မိမိဓါတ်ပုံလေးတွေကို Resolution မကျပဲ ချုံ့ နည်း
>
> အခု လွမ်းရေးပြမဲ့နည်းက မိမိဓါတ်ပုံတွေကို ချုံ့ တဲ့နည်းပါပဲ…
>
> PhotoShop Software မှာ ချုံ့ လိုက်လဲ ဖြစ်ပါတယ်လို့  စောဒကတက်လို့ ရပါတယ်…
>
> PhotoShop Software သုံးခဲ့ရင်တောင်မှ Resolution မကျပဲ ချုံ့ တတ်ဖို့ 
> လိုပါတယ်…
>
> နိုင်ငံခြားမှာနေတဲ့သူအဖို့  ဓါတ်ပုံ Size ဘယ်လောက်ကြီးကြီး တစ်နိုင်ငံနဲ့ 
> တစ်နိုင်ငံ Send Files ကို အသုံးပြုပြီးတောင် ပို့ လို့ ရပါတယ်…
>
> မြန်မာနိုင်ငံကို ဓါတ်ပုံပို့ ချင်လို့ ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံက
> တစ်ခြားနိုင်ငံကို ဓါတ်ပုံပို့ ချင်လို့ ပဲ ဖြစ်ဖြစ် Send File နဲ့  ပို့ လို
>့ မရသလို ဓါတ်ပုံ Size ကြီးနေရင်လဲ ပို့ တာကြာသလို ယူတာလဲ ကြာပါတယ်…
>
> ဒီတော့ ပို့ မဲ့ပုံကို Size ချုံ့ ပေးလို့  လိုလာပါပြီ…
>
> နောက်တစ်ခုက မိမိဓါတ်ပုံကို Background အသုံးပြုချင်တဲ့သူတွေအတွက်ပါ…
>
> ဓါတ်ပုံ Size က မိမိရိုက်တဲ့ Camera ရဲ့ Resolution ပေါ်မူတည်ပြီး Size
> အကြီးကြီး ဖြစ်နေတတ်ပါတယ်…
>
> Monitor ရဲ့ အများသုံးတဲ့ Resolution က 1024x768 Pixels ဒါမှမဟုတ် Wide Screen
> Monitor အတွက် 1280x800 Pixels ရှိတတ်ပါတယ်…
> ဒါကြောင့် Ning Website Background အတွက် Resolution ကို ချပေးဖို့ 
> လိုအပ်လာပါတယ်…
>
> ခု လွမ်းရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို ချုံ့ ပြပါမယ်…
>
> မူလဓါတ်ပုံရဲ့ Resolution က 4000x3000 Pixels ပါ… Size က 3.25MB ရှိပါတယ်…
>
> ပထမဆုံးသုံးမဲ့နည်းက မိမိစက်မှာ Microsoft Office ထည့်ထားရင် Microsoft Office
> Picture Manager ဆိုတာ ပါလာပြီးဖြစ်ပါတယ်…
>
>
> Microsoft Office Picture Manager ကို အသုံးပြု၍ ပုံချုံ့ ခြင်း
>
> ၁။ မိမိချုံ့ လိုသောပုံမှာ Right Click >>>Open with>>>Microsoft Office
> Picture Manager ကို Click လုပ်ပါ…
>
> [image: Select MOM]
>
> ၂။ Tool Bar ပေါ်ရှိ Edit Pictures… ဆိုတာကို Click လုပ်ပါ…
> ဓါတ်ပုံအများကြီးကိုလဲ တပြိုင်တည်း ရွေးပြီး လုပ်နိုင်ပါတယ်…
>
> [image: Edit]
>
> ၃။ ညာဖက်မှာ Edit Pictures Dialog Box ပေါ်လာပါလိမ့်မယ်… Compress Pictures ကို
> Click လုပ်ပါ…
>
> [image: Compress]
>
> ၄။ မိမိပုံရဲ့ Size ကို ပြပေးပါလိမ့်မယ်… Documents ဆိုတာကို Click ပြုလုပ်ပါက
> Compressed ပြုလုပ်ပြီးလျှင် ရှိမဲ့ပုံရဲ့ Size ကို ပြပေးပါလိမ့်မယ်…
>
> [image: Document]
>
> ၅။ OK ပေးပြီး Windows ကို Close ပြုလုပ်လိုက်လျှင် Save ပြုလုပ်မလားမေးသော
> Dialog Box ပေါ်လာပါလိမ့်မယ်… Save ပြုလုပ်ပါက ချုံ့ ပြီးပုံကို
> သိမ်းသွားပါလိမ့်မယ်…
>
> [image: Save]
>
> မိမိမူရင်းပုံကို မပျက်စေလိုလျှင် Copy ကူးပြီးမှ ချုံ့ ပါ…
> သိမ်းပြီးဓါတ်ပုံကို
> စစ်ကြည့်လျှင်
>
> Dimensions 1024x768 နှင့် Size 209KB ခန့်  သာရှိနေသည်ကို တွေ့ မြင်ရမှာ
> ဖြစ်ပါတယ်…
>
>
> PhotoShop ဖြင့် ပုံချုံ့ ခြင်း
>
> ၁။ PhotoShop CS5 ကို ဖွင့်ပြီး File Open နဲ့  မိမိပုံကို ဖွင့်ပါ…
>
> ၂။ Image>>>Image Size… ကို Click ပြုလုပ်ပါက Image Size Dialog Box
> ပွင့်လာပါလိမ့်မယ်…
>
> [image: Image Size...]
>
> ၃။ Image Size Dialog Box မှာ မိမိရဲ့ မူလပုံရဲ့ Pixel Dimensions ကို တွေ့ 
> မြင်ပါလိမ့်မယ်…
>
> [image: Image Size]
>
> ၄။ Pixel Dimesions ကို Width 4000 နေရာတွင် 1024 လို့ ရိုက်လိုက်တာနဲ့ 
> Automatically Height မှာ 768 ပြောင်းသွားပါလိမ့်မယ်… Constrain Proportions
> ကို Tick လုပ်ထားလို့ ပါ…
>
> ပုံမှာပြထားတဲ့အတိုင်း Drop Down List ကနေ Bicubic Sharper(best for
> reduction)ဆိုတာကို
> ရွေးပေးထားရမှာ ဖြစ်ပါတယ်…
>
> [image: Best for reducing]
>
> OK ပေးပြီး Save လုပ်ပါက JPEG Options ပေါ်လာလျှင် Maximum နဲ့  သိမ်းပါ…
>
> [image: Maximum]
>
> ချုံ့ ပြီးပုံကို စစ်ကြည့်လျှင် Dimensions 1024x768 နှင့် Size 316KB ခန့် သာ
> ရှိနေသည်ကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်…
>
>
> ချုံ့ ပြီးပုံများက Size ငယ်သွားသော်လည်း ကြည်လင်တာကို တွေ့ မြင်ရမှာပါ…
>
> လွမ်းအသုံးပြုသောနည်းကို ဝေမျှခြင်းသာဖြစ်ပါတယ်…
>
> ကွန်ပျူတာကို အသုံးပြုရင်း နည်းပညာများတိုးတက်ကြပါစေ…
>
>
No comments:
Post a Comment
daweiit@gmail.com