ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 3 October 2011

password မေ့တတ်သူများအတွက် window ရဲ့ admin password ကိုဘယ်လို ပြန်ဖျက်မလဲ

password မေ့တတ်သူများအတွက် window ရဲ့ admin password ကိုဘယ်လို ပြန်ဖျက်မလဲ

မေးထားတဲ့သူတွေလဲ အများကြီးပါပဲ . အခုဟာလေးက အတော်လေး အဆင်ပြေတာကြောင့် တင်ပေးလိုက်တာပါ. တွေ့တာတော့ ၄ - ၅ မျိုးလောက်ရှိပါတယ် . တစ်ခြားဟာတွေက သိပ်အဆင်မပြေ တာကြောင့် မပြောပြတော့ပါဘူး. သူများရေးပြီးသားလဲ မရေးချင်တာကြောင့် လိုက်ရှာရင်းနဲ့ ဒီကောင်လေးကို တွေ့သွားတာပါ . တစ်ချို့က safe mode ကနေ ၀င်ပြီးတော့ admin password ကို ဖျက်ကြပါတယ် . တစ်ခါတစ်လေမှာ safe mode ကတောင် ၀င်လို့မရတဲ့အခါမျိုးမှာဆိုရင် ဒီကောင်လေးကို သုံးကြည့်စေချင်ပါတယ် . အဆင့်ကလဲ လုပ်ရမှာ သိပ်မများပါဘူး. နည်းနည်းလေးပါ . အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

1. http://trinityhome.org ဆိုက်ကနေ Trinity Rescue Kit ကို Download လုပ်ယူလိုက်ပါ . ဘယ်လိုလုပ်ရမလဲ မသိသူများအတွက် . Mirror 1 Mirror 2 Mirror 3 ပေးထားတဲ့ Mirror 3 ခုကနေ အဆင်ပြေတဲ့ Mirror ကနေ Download လုပ်ယူလိုက်ပါ . အားလုံးအတူတူပါပဲ တစ်ခုကိုသာ Download လုပ်ရမှာဖြစ်ပါတယ် .
2. Download ပြီးလို့ iso ဖိုင်ရလာပြီဆိုရင် အဲ့ဒါကို bootable disk ဖြစ်အောင် iso burner ဒါမှမဟုတ် Nero တစ်ခုခုနှင့် အခွေ burn လိုက်ပါ . (Nero express ရှိတယ်ဆိုရင် iso ဖိုင်ကို Double click နှိပ်တာနဲ့ Burn ဖို့အတွက် အဆင့်ကို တန်းရောက်သွားမှာပါ)
3. ရတာတဲ့ အခွေကို CD room ထဲထည့်လိုက်ပါ ... မထည့်ချင် BIOS ထဲဝင်ပြီးတော့ 1st boot device ကို CD Room တော့ထားပေးဖို့လိုပါတယ် .
4. ပြီးတာနဲ့ စက်ကိုဖွင့်လိုက်ပါ . ရွေးခိုင်းတဲ့အဆင့် ရောက်လာပြီ ဆိုရင်အပေါ်ဆုံးက Option ကိုရွေးပေးလိုက်ပြီး enter ခေါက်လိုက်ပါ
5. 15 မိနစ်လောက်စောင့်လိုက်ပါ . ပြီးတာနဲ့ ဆက်ပေါ်လာတဲ့အဆင့်ကျရင် winpass လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ .
6. အဲ့ဒါပြီးရင် မိမိရဲ့ HDD ကိုရွေးဖို့အတွက် 1 လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ .
7. ပြီးရင် admin password ကို ဖျက်ဖို့အတွက် 1 ကို တစ်ခါထပ်ရိုက်ပြီးတော့ enter ခေါက်ပါ
8. ပြီးရင် Y လို့ ရိုက်ပြီးတော့ enter ခေါက်ပါ .
9. နောက်ဆုံးအနေနဲ့ အားလုံးပြီးသွားပြီဖြစ်တဲ့အတွက် reboot လို့ရိုက်ပြီးတော့ . enter ခေါက်လိုက်ပါ . ရိုက်ပြီးတာနဲ့ CD အခွေအပြင်ကို ထွက်လာပါလိမ့်မယ် . ပြီးတာနဲ့ စက်က restart ဖြစ်သွားပြီးတော့ window loading ပေါ်လာပြီးတော့ ယခင်က ပေးထားတဲ့ admin password က ပျက်သွားတာကို တွေ့ရမှာဖြစ်ပါတယ်

From nyinaymin.com

No comments:

Post a Comment

daweiit@gmail.com