်လို့ရပါသေးတယ် )

၅.Navigation bar လို့ ခေါ်တဲ့ broswer bar မှာ softwares ဆိုပြီးတော့ Tab လေး တခုပါဝင်ပါတယ်. freeware
software တွေကို up to date ဒေါင်းနိုင်အောင် အမြဲ Update လုပ်ပေး နေပါလေ့မယ်၊၊

၆.Quick tab လို့ခေါ်တဲ့ faction လေးပါရှိခြင်း
(ကျနော်တို့ new tab ကိုခေါ်သုံးချင်တယ်ဆိုရင် Ctr + N (သို့) Browser က (+) လေးကို ကလစ်ပြီး သုံးစွဲခဲ့ကျပါတယ်
ခု သူ့ရဲ့ quick tab ဆိုတာလေးကတော့ ခုနပြောတဲ့ (၂) ခု အပါဝင် Broswer ရဲ့ bar လေးကို ၂ချက် double click ပြု
လုပ်လိုက်တာနဲ့ New Tab ထွက်လာပါလေ့မယ်၊၊

၇.လက်သုံးစွဲ Internet Download Manager လေးကို ဒီ CometBird Browser လေးမှာ သုံးချင်တယ် ဆိုရင် လွယ်လွယ်
ကူကူ ပြုလုပ်လို့လဲရပါတယ်.
(၁၁) စစချင်း IDM လေးကို ဖွင့်လိုက်ပါ Option tab လေးကို ကလစ်လိုက်ပါ
(၂၂) Add Browser လေးထဲကနေ CometBird Browser exe လေးကို install folder လေးထဲမှာသွားရွေး ချယ်ပေးလိုက်ပါ
ဒါဆိုရင် IDM လေး Browser အသစ်လေးမှာ ကောင်းမွန်စွာ အလုပ် လုပ်နေပါလေ့မယ်

၈.CometMarks Notes
Browser Navigation bar ထဲက View ဆိုတဲ့ tab လေးထဲထဲနေ Toobar >Add -on bar ဆိုတာလေးကို အမှတ်ခြစ်လေး
ပေးလိုက်ပါ.အောက်ဆုံးမှာ bar လေး တခု ထွက်လာပါလေ့မယ်.ညာဘက် ထောင့်လေးနားမှာ အကောင့်နဲ့ဝင်ထားတဲ့သူအတွက်
CometMarks Notes လေး တခု ပိုင်ဆိုင်ရဦးမယ်ဗျာ.ကလစ်ပြီး တော့ မှတ်ချင်ရာ မှတ် ရေးချင်တာလေး ကြိုက်တဲ့ အချိန်မှာ ပြန်
ဖွင့်ကြည့် ဒီ Browser လေး သုံးနေသမျှ ကိုယ်မှတ်ထားတာတွေ အသက်ဝင်နေပါလေ့မယ်၊၊လွယ်ကူစွာ ရေးဖျက်နိုင်သေးတဲ့ အတွက်
ကျနော် တို့တွက် အသုံးဝင်ပါလေ့မယ်.၊၊

၉.Word Translator
(ကိုယ်က cursor ချလိုက်တဲ့ နေရာလေးတိုင်းကို Translate ပြုလုပ်ပေးနေပါလေ့မယ် နောက်တခုက ကျနော်တို့က တခြား
english ဘာသာမသုံးတဲ့ ဆိုဒ်တွေကိုဖတ်နေရပြီ ဆိုပါတော့ ကိုယ်ဝင်လိုက်တိုင်း russian-english ဖြစ်ဖြစ် china-eng
ဖြစ်ဖြစ် auto translate ပြုလုပ်ပေးနိုင်ပါသေးတယ်.)

၁၀.Colour tab
(ကျနော် တို့ ၂ခုထက်ပိုတဲ့ New Tab လေးတွေကို သုံးမိတယ် ဆိုရင် သူက ကာလာလေးတွေနဲ့ ခွဲခြားပြီးတော့ ဖော်ပြပေး
နေပါလေ့မယ်)

(ဒါလေးကတော့ ကျနော် လက်ရှိ စမ်းသပ်နေတုန်း တွေ့ခဲ့တဲ့ အချက် ၁၀ ချက်ပဲရှိပါသေးတယ် ထပ်ပြီးတော့လဲ ဒီထက်ကောင်း
မွန်တာလေးတွေ ရှိနိုင်ပါသေးတယ် ကျန်တာကတော့ ကိုယ့်ဘာကို စမ်းသုံးသုံးရင်တွေ့လာပါလေ့မယ် ကျနော်ကတော့ ခုလက်
ရှိ Mozzila firefox လေးထွက် ဒီကောင်လေးက ပိုမိုပေါ့ပါးတဲ့တွက် အသုံးပြုစေချင်ပါတယ်.)

Homepage CometBird
Download CometBird
(ဒီပို့စ်လေး ကို PDF လေးနဲ့ သိမ်းထားချင်တယ် ဆိုရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ် )
download pdf



No comments:
Post a Comment
daweiit@gmail.com