ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday 16 September 2011

Website တစ်ခုလုံးကို Download ချပြီးအိမ်မှာဖတ်မယ်

Website တစ်ခုကိုဝင်ကြည့်ရင် Loading လုပ်တာကို စောင့်ရတာဒုက္ခတစ်ခုပါ။ ဒီတော့ ကိုယ်ကြိုက်တဲ့ Website တစ်ခုကို အခုကျွန်တော်ပြောပြတဲ့ Software နဲ့ဒေါင်းပြီး ကိုယ့်အိမ်မှာ စိတ်ကြိုက်သာထိုင်ကြည့်ပေတော့..ကွန်
နက်ရှင်မလိုတော့ဘူး..မန်းနီးမကုန်တော့ဘူး..ကြိုက်တဲ့ ဘလော့ခ်တွေကို ထိုင်ဖတ်နေရုံဘဲ..ကဲ.မကောင်းဘူး
လားဗျာ..ဒီတော့လုပ်ပုံလုပ်နည်းတွေကို အောက်မှာ သေချာပုံတွေနှင့်တကွရှင်းပြပေးထားပါတယ်ခင်ဗျာ..အခု
ကျွန်တော်ဒေါင်းပြမယ့် site ကတော့ www.shwemyotaw.com ကိုဒေါင်းပြပါ့မယ်။ပြီးရင် အိမ်သယ်သွားပြီး.ချစ်
သူမြို့တော်မှာ တင်ထားတဲ့ဘလော့တွေကိုအကြိုက်ဖတ်ကြပေတော့နော်.P:…ကျွန်တော်လဲ ဒီ Software လေး
ကို ကျွန်တော်တို့ရဲ့နည်းပညာဆိုဒ်တစ်ခုဖြစ်တဲ့ www.mmitd.com ကနေရလာတာပါ။အဲဒီဆိုဒ်ကိုတော်ရုံသူ
တွေဝင်ဖတ်ဖို့အဆင်မပြေပါဘူး.ဘာလို့လဲဆိုတော့ နည်းပညာတွေ စုံလင်လှတဲ့ အဲဒီဆိုဒ်ဟာ မြန်မာယူနီကုတ်
စနစ်ကို သုံးထားလို့ပါဘဲ။အဲဒီအတွက် ကောင်းနိုးရာရာလေးတွေကို ကျွန်တော်ကဘဲ ချစ်သူမြို့တော်က ကျွန်တော့်ရဲ့အစ်ကို အမတွေအတွက် ဖောက်သည်ပြန်ချပေးလိုက်ပါ့မယ်နော်..။ ကဲပါ..လေကြောကလဲရှည်ပါ
ကိုအညာသားရယ်..လိုရင်းကိုဘဲပြောတော့မယ်နော်…အဟမ်း………….

အရင်ဆုံး Website Download ချမယ့် Software ကို အောက်မှာအရင်ဒေါင်းလိုက်ပါ။
Download Here
ဒေါင်းပြီးဘီဆိုရင်..အစ်ကို.အမတို့ရဲ့စက်မှာတင်ထားတဲ့ Antivirus ကိုအပြီးတိုင် Exit လုပ်လိုက်ပါဦး။ဘာလို့လဲ
ဆိုတော့ ဒီ Software ကသိတဲ့အတိုင်း website တစ်ခုလုံးကိုဒေါင်းမယ့်အကောင်လေ.Antivirus တွေကတော့
တွေ့ရင်သတ်မှာပါဘဲ။ အကယ်လို့ အင်တာနက်ဆိုင်မှာထိုင်သုံးနေရတယ်ဆိုရင် အင်တာနက်ဆိုင်တွေက များ
သောအားဖြင့် Avira Antivirus (ထီးအနီပုံလေး) တင်ထားတာများတယ်.အဲဒီအတွက် ထီးကိုRight click ထောက်ပြီး Enable Avira Guard ကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်.ထီးပိတ်သွားလိမ့်မယ်.အဲဆိုအိုကေဘီ.
Antivirus တွေကိုပိတ်ပြီးဘီဆိုရင် Software ကိုစတင် Install လုပ်ပါ။ လုပ်ပုံလုပ်နည်းကလွယ်ပါတယ်။ရှင်းမပြ
တော့ဘူးနော်။ Install လုပ်ပြီးဘီဆိုရင် Software ကို ဖွင့်လိုက်ပါ။

ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း Next ကိုနှိပ်ပါ။


Existing Project Name မှာ ကိုယ်ကြိုက်တဲ့ နာမည်ကိုဖြည့်ပါ။ကျွန်တော်ကတော့ shwe လို့ထည့်လိုက်တယ်။
Project category မှာဘာမှမထည့်လဲရပါတယ်။ ပြီးရင်အောက်က Base Path (save) နေ၇ာမှာ ကိုယ်ကြိုက်တဲ့ Folder တည့်ဆောက်ပြီး ရွေးထားပေးလို့ရတယ်
ဥပမာ AungAung အမည်နဲ့ Desktop ပေါ်မှာ Folder လုပ်ထားတယ်ဆိုရင် အဲဒီ အောင်အောင်ဆိုတဲ့ ဖိုလ်ဒါကို
ရွေးပေးလိုက်ရုံပါဘဲ.။

ပြီးပြီဆိုတာနဲ့ Next ကိုဆက်နှိပ်ပါမယ်။

Action နေရာမှာ Download all sites in pages (multiple mirror) ဆိုတာကိုရွေးချယ်ပေးပါ။


ပြီးရင် Add URL.. ဆိုတာလေးကို Click လိုက်ပါ။ Insert URL ဆိုတဲ့ Box ပေါ်လာပါ့မယ်။ http:// ရဲ့ရှေ့က
Box ထဲမှာ ကိုယ်ကြိုက်တဲ့ website နာမည်ရိုက်ထည့်လိုက်ဗျာ.ကျွန်တော်ကတော့ www.shwemyotaw.com
လို့ရိုက်ထည့်လိုက်တယ်။ ပြီးရင် Login နဲ့ Passwords နေရာမှာ ချစ်သူမြို့တော်ကိုဝင်တဲ့ Email လိပ်စာနဲ့
Passwords လေးရိုက်ထည့်လိုက်..ဒါမှ ဒေါင်းပြီးတဲ့အခါ ကိုယ့်ရဲ့အိမ်ကိုဝင်လို့ရမှာပေါ့။ အချို့ Login ၀င်စရာမလိုတဲ့ Site တွေကျတော့ ဘာ Username နဲ့ Passwords မှထည့်စရာမလိုပါဘူး။ တန်းဒေါင်းလိုက်ရုံပါဘဲ။ ချစ်သူမြို့တော်က Login လုပ်ပြီးဝင်ရတဲ့အတွက်…ကျွန်တော်ကတော့ Login နေ၇ာမှာ aung.uvs@gmail.com လို့ထည့်တယ်.Passwords နေရာမှာ ဘာဘာညာညာ ပေါ့ဗျာ..P:

အားလုံးထည့်ပြီးသွားရင် OK ကိုနှိပ်..Next ကိုနှိပ်..ပြီးရင် Finish ကိုနှိပ်..ပြီးရင် အောက်ကပုံအတိုင်း ချစ်သူမြို့
တော်ဝက်ဆိုဒ်တစ်ခုလုံးကို ဆွဲလိမ့်မယ်.ဒေါင်းလွတ်ပြောတာနော်.:P Download

ဆွဲပြီးသွားရင်.ကိုယ်ခုနကရွေး
ထားတဲ့ AungAung ဆိုတဲ့ဖိုလ်ဒါနာမည် လေးကိုသွားဖွင့်ကြည့်ပါ။ Index.html ဖိုင်လေးကိုနှိပ်လိုက်ပါ။

ပြီးရင်
Project name မှာကိုယ်ပေးထားခဲ့တဲ့နာမည်(ကျွန်တော်ကတော့ Shwe လို့ပေးထားတဲ့အတွက်) Shwe
ကို ဖွင့်ပြီး Offline အနေနဲ့ကြည့်လို့ရပါပြီ..Offline ဆိုတော့
Online ထက်မြန်တယ်..Loading စောင့်စရာမလိုတော့ဘူးပေါ့နော်..အစ်ကိုတို့.အမတို့လဲ ကြိုက်တဲ့
Website ကိုဆွဲပါ။ (Download ပြောတာနော်..:P) ဒေါင်းတဲ့အချိန် နည်းနည်းတော်တော်သင့်သလောက်
တော့ကြာမယ်နော်..:P

ကဲ..ဒါဆိုရင်တော့ Website တစ်ခုလုံးကိုဒေါင်းလွတ်ဆွဲခြင်းပြီးဆုံးသွားပါပြီ..အသုံးဝင်လိမ့်မယ်လို့လဲမျှော်လင့်ပါ
တယ်..သိပြီးသားသူတွေလဲ..ငါတို့သိပါတယ်လို့သဘောမထားဘဲ..ဒီထက်ကောင်းတဲ့ နည်းလမ်းတွေနဲ့ ကူညီ
ပေးကြပါ။မျှဝေပေးကြပါ။ ကျွန်တော်စာရေးတာအမှားပါရင်ခွင့်လွှတ်ကြပါလို့ ချစ်သူမြို့တော်က အစ်ကို.အမတွေကိုတောင်းပန်ပါရစေ..။ဒီ..Software လေးအသုံးဝင်ပါတယ်လို့ အစ်ကိုအမတွေဆီက ကွန်မန့်
လေးတွေမြင်ရင်ဘဲ ကျွန်တော်ရေးသားရ ကျေနပ်ပါပြီခင်ဗျာ./။

အသုံးပြုပုံ အကျဉ်းချုပ်
အသုံးပြုပုံ အကျဉ်းချုပ်
(၁) Software ကို Install လုပ်ပါ။ ပြီးရင် Run လိုက်ပါ။
(၂) Next ကိုနှိပ်ပါ။
(၃) Project name နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်ပေးလိုက်ပါ။ ပြီးရင် မှိန်နေတဲ့ Base path: နေရာကိုရွေးပေးပါ။ ဆိုလိုတာက ကိုယ်မှတ်လိုတဲ့ Folder ကိုရွေးခိုင်းခြင်းပါ။
(၄)ပြီးရင် Next ဆက်နှိပ်ပါ။
(၅) Action နေရာမှာ Download web site(s) ဒါမှမဟုတ် Download all sites in pages (multiple mirror)
ကိုရွေးပေးပါ။ ပြီးရင် Add URL ကိုကလစ်ပါ။
(၆)http:// ရဲ့နောက်မှာ ဒေါင်းယူလိုသော ၀က်ဆိုက်နာမည်ကိုထည့်လိုက်ပါ။ဥပမာ www.shwemyotaw.com
(၇)Login နဲ့ Passwords နေရာမှာ ချစ်သူမြို့တော်သို့ဝင်သော မိမိရဲ့ Email လိပ်စာနဲ့ Passwords နာမည်ကို
အတိအကျရိုက်ထည့်ပေးရပါမည်။ Register လုပ်ရန်မလိုသော Sites များအတွက်မူ ထည့်ရန်မလိုအပ်ပါ။
(၈)ပြီးရင် OK နှိပ်ပါ။ Next နှိပ်ပါ။ Finish ကိုနှိပ်ပါ။
(၉)ရွေးချယ်ထားသော website ကို Download စတင်ဆွဲနေမည်ဖြစ်သည်။
(၁၀)Website အနေအထားပေါ်မူတည်ပြီး Download ဆွဲချိန်ကြာမြင့်ပါမည်။အနည်းဆုံး (၅)နာရီခန့်။
(၅) ရီခန့်ဒေါင်းထားသော်လည်း အပြည့်အ၀ဖတ်နိုင်မည်မဟုတ်ပါ။ ဆိုဒ်တစ်ခုလုံးကိုဒေါင်းနိုင်ပါက ဆိုဒ်
အတွင်းတင်ထားသော Video များကိုပင်ကြည့်နိုင်သည်ဟုသိရပါသည်။ကိုယ်တိုင်တော့ ပြီးအောင်မဒေါင်း
ဘူးသေးပါ။အဆင်ပြေကြပါစေလို့ဆုတောင်းလျှက်……………………..။
▼ ပြန်လည်ပြောဆိုဆွေးနွေးမယ်
ဒေါင်းသွားတယ်နော်...
ဒါနဲ့ မြန်မာယူနီကုဒ်လိုချင်လို့...တင်ပေးလို့ရမလား ဗျာ...
ကျေးဇူး

ဒါလေးက ယူနီကုတ် လိုချင်တဲ့အစ်ကို့အတွက်ပါ။ ကြိုက်တာကနေဒေါင်းလိုက်နော်။ http://www.mediafire.com/?b6al8mqpa6eas8l http://ifile.it/0yxw2au/myanmar3.2.0.273.zip http://www.ziddu.com/download/13322186/myanmar3.2.0.273.zip.html http://www.zshare.net/download/84955723b98c6cf1/ http://www.mirrorcreator.com/files/1QNLQVNU/



No comments:

Post a Comment

daweiit@gmail.com