ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 10 October 2011

ကွန်ပျုတာမှာ သုံးထားခဲ့တဲ့ အချက်လက်တွေကျန်မနေခဲ့အောင်ရှင်းမယ်.

ကွန်ပျုတာမှာ သုံးထားခဲ့တဲ့ အချက်လက်တွေကျန်မနေခဲ့အောင်ရှင်းမယ်....


C Cleaner အကြောင်းကတော့ အထူးပြောစရာ မလိုတော့ဘူးလို့ထင်ပါတယ် ကျွန်တော်တို့ အင်တာနက်သုံးတဲ့နေရာမှာ IE, Firefox စတဲ့ Browser တွေနဲ့သုံးကြတယ် အွန်လိုင်းကနေ ဈေးဝယ်ချင်လည်း ဝယ်ကြမယ် (ကျွန်တော်တော့ မဝယ်နိုင်ပါ) ......း)း)
အဲလိုသုံးကြတဲ့နေရာမှာ Bank Account တွေလည်း သုံးကြရမယ် အကြွေးဝယ်ကဒ်ရဲ့ နံပါတ်တွေ လျှို့ဝှက်နံပါတ်တွေ ရိုက်ထည့်ပေးရတာမျိုးတွေရှိတယ်...။
အီးမေးလ်သုံးကြတယ် Password တွေရိုက်ထည့်ပေးရတယ် ပြီးတော့ ကိုယ်ဝင်ကြည့်ထားတဲ့ Website တွေ အချက်လက်တွေ စသည်စသည်ဖြင့် အများကြီးပေါ့ဗျာ အဲဒီလို အချက်လက်တွေကို ကွန်ပျုတာမှာ ကျန်မနေခဲ့အောင် ရှင်းတဲ့နေရာမှာ C Cleaner ကိုသုံးကြပါတယ်...။
သုံးရတာတော့ လွယ်ပါတယ် ဘယ်လိုသုံးရမလဲဆိုတာတော့ နည်းနည်း ရှည်လိုက်ဦးမယ်...း)

အထက်က ကျွန်တော်ပြောခဲ့သလို အချက်လက်တွေမကျန်ခဲ့အောင် ဘယ်လိုရှင်းမလဲ အောက်မှာ ကြည့်ပါ...


(1) ကအတိုင်း Cleaner ကိုကလစ်ပေးပါ...
(2) Analyze ကိုကလစ်ပေးပြီး....
(3) မှာပြထားသလို Run Cleaner ကိုကလစ်ပေးလိုက်ရုံပါပဲ
Windows Tab အောက်က အချက်လက်တွေကို ရှင်းပြီးရင် Application Tab အောက်က အချက်လက်တွေအတွက်လည်း ဒီအတိုင်းပါပဲ...။

CCleaner သုံးပြီး Registry ကိုပြင်ဘို့ကတော့ အောက်က အဆင့်လေးတွေအတိုင်းသွားလိုက်ပါ...


(1) Registry ကိုကလစ်...
(2) scan for Issues ကိုကလစ်ပေးပြီး...
(3) Fix Selected Issues ကိုကလစ်ပေးပါ...
(4) Yes ကိုကလစ်ပေးပြီး နောက်တစ်ဆင့်မှာတော့ Registry Backup file ကို save ပေးလိုက်ပါ...


ဒီအဆင့်မှာတော့ ပြထားတဲ့အတိုင်း Fix All Selected Issues  ကိုကလစ်ပေးလိုက်ပါ...

CCleaner မှာ ဒီလိုလုပ်လို့ရတာတွေတင်ပဲလား ဆိုတော့ မကသေးပါဘူး Tool မှာ ပါတဲ့ Startup နဲ့ Uninstall ဆိုတဲ့ tool နှစ်ခုရဲ့ စွမ်းဆောင်မှုကလည်း CCleaner ကိုအကြိုက်တွေ့ကြရတဲ့ အချက်တွေထဲမှာ ပါနေပြန်ပါသေးတယ်...
Startup ကဘာတွေလုပ်ပေးသလဲဆိုရင် Windows Loading လုပ်ချိန်ကြာရတဲ့ အကြောင်းရင်းကိုတော့ သိမှာပါ တကယ်လိုအပ်တဲ့ Program မဟုတ်ပဲ Windows တက်လာတာနဲ့ စဘို့ကျွန်တော်တို့ခိုင်းထားတဲ့ program တွေကြောင့်ပါပဲ အဲလို မလိုအပ်တာတွေကို Windows ကရှာနေရလို့ ကြာတာပါ Anti virus လိုမျိုးကလွဲလို့ ကျန်တဲ့ program တွေကို stratup မှာ ပိတ်ထားရင် Windows တက်တာမြန်ပါတယ်...။


(1)Tool ကိုကလစ်ပါ..
(2) startup ကိုကလစ်ပေးပါ...
(3) မှာတော့ Windows စတာနဲ့ အလုပ်လုပ်ဘို့ မလိုအပ်တဲ့ program ကိုကလစ်ပေးပြီး
(4) ကအတိုင်း Disable ပေးထားလိုက်ပါ Windows တက်ချိန်မြန်ဆန်လာပါလိမ့်မယ်...



Uninstall Tool ကတော့ မလိုအပ်တဲ့ program တွေကို ဖြုတ်ပစ်ဘို့ရန်အတွက် သုံးရပါတယ်...
ပုံထဲမှာ ပြထားတဲ့ နံပါတ်စဉ်လေးတွေအတိုင်း လုပ်သွားလိုက်ပါ....။
CCleaner ဟာလည်း ကွန်ပျုတာတစ်လုံးမှာ ရှိထားသင့်တဲ့ Software တစ်ခုပါပဲခင်ဗျာ...

ဒီနေရာလေးမှာ  သွားရောက် Download လုပ်ယူလိုက်ကြပါခင်ဗျာ...

အားလုံး အဆင်ပြေကြပါစေ...
Tags: PC, care..
..
Comment by crooner on ဧပြီ 11, 2011 at 10:31pm
တစ်ခြားဟာဆိုတာက ဘယ်လိုမျိုးတွေလည်း နည်းနည်းလေးပြောပြနိုင်ရင် ကောင်းမယ်ဗျ...ကျွန်တော်တင်ထားတာက rar ဖိုင်ပါ ကွန်ပျုတာမှာ winrar သို့ winzip ရှိမှဖွင့်လို့ရမှာပါ...winrar မရှိရင်တော့ ဒီနေရာမှာ သွားပြီး Download လုပ်ယူလိုက်ပါ ပြီးရင် Install လုပ်ပါ ဖွင့်လို့ရသွားပါလိမ့်မယ်....
thuyazaw Comment by thuyazaw on ဧပြီ 10, 2011 at 8:08pm
ဒေါင်းလွတ်တော့ဆွဲပြီးပြီး သုံးလို့မရဘူးဖြစ်နေတယ်  အဲဒီဖိုင်ကိုဖွင့်လိုက်ရက် အပေါ်မှာပြောထားသလိုမ်ျိုး မပေါ်လာပါဘူး တစ်ခြား ဟာ တွေပေါ်လာတယ်  ဘယ်လိုမှ လုပ်လို့မရဘူဖြစ်နေလို့ တစ်ဆိတ်လောက်ကူညီပေးပါဦးခင်ဗျာ

No comments:

Post a Comment

daweiit@gmail.com