ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Wednesday 26 October 2011

ကွန်ပျူတာကို ပိုမိုနားလည်တတ်ကျွမ်းလိုသူများအတွက် Group Policy သို့  ဝင်ရောက်မွှေနှောက်လိုက်ရအောင်

mdytnt

ကွန်ပျူတာကို ပိုမိုနားလည်တတ်ကျွမ်းလိုသူများအတွက် Group Policy သို့  ဝင်ရောက်မွှေနှောက်လိုက်ရအောင်

ကွန်ပျူတာသုံးစွဲ သူုတိုင်း သိထားသင့်တဲ့  အချက်အလက်တွေကို ရှာဖွေဖော်ပြပေးလိုက်ပါတယ် ။ ကဲ့ စတင်လိုက်ကြရအောင်လား  …………..  …

Task Manager ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
Task Manager ကို ပြန်ဖော်ဖှို့ က -
Start >> Run >> gpedit.msc လို့ ရိုက်ပြီး enter နိုပ်လိုက်ပါ ။ ပြီးရင်  Administrative Templates >> System >> Ctrl+Alt  Del Option ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက Remove Task Manager  ကို ကလစ်နှိပ်ပြီး  Disabled ကိုရွေးပြီး  Apply >> Ok  ဆိုရင်ရပါပြီ ။
Task Manager ကို ဖျောက်ထားချင်ရင်  Enabled  ကိုေ၇ွးလိုက်ရင် ရပါတယ်


Search Program ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
အကြောင်းအမျိုးမျိုးကြောင့် ကွန်ပျူတာရဲ့ Search Program  ကို ဖျောက်ချင် ဖော်ချင်သူများ အတွက်
Search Program ကို ပြန်ဖော်ဖို့ က
Star >> Run >> gpedit.msc လို့ ရိုက်ပြီး enter  နှိပ်ပါ ။ ပြီးရင် Administrative Templates >>  Windows Explorer  ကို  ကလစ်နှိပ်ပါ ။  ပြီးရင် ညာဘက်အကွက်ထဲက  Remove Search menu from Start Menu ကို ကလစ်နှိပ်ပြီး  Disabledကိုရွေးပြီး Apply >> Ok  ဆိုရင် ရပါပြီ
 Search Program  ကိုဖျောက်ထားချင်ရင်တော့ Enabled  ကိုရွေးပေးရင်ရပါတယ် ။


Floder Option ကိုဖျောက်ခြင်း ၊ ဖော်ခြင်း
Floder Option  ပြန်ဖော်ဖို့ နည်းလမ်းကတော့ ဒီလို ပါ ။
Star >> Run >> gpedit.msc  လို့  ရိုက်ပြီး Enter  နှိပ်ပါ ။ ပြီးရင် Administrative Templates >>  Windows Components >> Windows Explorer ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက
Remove the  Floder Option menu item from the tools Menu ကို ကလစ်နှိပ်ပြီး Disabled ကိုရွေး ပြီး Apply  >> Ok ဆိုရင် ရပါပြီး ။ ဒါက Tool ထဲက Floder Option အတွက်ပဲဖြစ်ပါတယ် ။ Folder Option ကို ဖျောက်ထားချင်ရင်  Enabled ကိုရွေးလိုက်ရင် အိုကေသွားပါလိမ့်မယ် ။


Desktop Background ကို ပြောင်းလို့ မရအောင် ၊ ပြောင်းလို့ ရချင်ရင်
Desktop Background  ကို မပြောင်းစေချင်ရင် ကိုယ်အမြဲထားချင်တဲ့  ပုံကို အရင်ပြောင်ထားပါ ။ ပြီးရင် လို့ ရိုက်ပြီး နှိပ်ပါ ။ ပြီးရင် Start >> Run >> gpedit.msc လို့ ရိုက်ပြီး  Enter ကို နှိပ်ပါ ။ ပြီးရင် Administrative Templates >> Desktop >> Acitive Desktop ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက Administrative Desktop Wallpaper ကို ကလစ်နှိပ်ပြီး Enabled ကိုရွေးပြီး  Wallpaper Name ဆိုတဲ့ နေရာမှာ တစ်ခုခုရိုက်ထည့်ပါ ။ ဥပမာ - အစက်တစ်စက်ဖြစ်ဖြစ်
ပြိးရင်  Apply  >> Ok  ဆိုရင် Desktop Background  ကို တခြားပုံ ပြောင်းလို့ မရတော့ပါဘူး ။ ပြန်ပြီးပြောင်းလို့ရချင်ရင် Not Configuard ကို ပြန်ရွေးပေးပါ ။


Registry ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
Registry  ကို ပြန်ဖော်ခြင်း
Start >> Run >> gpedit.msc  လို့ရိုက်ပြီး  Enter နှိပ်ပါ ။ ပြီးရင် Administrative Templates >> System  ကို ကလစ်နှိပ်ပါ ။ ပြီးရင်  ညာဘက်အကွက်ထဲက Prevent Access to registry editing tools ကို ကလစ်နှိပ်ပြီး Disabled  ကို ရွေးပြီး Apply >> Ok    ဆိုရင် ရပါပြီ ။ ဖျောက်ထား ချင်ရင်တော့ Enabled  ကို ရွေးပေးပါ ။


Run Box ကို ဖျောက်ခြင် ၊ ဖော်ခြင်း
သူများတွေကို စချင်သူများအတွက် ကို ဖျောက်ထားချင် ဖော်ချင်ရင်  --
ကို ပြန်ဖော်ခြင်း
ဒီတစ်ခါတော့ Run Box  မှာ group policy   ကို ရိုက်မရတော့မှာ မဟုတ်ပါဘူး ။ Windows + R   နှိပ်လည်း မရတော့ဘူး ။ Run Box  ဖျောက်ထားတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ် ။ အဲဒီတော့ ဒီနည်းလမ်းလေးနဲ့ သွားကြည့်ရအောင် ။
My computer  >> Drive( c)  >> windows >> System 32 >> gpedit.msc ဆိုတာကိုတော့ တွေ့ အောင်ရှာပြီးဖွင့်ပါ ။ ပြီးရင်တော့ Administrative Templates >>   Start Menu and Taskbar  ကို ကလစ်နှိပ်ပြီး ညာဘက်အကွက်ထဲက Remove Run Menu  From Start Menu ကို ကလစ်နှိပ်ပြီး Disabled ကိုရွေးပြီး Apply  >> Ok  ဆိုပြန်ပေါ်လာပါတယ် ။ Run Box  ကို ဖျောက်ထားချင်ရင် Enabled ကိုေ၇ွးပေးလိုက်ရင် အဆင်ပြေ သွားပါလိမ့်မယ် ။
အားလုံးပဲကွန်ပျူတာကို ဒီထက်ပိုမိုကလိနိုင်ကြပါစေနော် ။

Net Guide Journal  ( 18 JUNE 2011 ) ထုတ်မှ စာရိုက်မျှဝေပေးခြင်း ။
အမျိုးအစား/ကဏ္ဍ: နည်းပညာ

No comments:

Post a Comment

daweiit@gmail.com