ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Saturday, 3 September 2011

အွန်လိုင်းအင်္ဂလိပ်စာသင်ခန်းစာများ အင်တာနက်မှတဆင့်သင်ယူနိုင်

အွန်လိုင်းအင်္ဂလိပ်စာသင်ခန်းစာများ အင်တာနက်မှတဆင့်သင်ယူနိုင်

Pre-Intermediate ကနေ Upper-Intermediate အဆင့်ထိ သင်ခန်းစာတွေ စုံစုံလင်လင် ပါတယ်။ သင်ကြားသူ အဆင်ပြေတဲ့အချိန် သုံးလို့ရတယ်။ စကားဝိုင်းတွေမှာ ပါဝင်ဆွေးနွေးလို့ရတယ်။ မျက်နှာချင်းဆိုင် သင်ကြားပေးတဲ့ အင်္ဂလိပ်စာသင်တန်းတွေကို မတက်နိုင်တဲ့ ကျောင်းသားတွေအတွက် ရွေးချယ်စရာ နည်းလမ်းတစ်ခုပါပဲ။
Posted on Oct 18 10 - 02:48 PM | Hits : 249
အွန်လိုင်းအင်္ဂလိပ်စာသင်ခန်းစာများ အင်တာနက်မှတဆင့်သင်ယူနိုင်
အင်္ဂလိပ်ဘာသာစကား လေ့လာနေသူများအတွက် နာရီပေါင်း ၆၀၀ ကျော်ရှိ အွန်လိုင်းအင်္ဂလိပ်စာ သင်ခန်းစာများကို အင်တာနက်မှတစ်ဆင့် သင်ယူနိုင်ပြီဖြစ်ကြောင်း ဗြိတိသျှကောင်စီ(မြန်မာ)မှ သိရသည်။ အဆိုပါ သင်ခန်းစာများတွင် သင်ခန်းစာခြောက်ခုပါဝင်ပြီး နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသူများလည်း အသုံးပြုနိုင်ကြောင်း သိရသည်။



“ဒီသင်ခန်းစာတွေရဲ့ အားသာချက်က အခမဲ့သုံးလို့ရတယ်။ Pre-Intermediate ကနေ Upper-Intermediate အဆင့်ထိ သင်ခန်းစာတွေ စုံစုံလင်လင် ပါတယ်။ သင်ကြားသူ အဆင်ပြေတဲ့အချိန် သုံးလို့ရတယ်။ စကားဝိုင်းတွေမှာ ပါဝင်ဆွေးနွေးလို့ရတယ်။ မျက်နှာချင်းဆိုင် သင်ကြားပေးတဲ့ အင်္ဂလိပ်စာသင်တန်းတွေကို မတက်နိုင်တဲ့ ကျောင်းသားတွေအတွက် ရွေးချယ်စရာ နည်းလမ်းတစ်ခုပါပဲ။ ဒါပေမဲ့ အွန်လိုင်းသင်ခန်းစာဖြစ်လို့ သင်ယူသူတွေအတွက် အရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ လိုအပ်ချက်အတိုင်း ဆရာက သင်ရိုးပြင်ပေးတာမျိုး၊ အားပေးနှစ်သိမ့်တာမျိုး၊ စောင့်ကြည့်စစ်ဆေးပေးတာမျိုး ရှင်းပြပေးတာတွေတော့ ရမှာမဟုတ်ဘူး။ တစ်ဦးတည်း သင်တာမျိုးဖြစ်လို့ စကားပြောလေ့ကျင့်တာတို့ တခြားသင်တန်းသားတွေနဲ့ ထိတွေ့ဆက်ဆံရတာတို့ မိတ်ဖွဲ့နိုင်တာတွေလည်း မရှိဘူးပေါ့”ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အထက်ပါ အွန်လိုင်းသင်ခန်းစာကို လေ့လာချင်သူများသည် www.bit.ly/bcmyanmar သို့မဟုတ် www.myanmar-network.net တွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီး အဆိုပါ သင်ခန်းစာများကို အသုံးပြုလိုပါက http://alison.com/publishers.php?publisher=British%20Council တွင် ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

Credit: နေလင်းထွန်း (7Day News Journal)

No comments:

Post a Comment

daweiit@gmail.com