ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Thursday 15 September 2011

Facebook ၏ URL အား https ဖြင့် အသုံးပြုနိုင်ပြီ ဖြစ်

Facebook ၏ URL အား https ဖြင့် အသုံးပြုနိုင်ပြီ ဖြစ်

Facebook with HTTPS
Facebook မှ ယခုအခါတွင် Feature ပေါင်းများစွာကို အသုံးပြုသူများအား မိတ်ဆက်ပေးလျှက်ရှိပါတယ်။ မကြာသေးမီကာလအတွင်းကလည်း Facebook mail ကိုစတင် အသုံးပြုခွင့်ပေးခဲ့ပြီး လူအများမှလည်း ကြိုက်နှစ်သက် ခဲ့ကြပါတယ်။ သို့သော်လည်း မေးခွန်းထုတ်စရာမှာ ထိုကဲ့သို့ e-mail ၀န်ဆောင်မှုများ နှင့် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ မှာ မည်သည့် အခြေအနေအထိ Facebook မှ လုံခြုံမှု ပေးစွမ်းနိုင်မည်လဲ ဆိုတာပဲ ဖြစ်ပါတယ်။
သို့အတွက် Facebook မှ အဆိုပါပြသာနာများကို ဖြေရှင်းနိုင်ရန် HTTPS (Hypertext Transfer Protocol Secure) နှင့် Facebook အသုံးပြုသူများ ကို အသုံးပြုခွင့်ပေးထားပြီ ဖြစ်ပါတယ်။ Facebook မှ ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းဖြင့် အသုံးပြုသူများ၏ အချက်အလက်များ ခိုးယူနေမှု အနေအထားမှလည်း ကာကွယ်ပြီးသားဖြစ်ပြီး malware များ ရန်မှလည်း ကာကွယ်ပြီးသား ဖြစ်နေပါလိမ့်မယ်။
အဆိုပါ HTTPS အား Facebook အသုံးပြုသူများအနေဖြင့် မိမိ၏ Facebook URL တွင်ပေါ်စေချင်ပါက Account Setting ထဲသို့ အရင်ဝင်ရောက်ကာ Settings ထဲရှိ Account Security ဘေးရှိ Change ကို နှိပ်သွားရမှာ ဖြစ်ပါတယ်။ ထို့နောက် Secure Browsing (https) တွင် အမှန်ခြစ် ခြစ်သွားရမှာ ဖြစ်ပြီး send me an email တွင်လည်း အမှန်ခြစ် ခြစ်သွားရမှာပါ။
Secure Browsing (https) အား အမှန်ခြစ် လုပ်သွားခြင်းဖြင့် မိမိ Facebook ဖွင့်လိုက်တိုင်း URL တွင် https://www.facebook.com ဟုပေါ်နေမှာ ဖြစ်ပြီး၊ send me an email ကို နှိပ်ခြင်းအားဖြင့် မိမိ၏ အကောင့်အား တစ်ခြား ကွန်ပျူတာအသစ် သို့မဟုတ် mobile မှ ၀င်ရောက်ပါက မိမိ၏ email အား သတိပေးချက်ကို အရင်ပို့သွားမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်

No comments:

Post a Comment

daweiit@gmail.com