ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 17 October 2011

Sony Ericssion Xperia X10 မှာမြန်မာလိုဖတ်မယ်

Sony Ericssion Xperia X10 မှာမြန်မာလိုဖတ်မယ်

ပထမဦးဆုံးပို့စ်တစ်ခုတင်မယ်စဉ်းစားကြည့်တော့ ကိုယ်သိတာလဲသိပ်မရှိတော့
လောလောဆယ် လက်ရှိမြန်မာပြည်မှာခောတ်စားနေတဲ့ Android ဖုန်းမှာမြန်မာလိုထည့်တာလေးတင်ပေးလိုက်ပါတယ်...
Android ဖုန်းတွေပေါ်တာတော့ကြာပါပြီ.. မြန်မာပြည်မှာလဲ ၁သောင်းခွဲလောက်ပေးရင် မြန်မာစာထည့်လို့ရပါတယ်..ကျွန်တော့ကိုတော့ လမ်းကြုံရင်လက္ဘ်ရည်တိုက်ပေါ့နော်ဟဲဟဲ...သင့်ရဲ့ဖုန်းကို ပထမဦးဆုံးRoot လုပ်ရပါမယ်..Root လုပ်တယ်ဆိုတာက iphone ကို jailbrake လုပ်သလိုပါပဲ...
တစ်ကယ်လို့မလုပ်ရသေးဘူးဆိုရင်ီနေရာမှာ ဆော့ဝဲလ်လေးဒေါင်းလော့ချပြီးတော့ super one click  ဆိုတဲ့ application စက်မှာ install လုပ်လိုက်ပါ..
ပြီးရင် ဖုန်းမှာ အောက်ပါအတိုင်းလိုက်လုပ်လိုက်ပါ..
 Settings---->Application----->Unknow sources နေရာမှာအမှန်ခြစ်ထားလိုက်ပါ..နောက်
Settings---->Application----->Development----->USB debugging နေရာမှာလဲ အမှန်ပဲခြစ်ပေးလိုက်ပါ...
ဒါဆိုရင်ဖုန်းနဲ့ကွန်ပြုတာနဲ့ချ
ိတ်လို့ရပါပြီ..
ကွန်ပြုတာကိုUSB ထိုးလိုက်တာနဲ့ ဖုန်းမှာ USB Mount နဲ့ Don't Mount ပေါ်လာပါလိမ့်မယ်..
Don't Mount ကိုရွေးပေးလိုက်ပါ...နောက်ပြီးရင်တော့စောစောက ကွန်ပြုတာမှာ install လုပ်ထားတဲ့ ဆော့ဝဲလ်လေးကို Run လိုက်ပါ..
Root ဆိုတာကိုတွေ့ရင် နှိပ်လိုက်ပါ..ပြီးရင်ခဏစောင့်ပေးပါ..သူ့ဘာသာသူRun နေပါလိမ့်မယ်..နောက်ဆုံးမှာ Rooted ဆိုပြီးပေါ်လာပါလိမ့်မယ်..
ပြီးရင်တော့ ဆော့ဝဲလိကိုပိတ်လိုက်လို့ရပါပြီ..နောက်ဖုန်းကိုကွန်ပြုတာနဲ့ဖြုတ်လိုက်ပါ.. သင့်ဖုန်းရဲ့ icon တွေကြားမှာလိုက်ရှာကြည့်လိုက်ပါ Super user Permision ဆိုတာလေးတွေ့ရပါလိမ့်မယ်... ဒါဆိုရင်တော့ Root လုပ်တာပြီးဆုံးပြီဖြစ်ပါတယ်..
နောက်မြန်မာစာပြောင်းဖို့အတွက်ကတော့ 
အရင်ဆုံးအောက်ကပေးထားတာလေးတွေကိုဒေါင်းလော့ချလိုက်ပါ
Root Explorer

မြန်မာဖောင့်

ASTRO File Manager

 ပြီးရင် ဖုန်းထဲမှာထည့်လိုက်ပါ...နောက် ASTRO File Manager နဲ့ Root Explorer ကို ဖုန်းထဲမှာ install လုပ်ပေးလိုက်ပါ... Root Explorer ကို install လုပ်ရင်
ှSuper user permision allown ပေါ်လာခဲ့ရင် OK နှိပ်ပေးလိုက်ပါ...
ပြီးတာနဲ့ Root Explorer ကိုဖွင့်လိုက်ပါ..စောစောကမြန်မာဖောင့် .ttf ဆိုတာလေးကိုSD card ဆိုတာထဲမှာလိုက်ရှာပြီး ကော်ပိကူးလိုက်ပါ..
နောက် Root Explorer ရှေ့ဆုံးအဖွင့်ကိုပြန်သွား ပြီးရင် System ဆိုတာတွေ့ရင်ဝင်ပြီးတော့ Font ဆိုတဲ့အထဲပါထပ်ဝင်လိုက်ပါ.. ပြီးရင်အဲ folder ထဲမှာစောစောက
ကော်ပိကူးလာတဲ့ font ကို paste လုပ်လိုက်ပါ..ထည့်ပြီးသားကိုထပ်ထည့်မှာလားဆို yes လို့နှိပ်လိုက်ပါ..ဒါဆိုရင်ပြီးသွားပါပြီခင်ဗျာ..
နောက်ဖုန်းကို ပါဝါပိတ်ပြီးပြန်ဖွင့်လိုက်ရင်မြန်မာစာဖတ်လို့ရပြီဖြစ်ပါတယ်....

No comments:

Post a Comment

daweiit@gmail.com