ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Saturday 17 September 2011

NTLDR ဖိုင်ကို ပြန်လည်ကူးယူခြင်း နည်းလမ်းများ

NTLDR ဖိုင်ကို ပြန်လည်ကူးယူခြင်း နည်းလမ်းများ….။ (ကွန်ပျူတာအသုံးပြုသူတိုင်းအတွက်ပါ။)

တော်တော်ကို အဖြစ်များတဲ့ ပြသနာလေးဖြစ်တဲ့ အတွက် သေချာဖတ်ကြည့်ပေးစေချင်ပါတယ်……။
အချို့ Virus များဟာ Windows ရဲ့ အရေးကြီးတဲ့ System file တွေကို ဖျက်သွားတဲ့အခါ Windows မတက်တော့တာမျိုးတွေကြုံရတတ်ပါတယ်။ အဲဒီ့အခါ Windows အစအဆုံးပြန်တင်မယ်ဆိုရင် အချိန်ကြာမယ်
Software တွေ Driver တွေကအစ အကုန်ရှာပြီးပြန်တင်ရပါတော့တယ် အခု အညာသားလေး ပြောပြမယ့်နည်း
လမ်းတွေက အစအဆုံးပြန်တင်စရာမလိုဘဲနဲ့ Windows ကိုပြန်ကောင်းအောင် ပြုပြင်လို့ရမယ့် နည်းလမ်းလေး
တွေပါဘဲ..ကဲ..ဒီလိုအဖြစ်မျိုးကြုံနေပြီဆိုရင်တော့..လိုက်လုပ်ကြည့်ပါဗျို့..။

နည်းလမ်း..(၁) Computer ဟာ Windows မတက်တော့ဘဲ အမည်းရောင် Screen ပေါ်မှာ

NTLDR is Missing
Press any Key to restart (or)



Boot: Couldn’t find NTLDR
Please insert another disk (or)

NTLDR is missing
Press Ctrl Alt Del to Restart

ဟု စာသားတစ်ခုခုပေါ်နေပြီဆိုလျှင် Windows ပြန်တင်စရာမလိုဘဲ Windows ရဲ့ ntldr ဖိုင်ကို ပြန်လည်ကူးယူ
မယ့် နည်းလမ်းလေးပါ။

အခုစပါတော့မယ်…Computer ကို power ဖွင့်လိုက်ပါ။ ဖွင့်ပြီးတာ နက်တစ်ပြိုင်နက် ကီးဘုတ်ညာဘက်အခြမ်းက Del Key သို့မဟုတ် အချို့စက်များတွင် F2 ကို သေချာစေရန် ၄ ။ ၅ ခါ ဆက်တိုက်
နှိပ်ပေးပါ။ နောက်ခံအပြာရောင် CMOS Setup ပေါ်လာသည်အထိနှိပ်ပေးပါ။



















နည်းလမ်း(၂)
NTLDR ဖိုင်ကို root directory အောက်ကိုထည့်ဖို့ Windows CDနဲ့boot တက်ပါ။ Windows CD ဆိုတာ
Windows XP CD ။ လိုင်စင် Key ပါတဲ့ CD သာဖြစ်ရပါမယ်။ ဆက်ပြောပြပါ့မယ်……….
Repair လုပ်မလားမေးရင် Rကိုနှိပ်ပါ။ Windows Recovery Console ထဲကိုရောက်ပြီဆိုရင် CD-Driveရဲ့ Drive Letter ကိုရိုက်ထည့်ပါ။
Drive Letter မသိဘူးဆိုရင်လွယ်ပါတယ်.။သူငယ်ချင်းတို့ကွန်ပျူတာမှာ C: နဲ့ D: နှစ်ပိုင်းပိုင်းထားတယ်ဆိုရင်.။
Drive Letter က L: ဖြစ်ပါတယ်။ C: တစ်ပိုင်းသာပိုင်းထားရင် Drive Letter က D:ဖြစ်ပါတယ်။ ဒါလောက်ဆိုရင်
သဘောပေါက်ပါတယ်နော်..ကဲ..ဆက်မယ်..ကျွန်တော့် ကွန်ပျူတာမှာက C,D,E,F ဆိုပြီးလေးပိုင်းပိုင်းထားတဲ့အ
တွက် Drive Letter ကို G:လို့ရိုက်ထည့်လိုက်ပါတယ်။ ပြီးရင် chdir i386 ဆိုပြီး ရိုက်ထည့်လိုက်ပါ။ CD ပေါ်က
i386 ဖိုလ်ဒါကို ရောက်သွားတဲ့သဘောပါ။ ပြီးရင် copy ntldr C: ဆိုပြီးရိုက်ထည့်ပါ။ (Windows က C: မှာတင်
ထားလို့ C:လို့ရိုက်တာပါ။ D: မှာတင်ထားရင် D: လို့ရိုက်ပါ။) ဒါဆိုရင် NTLDR ကသူ့နေရာကိုပြန်ရောက်သွား
ပါပြီ။ exit လို့ရိုက်ပြီး Windows ကို restart လုပ်ပါ။ နောက်ပိုင်း Windows ရဲ့ ဘာဖိုင်ဘဲပျောက်ပျောက် ဒီလို
ပြန်သွင်းလို့ရပါတယ်။ NTLDR သွင်းပြီးပြီဆိုရင် Windows ကို Safe Mode နဲ့တက်ပါ။ (ကွန်ပျူတာ စစချင်း
Keyboard ပေါ်က F8 Key ကိုနှိပ်ပြီး Safe Mode ကိုရွေးပေးရတာပါ။) Safe Mode ကိုရောက်ပြီဆိုရင်
Start>>Run ကိုနှိပ်ပြီး msconfig လို့ရိုက်ထည့်ပါ။
Startup Tab ကိုသွားပြီး Disable All ကိုနှိပ်ပါ။ ပြီးရင် Windows ကို Restart ချပါ။ Windows ကိုပုံမှန် အတိုင်းပြန်တက်ပြီး Antivirus Software တစ်ခုခုကို Install လုပ်ပြီး ဗိုင်းရပ်အကုန်လုံးကိုရှင်းလင်းပစ်ပါ။
ကျွန်တော်က အင်တာနက်မရှိတဲ့အတွက် Kaspersky Antivirus 2007 ကိုသုံးပါတယ်။ ဒါပေမယ့် အင်တာနက်
မရှိတဲ့သူတွေအတွက် အလွယ်ကူဆုံးဖြစ်တဲ့ AVG Antivirus 9. ကိုသုံးပါ။ အခုထွက်တဲ့ 2011 ကိုမသုံးပါနဲ့.။အဲ
ဒါက အင်တာနက်ရှိတဲ့သူတွေအတွက်သာ အဆင်ပြေတာပါ။ AVG Antivirus Update လိုချင်တယ်ဆိုရင်တော့။
ဒီမှာ Download ချလိုက်ပါ။ Update လုပ်နည်းကတော့ AVG Antivirus ကိုဖွင့်လိုက်ပါ။ Tool>>Update from
Directory ဆိုတဲ့နေရာကို ကလစ်ပြီး Update file ထည့်ထားတဲ့ ဖိုလ်ဒါကို ညွှန်းလိုက်ပါ။ ပြီးရင် OK နှိပ်လိုက်ပါ။
ပြီးရင် ညွှန်ကြားချက်အတိုင်း ဆက်လုပ်ရုံပါဘဲ.။ (မှတ်ချက်..Download ချထားတဲ့ Update File ကို ဖိုလ်ဒါတစ်ခုထဲကို ထည့်ပေးပါရန်။) ကဲ..စမ်းကြည့်ကြပါဦးလား..အဆင်မပြေရင်လဲ..ပွင့်ပွင့်လင်းလင်းပြောပြထား
ခဲ့ပေးပါ။ ဒီထက် ကောင်းတဲ့အကြံဥာဏ်တွေကိုလဲ..အများအတွက် ရေးသားထားခဲ့နိုင်ပါတယ်ခင်ဗျာ..။ ဗိုင်းရပ်စ်
ရှင်းသွားပေမယ့်လည်း နောက်ဆက်တွဲပြသာနာတွေကတော့ ကျန်ရှိနေဦးမှာပါ။ အဲဒီအတွက်လဲ..မေးခွန်းတွေ မေးမြန်းချက်တွေကို ထားခဲ့နိုင်ပါတယ်..အညာသားလေးကြိုးစားပြီးဖြေရှင်းပေးပါ့မယ်။အားလုံးကိုအဆင်ပြေစေ
ချင်တဲ့…..နေပူတော်က အညာသားလေး…………။

No comments:

Post a Comment

daweiit@gmail.com