ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 17 October 2011

(ကွန်ပြူတာထဲကို Gadget ဘယ်လိုသွင်းမလဲ)

(ကွန်ပြူတာထဲကို Gadget ဘယ်လိုသွင်းမလဲ)

အခြေခံမှ စတင်လေ့လာနေသူများအတွက်ဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့  Download ကိုရွေးပြီး ကွန်ပြူတာအတွင်းသို့အရင်ရယူရမှာဖြစ်ပါတယ်။ Mouse ပေါ်က ဘယ်ဘက်ကလစ်ကို အသုံးပြုရပါမယ်။
tutorial

ဒုတိယအဆင့်မှာတော့ Download ရယူပြီး ကွန်ပြူတာအတွင်းသို့ အပြည့်အဝရောက်ရှိပြီဆိုလျှင် Web Browser ရဲ့ ညာဘက်အောက်ထောင့်နားလေးမှာ Download ရယူပြီးစီးကြောင်း ဖော်ပြလာပါလိမ့်မယ်။ ဘယ်ဘက်ကလစ်နှိပ်လိုက်ရင် Downloads Window ပေါ်လာမှာဖြစ်ပြီး။ ညာဘက်ကလစ်နှိပ်လိုက်လျှင် Download Menu ပေါ်လာမှာဖြစ်တယ်။ Open Containing Folder ကိုရွေးမယ်ဆိုရင် မိမိ Download ရယူထားတဲ့ File ဟာ ကွန်ပြူတာအတွင်းက ဘယ် Folder ကိုရောက်ရှိနေသလဲဆိုတာကို ပြသွားပါလိမ့်မယ်။
tutorial

တတိယအဆင့်မှာတော့ မိမိ Download လုပ်ထားခဲ့တဲ့ Gadgetကို ရှာတွေ့ပြီဖြစ်တယ်။ အဲဒီ Gadget ကိုတွေ့ပြီဆိုရင် ဘယ်ဘက်ကလစ်ကို ခပ်ဆတ်ဆတ်ကလေး နှစ်ချက်နှိပ်ပစ်လိုက်။ ကွန်ပြူတာအတွင်းပိုင်း လည်ပတ်မှုစနစ်ထဲကို စတင်ထည့်သွင်းတော့မှာဖြစ်တယ်။ Install menu ပေါ်လာရင် install ကိုရွေးပေးလိုက်ပါ။
tutorial

စတုတ္ထအဆင့်အနေနဲ့ Desktop ပေါ်မှာပေါ်လာမယ့် Gadget လေးကိုတွေ့ရမှာဖြစ်ပါတယ်။ Keyboard ပေါ်က (Window Key) နဲ့ (D) ကို တပြိုင်တည်းပေါင်းနှိပ်လိုက်ရင် Desktop ကိုတွေ့ရမှာဖြစ်တယ်။ Gadget ရဲ့ ညာဘက်အောက်ထောင့်နားမှာရှိတဲ့ Drag Gadget ကို ဘယ်ဘက်ကလစ်နဲ့ မလွတ်တမ်းနှိပ်ထားပြီး မိမိထားချင်တဲ့ နေရာရွှေ့ထားလို့ရတယ်။ ဒုတိယ နေရာမှာရှိတဲ့ မျှားပုံလေး (Larger Gadget) ကိုနှိပ်ပြီး Gadget ကိုအပြည့်အဝအသုံးပြုနိုင်ပါပြီ။ အဲဒီနေရာမှာပဲ ဒုတိယအကြိမ်ကလစ်နှိပ်ပြီး Smaller Gadget ကိုအသုံးပြုနိုင်ပါတယ်။
tutorial

(Gadget ကိုမလိုချင်တော့ဘူး ပြန်ဖြုတ်တော့မယ်။)



Gadget ရဲ့ ညာဘက်အပေါ်ဆုံးထောင့်နားမှာရှိတဲ့ Close နဲ့ပိတ်လိုက်ရင် Gadget ဟာ မြင်ကွင်းမှာသာမရှိတော့ပေမယ့် ကွန်ပြူတာအတွင်း လည်ပတ်မှုစနစ်တွေထဲမှာ ရှိနေသေးပါတယ်။ Gedget ကို အပြီးအပိုင် ပယ်ထုတ်မယ်ဆိုရင် Gadget များကိုထိန်းချုပ်ထားတဲ့နေရာကိုသွားရပါမယ်။ Desktop ပေါ်က လွတ်နေတဲ့နေရာတစ်ခုမှာ ညာဘက်ကလစ်နှိပ်မယ် Menu box ကျလာမယ်ဆိုရင် Gadgets ကိုရွေးချယ်ရပါမယ်။
tutorial
Gadget Window ပေါ်လာပြီဆိုရင် မိမိကြိုက်နှစ်သက်ခြင်းမရှိတော့တဲ့ Gadget ပေါ်မှာ ညာဘက်ကလစ်ကိုနှိပ်မယ်။ Uninstall ကိုဘယ်ဘက်ကလစ်နဲ့ ရွေးမယ်။ Window System က သေချာအောင် သင့်ရဲ့အတည်ပြုချက်ကို တောင်းဆိုပါလိမ့်မယ်။ Uninstall ကိုပဲရွေးချယ်လိုက်ပါ။ ကွန်ပြူတာလည်ပတ်မှုစနစ်ထဲကနေ ပါပျောက်ကွယ်သွားပါလိမ့်မယ်။ ပထမအဆင့်မှ Download ရယူထားခဲ့တဲ့ စက်ထဲသွင်းမယ့် Gatget install file လေးကိုအသုံးပြုပြီး ပြန်လည်ထည့်သွင်းနိုင်ပါတယ်။
tutorial
Gadgets Window ထဲက ညာဘက်အောက်ထောင့်နားမှာရှိတဲ့ Get more gadgets online ကိုရွေးချယ်ပြီး အင်တာနက်ပေါ်မှာရှိတဲ့ အခြား Gedget များကို ရယူနိုင်မှာဖြစ်တယ်။ Gadgets ပေါင်း ငါးထောင်ကျော်ကိုတွေ့ရမှာဖြစ်ပြီး ကိုယ်နဲ့သင့်တော်မယ်ထင်တဲ့ Gedget များကို စမ်းသပ်အသုံးပြုပြီး မိတ်ဆွေတွေကို မျှဝေလိုက်ပါ။ တစ်ခါတည်း လေ့ကျင့်ပြီးသားလည်းဖြစ်သွားတာပေါ့။
ကဲ... ဖျော်ထားတဲ့ကော်ဖီလည်းအေးသွားပါပြီ။ ကော်ဖီအေးလေးသောက်လိုက်ပါဦး။ coffee

No comments:

Post a Comment

daweiit@gmail.com