ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Thursday, 8 September 2011

Virus အမျိုးအစားများခွဲခြားခြင်း

Virus အမျိုးအစားများခွဲခြားခြင်း

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာတစ်ခုက နေတစ်ခုကို ပြန့ှ်နှံ့ကူးစက် နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကို ပုံမှန်အလုပ် မလုပ်အောင်နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user dataတွေကိုဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကိုဖျက်ဆီးမယ်စတာတွေကိုလုပ်
ဆောင်ပါတယ်။။။

ဒါပေမယ့် Virus အများစုဟာ Executable File တွေဖြစ်ကြပါတယ်။ဥပမာ chrome.exe, system.bat ,flash
y.com စသဖြင့်ပေါ့သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင်ကွန်ပျူတာကိုဘာမှမထိခိုက်နိုင်ပါဘူးဒါကြောင့်မှတ်ထားရမှာကလူ၏လုပ်ဆောင်ချက်မပါဝင်ပဲComputerVi
rus သည်မပျံ့နှံ့ မကူးစက်နိုင်ပါ။။
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ mem
ory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာ တွေ၊သူငယ်ချင်း
အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့ဗျာ။။။

Malware ဆိုတာ အင်္ဂလိပ် စကား ၂ လုံး Malicious Software ကို ပေါင်းစပ်ပြီး ကွန်ပျူတာ ပညာရှင် တွေကအ
လွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာ ပိုင်ရှင်ရဲ့ ခွင့်ပြုချက် မရပဲ မသိစေ
ပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်။။။
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်။။။။

worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါ
တယ်သူကတော့ Virus လို လူကဖြန့်မှပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့အခြားကွန်
ပျူတာ တွေကို လူရဲ့လုပ်ဆောင် ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် သူ့ပါသူဖြန့်နိုင်တဲ့စွမ်းရည် ရှိတာပေါ့
နော်။။။အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီးသူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကိုများလာစေတယ်Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော
Blaster Worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီးHKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေကကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်။။

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ် Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်း
မှာ သင်ဖူးကြမှာပေါ့ Tri ဇာတ်ကား လည်း ကြည့်ဖူးကြမှာပါ။။ အဲဒီ ထဲက လိုပဲ အလုပ်လုပ် တယ်လို့ပြောလို့ရပါ
တယ်။:P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်။။။ဥပမာပေါ့ဗျာ Game တစ်ခု
ကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာ ထဲကို ၀င်မွှေနေ
လို့ရအောင်လုပ်ပေးနေတယ် အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့တစ်ကယ်တော့ Game ကတရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်။

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်။။။
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

သူကတော့ သူခိုးပေါ့နော်.Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ သူလဲအဲလိုပါပဲသူကကွန်ပျူတာ
ကို ထိခိုက်ဖျက်ဆီးချင်မှဖျက်ဆီးမယ်.ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်
တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်..... Spyware တွေက များသော အားဖြင့် Web browser.. တွေကနေ ၀င်နိုင် ပါတယ်။။။။။ ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်.........သင့်ကို Error message တွေ အမျိုးမျိုးပြမယ်.....(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေ Http Cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်...........တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့် ... Spyware Remover တော်တော်များများက Cookie တွေကိုဖျက်ပစ်ကြတာပါ။။
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာ ကောင်းပါတယ် Free Spyw
are Remover တွေနဲ့ လည်းကာကွယ်နိုင်ပါတယ်။။။

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်။
သူကတော့ Screen မှာ Automatic ပေါ်လာအောင် ဖန်တီး ထားပြီး Download အတင်း လုပ်ခိုင်းပါတယ်။အ
ချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ။။

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစား တွေထဲမှာ ပါပါတယ်သူ့ရဲ့ရည်ရွယ်
ချက်ကတော့ financial crime တွေအတွက် ရည်ရွယ်ပြီး ရေးကြတာ များပါတယ်။သူက user password တွေ၊ links တွေ၊ အချက် အလက်တွေ ကို မှတ်သား ထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူ နိုင်တာပေါ့။ ဥပမာပြောရရင် ခုခေတ် စားနေတဲ့ key logger တို့ keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်။

No comments:

Post a Comment

daweiit@gmail.com