ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday, 16 September 2011

ဆိုက်အသီးသီးမှလာတဲ့မေးတွေနေရာခွဲပြီးသိမ်းထားချင်ရင်..၀ှက်ထားချင်ရင်

ဆိုက်အသီးသီးမှလာတဲ့မေးတွေနေရာခွဲပြီးသိမ်းထားချင်ရင်..၀ှက်ထားချင်ရင်

သူငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာ....သူငယ်ချင်းတို့စီကိုနေရာအသီသီး
ဆိုက်အသီးသီးကလာနေတဲ့မေးတွေကိုနေရာခွဲပြီးသိမ်းထားချင်ရင်
လုပ်နည်းနှစ်မျိုးရှိပါတယ် ကျနော်နှစ်မျိုးလုံးရေးပြီးတင်ပြပေးလိုက်ပါတယ်
သိပြီးသားသူတွေလည်းရှိကြမှာပါ သူငယ်ချင်းတွေကမေးလို့ကျနော်
အခုလိုတင်ပြပေးလိုက်တာပါ..မသိသေးတွေလည်းသိရအောင်ပေါ့


အဆင့်(၁) ကိုယ်ခွဲထားချင်တဲ့ဆိုက်ရဲ့မေးတစ်ခုကိုအမှန်ခြစ်လေးခြစ်လိုက်ပါ(ပုံ ၁)
အဆင့်(၂) More မှာကလစ်နှိပ်ပြီးကြလာတဲ့ဘောက်လေးထဲက
Filter messages like these ကိုရွေးပြီးကလစ်နှိပ်လိုက်ပါ(ပုံ ၂)


အဆင့်(၃) NextStep>မှာကလစ်နှိပ်လိုက်ပါ(ပုံ၃)From:ဆိုတဲ့နေရာမှာဆိုက်ရဲ့လိပ်စာတွေ့ရပါ့မယ်



အဆင့်(၄) အနီရောင်အ၀ိုင်းသုံးခုပြထားတဲ့နေရာလေးတွေမှာအမှန်ခြစ် ခြစ်ပေးပါ( ပုံ ၄ )
အဆင့်(၅) Choose label မှာလစ်လုပ်ပြီး New label...ကိုရွေးပြီကလစ်လုပ်လိုက်ပါ(ပုံ ၅)

အဆင့်(၆) ဒီလိုမျိုးဘောက်လေးတစ်ခုထွက်လာပါမယ်...
အပေါ်ကအကွက်လေးထဲမှာကိုယ်ခွဲထားချင်တဲ့ဆိုက်ရဲ့နာမည်လေးရေးလိုက်ပါ( ပုံ ၆)
အဆင့်(၇)  Create မှကလစ်နှိပ်လိုက်ပါ (ပုံ ၇)




အဆင့်(၈) Create Filter မှာကလစ်နှိပ်လိုက်ရင်ပြီးပါပြီခင်ညာာာ





ဒီအောက်ကပုံတွေကတော့နောက်ထက်တစ်မျိုးပါ ဒီလိုလည်းခွဲထားလို့ရပါတယ်
ဒီနည်းနဲ့လုပ်ချင်ရင်တော့ အောက်ပါအတိုင်းလုပ်လိုက်ပါ
အဆင့်(၁)ပုံမှာမြင်နေရတဲ့အတိုင်းကိုယ်ခွဲထားချင်တဲ့ဆိုက်ရဲ့လိပ်စာလေးကို
copy ကူးယူလိုက်ပါ ဆိုက်ရဲ့လိပ်စာလေးယူတဲ့နေရာမှာပုံမှာမြင်နေရသလို
မမှားအောင်တော့သေချာကြည့်ပါဆိုက်နာမည်ရဲ့ရှေ့မှာ share@ ဒီလိုမျိုးလေးပါမှရပါတယ်


အဆင့်(၂) Show search options Create a filter မှာကလစ်နှိပ်လိုက်ပါ(ပုံ ၂)



ဒီနေရာလေးမှာတော့ဆိုက်ရဲ့လိပ်စာမှမဟုတ်ပါဘူး
ကိုယ့်ချစ်သူ..ကိုယ့်သူငယ်ချင်းတွေရဲ့ gtalk အကောင့်ကိုထည့်ပြီးခွဲထားချင်လည်းရပါတယ်

အဆင့်(၃) From ဆိုတဲ့နေရာမှာစောစောကကူးယူထားတဲ့လိပ်စာလေးထည့်လိုက်ပါ(ပုံ ၃)
အဆင့်(၄) Next step>>မှာကလစ်နှိပ်လိုက်ပါ


အဆင့်(၅) အနီရောင်အ၀ိုင်းသုံးခုပြထားတဲ့နေရာလေးတွေမှာအမှန်ခြစ် ခြစ်ပေးပါ
အဆင့်(၆) Choose label မှာလစ်လုပ်ပြီး New label...ကိုရွေးပြီကလစ်လုပ်လိုက်ပါ(ပုံ ၅)


အဆင့်(၇) ဒီလိုမျိုးဘောက်လေးတစ်ခုထွက်လာပါမယ်...
အပေါ်ကအကွက်လေးထဲမှာကိုယ်ခွဲထားချင်တဲ့ဆိုက်ရဲ့နာမည်လေးရေးလိုက်ပါ( ပုံ ၆)
အဆင့်(၈)  Create မှကလစ်နှိပ်လိုက်ပါ (ပုံ ၇)





အဆင့်(၉) Create Filter မှာကလစ်နှိပ်လိုက်ရင်ပြီးပါပြီခင်ညာာာ


ဒီပုံလေးကတော့ကျနော်ခွဲပြထားတဲ့ဆိုက်တွေပါ
ဒီအောက်ကလုပ်နည်းလေးကတော့
ကိုယ်ခွဲထားတဲ့မေးတွေ  ၀ှက်ထားချင်ရင်ပေါ့
ကိုယ့်ချစ်သူရဲ့မေးတွေ..ကိုယ့်သူငယ်ချင်းတွေရဲ့မေးတွေကိုခွဲထားရင်ပေါ့
အဲဒါကို ကိုယ်အသုံးပြုနေစဉ်သူများတွေဝင်ကြည့်ရင်မမြင်ရအောင်
ဝှက်ထားနည်းလေးပါခင်ညာာာာ
ဝှက်ထားချင်ရင်တော့အောက်ပါအတိုင်းလုပ်လိုက်နော်
အဆင့်(၁)ကိုယ်ဝှက်ထားချင်တဲ့မေးရဲ့ဘေးမှာရှိတဲ့အ၀ိုင်းလေးပြထား
တဲ့နေရာမှာကလစ်နှိပ်လိုက်ပါ


အဆင့်(၂) Hide မှာကလစ်နှိပ်လိုက်ပါ
ဒါဆိုရင်သူများတွေနောက်နေခိုးကြည့်ရင်မမြင်ရတော့ပါဘူးးးးးးးးးးးးးးးးခင်ညာာာာ
ပြန်ပြီးဖော်ထားချင်ရင်တော့အပေါ်ဆုံးမှာရှိတဲ့ show မှာကလစ်နှိပ်လိုက်ပါ
ကိုယ်ခွဲထားတဲ့မေးတွေကိုအရောင်လေးတွေနဲ့ပြထားချင်ရင် a ဆိုတဲ့နေရာမှာ
ကြည့်လိုက်ပါ ကိုယ်ကြိုက်တဲ့အရောင်မှာကလစ်နှိပ်လိုက်ပါ



ကိုယ်ဝှက်ထားလိုက်တဲ့မေးလေးဘယ်ရောက်သွားလည်းကြည့်ချင်ရင်တော့
more ကိုကလစ်နှိပ်ပြီးကြည့်လိုက်ပါ



အားလုံးအစဉ်ပြေနိုင်ကြပါစေ.. --
မှော်ဆရာအဖွဲ့

No comments:

Post a Comment

daweiit@gmail.com