အင်တာနက်အဆင့်မြင့်အသုံးပြုနည်း (မြန်မာလိုစာအုပ်)
ကိုမျိုးသူရရေးသားတဲ့အဆင့်မြင့်
9.21 MB
Making network cable
မြန်မာနိုင်ငံပြန်ရောက်ပြီးမှ ပထမဆုံးရေးတဲ့ post ပါ။ အရင် က မူကြမ်းတောင်မရေးပဲ post တင်တဲ့ ကျနော်။ ခု ပို့စ်တင်ဖို့ A4 စက္ကူပေါ်ရေးနေရပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ ရတဲ့နည်းနဲ့ ပေးချင်တာတွေ ပေးသွားပါ့မယ်။စာတမ်းတစ်စောင် (သို့) စာအုပ်တစ်အုပ်အဖြစ် အကြောင်းအရာ တစ်ခုခုကို တင်ပြရေးသားမယ်ဆိုရင်တော့ သဘောတရားတွေနဲ့ သိသင့် သိထိုက်တာတွေ အရင်ရေးရမယ်။ ပြီးမှ လိုက်ပါလုပ်ဆောင်ဖွယ်ရာတွေ ရေးသားရမှာပါ။ ဒါပေမယ့် ကျနော်ပေးချင်တဲ့ ပုံစံက တစ်မျိုးဗျ။ လက်ရှိလူတိုင်းက ပျင်းရိညည်းငွေ့ဖွယ်ကောင်းတဲ့ သဘောတရားတွေထက် ဘာလုပ်ဖို့အတွက်ဆို ဘယ်လိုမျိုးဆိုတဲ့ easy making တွေကို ပိုစိတ်ဝင်စားလာကြတယ်။ နောက်ပြီးလူဆိုတာက တတ်ကျွမ်းပြီးမှသာ နှံ့စပ်ချင်တယ်။ မသိသေးပဲ အသေးစိတ်ကျတဲ့ အချက်အလက်တွေ မမှတ်ချင်ဘူး။ အဲဒါကြောင့် ပြုလုပ်နည်းကို ကျနော် အရင်ရှင်းသွားမယ်။ အသုံးချင်နေတာတွေပြောပြီး အခေါ်အဝေါ်တွေ ရင်းနှီးလာမှ သိထားသင့်တဲ့ သဘောတရား အချက်အလက်တွေကို ပြန်ရေးမယ်။
အခုတင်ပြရေးသားမယ့် အပိုင်းက အရင် မရေးဖြစ်ခဲ့တဲ့ Networking အပိုင်း။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ network က ကျနော်တို့ ပတ်ဝန်းကျင်မှာ တော်တော်လေး နေရာယူလာပါပြီ။ Computer များသာမက PS II ဂိမ်းဆိုင်တွေမှာပါ Network ကို သုံးလာတာတွေ့ရပါတယ်။ (PSII နောက်ပိုင်း မော်ဒယ်တွေကို ကွန်ပျူတာဖြင့် network ချိတ်ပြီး game CD ကို HDD မှ ရယူအသုံးပြုခြင်းကြောင့် စက်ပျက်စီးမှု၊ ခွေဖိုးကုန်ကျမှုများ များစွာ သက်သာသွားစေပါတယ်။) အဲဒါကြောင့် သင်သုံးနေတဲ့ ကွန်ယက် (network) ကို ဘယ်လိုပြုလုပ်ပြီး တည်ဆောက်ထားတာလဲ ဆိုတာ သိသင့်ပါတယ်။ (မက်လုံးပေးရရင်တော့ စက် ၁၀ လုံး networking ပြုလုပ်ခြင်းအတွက် အသားတင် လက်ခ တစ်သိန်းမှ တစ်သိန်းခွဲကြား ပေးရပါတယ်။) အခုအချိန်ကစပြီး အဲဒီမခဲယဉ်းလှတဲ့ နည်းပညာကို စာဖတ်သူတို့ဆီ ကျနော်မျှဝေပါ့မယ်။ level တိုင်းနားလည်အောင် တင်ပြသွားပါ့မယ်။
First step ကတော့ ဆက်သွယ်တပ်ဆင်တဲ့ကြိုး (Networking Cable) ပြုလုပ်ခြင်း ဖြစ်ပါတယ် …
No comments:
Post a Comment
daweiit@gmail.com