ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 3 October 2011

Gtalk နှင့်ပတ်သက်သမျှ

ဒီတစ်ခါ အခြားသူတစ်ယောက်ရဲ့ mail address နဲ့ ကိုယ့် mail ထဲကနေပဲ ကိုယ်က ပေးပို့စာတို့ ပြန်စာတို့ send လို့ရတဲ့အပြင်သူ့ mail ထဲက send mail နဲ့ incoming mail တွေကို ကိုယ့် mail ထဲသို့ ပုံမှန်ရောက်လာအောင် လုပ်တဲ့ နည်းလေးကို ဝေမျှပေးသွားပါမယ် ...။

ဒါပေမယ့် အဲ့လို ကိုယ်လုပ်ချင်တဲ့ mail ရဲ့ user name နဲ့ စကားဝှက် ကိုတော့သိထားရပါမယ် ... ...စကားဝှက် သိမှတော့ အဲ့လိုလုပ်စရာတော့မလိုပါဘူး .. (သူ့ mail ထဲပဲသွားဝင်ကြည့်တော့မှာပေါ့ဗျာ) ...
ဒါပေမယ့် သူ့ mail ထဲက send mail နဲ့ incoming mail တွေကို သူ့ mail ကို မဖွင့်ပဲ ကိုယ့် mail ထဲကပဲ ကြည့်လို့ရတဲ့အပြင်ကိုယ့် mail ထဲကနေ သူကဘဲ mail ပို့နေသလိုလိုဖြင့် ကိုယ်ကကြားဖြတ် mail ပို့လို့ရတယ်ဆိုတာကို စိတ်ဝင်စားဖို့ကောင်းလို့ မျှဝေလိုက်တာပါ ..နောက်ပြီး mail တွေအများကြီး ဖောက်ပြီး ကျူကြတဲ့သူတွေအတွက်လည်း အသုံးဝင်မယ်ထင်ပါတယ် .. .. အောက်ပါအတိုင်း ကိုယ်ရှိသမျှ mail အားလုံးကိုလုပ်ထားမယ်ဆိုရင်ကိုယ် mail send ချင်ရင် ကိုယ်ဖောက်ထားတဲ့ mail အားလုံး ဖွင့်စရာမလိုပဲ mail တစ်ခုထဲကနေ mail address လေး ပြောင်းပြီး တစ်ထိုင်တည်း send နေလို့ရပါတယ် ....


ပထမဆုံးအနေနဲ့ ကိုယ်လုပ်ချင်တဲ့ ( အခြားသူရဲ့) mail ကိုဖွင့်ပြီး Settings -> Forwardinf and POP/IMAP ထဲက POP Download:မှာ Status: POP is disabled ဖြစ်နေတယ်ဆိုရင် Enable POP for all mail ဆိုတာကို Select ပေးပြီး Save Changes ကို click လိုက်ပါ ...


Status: POP is enabled ဖြစ်နေတယ်ဆိုရင် ဘာမှလုပ်စရာမလိုပါဘူး ... ...ပြီးရင် ကိုယ့်ရဲ့ mail ကိုဖွင့်ပြီး Settings -> Accounts ထဲက Get mail from other accounts: ဘေးက Add another mail accountကို click လိုက်ပါ ... Add a mail account ဆိုတဲ့ box လေးပေါ်လာပါလိမ့်မယ် ....Email address: နေရာမှာ ကိုယ်လုပ်ချင်တဲ့ ( အခြားသူရဲ့) mail address ကိုထည့်ပါ ...


ပြီးရင် Next Step ကို click ပါ ... Page တစ်ခုထပ်ပေါ်လာပါလိမ့်မယ် ..Username နဲ့ စကားဝှက် နေရာမှာ ကိုယ်လုပ်ချင်တဲ့ ( အခြားသူရဲ့) mail ရဲ့ Username နဲ့ စကားဝှက် ကိုထည့်ပါ ..

ပြီးရင် Add Account ကို click ပါ ... Your mail account has been added ဆိုတဲ့ Page ပေါ်လာပါလိမ့်မယ် ...Yes, I want to be able to send mail as ......... ဆိုတာကို Select ပေးပါ ...


Next Step ကို click ပါ .. Next Step တစ်ခု ထပ်ပေါ်လာရင်လည်း ကိုယ်လုပ်မယ့် (အခြားသူရဲ့ ) username ကို မှန်အောင်ထည့်ပြီး Next Step ကို click ပါ ... နောက်ဆုံး Verify your email address box ပေါ်လာပါလိမ့်မယ် ..


Send Verification ကို click ပါ ... confirmation code ထည့်ရမယ့် box လေးပေါ်လာပါလိမ့်မယ် .. ..


ထည့်ရမယ့် confirmation code ကို ကိုယ်လုပ်မယ့် ( အခြားသူရဲ့) mail မှာဝင်ပြီး အရင်သွားယူရမှာဖြစ်တဲ့အတွက် confirmation code ထည့်ခိုင်းတဲ့ box ကို ပိတ်ပြီး Signout လုပ်ပါ .. .. ကိုယ်လုပ်မယ့် ( အခြားသူရဲ့) mail ကိုဖွင့်ပြိးconfirmation code ကို copy လုပ်ထားလိုက်ပါ .. . ပြီးရင်း ကိုယ့်ရဲ့ mail ကိုပြန်ဖွင့်ပြီး Settings -> Accounts ထဲကSend mail as: မှာ unverified ဖြစ်နေတဲ့ ကိုယ်လုပ်လိုက်တဲ့ ( အခြားသူရဲ့ ) mail address ပေါ်နေတာတွေ့ရပါလိမ့်မယ်....


အဲ့ဒီ mail address ဘေးမှာ verify ဆိုတာကို click လိုက်ပါ .. confirmation code ထည့်ရမယ့် box လေးပြန်ပေါ်လာပါလိမ့်မယ် ..copy လုပ်ထားတဲ့ confirmation code ကို ထည့်ပြီး Verify ကို click လိုက်ပါ ..ပြီးပါပြီဗျာ .... .. သင်လုပ်လိုက်တဲ့ ( အခြားသူရဲ့ ) mail ထဲက သူ send တဲ့ mail တွေနဲ့ သူ့အထဲဝင်တဲ့ mail တွေအားလုံး သင့် mial ထဲမှာနေ့စဉ်ဖော်ပြနေပါလိမ့်မယ် ...... ..... ..

အဲ့ဒီလို ကိုယ့် mail ကို လုပ်ထားခြင်းခံထားရ မခံထားရကို ဘယ်လိုသိနိုင်မလဲ ဆိုတာတော့ အထက်ပါဖော်ပြပါတစ်နေရာမှာမသိမသာ ပါသွားပြီးဖြစ်တဲ့အတွက် ပြောမပြတော့ပါဘူး .. ........ .. ကိုယ့်ကိုလုပ်ထားခြင်းခံထားရပြီဆိုတာသိရင်တော့ ........ ကာကွယ်လို့ရပါတယ် ...

အဲ ... ....အခြား mail ကို သွားလုပ်ထားတဲ့သူက ကိုယ့် mail ထဲကို သူ့ရဲ့ send mail နဲ့ incoming mail တွေမရောက်တော့ဘူးဆိုရင်တော့ ... .. ကိုယ့် mail ကိုဖွင့်ပြီး Settings -> Accounts ထဲက Get mail from other accounts: ဆိုတဲ့ဘေးမှာ အောက်ပါပုံကို တွေ့ပါက ကိုယ်လုပ်ထားတဲ့ (အခြားသူရဲ့) mail ပိုင်ရှင်က ကာကွယ်လိုက်ခြင်းဖြစ်ပါတယ် ...


ဒါပေမယ့် .... send mail နဲ့ incoming mail တွေကို မရောက်အောင်သာကာကွယ်လို့ပဲရပါတယ် .... ..ကိုယ့် mail ထဲကနေ ကိုယ်လုပ်ထားတဲ့ (အခြားသူရဲ့) mail adderss အနေနဲ့ ပြန်စာတို့ ပေးပို့စာတို့ send နေလို့ရပါသေးတယ် ...အဲ့ဒီလို send လို့မရအောင် ဘယ်လိုကာကွယ်မယ်ဆိုတာကို ကျွန်တော်လည်း မသိပါဘူး ... သိရင် ဝင်ရောက်ဆွေးနွေးပေးပါအုံးဗျ...ကိုယ့် mail ထဲကနေ ကိုယ်လုပ်ထားတဲ့အခြားသူတစ်ယောက်ရဲ့ mail address နဲ့ သူ့ပုံစံဖြင့် ကိုယ်က massage တွေ send မယ်ဆိုရင်ကိုယ့် account ထဲမှာ Compose Mail ကိုသွားလိုက်တာနဲ့ From ဆိုပြီး ကိုယ့် mail address နဲ့ ကိုယ်လုပ်ထားတဲ့ mail address တွေ ပေါ်နေတာတွေ့ရပါလိမ့်မယ် ...



ကိုယ်လုပ်ထားတဲ့ mail address ကို Select လုပ်ပြီး send လိုက်ရုံပါပဲ .... ...။

Ref : ဒီနည်းလေးကတော့ ကျွန်တော့် သူငယ်ချင်း Ogre ရဲ့ရှာဖွေမှုကို ပြန်လည်ဝေမျှခြင်းပဲ ဖြစ်ပါတယ် ...။

No comments:

Post a Comment

daweiit@gmail.com