ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday, 2 September 2011

How to install ipa files into iPhone, iPod without iTunes


How to install ipa files into iPhone, iPod without iTunes

တစ်ချို့သောလူတွေသိပြီးဖြစ်မယ်လို့ထင်ပါတယ်။ လုပ်ဖြစ်ခဲ့တာလေးကိုပြန်ပြီး Share လိုက်ပါတယ်။
ကျွန်တော်ကတော့ iPod 2G လေးနဲ့ပဲ စမ်းကြည့်လိုက်ပါတယ်။ iPhone မရှိလို့ပါ။ iPod လည်းမရှိပါဘူး။ သူငယ်ချင်းဥစ္စာပါ။ Games နဲ့ Applications လေးတွေထည့်ပေးပါဆိုပြီး အပူကပ်ပြန်တယ်။
ကွန်နက်ရှင်ကလည်းမကောင်းတော့ Online ကနေ မထည့်ချင်တော့ဘူး။ ကျွန်တော့်မှာရှိတဲ့ DVD နှစ်ချပ်ထဲက ရှိတာလေးတွေ ထည့်ပေးမယ်ဆိုတဲ့ စိတ်ကူးပေါ့လေ။ နောက်နေ့ကျတော့ ဆိုင်မှာလာသုံးတဲ့ ဘော်ဘော်တစ်ယောက်ဆီကနေ 7 DVDs ကို လည်ပင်းညှစ်ယူလိုက်တယ်။ ဒီလိုနဲ့ အစမ်းသပ်ခံ Applications တွေ၊ Games တွေများသွားတာပေါ့။
ကိုင်း... လေကြောမရှည်ဘဲ စ လိုက်ကြရအောင်ဗျာ။

Requirements For JailBreak:
iPhone or iTouch
Wifi Connection
Spirit (JailBreak Tool)


ပထမဆုံး iPod ကို Spirit လေးနဲ့ အလွယ်ပဲ JailBreak လုပ်လိုက်ပါတယ်။ JailBreak လုပ်တဲ့အတိုင်း အကုန်တူတူပါပဲ။ အကျယ်ချဲ့ပြီးပြောဖို့လိုမယ်မထင်တော့ပါဘူး။
Sources ကိုတော့ http://cydia.hackulo.us ကနေပဲ ယူလိုက်ပါတယ်။
ပြီးတော့ Version 3.1.3 ဆိုတော့ 3.1.3 အတွက် Cydia ကနေ Appsync ကို Install လုပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာ Installous ကို ထပ်ပြီး Install လုပ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့...

Requirements For Install ipa Files:
Wifi or USB Connection
WinSCP
(ကျွန်တော်တင်ပေးထားပါတယ်။)
http://www.4shared.com/file/U-f56oXO/WinSCP_429.html
ipa Files (ခွေဆိုင်တွေမှာ ၀ယ်လို့ရနိုင်ပါတယ်။ လိုချင်တဲ့ Games (or) Apps ကို ipa အနေနဲ့ Google မှာရှာရင်လည်း ရနိုင်ပါတယ်။)

လိုအပ်တဲ့ WinSCP ကို Download လုပ်ပြီးတဲ့အခါမှာ RAR ထဲမှာပါတဲ့ EXE နှစ်ခုလုံးကို Install လုပ်ပါ။ Install လုပ်ပြီးတဲ့အခါမှာ iPod ထဲကို Browse လုပ်ဖို့အတွက် Key တစ်ခုထည့်ပေးရပါ တယ်။
(ကျွန်တော်ကတော့ထည့်ပေးလိုက်ပါတယ်။ မထည့်လည်းရလားတော့မသိပါ)။
ဒီအတွက် C:\Program Files\FAR\Plugins\WinSCP\PuTTY\puttygen.exe ကိုဖွင့်လိုက်ပါ။ အောက်မှာ ကျွန်တော်ပြထားတဲ့ ပုံအတိုင်းလုပ်ပေးလိုက်ပါ။
Generate လုပ်ထားတဲ့ Key File ကို လွယ်လွယ်ကူကူ Desktop ပေါ်မှာပဲ သိမ်းလိုက်ပါ။
Wifi မရှိရင် USB နဲ့ iPod ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
iPod ထဲကနေ Wifi ထဲကိုဝင်ပါ။ ပြီးရင် iPod အတွက် IP တစ်ခု သတ်မှတ်ပေးလိုက်ပါ။ WinSCP ရဲ့ Host name နေရာမှာသုံးရမှာပါ။
ပြီးတဲ့အခါမှာ WinSCP ကို ဖွင့်လိုက်ပါ။ ကျွန်တော်ပုံမှာပြထားတဲ့အတိုင်းပါပဲ။



User name: root
Password: alpine (တော်တော်များများကတော့ Default ကို မပြင်ဘူးလို့ထင်ပါတယ်။ ဒါလည်း အန္တရာယ်များပါတယ်။)
Private Key File အတွက်ကတော့ puTTYgen.exe နဲ့ လုပ်ထားတဲ့ key file ကို ထည့်ပေးလိုက်ပါ။
ပြီးရင်တော့ Login ၀င်လိုက်ပါ။
iPod ထဲရောက်သွားပြီဆိုရင်တော့
var\Mobile\Documents\Installous\Download ထဲကိုရောက်အောင်သွားပြီး ကိုယ်ထည့်ချင်တဲ့ ipa file ကို Drag ဆွဲပြီးထည့်လိုက်ပါ။ သူ copy လုပ်နေတာပြီးသွားပြီဆိုရင်။
iPod ကနေ Installous ထဲကိုဝင်လိုက်ပါ။ Download section ကို ၀င်လိုက်ရင် ခုနကထည့်ထားတဲ့ ipa file လေးကိုမြင်ရမှာပါ။ သူ့ကို တစ်ချက်တို့ (touch) Install ipa ကိုရွေးလိုက်ပါ။ Installed ဆိုတဲ့စာလုံးလေး ပြသွားတယ်ဆိုရင် ဒါဟာ Install လုပ်ပြီးသွားပါပြီ။
Home ကိုတစ်ချက်နှိပ်လိုက်ပါ။ ပြီးတဲ့အခါမှာ ခုလေးတင် Install လုပ်လိုက်တဲ့ Application (or) Game ကို icon လေးအဖြစ်နဲ့တွေ့ရပါလိမ့်မယ်။ ပြီးရင်အသုံးပြုလို့ရပါပြီ။
ဒါတွေက ကျွန်တော်ကိုယ်တိုင်စမ်းပြီးမှ ခုလိုပြန်ပြီးတင်ပြခဲ့တာပါ။ ကျွန်တော်သုံးခဲ့တဲ့ WinSCP ကတော့ ဆိုင်သမားတွေ သုံးမယ်မသုံးဘူးကျွန်တော်မသိပါဘူး။ တစ်ခုသတိထားရမှာကတော့ WinSCP က နည်းနည်းလေးပါတယ်။ ဆိုင်တွေမှာ ဒါမျိုးသွားလုပ်ရင် (JailBreak + Full Applications) ၃ သောင်း တော့ပေးရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်သိတာ ကျွန်တော်ပြန်ပြီး Share ပြန်လုပ်ပါတယ်။ အဆင်ပြေသွားတဲ့ နည်းလမ်းလေးတွေ ပြောပြခဲ့ပေမဲ့ Mobile Pro မဟုတ်တဲ့ ကျွန်တော့်ရဲ့ iPhone နဲ့ iPod နဲ့ပတ်သတ်တဲ့ Articles တွေမှာ အမှားတွေပါနေမယ်ဆိုရင် ထောက်ပြပေးနိုင်ပါတယ်။

မှတ်ချက်။ ။ မည့်သည့် iPhone Services ဆိုင်တွေကိုမျှ ထိခိုက်စေချင်သည့်စိတ်မရှိပါ။

No comments:

Post a Comment

daweiit@gmail.com