ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday 30 September 2011

Gmail တွင် ဖိုင်များကို အသုံးပြုနိုင်သည့် နည်းလမ်းငါးမျိုး -

Gmail တွင် ဖိုင်များကို အသုံးပြုနိုင်သည့် နည်းလမ်းငါးမျိုး - 5 Effective Ways To Use Attachments In Gmail


Submitted by everlearner on Tue, 06/22/2010 - 17:32 အီးမေးလ်သုံးသည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ဖိုင်များကို (Attachment အဖြစ်) တစ်နေရာမှ တစ်နေရာသို့ ပေးပို့ ကြရသည်။ အများအားဖြင့် ဓါတ်ပုံများ (Photos)၊ တေးသီချင်း သို့မဟုတ် အသံဖိုင်များ (Audio)၊ ဗီဒီယို ဖိုင်များ (Videos)၊ စာရွက်စာတမ်းများ (Documents) ကို အီးမေးလ်ဖြင့် ပေးပို့လေ့ ရှိကြသည်။ မိတ်ဆွေ သူငယ်ချင်းများ ပေးပို့လိုက်သည့် အဆိုပါဖိုင်များကို လက်ခံ၊ ကြည့်ရှု၊ နားထောင်ကြသည်။ တခါတရံတွင် ဖိုင်များထဲမှ Attachment များကို ပြန်လည် ရှာဖွေကြရသည်။ အီးမေးလ်အသုံးပြုသည့် အခါ အချိန်တိုအတွင်း ထိရောက်လျှင်မြန်စွာ အသုံးပြုနိုင်ရန်အတွက် Gmail တွင် ဖိုင်များကို ထိရောက်လွယ်ကူစွာ အသုံးပြုနိုင်သည့် နည်းလမ်း (၅) မျိုးကို ဝေမျှလိုက်ပါသည်။

1) Dragging & Dropping Attachments

ပေးပို့လိုသည့် ဖိုင်များကို ဖိဆွဲလွှတ်ချသည့်နည်းလမ်း (Drag & Drop method) အကြောင်းကို http://mmshare.org/node/170/ တွင် အသေးစိတ် ဖတ်ရှုနိုင်သည်။ လောလောဆယ်တွင် ဤနည်းလမ်းကို Google Chrome နှင့် Firefox 3.6 တွင်သာ အသုံးပြုနိုင်သည်။
Dragging & Dropping Attachments

2) Attaching Multiple Files

ယခင်တစ်ချိန်က ဖိုင်အများအပြားကို Attachment အဖြစ်ပေးပို့ရသည့် အခါ ဖိုင်တစ်ခုချင်းစီကို အလီလီ ပို့ကြရသည်။ ယခုအခါတွင် ပို့လိုသည့် ဖိုင်များအားလုံးကို ရွေးချယ်ပြီး Drag & Drop လုပ်ရုံသာ ဖြစ်သည်။ အသေးစိတ်ကြည့်ရန်  http://mmshare.org/node/170/
Multiple File Attachments

3) Intelligent Attachment Check

Gmail ၏ လူသိနည်းသော အစွမ်းထက်သည့် အချက်တစ်ခုမှာ ကျွန်တော်တို့ပေးပို့သည့် အီးမေးလ်အတွင်း "I've attached" သို့မဟုတ် "see attachment" စသည့် Attachment နှင့် သက်ဆိုင်သည့် အကြောင်းအရာများ ပါရှိခဲ့လျှင်၊ အီးမေးလ်ကို အမှန်တကယ် ပေးပို့သည့် အခါ ထိုအီးမေးလ်တွင် Attachment တစ်ခု ပါ/မပါ စစ်ဆေးပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မေ့လျော့သွားသည့် အခါများတွင် အောက်ပါ သတိပေးချက်မျိုးကို Gmail က အကြံပြု သတိပေး ဖော်ပြမည် ဖြစ်သည်။ ဤနည်းစနစ်ကြောင့် Gmail အသုံးပြုသူ သန်းပေါင်းများစွာ အနေဖြင့် Attachment မပါသည့် အီးမေးလ်များကို ပေးပို့မိသည့် ပြဿနာပေါင်းများစွာမှ အလွယ်တကူ ရှောင်လွှဲနိုင်ကြလေသည်။
Checking Attachments in Gmail

4) When We Don't Want to Download Attachments

တခါတရံတွင် အီးမေးလ်နှင့် အတူပါလာသည့် ဖိုင်များကို ဖွင့်ကြည့်ရုံမျှသာ ကြည့်ရှုပြီး၊ ကျွန်တော်တို့၏ ကွန်ပျူတာစက်များ အတွင်းသို့ ဒေါင်းလုတ်ရယူရန် သို့မဟုတ် (အီးမေးလ်ထဲတွင်သာ ထားပြီး) မိမိကွန်ပျူတာတွင် သိမ်းဆည်းထားရန် မလိုအပ်သည့် အခါများ ရှိတတ်သည်။ ထိုအချိန်များတွင် ကျွန်တော်တို့ သုံးနေသည့် အင်တာနက်ကြည့် ဆော့ဖ်ဝဲများနှင့် Google Docs Viewer တို့က များစွာ အထောက်အကူ ရစေသည်။ ပုံများကို တိုက်ရိုက်ကြည့်နိုင်သည်။ .xls, .doc, .pdf, .ppt, နှင့် .tiff စသည့် ဖိုင်အမျိုးအစားများကို Google Docs Viewer ဖြင့် အွန်လိုင်းမှာပင် ဖွင့်ကြည့်နိုင်သည်။ ကျွန်တော်တို့ဘက်မှ Attachment တွင် ပါရှိနေသည့် "View" ကို နှိပ်ပေးလိုက်ရန်သာ လိုအပ်ပါသည်။
Vidwing Documents Online

5) Searching Attachments

Google ၏ Search Engine က အင်တာနက်အတွင်းမှ သတင်းအချက်အလက်များကို ရှာဖွေပေးရာတွင်သာ အစွမ်းထက်သည်သာမက၊ ကျွန်တော်တို့၏ မိတ်ဆွေ သူငယ်ချင်းများက ပေးပို့ထားသည့် အီးမေးလ်များစွာ အတွင်းမှ Attachment များကို ပြန်လည်ရှာဖွေရာတွင်လည်း ထိရောက်လျှင်မြန် တိကျစွာ ကူညီပေးနိုင်သည်။ အောက်ပါ ဥပမာ အချို့ကို လေ့လာကြည့်ပါ။

  • has:attachment - attachment ပါသည့် အီးမေးလ်အားလုံးကို ရှာရန်
  • from:david has:attachment - (မိတ်ဆွေတစ်ဦးဖြစ်သူ) david ထံမှလာသည့် အီးမေးလ်များထဲ attachment ပါသည့် မေးလ်များကိုသာ ရှာရန်
  • has:attachment pdf - .pdf ဖိုင်ပါသည့် attachment များကို ရှာရန်
  • filename:physicshomework.txt - ဖိုင်အမည်ကို အတိအကျသိပါက ထိုအမည်ကို သုံးပြီး ရှာဖွေရန်...
Searching for Attachments

Gmail နှင့် ကျွန်တော်တို့၏ နေ့စဉ်ဘဝ

အင်တာနက်အသုံးပြုသူ မြန်မာ အများစု အနေဖြင့် အီးမေးလ်ဟု ဆိုလျှင် သိချင်မှ သိမည်။ သို့သော် Gmail ဆိုလျှင်တော့ သေချာပေါက် သိကြလေသည်။ အင်တာနက် သုံးတတ်လာသည်နှင့် အီးမေးလ် လိပ်စာတစ်ခု ရှိရန် မဖြစ်မနေ လိုအပ်သည့်အတွက် အလွယ်တကူ အခမဲ့ရယူနိုင်သည့် Gmail လိပ်စာတစ်ခုကို လူတိုင်းလိုလို ရယူဖန်တီး ထားတတ်ကြသည်။ Gmail သည် အင်တာနက်အခြေခံ (Web based) အီးမေးလ်စနစ် တစ်ခုဖြစ်ကြောင်းကိုတော့ လေ့လာထားသူ၊ အင်တာနက် ဗဟုသုတ ရှိသူများသာလျှင် ကွဲပြားစွာ သိကြသည်။

သင်ရော Gmail ကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် မည်သည့် နည်းလမ်းများကို အသုံးပြုနေပါသနည်း။ တကယ်တော့ သုံးနေသည့် အင်တာနက်ကြည့် ဆော့ဖ်ဝဲ အမျိုးအစားနှင့် အင်တာနက် အမြန်နှုံး၊ ကျွန်တော်တို့၏ လေ့လာစူးစမ်းမှု အားကောင်း/မကောင်း စသည့် အချက်များအပေါ်မူတည်ကာ Gmail ကို ထိရောက်လျှင်မြန်စွာ အသုံးပြုနိုင်စွမ်းများလည်း တစ်ဦးနှင့်တစ်ဦး ခြားနားသွားမည် ဖြစ်ပါသည်။
Gmail တွင် ဖိုင်များကို အသုံးပြုနိုင်သည့် နည်းလမ်းငါးမျိုး - 5 Effective Ways To Use Attachments In Gmail









 




--
ပြည့်စုံ
PYAE SONE
0060172880016
PEACE COMES FROM RESPECTING THE RIGHTS OTHER
--
အလင်းစေတမန် မှ ဖြစ်ပါသည်။

No comments:

Post a Comment

daweiit@gmail.com