ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 3 October 2011

CPU (Microprocessor) ပျက်ရင်ဘယ်လိုသိနိုင်မလဲ

တကယ်တော့ processor တစ်လုံးပျက်ဖို့ ဆိုတာ အင်မတန်မှ ဖြစ်ခဲတဲ့  ကိစ္စပါ..ပျက်တာမရှိဘူး လား ဆိုရင်တော့ ရှိတာပေါ့ဗျာ..ရာခိုင်နှုန်းနည်းပါးတယ်လို့ ဆိုလိုချင်တာပါ..ကွန်ပျူတာ တစ်ခုလုံးရဲ့  ဦးနှောက် ဟုတင်စားခေါ်ဝေါ်သည့် cpu ဘာကြောာင့်ပျက်ရသလဲ ပျက်လျင်ဘယ်လိုသိနိုင်မလဲ ဆိုတာ လေ့လာ ရအောင်………..
CPU ပျက်နိုင်သည့်အကြောင်းများ
1.cpu over heat
2.cpu pin
3.cpu fan
4.cpu heat sink
5.ESD
6.Enviroment စသောအကြောင့်များကြောင့် cpu ပျက်နိုင်သည်..
1.cpu over heat
CPU over heat ဖြစ်ရခြင်းမှာ cpu ကိုပေးသော power က ငြိမ်သက်မှုမရှိပဲသာမှန်ပေးရမည့် ဗို့  အား ထက်ပိုပေးနေခြင်းကြောင့် cpu ဗို့ အားအရမ်းတက်လာပြီး လောင်သွားနိုင်သည်..ရုတ်တစ်ရက် ဆောင့်တက်လိုက်သော့  Load ကိုမခံနိုင်သောကြောင့်လည်းဖြစ်နိုင်သည်..ကျနော်တို့  cpu တပ်ဆင်ရင် သူ့ အပေါ်ကနေ heat sink ကိုတပ်ဆင်ပေးရပါတယ်..heat sink ဆိုတာ cpu ကနေထွက်လာတဲ့ အပူတွေကို ကူးပြောင်းရယူပြီး အပူတွေပြန့် ထွက်သွားအောင်လုပ်ပေးတဲ့ အရာ ပါပဲ အဲဒီ heat sink ကိုမှအပေါ်ကနေ fan တပ်ပြီး heat sink ကအပူတွေကို အပြင်ကိုဖယ်ထုတ်တာပါ..ဒီအလုပ်လုပ်ပုံကိုကြည့်ခြင်းအားဖြင့် cpu ကနေ ထွက် လာတဲ့ အပူကို heat sink ကယူရပါတယ်..ဒီမှာ cpu ကနေ ထွက်တဲ့ အပူကိုသာ heat sink ကယူမပေးနိုင်ဘူးဆိုရင် cpu chip လေးက အပူလွန်ကဲပြီး လောင် သွားနိုင်တယ်..ဘယ်လိုအခြေနေမှာဖြစ်လဲဆိုတော့ တပ်ထားတဲ့ heat sink က လှုပ်နေတဲ့အခါမျိုး..cpu နဲ့ heat sink ကြားမှာထိကပ်မနေပဲ ကွာဟနေတဲ့ အခါ မျိုးတွေမှာဖြစ်နိုင်ပါတယ်..ဒါကြောင့် heat sink ကိုတပ်ဆင်တဲ့အခါမှာ heat sink ကိုလှုပ်မနေအောင် သေချာတပ်ဆင်ပေးဖို့ လိုအပ်ပါတယ်..ဒါက heat sink ပေါ့လေ..နောက် over heat ဖြစ်စေနိုင်တဲ့ တစ်ချက်က fan ပေါ့.. heat sink အပေါ်မှာတပ်ထားတဲ့  fan မလည်တော့ဘူး ဆိုရင် heat sink လည်းသူတတ်နိုင် သမျှပဲအပူကိုထိန်းထားနိုင်မယ်..ဒီထက် ပိုပူလာရင် မတတ်နိုင် တော့တဲ့အတွက် cpu မှာ အရမ်းပူလာပါတော့တယ်..ဒါက fan မလည်တော့တဲ့အတွက်ကြောင့် ဖြစ်ရ တဲ့အချက်ပါ..ဒါကြောင့် cpu fan လည် ခြင်းမလည်ခြင်းကလည်း cpu သက်တမ်းကို စောင့်ရှောက် မှု မှာအရေးပါနေပါတယ်..cpu fan ကလက်နဲ့ အသာ လေးတောက်ကြည့်ရင် သွက်သွက်လက်လက် နေ သင့်ပါတယ်..ဒီလိုမဟုတ်ပဲလည်ပတ်နှုန်း တအားနှေးနေမယ် ဒါမှမဟုတ်လုံးဝမလည်တော့ရင် cpu fan ၀ယ်လဲ ပေးသင့်ပါပြီ..
2.cpu pin
Cpu pin အကြောင်းဘာလို့ ရေးရလဲဆိုတော့ ကွန်ပျူတာ maintainence လုပ်တဲ့အခါမှာ သော်လည်းကောင်း cpu အသစ်တစ်လုံးကို ဆင်တဲ့အခါမှာသော် လည်းကောင်း ဖြစ်တတ်တဲ့အရာ တစ်ခုဖြစ်ပါတယ်.. ကွန်ပျူတာ maintainence လုပ်လို့ cpu ကို motherboard socket အတွင်းမှ ဖြုတ်ယူသည့်အခါ သတိထားယူရပါတယ်..cpu မှာ Pin လေးတွေပါရှိပါတယ် အဲဒီ pin တွေက ကွေးကောက်သွားခြင်း ကျိုးသွားခြင်းမဖြစ်အောင် ဖြုတ်ရပါတယ်..အကယ်၍ pin များကွေးခြင်း ကျိုးခြင်းဖြစ်ပါက cpu ကပုံမှန်အတိုင်းအလုပ်မလုပ်နိုင်ပဲ restart ဖြစ်ခြင်း shut down ဖြစ်ခြင်း တွေကွန်ပျူတာမှာဖြစ်လာနိုင်ပါတယ်..
3.cpu fan
CPU fan လည်ခြင်းမလည်ခြင်းက cpu သက်တမ်းကို စောင့်ရှောက်ပါတယ်..မိမိကွန်ပျူတာမှာ cpu fan ဟာ သာမှန်ကွန်ပျူတာပါဝါပိတ်ထားတဲ့အချိန်မှာ fan လေးကိုလက်နဲ့ အသာလေးလည့်ကြည့်ရင် မြန်မြန်သွက်သွက်လေးလည်နေရပါမယ်..နှေးလွန်းခြင်း ဖုန်တွေ ရေငွေ့ တွေစိုထိန်းမှုကြောင့် fan မလည်နိုင်ခြင်း cpu fan wire ကြိုးက cpu fan နဲ့ သွားညှိနေခြင်းများဖြစ်တတ်သည်…cpu fan ကြိုးကိုတပ်ဆင်တဲ့အခါမှာ fan ရဲ့ အရွက်တွေနဲ့လွတ်လွတ် ကင်းကင်းတပ်ဆင် ပေး ပါ..ကြိုးနဲ့ fan အရွက် တွေညှိပြီး fan မလည်နိုင်တော့ပဲ cpu shutdown ဖြစ်ဖူးတဲ့ သာဓက တွေလည်းရှိပါတယ်.. cpu fan တွေမှာ တစ်မိနစ် လည်ပတ် နှနုးဘယ်လောက်ရှိရမယ်ဆိုတာသတ်မှတ်ထားပါတယ် အဲဒီသတ်မှတ်ထားတာထက်နှေးသွား၇င် သို့ တည်းမဟုတ် လုံးဝမလည်တော့ ရင် cpu fan ၀ယ်လဲ လိုက်ပါ..နို့ မဟုတ်ပဲ cpu fan ၀ယ်မလဲပါက cpu ပျက်စီးဖို့ အခွင့်အလမ်းနီး ပါတယ်….. ကျနော်ကြုံဖူးတယ် သူငယ်ချင်းတစ်ယောက်ဆီမှာပါပဲ ကွန်ပျူတာသွား ဆင်စဉ်ကပေါ့ စက်ဆင်တာက သူငယ်ချင်းရဲ့ စက်..သူ့ အခန်းဘေးက ညီလေးတစ်ယောက်ကလည်း သူ့ ကွန်ပျူတာ restart ခဏခဏ ကျနေလို့ ကြည့်ပေးပါဦး ဆိုပြီးလာခေါ်တော့ သွားကြည့်လိုက်တော့ cpu fan မလည် ပါဘူး..သူပြောတာတော့ power on ပြီးလို့  လက်နဲ့အသာလေးတို့ ပေးလိုက်မှလည်တာ ခနနေ ရပ်သွားတယ်တဲ့ ..အဲလိုလေးလုပ်လာတာ နှစ်လသုံးလလောက်ရှိပြီလို့ ပြောတယ်..cpu fan မှာ ကြည့်လိုက်တော့ ဖုန်တွေနဲ့ အလိမ်းလိမ်းပေါ့လေ..ဒါနဲ့  cpu fan ကိုဖြုတ်လိုက်ပြီး ဖုန်လေး ဘာလေး ခါလိုက်ပြီး fan ကိုလက်နဲ့ လည့်ကြည့်တာ မနည်းကိုလည့် နေရတယ်ဗျ.. သူ့ cpu fan မော်တာက လုံးဝကိုမလည်တော့တာ မော်တာမကောင်းတော့တာပေါ့ဗျာ.. ဒါနဲ့ သူ့ ကို cpu fan ကိုအမြန် ဆုံး ၀ယ်ဖို့ အကြံပြုပေးလိုက်တယ်..တစ်ရက်နှစ်ရက်လောက်နေတော့ကောင်းသွားပြီတဲ့  fan ၀ယ်လဲ လိုက်ပြီ restart လည်းမကျတော့ဘူးလို့ ပြောတယ်..ဒါကြောင့် cpu fan ကလည်း အရေးပါ တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်…
4.cpu heat sink
CPU heat sink က cpu ကိုတပ်ဆင်တဲ့အခါမှာ အံကျအောင်စိုက်ပေးရပါမယ်..ပြီးတော့ heat sink ကိုလှုပ်မနေအောင် တပ်ဆင်ပေးရပါတယ် ဟနေလို့ မရပါဘူး cpu နဲ့  heat sink ကြား ဟနေရင် cpuရဲ့ အပူတွေက heat sink ကိုမရောက်နိုင်ပါဘူး..ဒါကြောင့် cpu heat sink ကိုသေချာလေး တပ်ဆင်ပေးရပါတယ်…
5.ESD
လူ ရဲ့ ခန္ဓာကိုယ်မှာ electro static charge တွေရှိတယ်....ခုနောက်ပိုင်းလာတဲ့ computer electronic device တွေဟာ volt အားကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်တတ်ကြပါတယ်..Volt အားများရင် heat တွေများများထွက်မယ် heat တွေများများထွက်ရင် electronic devices တွေတာရှည်မခံပဲ လောင်ကျွမ်း ပျက်စီးမှာဖြစ်ပါတယ်..ဒါကြောင့် volt အားကို micro volt (or) mili volt လောက်ပဲထုတ်ထားတဲ့  ပစ္စည်းတွေ ဆိုရင် လူခန္ဓာကိုယ်က ထွက်တဲ့  heat နဲ့ ထိတွေလိုက်ရင်မခံနိုင်ပါဘူး..လောင်ကျွမ်းနိုင်ပါ တယ်..ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိလက်ကို casing အဖုံးလေးနဲ့ ခနမျှပွတ်ပေးခြင်းဖြင့် heat တွေကို Discharge လုပ်ခိုင်းတာပေါ့..အခုလဲ cpu အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက် cpu ကို သေချာ မြင်ဖူးကိုင်ဖူးတဲ့သူတွေ ဆိုရင်သိပါလိမ့်မယ်.. cpu အောက်ခြေ မှာရှိတဲ့  pin လေးတွေကို လက်နဲ့  မထိ မကိုင် မိစေနဲ့  ဘေးနှစ်ဖက်ကနေခွကိုင်ပါ..အောက်ကပုံလေးတွင်cpu ကိုင်တွယ်ပုံကိုကြည့်နိုင်ပါတယ် သတိထားပြီး ကိုင်ပါ..အားကစားလုပ်တတ်တဲ့  သူတွေဆိုရင် ပိုသတိထားရမယ် အားကစားလုပ်ပြီးလို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ်သင့် တယ်...စောနကပြောတဲ့ခန္ဓာကိုယ်ကထွက်တဲ့  static charge က cpu ရဲ့ pin ကမှတဆင့် အထဲက chip ပြားလေးတွေကို shock တိုက်ပေးသလိုဖြစ်သွားရင် လောင်သွားနိုင်ပါတယ်..အဲလိုလောင်သွားရင်ပုံမှန်အခြေအနေတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး..ဒါဆိုရင် ESD ကြောင့် cpu ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်..cpu ကိုဖြုတ်တပ်လုပ်တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာကင်း ရာ မှာ ပြုလုပ်ပါ..



CPU ကိုင်တွယ်ပုံ

6.Enviroment
Enviroment ဆိုတဲ့အခြေအနေမှာ ထိမိခိုက်မိ၍ပျက်စီးခြင်း ရေ မီး တစ်ခုခုကြောင့်ပျက်စီးခြင်း နဲ့အတူ cpu တစ်လုံးပျက်စီးစေဖို့ အကြောင်းရင်းများ အားလုံး ပါဝင်ပါတယ်..cpu မကောင်းတော့ရင် ဖြစ်တတ်သောလက္ခဏာ မှာ restart ခဏဏ ကျခြင်း shutdown ဖြစ်ချင်း စက် ဖွင့် ပြီး နာရီဝက်လောက်နေရင် freeze (စက်ဝပ်သွားခြင်း)စသည်တို့ ဖြစ်တတ်သည်..အထက်မှဆွေးနွေးချက်များထဲမှ cpu problem ဖြစ်ပေါ်လာပါက cpu fan နဲ့  heat sink တို့ ကို စစ်ဆေး ပေးကြည့်ပါ..စစ်ဆေးပြီးသည့်တိုင် cpu က problem ဖြစ်နေလျင် အမျိုးအစားတူ socket တူ cpu ကိုအစားထိုးလဲလှယ်ခြင်း မိမိ cpu ကိုအခြားအမျိုးအစားတူ motherboard socket မှာတပ်ဆင် ကြည့်ပါ..တခြား motherboard မှာ တော့ မိမိ cpu ကအကောင်းပကတိအတိုင်းအလုပ်လုပ်နေလျင် မိမိစက်မှ cpu ကြောင့်မဟုတ်ပဲ တခြားအစိတ်အပိုင်းများကြောင့်ဖြစ်နိုင်သည်..အမျိုးအစားတူ motherboard socket မှာစမ်းသပ်တပ်ဆင်ကြည့်သော်လည်း ယခင် မိမိစက်မှာ တပ်ဆင်သကဲ့ သို့  problem ဖြစ်နေလျင် မိမိ cpu မကောင်းတော့တာ လို့  မှတ်ယူနိုင်ပါတယ်..ထိုအခါမှသာလျင် cpu အသစ် အစားထိုးလဲလှယ်ခြင်း (သို့ ) service ဆိုင်သို့ ပြုပြင်စေခြင်း များလုပ်ဆောင်နိုင်ပါတယ်..တကယ်တော့ cpu ပျက်တယ်ဆိုတာ ဖြစ်ခဲသော အရာဖြစ်ပါတယ်..ပုံမှန် cpu တစ်လုံးရဲ့ သက်တမ်းက ဆိုင်ကနေပြီးတော့ 2 နှစ်အာမခံ သုံးနှစ်အာမခံ သက်တမ်းပေးလိုက်ပေမဲ့  စနစ်တကျအသုံးပြုပါက ၁၀ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်နိုင်ပါတယ်..

From Computer Engineering Sites

No comments:

Post a Comment

daweiit@gmail.com