ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Thursday 15 September 2011

Photoshop သို့ ချဉ်းနင်းဝင်ရောက်ခြင်း

Photoshop သို့ ချဉ်းနင်းဝင်ရောက်ခြင်း




ကျွန်တော် သူငယ်ချင်းတို့ကို Tools လေးတွေအကြောင်း နည်းနည်း ရှင်းပြချင်တယ်။ ကလေးတွေ သင်သလိုတော့ တစ်ခုချင်းစီ ကျွန်တော် မရှင်းပြတော့ဘူး။ နားအလည်ဆုံးဖြစ်အောင်တော့ ပြောပြမှာပါ။ ကျွန်တော်က ခု သူငယ်ချင်းတို့ မြင်ရတဲ့ ဘယ်ဘက်မှ ရှိတဲ့ Tools box ပုံလေးကို အပိုင်းသုံးပိုင်း ခွဲခြားပေးထားတယ်။ Selection, Modify and Supporting ဆိုပီး ကျွန်တော့် ဘာသာ ခွဲထားတာပါ။ ကျွန်တော်တို့ အသုံးပြုမယ့် photoshop ရဲ့ အသက်ဟာ Selection ပါ။ လိုချင်တဲ့ ပုံတွေအားလုံးကို Selection မှတ်ပီးမှသာ လိုသလို ရွှေ့လို့ ဖြတ်လို့တောက်လို့ ရမှာပါ။


ဒီ မြင်နေရတဲ့ မျှားအနက်လေးကို Move tool လို့ခေါ်တယ် ရွေးချယ်လိုက်ရုံနဲ့တော့ ပုံကို ရွှေ့လို့မရပါဘူး ရွေးပြီးရင် ဒီမျှားအနက်လေးကို သုံးမှ ရွေးချယ်ထားတဲ့ပုံကို လိုရာ ရွှေ့လို့ ရမှာပါ။

(1). Marquee toolဟာ လေးထောင့် ပုံစံပဲ ရွေးပေးတဲ့ slection အမျိုးအစားပါ။

(2). Polygonal Lasso tool အကွေ့အကောက်မပါဘဲ ထောင့်ကျတဲ့ ပုံသမျှကို ရွေးပေးတဲ့ selection tool အမျိုးအစားပါပဲ။

(3). Magic Wand tool အရောင်တူ၊ tone တူတာတွေကို ရွေးတဲ့ selection အမျိုးအစားဖြစ်ပါတယ်။

- Crop tool ပုံတစ်ပုံရဲ့ size နဲ့ quality ကို သတ်မှတ် ရွေးချယ်ရာမှာ သုံးပါတယ်။

- Slice tool-Web page design တွေကို ဖြတ်တောက်ရာမှာ သုံးတဲ့ selection အမျိုးအစားပါ။




tear drop ရှိတဲ့ တစ်ချို့ tool တွေရဲ့ နောက်ကွယ်မှာ hidden tool လေးတွေ ရှိပါသေးတယ်။ ကျွန်တော် နောက် lesson လုပ်တဲ့အခါမှပဲ ပြောပြတော့မယ်။ မသိတဲ့ သူတွေက စိတ်မပျက်ကြပါနဲ့။ ကျွန်တော် အလျဉ်းသင့်သလို ရှင်းပြသွားမှာမို့ပါ။

ခု လောလောဆယ်မှာ selection ပိုင်းကို အကြမ်းဖျဉ်း အဲလောက်သိထားရင်ရတယ်။

Modify လို့ ကျွန်တော် နာမည်ပေးထားတဲ့ အစိတ်အပိုင်းလေးကတော့ နဂိုရှိပီးသား ပုံပေါ်မှာ ၄င်း tools လေးတွေနဲ့ ပြုပြင်ဖြည့်စွတ်တဲ့ အစိတ်အပိုင်းလေးပါ။ Supporting ပိုင်းကလေးမှာလည်း ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်ကို record လုပ်လို့ရတဲ့ note လေးနဲ့ ပုံတွေကို ချဲ့ကြည့် ချုံ့ကြည့်လို့ရတဲ့ Zoom tool, Hand ပုံလေးက မြင်ကွင်းကို ရွှေ့လို့ရတဲ့ လက်ကလေးပါ။ Eyedropper လို့ခေါ်တဲ့ အရောင်ရွေးတဲ့ tool လေးကတော့ သိပ်တော့ အသုံးမ၀င်ပါဘူး၊ တစ်ခြားsoftware တွေမှာတော့ အသုံးဝင်ပါတယ်။ photoshop ထဲမှာ တကူတက သွားရွေးပီး သုံးရလောက်အောင်တော့ အသုံးမ၀င်ပါဘူးခင်ဗျ။ သိအောင်ပြောပြတာပါ။
ကျွန်တော် အလုပ်ထဲကနေ သူငယ်ချင်းတို့အတွက် ဒီပို့စ်လေးကို ရေးရတာဖြစ်လို့ တစ်ခါတစ်လေ အဆင်မပြေတာရှိရင် ခွင့်လွှတ်ပါ။
ကျွန်တော် တကယ်အသုံးဝင်တဲ့ အစိတ်အပိုင်းတွေကို ဦးစားပေးသင်ပေးမှာပါ။ မလိုအပ်တဲ့ တစ်ချို့tools တွေကိုလည်း အလေးအနက်ကြီး မဟုတ်တောင် ပြောတော့ ပြောပြသွားမှာပါ။
နောက်တစ်ခု ထပ်ပြောပြချင်တာက Tool box ရဲ့ အောက်ဆုံးမှာရှိတဲ့ color box အကြောင်းပါ။

သူငယ်ချင်းတို့ မြင်ရတဲ့ အနက်ရောင်နေရာလေးကို foreground color လို့ ခေါ်ပီး နောက်က အဖြူရောင်ကိုတော့ background color လို့ ခေါ်တယ်။ အရောင်တွေ ခြယ်ချင်ရင် foreground color ကို အသုံးပြုပြီး ခြယ်ရပါတယ်။ background color ကတော့ ကျွန်တော်တို့ သုံးတဲ့ စာရွက်ရဲ့ အောက်ဆုံးက အရောင်ပါ။
ကျွန်တော်က ဒီလို ပို့စ်လေးကို ခုမှရေးတာဖြစ်လို့ သိပ်တော့ မရေးတတ်ဘူး။ နားလည်လား မလည်လားလည်း မသိဘူး။ ကောင်းတယ် မကောင်းဘူး၊ ကျေးဇူးတင်တယ်လို့ ပြောမယ့်အစား၊ နားလည်လား မလည်ဘူးလား၊ ကျွန်တော်ဘယ်နေရာတွေ အားနည်းနေလဲ ပြောပေးပါလား။ နို့မို့ဆို အားလုံးအတွက် အကျိုးကျေးဇူး ရှိမှာမဟုတ်ဘူး။

ကျွန်တော် ဒီပို့စ်လေးကို စိတ်တိုင်းမကျတာတော့ အမှန်ပဲ။ ဒါပေမယ့်လည်း သူငယ်ချင်းတို့အတွက် တင်သွားလိုက်မယ်။ နောက်တစ်ခန်းကျရင်တော့ သင်ခန်းစာနဲ့ အတူတူ အသုံးပြုပုံကိုပါ ထပ်ပြောပြသွားမှာပါ။ သူငယ်ချင်းများကလည်း လိုအပ်တာများကို ထောက်ပြပေးကြပါ။

No comments:

Post a Comment

daweiit@gmail.com