How to save and use brush in Photoshop
Photos

ပြီးရင် ကိုယ်သိမ်းချင်တဲ့စာသားကို selection ၀င်အောင်လုပ်ရပါမယ်။ ဒါကြောင့် layerခွဲထားပြီးသားသူတွေက ဒီအဆင့်မှာ လွယ်ကူပါမယ်။ အခုဖွင့်ထားတဲ့ဖိုင်မှာ နောက်ခံအရောင်က အဖြူ (Backgroundဆိုတဲ့layerမှာ)၊ လိုဂိုစာသားတွေက အနက် (DESIGNဆိုတဲ့ အပေါ် layerမှာ သက်သက်စီရှိနေတာပါ။) လိုဂိုရှိတဲ့ layerမှာပဲ selection ယူချင်တဲ့အတွက် ကိုယ်select၀င်ချင်တဲ့ layer မှာ Ctrl + click ဖိလိုက်ရင် selection၀င်သွားပါလိမ့်မယ်။

Selection၀င်နေတဲ့ အနေအထားမှာ Edit> Define Brush Preset ကိုသွားပါ။ Brush name box ကျလာရင် နာမည်တစ်ခုခုပေးလိုက်ပါ။

စာရေးသူတော့ MY LOGOလို့ အခုလို နာမည်ပေးလိုက်တယ်။

အခုဆို Brush Toolကိုရွေးပြီး oprtion bar ကနေbrush box ကိုဖြန့်ကြည့်ရင် သိမ်းလိုက်တဲ့ brush ၀င်သွားတာကို တွေ့ရပါမယ်။

ပြီးရင် brush pop up menu ကနေ Save Brushes ကိုရွေးပါ။

Save box ကျလာရင် နာမည်ပေးလိုက်ပါ။ ဒီမှာ MY LOGO လို့ပဲ ထပ်ပေးထားလိုက်ပါတယ်။

သိမ်းတဲ့လမ်းကြောင်းကိုလည်း ရှာရလွယ်အောင် Desktop ပေါ်မှာပဲ သိမ်းလိုက်ပါတယ်။ ဒါဆို Desktopမှာ MY LOGO.abr ဆိုတဲ့ brush တစ်ခုတွေ့ရပါလိမ့်မယ်။ (Brush ရဲ့ extensionက .abr ပါ)။

ရလာတဲ့ Brushကို ကိုယ့် Photoshop ထဲရောက်အောင် သွားပြီး ထည့်ပေးရပါမယ်။ အဲဒီအတွက် အရင်ဆုံး Photoshop ကို ပိတ်လိုက်ပါ။ MY LOGO.abrဆိုတဲ့ Brushကို Copyပါ။ အဲကူးထားတဲ့ Brushကို Photoshopသွင်းထားတဲ့ လမ်းကြောင်းမှာ သွားPasteရပါမယ်။ ပုံမှန်အားဖြင့်တော့ C: > Program> Adobe> Adobe Photoshop> Presets> Brushဆိုတဲ့ Foderထဲရောက်အောင်သွားပြီး Pasteလုပ်ပါ။ Pasteလုပ်ပြီးသွားရင်တော့ Photoshopကို ပြန်ဖွင့်လို့ရပါပြီ။ အခု Photoshopကို သွားဖွင့်ပြီး brush tool ရွေး၊ brush pop up menuမှာ ကိုယ်ပေးထားတဲ့ Brush Nameက ၀င်နေတာတွေ့ရပါမယ်။

အဲဒါကို selectလုပ်၊ ကိုယ့် လိုဂိုမှာရွေးပြီး ကြိုက်တဲ့ ပုံုံပေါ်မှာ brush sizeအမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ ပြန်လည် အသုံးပြုနိုင်ပါပြီ။ (မှတ်ချက်။ ။ Photoshopအသုံးပြုသူတိုင်း option barက settingတွေကို တန်ဖိုးအနည်းအများ အမျိုးမျိုးပြောင်းသုံး စမ်းသပ်ခြင်းဖြင့် ကွဲပြားမှုကို ပိုမိုသိရှိနိုင်ပါလိမ့်မယ်) ။
No comments:
Post a Comment
daweiit@gmail.com