ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 10 October 2011

ကိုယ်တိုင် ကွန်ပျူတာဝယ်တဲ့ အခါသိသင့်တဲ့ အချက်တွေ

ယ်တိုင် ကွန်ပျူတာဝယ်တဲ့ အခါသိသင့်တဲ့ အချက်တွေ

ကွန်ပျူတာတစ်လုံးကိုဝယ်ယူဖို့ဆုံဖြတ်တဲ့အခါမှာတော့ ဘယ်လိုအမျိုးအစားကိုဝယ်မယ်။ငွေကြေး
ပမာဏဘယ်လောက်သုံးမယ်ဆိုတာ ကိုစဉ်းစားဖို့လိုအပ်ပါတယ်။ ဒါ့အပြင်ကိုယ်သုံးစွဲမည့်ကွန်ပျူတာဟာ
ဘယ်လုပ်ငန်းအတွက် သုံးမယ်ဆိုတာကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ နောက်ပြီးတော့ကိုယ်ဝယ်
မယ့်ကွန်ပျူတာနောက်ပိုင်းမှာ လိုအပ်လျှင်လိုအပ်သလိုတိုးချဲ့နိုင်ဖို့ အတွက်ပါထည့်သွင်းစဉ်းစားထားသင့်
ပါတယ်။

မော်နီတာ

မော်နီတာဝယ်မယ်ဆိုလျှင် ၁၇လက်မဟာ ငွေကြေး တတ်နိုင်သူ အတွက်တော့ ပိုကောင်းပါတယ်။
မော်နီတာထုတ်တဲ့ကုမ္ပဏီတွေထဲမှာ ဆမ်ဆောင်း၊ ဆိုနီ၊ ဖီးလစ်နဲ့ View Sonic တို့လိုနာမည်ကြီးတွေဟာ
သင့်လျော်သလိုမော်နီတာရဲ့ Pixleဟာသေးလျှင် ပိုကောင်းပါတယ်။ ဥပမာဝ.၂ ဟာ ၀.၀၂ထက်ပိုကောင်း
တဲ့အတွက် အသေအချာရွေးချယ်၍ ဝယ်ယူဖို့လိုအပ်ပါတယ်။ ဘာမှန်းမသိတဲ့တံဆိပ်ကိုဝယ်ယူမည့်အစား
နာမည်ရှိတဲ့အမှတ်တံဆိပ်ကို ဝယ်ယူတာဟာရေရှည်မှာစိတ်ချမ်းသာမှုကိုပိုမိုရရှိစေမှာဖြစ်ပါတယ်

Motherboard

System Unit ကိုဝယ်ယူတဲ့အခါမှာတော့ ပထမဆုံးစဉ်းစားရမှာက Motherboard ပါ။ FSB ဟာပို
များလေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကလက်ခံနိုင်တဲ့ CPUရဲ့အမြန်နှုန်းရယ် Memory ရဲ့
အမြန်နှုန်းနဲ့ ပမာဏရယ်ကိုသိထားဖို့လိုအပ်ပါတယ်။ ငွေကြေးမတတ်နိုင်ရင်တောင်မှ Motherboard ကို
အကောင်းဆုံးဖြစ်အောင်ဝယ်ယူဖို့ဆုံးဖြတ်ပါ။ Memoryရဲ့အမြန်နှုန်းဟာ မြန်လေကောင်းလေဆိုပေမယ့်
Motherboard ကလက်ခံနိုင်တဲ့အမြန်နှုန်းကိုသာ Motherboard(Mailboard)ဖြတ်ယူမှာဖြစ်လို့ Mother-
boardဟာအရေးပါလှပါတယ်။ P3, P4စသည်ဖြင့်သတ်မှတ်မှုဟာ Motherboardပေါ်မှာ အဓိကမှီခိုနေပါ
တယ်။ CPU Memoryကဒ်နဲ့ Hard driveတို့လိုပစ္စည်းတွေက နောက်ပိုင်းလဲလှယ်ယူလို့ရပေမဲ့ Mother-
boardကအဲဒီလို လုပ်ဖို့အဆင်သိပ်မပြေပါဘူး။

CPU

CPUကိုဝယ်ယုတဲ့အခါမှာတော့ Celeron ဟာClassic လောက်တွက်ချက်နိုင်စွမ်းနဲ့အမြန်နှုန်းဟာ
အမျိုးအစားနဲ့ပမာဏတူလျှင်မကောင်းနိုင်ဘူးဆိုတာကိုသိထားသင့်ပါတယ်။ရိုးရိုးCPUတွေထက်Core 2
Duo တို့ Duo Core 2တို့ဟာပိုမိုပြီးကောင်းမွန်ပါတယ်။ MemoryMemory ကိုဝယ်ယူမယ်ဆိုလျှင် DDR
လား၊ DDR2လား၊ DDR3 လားဆိုတာကအရေးပါလှပါတယ်။ အများစုက Memory ရဲ့ Capicity (မှတ်
သားနိုင်စွမ်း)ဖြစ်တဲ့64MB, 128MB, 256MB, 512MBသို့မဟုတ် 1GBတို့ကိုသာအဓိက ထားကြတာများ
ပါတယ်။ တကယ်တော့ Capacity ထက်အမြန်နှုန်းဟာ ပိုမိုအရေးပါလှပါတယ်။ DDR က DDR2
ထက်ပိုမြန်ပါတယ်။

Hard drive

Hard drive ကိုဝယ်ယူတဲ့အခါမှာတော့သိုလှောင်နိုင်စွမ်း(capacity)နဲ့အမြန်နှုန်း (RPM) တို့ဟာ
သိသင့်တဲ့အချက်တွေပါ။ သိုလှောင်နိုင်စွမ်းပိုများ လေကောင်းလေဆိုပင်မယ့် အမြန်နှုန်းဖြစ်တဲ့ ၇၂၀၀
RPMသို့မဟုတ်1000RPM တို့ကိုအမြန်နှုန်းတွေဟာလည်းအရေးပါတယ်ဆိုတာကိုမမေ့ပါနဲ့။

Graphic Card

ရုပ်ပိုင်းဆိုင်ရာအတွက် Graphic Card ဟာအရေးပါလှတယ်။ အမျိုးအစား ကောင်းတဲ့ တံဆိပ်
ဟုတ် မဟုတ်ဆိုတာဈေးကွက်ကျွမ်းကျင်သူတွေနဲ့ပညာရှင်တွေသာသိနိုင် တာဖြစ်လို့သာမန်လူတွေအ
တွက်တော့နာမည်ရှိတဲ့တံဆိပ်ကိုသာရွေးဝယ်သင့်ပါတယ်။ Graphic Card မှာလည်းသိုလှောင်နိုင်စွမ်း
ဖြစ်တဲ့ 64 MB, 128MB, 250MB စတာတွေဟာအရေးပါလှပါတယ်။

Sound Card

အသံပိုင်းအတွက်အကောင်းဆုံးကတော့ Creative ကတ်တွေပါဘဲ။ Motherboard မှာပါတဲ့အ
သံစနစ်ဟာသာမန်အသုံးပြုသူတွေအတွက်လုံလောက်ပါတယ်။ပိုကောင်းတဲ့အသံအရည်အသွေးကိုလို
ချင်သူ တွေအတွက်သာ Sound ကတ်စိုက်ပြီးသုံးဖို့လိုပါတယ်။

Casing

Motherboard, Memory, CPU နဲ့ Monitor တို့ကိုစဉ်းစားပြီးတဲ့အခါမှာ Casing လို့ခေါ်တဲ့ပုံး
ကိုစဉ်စားဖို့ လိုအပ်ပါတယ်။ Motherboard ရဲ့အထိုင်ဟာ Casing မှာ အရေးပါလှပါတယ်။ အောက်ခံ
သံပြား ဟာမာ လေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကိုတပ်ချင်တဲ့အခါမှာ အရေးပါတဲ့အ
စိတ်အပိုင်းတွေအဖြုတ်တက်လုပ်ရတဲ့ မူလီဘောက်လေးတွေဟာလည့်း  Motherboard ကြွပြီးလိုက်
ပါမလာဖို့အတွက်အရေးပါလှပါတယ်။လေ၀င်လေထွက်ကောင်းဖို့ကအရေးပါလှပါတဲ့အတွက် Casing
သေးသေးလေးတွေမ၀ယ်ပါနဲ့၊ ပါဝါပိုင်းအတွက်ကတော့ပါဝါများလေပိုကောင်းလေပါဘဲ။ ကွန်ပျူတာ
ကိုဝယ်ယူတဲ့အခါမှာသက်ဆိုင်ရာDriver CD တွေကို ၀ယ်ယူတဲ့ဆိုင်ကနေတောင်းယူပါ။ အမြဲတမ်းက
တော့တခါတည်း ဆိုင်ကပေးလိုက်မှာဖြစ်ပါတယ်။ ဒီCD တွေဟာကွန်ပျူတာကိုပြုပြင်ထိန်းသိမ်းတဲ့အ
ခါမှာ အရေးပါလှတာဖြစ်လို့မပျောက်ပျက်အောင်အသေအချာထိန်းသိမ်းထားပါ။ကွန်ပျူတာကိုဖုန်များ
တဲ့နေရာမှာ မထားပါနဲ့ရေငွေ့ပျံမှုများတဲ့နေရာမှာမထားပါနဲ့၊ ဖြစ်နိုင်လျှင်၆လတစ်ခါ လောက် Casing
ထဲကဖုန်တွေကိုရှင်းလင်းပေးပါ။ ဖုန်တွေဟာရေငွေ့နဲ့တွေ့တဲ့အခါကွန်ပျူတာ ထဲကအီလက်ထရောနစ်
နှင့်အစိတ်အ ပိုင်းတွေကိုပျက်စီးစေတက်ပါတယ်။ကွန်ပျူတာရဲ့Casing ကိုဖွင့်ပြီးကိုင်တဲ့အခါမှာလက်
ကိုသန့်ရှင်းစွာပြု လုပ်ပြီးမှကိုင်တွယ်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို
ပျောက်ပျက် စေဖို့အတွက်အလွယ်ကူဆုံးဖြစ်တဲ့မြေကြီးသို့မဟုတ်သံမံတလင်း မှာခဏ ရပ်နားပြီးကိုင်
တွယ်သင့်ပါတယ်။

No comments:

Post a Comment

daweiit@gmail.com