ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Saturday, 3 September 2011

ဗိုင်းရပ်စ်ဝင်လို့ Audio မကြားရဘူးလား။ client ကနေ server ကို ခေါ်လို့မရဖြစ်နေလား။ (Kido Killer)


ဗိုင်းရပ်စ်ဝင်လို့ Audio မကြားရဘူးလား။ client ကနေ server ကို ခေါ်လို့မရဖြစ်နေလား။ (Kido Killer)


http://www.edinooyin.com/

ကျနော်ဒါလေးကို ရှာနေတာ ကြာပါပီ။ အမှန်တော့ သူရဲ့အလုပ်လုပ်ပုံက Window Services တွေမှာပါတဲ့ သူနဲ့သက်ဆိုင်တဲ့ services တွေကို Stop လုပ်လိုက်တာပါပဲ။ ဥပမာ ခုတလောဖြစ်ဖြစ်နေတဲ့ အသံမကြားရတာတို့။ Client ကနေ Server ကိုခေါ်လို့မရတာတို့ပေါ့။ အဲဒါကလဲ သူတို့က အဲဆားဗစ်တွေကို Stop လုပ်လိုက်တာပါ။ အဲဒါကို ကိုယ်က ပြန်ပြီးတော့ Start ပြန်လုပ်မှ နဂိုအတိုင်း အလုပ်လုပ်မှာပါ။ လုပ်ပုံလုပ်နည်းကတော့ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် လုပ်ဆောင်ပုံကတော့ အတူတူပါပဲ။ သူ့ကို Kido Virus လို့လဲ ဖိုရမ်တွေထဲမှာ ဖတ်ဖူးပါတယ်။ ဒါပေမယ့် သူတို့ပေးထားတဲ့Kido Killer ဆော့ဖ်ဝဲက ကျနော့်ဆီမှာတေ့ အလုပ်မလုပ်ပါဘူး။ ဒါကြောင့် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးလေး ဖြစ်အောင် ကျနော် ဖန်တီးထားတာပါ။ တကယ်တမ်းတော့ သူ့ကို ကိုယ့်ဘာသာကို Manual နည်းနဲ့ သတ်ရင်လဲ ရပါတယ်။ အသုံးပြုပုံကတော့ Run>services.msc  ဆိုပီးတော့ ရိုက်လိုက်ပါ.(သို့)  My Computer ကို Right Click....  အဲမှာ Manage ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆို Window services ကျလာပါလိမ့်မယ်။ အဲမှာ အသံအတွက် Window Audios ဆိုတာကို ရွေးပီးတော့ Stop ဖြစ်နေတာကို Start ပြန်လုပ်ပေးရပါမယ်။ Client ကနေ Server ကို ခေါ်လို့ရချင်ရင်တော့  Workstations ဆိုတာကို Start ပြန်လုပ်ပေးရပါ့မယ်။ ဒါဆိုရင် ဘာပြဿနာမှ မရှိတော့ပါဘူး။ ကျနော်သုံးတဲ့နည်းကို ပြောရမယ်ဆိုရင် Windows Firewall ကို On ပေးထားလိုက်ပါ။ ဒါဆိုရင် အဲဗိုင်းရပ်စ်က မ၀င်တော့ပါဘူး။ ဆိုင်တွေမှတော့ Defreeze တင်ထားတာဆိုရင် ပြန်ပီး Save လိုက်ပေါ့။ တကယ်လို့မှ အဲဗိုင်းရပ်စ်ကို Manual နဲ့ မသတ်ချင်ဘူးဆိုရင် အောက်မှာပေးထားတဲ့ ဖိုင်လေးကို ဒေါင်းပြီးတော့ အဲမှာပါတဲ့ Bat ဖိုင်လေးကို Run လိုက်ပါ။ ခဏနေရင် အဲဗိုင်းရပ်စ်ကြောင့် ခေါင်းခဲနေတာတွေ သက်သာသွားပါလိမ့်မယ်။

No comments:

Post a Comment

daweiit@gmail.com