ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 17 October 2011

Rapidshare ကနေဘာ Account မှမရှိဘဲ Download ချရအောင်…

ပထမတော့ အရမ်းကို လိုအပ်နေသူဆိုရင်တော့ ကျွန်တော့ဆီမေးလ်ပို့ပြီးမေးမှာပဲ…အကုန်လုံးသိကုန်ရင် လင့်ခ် ပိတ်သွားမလားဆိုပြီး မတင်ပေးထားဘူး.. ခုတော့လည်း  ပိတ်ချင်ရင်လည်းပိတ်တော့ဗျာ.. Ebook စာအုပ်လေးတွေကို ဈေးကြီးကြီးပေးမ၀ယ်နိုင်သူတွေအတွက် စာနာပြီးတော့ တင်လိုက်ပြီ… ဒေါ်လာ ၁၀၀ ကျော်စာအုပ်တွေကို ဘယ်လိုလုပ် ၀ယ်ဖတ်နိုင်ပါ့မလဲ…
http://www.greatleech.com  က rapidshare  ဒေါင်းချင်သူများအတွက်ပါ.. ဒီကောင်ကတော့ ကျွန်တော်သုံးလာတာတော်တော်ကြာပြီ.. အခုထိတော့အဆင်ပြေတုန်းပဲ…ပထမ http://rapid-search-engine.com/ ဒီလင့်ခ်လေးနဲ့ ကိုယ်လိုချင်တာကိုရှာလိုက်ဗျာ.. အဲဒီကနေ လင့်ခ်ရလာလိမ့်မယ်.. အဲဒီလင့်ခ်ကို ကော်ပီကူးပြီးတော့..  http://www.greatleech.com ထဲက paste download link here ထဲမှာ ထည့်လိုက်ပါ.. ပြီးရင် download ဆိုတာကိုနှိပ်လိုက်ပါ.. သူဒေါင်းနေလိမ့်မယ်.. ဆိုဒ် အရွယ်ပေါ်မူတည်ပြီး ကြာလိမ့်မယ်.. ဒါပေမယ့် ခဏပါ.. သူ့ Server download speed 5Mb/s  ဆိုတော့ခဏလေးပါ.. ဖိုင်တစ်ခု ဒေါင်းပြီးရင်တော့ ငါးမိနစ်လောက်စောင့်ရတယ်.. တစ်ခြားသူတွေကို အလှည့်ပေးထားတာနေမှာပေါ့.. ပြီးရင် နောက်ထပ်တစ်ခု ထပ်ထည့်ပြီးဒေါင်းပေါ့ဗျာ… ဒီလင့်ခ်ကတော့ ကျွန်တော်ကလိထားသမျှလင့်ခ် ထဲမှာ အဆင်ပြေဆုံးပဲ.. Rapidshare and Fileserve တော့ ကျွန်တော့ဒေါင်းနေတာဆိုတော့ အဆင်ပြေတာကို သိတယ်..  Megaupload  ကိုစမ်းတာတော့ သိပ်အဆင်မပြေဘူး…စမ်းကြည့်လိုက်ပါ…တခြားလင့်ခ်တွေလည်း ရှိတယ်..နောက်မှစမ်းပြီး ထပ်တင်ပေးလိုက်မယ်…
http://www.gooleech.com ကတော့   megaupload, hotfile နဲ့   fileserve   တို့အတွက်ပါ…
hotfile တော့ မစမ်းကြည့်ရသေးဘူး.. ကျွန်တော် အကောင့်ဝယ်ထားလိုပါ.. ဒါတွေက ကျွန်တော့ သူငယ်ချင်းတစ်ယောက် စင်ကာပူကနေပေးထားတာပါ.. သူက networking  နဲ့ ပတ်သက်တဲ့ system engineer ပါ.. အရင်တုန်းကတော့ ကျွန်တော် hotfile, rapidshare အကောင့်တွေဝယ်ထားတော့ သူပေးထားတာတွေကို မစမ်းဖြစ်ပါဘူး.. အကောင့် ကုန်သွားတော့မှ ကျွန်တော် အရေးတကြီး ဒေါင်းစရာလေးရှိလို့  စမ်းရင်းနဲ့ တခြား လင့်ခ်တွေပါတွေ့လာတာပါ.. ကျွန်တော်က ကွန်ပြူတာဘာသာ ရပ်နဲ့ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ ဘာမှ မဆိုင်ပါဘူး… ထို့နည်းတူ ကျွန်တော်သင်ခဲ့တဲ့. ဘွဲ့ ရခဲ့ တဲ့ဘာသာရပ်နဲ့လည်း ဘာမှမဆိုင်ပါဘူး.. ကွန်ပြူတာနဲ့ပတ်သက်ပြီး သိပ်လည်းမကျွမ်းကျင် ပါဘူး..ကျွန်တော်က ကျွန်တော်ဘာသာရပ်နဲ့ စပ်ဆက်တဲ့ Ebook လေးတွေဖတ်ချင်လို့  အင်တာနက် ကနေလိုက်ရှာရင်း  ဘယ်လိုလိုက်ရှာရမလဲ.. ဒေါင်းရမလဲ ဆိုတာကို သိလာတာပါ.. အနည်းအကျဉ်းပါ.. ကျွန်တော်သိတဲ့ဟာလေးတွေကို ပြန်ဝေမျှလိုက်တာပါ.. ကျွန်တော့် ဖတ်ချင်တဲ့  စာအုပ်တွေဆို တစ်ချို့စာအုပ်တွေဆို  ဒေါ်လာ ၁၀၀ ကျော်တယ်လေ.. ဒါကြောင့်လိုက်ရှာရင်းသိလာ တာလေးတွေပါ.. တွေ့တဲ့ကြုံရတဲ့ အဆင်ပြေတာတွေကော အဆင်မပြေတာတွေကိုကောပါ.. ကျေးဇူးပြုပြီး ကောမက်လေး ပေးပါအုံး……………………
Min Khant Zaw Comment by Min Khant Zaw on March 31, 2011 at 9:59pm
freedom နဲ့က နှေးတော့နှေးတယ်.  ဒါပေမယ့် ရိုးရိုးဝင်လို့မရရင် yurfreedoom နဲ့ ၀င်နေရတယ်..သူနဲ့ကျရင်တော့ ၀င်လို့ရတယ်.. ဘာလို့လဲမသိပါဘူး.. ကျွန်တော်က McWILL နဲ့သုံးတာလေ။ ဒီလိုပါပဲ  ဒီအတိုင်းဝင်လို့မရရင်  သူနဲ့ဝင်လိုက်ရင်ရတယ်ဗျ.. ဘာကြောင့်လဲလို့တော့ ဆန်းစစ်မနေတော့ပါဘူး. ၀င်လို့ရပြီးတာပဲဆို လုပ်လိုက်တာပဲ.. ဖိုင်ဆိုဒ်သေးရင်တော့ အဆင်ပြေနိုင်ပါတယ်....
...
..
Booker Comment by Booker on March 31, 2011 at 1:38pm
freedom  နဲ့ က မလွယ်လောာက်ပါဘူးထင်တယ် ကွန်နက်ရှင်အတော်ကောင်းနေမှ အဆင်ပြေမယ်ထင်တယ်..
Min Khant Zaw Comment by Min Khant Zaw on March 31, 2011 at 11:03am
mediafire ပိတ်ထားတာကတော့  proxy  နဲ့ကျော်မှရမှာ... ဒါမှမဟုတ်  yourfreedom  နဲ့ကျော်မှ ရမှာ.. နှစ်ခုစလုံး  ကတော့.. နှေးတယ်..  ဖိုင်ကြီးရင် အဆင်ပြေမှာ မ ဟုတ်ဘူး.....
Comment by Kyaw Zaw Win on March 31, 2011 at 7:45am
For megaupload. Just use our site. http://moonchar.net/index.php?option=com_megaupload&view=megado...You need to register as a free member.
Phyo sin Comment by Phyo sin on March 30, 2011 at 4:54pm
ဒေါင်းလုပ် လုပ်နေသူများ အတွက်အတော်လေးအဆင်ပြေမှာပါ။ကျွန်တော်အပါအ၀င်ပေါ့။ကျေးဇူးပါဗျာ
Min Khant Zaw Comment by Min Khant Zaw on March 30, 2011 at 4:02pm
သူ ဒေါင်းနေတုန်း ၁၀၀% မပြည့်ခင်ရပ်နေရင်   refresh  ပြန်လုပ်လိုက်ပါ..
Min Khant Zaw Comment by Min Khant Zaw on March 30, 2011 at 3:57pm
http://www.greatleech.com ထဲက paste download link here ထဲမှာ ထည့်လိုက်ပါ.. ပြီးရင် download ဆိုတာကိုနှိပ်လိုက်ပါ.. သူဒေါင်းနေလိမ့်မယ်..ပြီးရင်  100 % ဆိုတာပေါ်လာလိမ့်မယ်..အဲဒီကျရင် ပုံထဲမှာပြထားတဲ့ နေရာလေးကို ကလစ်နှိပ်လိုက်ပါ.comment  မှာ ကျွန်တော်တင်ထားပါတယ်..ဒေါင်းပြီး အကြီးကျဲ့လိုက်ပေါ့...ဒီပုံလေးကို ကြည့်လိုက်ပါဗျ.. သေချာမရှင်းရင်တော့.. minkhantzaww@gmail.com မှာမေးနိုင်ပါတယ်.. ကျွန်တော်သိတာလေးတွေကို ရှင်းပြပါ့မယ်....
Comment by Booker on March 29, 2011 at 9:45pm ကျေးဇူးပါဗျို့ ...စမ်းကြည့်လိုက်အုံးမယ်..
နောက်....မီဒီယာဖိုင်းယား ကိုဝင်လို့ မရဘူး ပိတ်ထားလို့  ဘယ်လိုကျော်ပြီး ဒေါင်းလို့ ရသလဲဆိုတာကိုပါ ပြောပြပေးစေချင်ပါတယ်။..
Comment by Min Khant Zaw on March 29, 2011 at 6:34pm
ဒေါင်းလိုက်ရင် file က doucuments/downloads/compressed/ ထဲကိုရောက်သွားလိမ့် .. ကျွန်တော်ကတော့ IDM (internet download manager) နဲ့ဒေါင်းတာပါ...လိုအပ်တာရှိရင်.. minkhantzaww@gmail.com မှာ မေးလ်ဖြစ်စေ.. အက်လို့ပဲဖြစ်စေမေးနိုင်ပါတယ်...ကျွန်တော်သိသလောက်ရှင်းပြပေးပါ့မယ်...

No comments:

Post a Comment

daweiit@gmail.com