ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday 16 September 2011

USB Memory Stick ထဲကဖိုင်တွေကို ဖျက်မရ..ကော်ပီလုပ်မရတော့ဘူးလား

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။
အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ
တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိအောင် ဖြစ်ရတော့တာပါဘဲ။ အညာသားလေးကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry
Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့
Error မပေါ်တော့ပါ။အားလုံးကို..ကျေးဇူးတင်ပါတယ်ခင်ဗျာ..။

အဆင်မပြေသေးဘူးဆိုရင်လည်း http://www.cherrymyay.com/2011/06/remove-write-protection/ မှာဝင်ကြည့်ပေးပါခင်ဗျာ။

Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။
ပြန်လည်ပြောဆိုဆွေးနွေးမယ်

အခြားနည်းတစ်နည်းကတော့....Memory stick ကို right click နှိပ်ပြီးး copy လုပ်ပါ။အခြားနေရာတွင် paste လုပ်ပါ။ပြီးရင် Memory Stick ကို Format ချလိုက်ပါ။စောစောက Copy လုပ်ထားတဲ့ File ကိုပြန်ဖွင့်ပါ။ကိုင်း.....အဲဒီမှာစတွေ့ပြီပေါ့။ပြဿနာကောင်..Autorun.exe ကိုထုံးစံအတိုင်း Delete လုပ်လို့ရသွားပါပြီ။ကိုယ်တိုင်ရှာဖွေထားတဲ့နည်းလေးပါ။

control ထဲမှာ StorageDevicePolicies မရှိရင်ဘယ်လိုလုပ်မလဲ
http://www.siliconguide.com/qa/forum/messages/477-1.shtml အဲဒီထဲမယ် ဖတ်ကြည့်လိုက်ပါ
နော်။

http://www.cherrymyay.com/2011/06/remove-write-protection/ အဲမယ်ရေးထားတယ်အစ်ကို ဖတ်ကြည့်နော်။

No comments:

Post a Comment

daweiit@gmail.com