ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday 30 September 2011

Format ရိုက်တယ်ဆိုတာဘာကိုပြောတာလဲ

Format ရိုက်တယ်ဆိုတာဘာကိုပြောတာလဲ

 Format က
ဘယ်နေရာကိုရိုက်တာလဲပေါ့။ ဟုတ်ကဲ့ ပြန်ဖြေပေးရမယ်ဆိုရင်
ဖောမက်ရိုက်တယ်ဆိုတာ Hard Disk မှာ Data ထည့်နိုင်အောင်လို. ကျွန်တော်တို.
ဖောမက် ရိုက်ပေးရပါတယ်။ Format မရိုက်ရသေးတဲ့ ဟက်ဒစ် အသစ်ထဲ Data
ထည့်လို.မရသေး ပါဘူး။ ဖောမက်ဆိုတာ Hard Disk လို stroage Device တွေကိုပဲ
ရိုက်တာပါ Memory ကိုလည်း ဖောမက် ရိုက်လို.မရပါဘူး။ CPU ကိုလည်း
ဖောမက်ရိုက်လို.မရပါဘူး။

Format အကြောင်းပြောတော့မယ်ဆိုရင် ဖောမက် ရိုက်တဲ့ File System ကို အရင်သိဖို.လိုလာပါပြီ။
၁။ FAT (File Allocation Table)
၂။ FAT 32
၃။ NTFS (New Technology File System) ဆိုတဲ့ File System သုံးမျိုးလောက်တော့ သိထားရပါမယ်။

အဲဒီတော့ FAT နဲ. FAT32 နဲ. ဖောမက်ရိုက်တာချင်းအတူတူ ဘာကွာလဲလိုမေးရင် Data ထည့်နိုင်တဲ့ ပမာဏ ကွာတယ်လို.ပြောပေးရပါမယ်။ ဥပမာHard Disk နှစ်လုံးကို
တစ်ပုံစံထဲ ဆိုဒ်တစ်မျိုးထဲဝယ်ခဲ့ တစ်လုံးကိုတော့ FAT နဲ.ရိုက်
နောက်တလုံးကို FAT32 နဲ.ရိုက် ဘာကွာလဲဆိုရင် Data ထည့်နိုင်တဲ့ပမာဏ
ကွာသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ FAT နဲ.ရိုက်တဲ့ ဟက်ဒစ်က Claster Site က
အရမ်းကျယ်နေတဲ့အတွက် ဟက်ဒစ်မှာ Data မထည့်ရပဲ ပုတ်သွားတဲ့ ပမာဏ
အရမ်းများနေပါတယ်။ FAT32 နဲ.ရိုက်တဲ့ Hard Disk မှာတော့ Claster Size
သေးတဲ့အတွက် ပုတ်တဲ့ပမာဏနဲပြီး Data ထည့်နိုင်တဲ့ ပမာဏ FAT
ထက်ပိုများသွားပါတယ်။

ဖောမက်ရိုက်ဖို. နေရာတွေကတော့
၁။ My Computer ကိုဖွင့်ပြီး ကိုယ်ရိုက်ချင်တဲ့ Drive ပေါ် ညာဘက်ကလစ်လုပ်ပြီး ဖောမက်လို.ပြောပေးရမယ်။

ပြီးရင် Quick Format ဆိုတာလေးကို ချက်ဘောက်ထဲ အမှန်ခြစ်ထည့်ပေးလိုက်ပါ။ ဖောမက်ကိုအမြန်ရိုက်မယ်လို.ပြောတာပါ။ ဖောမက်ကို အမြန်ရိုက်တာနဲ.
အနှေးရိုက်တာနဲ.ဘာကွာလဲလို.မေးရင် အမြန်ရိုက်တာက စိတ်မချရပါဘူး။
ဗိုင်းရပ်တွေ ရှိနေရင်လည်း မသေဘဲကျန်နေတက်ပါတယ်။


အထဲမှာ ရှိသမျှ Data တွေအကုန်ပျက်ကုန်လိမ့်မယ်လို. Warning ပေးပါလိမ့်မယ်။ ဒေတာတွေ မရှိဘူးဆိုရင်တော့ အိုကေပေါ့။ အပေါ်နားမှာလည်း File system
ရွေးလို.ရပါသေးတယ်။ FAT နဲ. ဖောမက်ရိုက်မှာလား NTFS
နဲ.ရိုက်မှာလားဆိုပြီးပေါ့။ အိုကေလို.ပြောလိုက်တာနဲ. သူဘာသာ
ဖောမက်ရိုက်သွားပါလိမ့်မယ်။


နော်ထပ်ဖောက်မက်ရိုက်လို.ရတဲ့ တနေရာကတော့ Disk management ထဲကနေပါ။
ဘယ်လိုသွားရလဲဆိုရင် Run ထဲမှာ diskmgmt.msc ဆိုပြီး
အန်တာခေါက်ပြီးလဲသွားလို.ရသလို၊ My Computer ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး
Manage ထဲကမှ Disk management ဆိုပြီးလည်း သွားလို.ရပါတယ်။
အဲဒီကိုရောက်ရင်လည်း ကိုယ်ဖောမက်ရိုက်ချင်တဲ့ Drive ပေါ်မှာ ညာဘက်
ကလစ်လုပ်ပြီး ဖောမက်လို.ပြောပေးလို.ရပါတယ်။




ခုနကအတိုင်းပဲ Perform a quick format ကို ချက်ဘောက်ဖွင့်ပြီး အမြန်ဖောမက်ရိုက်လို.လည်းရပါတယ်။ Pen Drive တွေကိုတော့ FAT32
နဲ.ပဲရိုက်လို.ရတယ်၊ ကိုယ်က အထွန်.တက်ပြီး Pen drive ကို Ntfs နဲ.
ဖောမက်ရိုက်ချင်တယ်ဆိုရင်တော့ FAT32 နဲ.အရင် ရိုက်ပြီး cmd ထဲကနေ convert
j: /fs:ntfs ဆိုပြီး အန်တာခေါက်ပြီး file system ပြောင်းလို.ရပါသေးတယ်။



နောက်တခါ Command prompt ထဲကနေ ဖောမက်ရိုက်ဖို.ရာ၊ run ထဲမှာ Cmd ဆိုပြီး အန်တာခေါက်။

My computer ထဲမှာ အရင်ဖွင့်ကြည့် ကိုယ်ဖောမက်ရိုက်ချင်တဲ့ Drive Letter က ဘာလဲဆိုတာ့ အခုလောလောဆယ်တော့ ကျွန်တော် Pen Drive ကို ဖောမက်ရိုက်ချင်တာ
ဆိုတော့ J: ဆိုတာကို မှက်ထားရပါမယ်။


ပြီးရင် cmd ထဲမှာ format j: /fs:fat32 လို.ရေးပြီး အန်တာခေါက်ပေးရပါမယ်။

သူဘာသာဖောမက်ရိုက်သွားလိမ့်မယ် တကယ်လို.တချို. ကွန်ပြူတာတွေမှာ အဲဒီနေရာရောက်ရင် Data တွေ ပျက်ကုန်မယ်ဆိုပြီး warning ပြောရင် y ကိုနှပ်ပြီး အန်တာခေါက်။ 100 percent completed ဆိုပြီး ဖြစ်သွားရင်တော့
ကျွန်တော်တို. ဖောမက်ရိုက်တဲ့ ကိစ္စ ပြီးဆုံးသွားပါပြီ။


ဒီနည်းလေးတွေကို ဘာကြောင့်ပြောနေရတာလဲဆိုရင် တချို. ဗိုင်းရပ်တွေ ကိုက်လွန်းလို.ပဲဖြစ်ဖြစ် တခြား အကြောင်း ကြောင်းကြောင့်ပဲ ဖြစ်ဖြစ် တစ်နေရာကနေ ဖောမက်ရိုက်လို.အဆင်မပြေရင် နောက်တနေရာကနေ
ဖောမက်ရိုက်နိုင်အောင်လို. ပြောပြနေခြင်းဖြစ်ပါတယ်.......................................

No comments:

Post a Comment

daweiit@gmail.com