ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 4 October 2011

# password လုံခြုံမှု#...

..... # password လုံခြုံမှု#......

###       Password ဆိုတာဟာ ကိုယ်ရဲ့ Personal Information တွေကို တစ်ခြားသူတွေ ခိုးမဖတ်နိုင်အောင်၊ ကိုယ်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို Hacker လို့ခေါ်တဲ့ Computer System တွေကို ချိုးဖောက်ဝင်ရောက်တတ်တဲ့ သူတွေရဲ့ ရန်မှကင်းဝေးစေအောင် ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Password ဆိုတာSecurity Key တစ်မျိုးပါပဲ။ ကိုယ့်ရဲ့ Personal Information တွေကို သိမ်းထားတဲ့၊ နေရာ (သို့မဟုတ်) Websiteကို ရောက်နိုင်ဖို့အတွက် ကူညီပေးသလို၊ အဲ့ဒီနေရာကို ကိုယ်ကလွဲပြီး ကျန်တဲ့သူတွေ မလာနိုင်အောင်လည်း တားဆီးပေးပါသေးတယ်။ ဒါ့ကြောင့် Password ကို ရွေးချယ်တဲ့အခါမှာ ပေါ့ပျက်ပျက် မလုပ်သင့်ပါဘူး။ ကိုယ့်အတွက်အရေးကြီးတဲ့ Data တွေကို လုံခြုံစေဖို့၊ စိတ်ချရတဲ့ Password မျိုးဖြစ်အောင် ပြုလုပ်ထားသင့်ပါတယ်။

1. Password ကို ရွေးချယ်ရာမှာ လွယ်ကူတဲ့စကားလုံးတွေ မဖြစ်သင့်ပါဘူး။ ဥပမာဗျာ..Password ကို ကိုယ့်ရဲ့နာမည် ပြန်ပေးထားတာမျိုး၊ မြို့နာမည်ပေးတာမျိုး၊ တစ်ခြား အလွယ်တကူသိနိုင်လောက်တဲ့ စကားလုံးမျိုးတွေကိုမပေးသင့်ပါဘူး။

2. ပြီးတော့ Password ကို ပြည့်စုံတဲ့ Digital Meaning တွေလည်း မပေးသင့်ဘူးဗျ..။ ဥပမာ- Phone Numberတို့၊ နိုင်ငံသား မှတ်ပုံတင်အမှတ်တို့၊ ကိုယ့်ရဲ့မွေးနေ့တို့ စသဖြင့်ပေါ့ဗျာ အဲဒါမျိုးတွေလည်း မပေးသင့်ဘူးဗျ..။သူများတွေ အလွယ်တကူ ဖော်လို့ရသွားနိုင်တယ်လေ။

3. ဒါကြောင့် ဖြစ်နိုင်ရင် Password ကို အက္ခရာတွေနဲ့ ဂဏန်း (အကြီး/အသေး) တွေကို ရောပြီးပေးထားသင့်ပါတယ်။

4. ပြီးတော့ Password ဟာ စာလုံးအရေအတွက်(၈)လုံး၊ ဒါမှမဟုတ် (၈)လုံးထက် ပိုတာမျိုးပဲဖြစ်သင့်ပါတယ်။

5. အကယ်၍ ကိုယ့်အတွက် အရေးကြီးတဲ့ Information တွေကို ကိုယ်က နှစ်နေရာ၊ သုံးနေရာ ခွဲပြီးထားထားတယ်ဆိုရင် ကိုယ့်ရဲ့ Password ကိုလည်း တစ်ခုနှင့်တစ်ခု မတူညီအောင် ပေးထားသင့်ပါတယ်။ ဒါမှ ပိုပြီးလုံခြုံစိတ်ချရမှာ ဖြစ်ပါတယ်။ ပြီးတော့ အကြောင်းကြောင်းကြောင့် ကိုယ့်ရဲ့ Password ကို တစ်စုံတစ်ယောက်ကသိသွားခဲ့မယ်ဆိုရင်တောင် သိပ်ပြီး မစိုးရိမ်ရတော့ဘူးပေါ့။ နို့်မို့ဆိုရင် တစ်ယောက်ယောက်က ကိုယ့်ရဲ့ Passwordကို သိသွားကြည့်ပါလား။ ကိုယ့်ရဲ့ Data တွေကို အားလုံးရသွားတော့မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကData သိမ်းထားတဲ့နေရာ(သို့မဟုတ်) Website တွေအားလုံးအတွက်ကို Password တစ်မျိုးပဲ သုံးထားတာကိုး။ဒါ့ကြောင့် အဲလိုအဖြစ်မျိုးတွေ မဖြစ်စေဖို့အတွက် Password တွေကိုလည်း ခွဲခြားထားသင့်ပါတယ်။

6. အဲ..နောက်ဆုံးမှာချင်တဲ့အချက်က အရေးအကြီးဆုံးပါပဲ။ ဘာလဲဆိုတော့ ကိုယ်ရဲ့ Password ကို
ကိုယ်ကိုယ်တိုင် မေ့မသွားဖို့ပါပဲ။ အခုလို ရှေ့ကပြောခဲ့တာတွေကြောင့် အစိုးရိမ်လွန်ပြီး Password တွေကို ရှုပ်ရှတ်ခတ်နေအောင် လျောက်ပြီး ပေးထားတော့ သူများတွေ ၀င်ခိုးဖို့နေနေသာသာ ကိုယ်ကိုယ်တိုင်တောင် ပြန်မ၀င် တတ်တာမျိုး ဖြစ်နေရင်တော့ တော်တော်ကြည့်ကောင်းမှာပဲနော်။ ဒါပေမယ့် မေ့သွားမှာစိုးလို့ဆိုပြီး စာရွက်ပေါ်မှာ
ရေးမှတ်ထားတာမျိုးတော့လည်း မလုပ်စေချင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကိုယ်က မေ့သွားမှာစိုးလို့ဆိုပြီး စာ
ရွက်ပေါ်မှာ ရေးမှတ်ထားကာမှ အဲဒီစာရွက်လည်း ပျောက်သွားရော... ဒုက္ခလည်း ရောက်ရော ဖြစ်နေမှာစိုးလို့ပါ။
ဒါ့ကြောင့် Password ကို ရွေးတဲ့အခါမှာ ဘယ်သူမှလည်း မသိနိုင်သလို၊ ကိုယ်ကိုယ်တိုင်လည်း မှတ်မှတ်ရရရှိမယ်စကားလုံးမျိုးတွေကို ရွေးချယ်သင့်ပါတယ်။
အဲ... Short Word (စကားလုံးတို) လေးတွေနဲ့ ဂဏန်းလေးတွေ၊ ဒါမှမဟုတ် Punctuation Character

လို့ခေါ်တဲ့ (-) လေးတွေထည့်ပြီး Password တစ်ခုဖန်တီးလိုက်ရင်ရောဗျာ...။ ဥပမာ-soy2_yo3 ဆိုတာမျိုး..။

ဒါမှမဟုတ် မှတ်မိလွယ်အောင် စကားစုတစ်ခုလုံးရဲ့ အရှေ့စာလုံးတွေကိုချည်းပဲ ပေးထားတာမျိုးဆိုရင်ရော ဥပမာ-

A troubles waters gain fishing လို စကားစုမျိုးဆိုရင်ရော ArRGdP ဆိုပြီး ရေးတာမျိုးပေါ့။ အဲ.. ဒါပေမယ့်

ဒါတွေကိုလည်း သဘောမကျသေးဘူး၊ မပေးချင်သေးဘူးဆိုရင်တော့ ကိုယ့်စိတ်ကြိုက်သာ ပေးလိုက်ပါတော့ဗျာ။

အဓိက အရေးကြီးတာက ကိုယ်ကိုယ်တိုင် စိတ်တိုင်းကျဖို့နဲ့ ကိုယ်ပေးထားတဲ့ Password ကြောင့် ကိုယ်ရဲ့ Data

တွေ လုံခြုံနေဖို့ပါပဲဗျာ..။

from.  www.မျက်ဝန်းနက်.com
အမျိုးအစား/ကဏ္ဍ: သုတ

No comments:

Post a Comment

daweiit@gmail.com