ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Saturday 22 October 2011

အပြင်မှာ စာအုပ်လှန်ဖတ်သလို ကွန်ပျူတာထဲမှာဖတ်မယ်

မိုးလုံးပြည့်လျှံ

အပြင်မှာ စာအုပ်လှန်ဖတ်သလို ကွန်ပျူတာထဲမှာဖတ်မယ်

ကျွန်တော် Ning ထဲမှာပို့စ်မ၀င်ရေးဖြစ်တာ ကြာပါပြီ။ ဒါပေမဲ့ တခါတလေ ကိုယ်ကြိုက်တဲ့ post တွေ့ရင် ၀င်လာပြီး ဖတ်တက်ပါတယ်။
ဒီနေ့တော့ Ning မှာကျွန်တော့်ပို့စ်တင်မယ်ဆိုပြီး ကျွန်တော်မေးလ်ထဲရောက်နေတဲ့ tilte post လေးတွေကိုဖတ်ပြီး ၀င်လာဖြစ်တယ် အဲ့မှာ ဧဒင်ဥယျာဉ် က Google Reader အသုံးပြုနည်း၊အသုံးဝင်ပုံ ဆိုတာလေးတွေ့ပြီး စိတ်ဝင်စားပြီး ၀င်လာပါတယ် ။ အမှန်တော့ ဒီပို့စ်ဟာ
Internet Journal
Vol 12,No. 14Thursday,April 07,2011 *Page-28*
"Google Reader အသုံးပြုနည်းနှင့်အသုံးဝင်ပုံ" မှာ ကျွန်တော်ရေးသားခဲ့သော ဆောင်းပါးဖြစ်ပါတယ်။ ကျွန်တော်အထင်တော့ ဒီပို့မှာ စာရေးသူနာမည် သို့မဟုတ် ဂျာနယ်နာမည်ထည့်ထားမယ်လို့ ထင်ထားမိတာပါ။ကျွန်တော်ဝင်ပြီးအဲ့ပို့စ်ကိုဖတ်လိုက်တော့ ref; ပေးထားခြင်းမရှိပါဘူး။ ဒီလိုပို့စ်ကူးခံရတာဟာ ပထမဆုံးအကြိမ်လားလို့ မေးရင် ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ကျွန်တော်အကြိမ်ပေါင်းများစွာခံရဖူးပါတယ်။ ကိုယ့်ပို့စ်ကို ကူးသွားတယ်။ ရတယ် ကူးပါမကူးနဲ့လို့ မပြောပါဘူး ဒါပေမဲ့ စာရေးသူနာမည်လေးတော့ ထည့်ပေးစေချင်တာပေါ့ ။ ကိုယ့်ပို့စ်ကို သူများကူးသွားတယ် ၀င်ကြည့်မိတယ် သူဘယ်က ယူထားတာလဲဆိုတာလေး ထည့်ပေးထားရင် စာရေးသူကျေနပ်ပါတယ်။ ကျွန်တော်အမှန်မှာ အပြင်မှာ စာအုပ်လှန်ဖတ်သလို ကွန်ပျူတာထဲမှာဖတ်မယ် ဆိုတာလေးတင်ပေးမလို့ပါ။ ကျွန်တော်ပို့စ်တွေကို ning မှာ မshare ရတာကြာလို့ လာ share တာပါ။ ဒါက ကျွန်တော်ရဲ့ ခံစားချက်တွေကိုရေးထားတာပါ။ တော်တော်လည်းများသွားပြီထင်ပါတယ်။ ကျွန်တော် ဒီပို့စ်ခေါင်းစဉ်အောက်မှာ အပြင်မှာစာအုပ်လှန်ဖတ်သလို ကွန်ပျူတာထဲမှာဖတ်မယ် ဆိုတာလေး ရှင်းပြသွားပါမယ်။ ဆက်လက်ဖတ်ရှုပေးပါဦးခင်ဗျာ။


မြန်မာချစ်သူများ စာဖတ်ပရိတ်သတ်တွေ Ebook ကိုလူတိုင်း ဖတ်ဖူးကြမယ်လို့ ထင်ပါ တယ်။
scroll bar နဲ့ဆွဲဖတ်ရတာ ငြီးငွေ့လာပြီး အပြင်မှာစာအုပ်ဖတ် သလိုမျိုး ဖတ်ချင်တယ်ဆိုရင်ရလား
ရပါတယ် ။ ကျွန်တော် နှစ်မျိုးတွေ့ဖူးပါတယ်။ software နဲ့ လုပ်တာတစ်ခုရှိပါတယ် ။နောက်တစ်ခု website မှာ upload လုပ်ရုံနဲ့ရပါပြီ ။
ကျွန်တော် အခုမိတ်ဆက် ပေးမှာတော့ website ကနေ upload လုပ်ရုံနဲ့ စာအုပ် ဖတ်သလို တစ်ရွက်ပြီး တစ်ရွက် လှန်ဖတ်လို့ ရမှာ ဖြစ်ပါတယ်။ website လိပ်စာကတော့ http://issuu.com/ ဖြစ်ပါတယ်။
ဒီဆိုဒ်လေးဟာ This Year's Best Websites ဆိုတဲ့ဆုကိုလည်း ရရှိထားတာဖြစ်ပါတယ် ။
စကားမစပ် Facebook အသုံးဝင်ပုံ လေးလည်းနည်းနည်း ရှင်းပြပေးပါမယ်။
ကျွန်တော် ကြည့်သမျှ website တော်တော်များများမှာ Facebook account ရှိလျှင် ၀င်လို့ရပါတယ်။
သီးသန့် ဆိုဒ်မှာ register လုပ်စရာမလိုတော့ဘူးပေါ့။ အခု Issuu website လည်း facebook account ရှိလျှင် Connect လုပ်လို့ရပါတယ် ။
Facebook အကောင့်မရှိလျှင် Sign Up လုပ်ရပါမယ်။ Sign Up လုပ်နည်းတော့ ကျွန်တော် အသေးစိပ် မရှင်းပြတော့ပါဘူး။
Sign Up လုပ်ပြီးရင် မိမိ gmail or yahoo mail ထဲသို့ Confirm mail တစ်စောင် ရောက်လာပါမယ်။ ဒါဆိုရင် ကျွန်တော်တို့ Issuu ထဲသို့ဝင်ပြီး document တစ်ခုခုကို Upload လုပ်ကြည့်ရအောင် . . .

1

UPLOAD DOCUMENT ကို click ပါ။

2

Browse ကိုနှိပ်ပြီး မိမိ upload လုပ်လိုသော document ကိုလမ်းကြောင်းရွေးပေးပါ။ General info ကို ဖြည့်စွက်ပြီး Upload File ကိုနှိပ်ပါ။

3
Upload file နှိပ်ပြီးလျှင် ဒီလိုပုံပေါ်လာပါမည်။ ဒါဆိုရင်တော့ ကျွန်တော်တို့ upload လုပ်တာ ပြီးမြောက်သွားပါပြီ။ အောက်မှာကြည့်ပါ ။ ဘယ်လိုမျိုးလေးလဲဆိုတာ (နှစ်သက်မယ်လို့ထင်ပါတယ်)

မူရင်းဆိုဒ်က သွားဖတ်မည်ဆိုလျှင် click here
 
စာကျွင်း ၊ ၊ Google ကနေ ပထမဆုံး Online Magazine ထုတ်ထားပါတယ် ။ Google ရဲ့ Online Magazine ကို ISSUU မှာလည်းတင်ထားပါတယ်။ http://thinkquarterly.co.uk/ ဒီဆိုဒ်မှာသွားဖတ်လို့ရပါတယ် ။

Contact me
 

No comments:

Post a Comment

daweiit@gmail.com