ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Saturday 22 October 2011

Google ဖြင့် ရှာရှာဖွေဖွေ

Google... Google နဲ့ အင်တာနက်သမားတွေရင်းနှီးကြမှာ အသေအချာပါပဲ ... ဂူးဂဲလ်ကို ဘာအတွက်သုံးတာလဲဆိုတော့ ရှာဖို့ ဖွေဖို့ပေါ့ ... google.com ရဲ့မူရင်းစာမျက်နှာဟာ ရှင်းတယ် / ပုံရယ်လို့ တစ်ပုံပဲပါတဲ့အတွက် မြန်တယ် / Result ထုတ်ပေးတာကလဲ လှစ်ခနဲပဲ .. ဒါကြောင့် ဂူးဂဲလ်ဟာ မြန်မာနိုင်ငံက အင်တာနက်အသုံးပြုသူတွေအတွက် တော်တော်အကျိုးရှိတဲ့ ကြားခံဝဘ်ဆိုက်တစ်ခုဖြစ်လို့နေပါတယ်။

ဒါပေမယ့် ဂူးဂဲလ်ကို သမားရိုးကျရှာဖွေမှုအပြင် သူရဲ့ပြန့်ကားလွန်းတဲ့ရှာဖွေမှုကို ချုံ့ပေးနိုင်မယ့်နည်းလမ်းတွေကို လူတော်တော်များများက သတိမထားမိကြပါဘူး။ သိကားသိ၏ သို့သော်ငြား ကျော်သွား၏ ဆိုသလိုဖြစ်နေတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဂူးဂဲလ်ကို ကြိုက်တယ်။ အမြဲလိုလိုသုံးဖြစ်နေပါတယ်။


Syntax တွေအသုံးပြုပြီးရှာဖွေခြင်း

ဒီအကြောင်းကို www.google.com/help/operators.html မှာရေးထားပါတယ်။ ဒါပေမယ့် အသုံးဝင်မယ့် Syntax လေးတွေဖော်ထုတ်ပေးပါရစေ။

Intitle:
သဘောကတော့ သင်ရှာလိုတဲ့ စာသားတွေကို ခေါင်းစဉ် (၀ဘ်ဆိုက်ခေါင်းစဉ် / စာတစ်ပုဒ်ရဲ့ခေါင်းစဉ်) မှာပဲ ပါစေလို / ရှာချင်လိုရင်သုံးပါတယ်။
Sample >>>
Code: [Select]
intitle:"Three Blind Mice"


Intext:
သူကတော့ Intitle နဲ့ပြောင်းပြန်ပါခင်ဗျာ။ ခေါင်းစဉ်မဟုတ်ဘဲ စာသားတွေထဲမှာ ပါစေချင်တဲ့စကားလုံးတွေကို ရှာဖွေတာဖြစ်ပါတယ်။
Sample >>>
Code: [Select]
intext:"cyber junior"

Link:
သူကတော့ ကိုယ်သိထားတဲ့ဝဘ်ဆိုက်နဲ့အလားသဏ္ဍာန်တူတဲ့ဆိုက်ကိုရှာချင်တဲ့အခါ (သို့) ကိုယ်သိထားတဲ့ဝဘ်ဆိုက်နဲ့ ဆက်စပ်နေတဲ့ ဆိုက်တွေ/လင့်တွေကို ရှာပေးတာပါ။
Sample >>>
Code: [Select]
link:www.google.com

Intitle & Site
ဒါsyntaxက ရှာဖွေမှုဧရိယာကို ပိုမိုကျဉ်းမြောင်းသွားစေနိုင်ပါတယ်။ .edu နဲ့အဆုံးသတ်ထားတဲ့ ၀ဘ်ဆိုက်တွေမှာ Mark Twain အကြောင်းကို ခေါင်းစဉ်ထဲမှာ ရှာချင်တယ်ဆိုပါတော့ အောက်ကဥပမာကို စမ်းသုံးကြည့်လိုက်ပါ။
Sample >>>
Code: [Select]
intitle:"Mark Twain"site:edu

အပေါ်က အသုံးဝင်တယ့် Syntax အချို့ကို ပြောအပြီးမှာ ဂူးဂဲလ်ရဲ့ဆားဗစ်အချို့ကို ထပ်ပြောပြပါမယ်။ ဂူးဂဲလ်ဟာ တဖြည်းဖြည်းနဲ့ စွယ်စုံရှာဖွေရေးဆိုက်တစ်ခုအဖြစ် ပြောင်းလဲလာပါတယ်။ ကဲ... ဂဏန်းပေါင်းစက်လိုတယ် မဟုတ်လား....

www.google.com/help/features.html#calculator

အဲ့ဒီဟာက ကွန်ပျူတာဝင်းဒိုးထဲကပါတဲ့ ဂဏန်းပေါင်းစက်ထက်ပိုပြီးတွက်ချက်နိုင်ပါတယ်...း)

ကဲ... ကျွန်တော်ပြောတာတွေဟာ ဟိုရောက်ဒီရောက်ဖြစ်ချင်ဖြစ်နေလိမ့်မယ်... (ဖတ်လဲဖတ် ဘာသာလဲပြန် စာကိုလဲတန်းရေးရတော့ စာပြန်မစီနိုင်တော့ဘူး...)

ဂူးဂဲလ်မှာ စာလုံးပေါင်းစစ်လို့ရတယ်လေ... အဘိဓာန်တစ်ချို့မှာမပါတဲ့ စကားလုံးတွေလည်း အဆင်သင့်ပါတယ် .. (ဒါပေမယ့် လောကကြီးမှာ အရာရာပြည့်စုံတယ်လို့မရှိဘူးလေ... မြန်မာစာ စာလုံးပေါင်းတွေနဲ့ (ဘားဂလိတွေနဲ့) သွားတော့ မဂေါက်လိုက်ပါနဲ့ဗျာ... )

ကဲ .. မိတ်ဆွေက စာလုံးတစ်လုံးရှာချင်တယ်ဆိုပါတော့ ... Google.com ထဲမှာ ရိုက်ရှာလိုက်တယ်... သင်နည်းနည်းမှားယွင်းသွားတယ်ဆိုပါတော့ အောက်မှာ သင့်လျော်တဲ့ စာလုံးပေါင်းကို ပြန်ချပြီးရေးပြလေ့ရှိပါတယ်...
ဥပမာလွယ်လွယ်ပဲပြရရင် ကျနော်က james bomd ရိုက်ထည့်လိုက်တယ်ဗျာ... သူကတော့
Code: [Select]
Did you mean: james bondလို့ပြန်ပြောမှာ အသေအချာပါပဲ။


အခုတစ်ချက်ကတော့ မြန်မာပြည်ကလူတွေနဲ့ သဟဇာတမဖြစ်ဘူးထင်တယ် .. ဒါပေမယ့်လဲ ထည့်ရေးပေးလိုက်ပါရစေ... ဂူးဂဲလ်ကို Yellow Pages သဘောနဲ့ အသုံးပြုခြင်းပါပဲ။ သင်ဟာ သင့်မိတ်ဆွေနံမည်ကို သိတယ်။ ဒါပေမယ့် ဖုန်းနံပါတ်ကို မေ့နေတယ်။ လွယ်ပါတယ်။ google.com မှာပဲ Name, City and State (နံမည်၊ မြို့နဲ့ ပြည်နယ်နံမည်) တွေကို အစဉ်လိုက်အတိုင်း တိတိကျကျရိုက်နိုင်ရင် ဖုန်းနံပါတ်တွေကို List လုပ်ထားတာလေး ဖော်ပြပေးပါလိမ့်မယ်။


ဂူးဂဲလ်ရဲ့ချဲ့ထွင်ထားတဲ့ Services တွေပါ။

http://www.google.com/options/index.html

အဲ့ဒီမှာ အစုံတွေ့နိုင်ပါတယ်။


http://www.googlealert.com/ (ဂူးဂဲလ်ဆားဗစ်နဲ့ မသက်ဆိုင်ပါ .. ဒါပေမယ့် ဂူးဂဲလ်ရဲ့ web services တွေကို အခြေပြုထားခြင်းပါ)

http://www.google.com/alerts (ဒါကတော့ googlealert.com နဲ့တူပါတယ်... ဂူးဂဲလ်ကနေရလာတဲ့ ၀ဘ်ဆိုက်တွေ၊ သတင်းအကြောင်းအရာတွေကို အီးမေးလ်ကနေတစ်ဆင့် အကြောင်းကြားခြင်းပါ)


http://labs.google.com (ဂူးဂဲလ်ရဲ့ သုတေသနအခန်းကြီးထဲကနေ ထူးထူးဆန်းဆန်းလေးတွေရနိုင်ပါတယ်။ ဥပမာ Google page creator, Google Mars လိုမျိုးတွေပေါ့၊ Gtalk Labs Edition ကိုယူချင်လည်းရနိုင်တယ်လေ)

from MMcyber

No comments:

Post a Comment

daweiit@gmail.com