sony ericsson ဖုန်းမှာ အင်တာနက်ချိတ်ကြည့်မယ်။
အကြင်နာနန်းတော် ရဲ့  ချက်ဘောက်မှာ sony ericsson ဖုန်းကို အင်တာနက် ချိတ်ချင်လို့ ပြောပြပါ ဆိုလို့ ။
ဧကရီ ရဲ့ ဖုန်းလေးမှာ အရင်ကလိရင်း ခုမှ ရလို့ တင်ပေးလိုက်ပါတယ်ရှင့်..
လိုအပ်တဲ့ သူတွေအတွက်လည်း အသုံးဝင်သွားတာပေါ့နော်..
အရင်ဆုံး ဖုန်းမှာ အင်တာနက်အရင်ချိတ်မယ်ဆိုရင်။။
၁။ ။ ဖုန်းရဲ့ Setting ထဲကို ပထမဆုံးသွားပါ။ပြီးရင် Connecting ထဲဝင်ပါ။
၂။ ။ အဲဒီထဲက ဖုန်းရဲ့ Accesspoint Name ကိုအရင်ပြောင်းပေးလိုက်ပါ။ ဒါဆိုရပါပြီ။
နောက်တစ်ခု ဖုန်းထဲကနေ မိမိကွန်ပြူတာကို အင်တာနက်ဆက်ချိတ်မယ်။
၃။ ။ အရင်ဆုံး အောက်ကပေးထားတဲ့ ဆော့ဖ်ဝဲလေးကို အရင်ဒေါင်းပါ။
၎။ ။ ဒီဆော့ဖ်ဝဲလေး ဒေါင်းပြီးရင် Cable Diver ဆော့ဖ်ဝဲလေးကို ကွန်ပြူတာမှာ ထည့်သွင်းပြီးရင် Install လုပ်ထား
လိုက်ပါ. ( ဖုန်းဝယ်တုံးက ပါတဲ့ CD ခွေလေးပါ)
၅။ ။ ဒါဆို ဖုန်းနဲ့ အင်တာနက်ချိတ်ဖို့ ကွန်ပြူတာမှာ အရင်ဒေါင်းထားတဲ့ PC Companion ဆော့ဖ်ဝဲကိုဖွင့်လိုက်ပါ.။
Internet Accept Icon ကိုတွေ့ရင်ကလစ်ပြီး အွန်လိုင်းစနစ်လေး ချိတ်ဖို့ အဆင်ပြေသွားပါပြီရှင့်...
အဆင်ပြေပါစေနော်..
No comments:
Post a Comment
daweiit@gmail.com