ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Sunday 23 October 2011

Window မှာ မမြင်ရတဲ့ Floder တခုလုပ်ရအောင်

ဒါလေးက Hidden လုပ်ထားတာလုံးဝမဟုတ်ပါဘူးဗျာ။ ဘာ software မှ လဲမသုံးထားဘူးဗျာ။
သုံးစရာလဲမလိုဘူး။ ဖြစ်နိုင်ပါ့မလားလို့ မေးလို့ကတော့ ဖြစ်နိုင်ပါတယ်လို့ပဲပြောလိုက်တော့မယ်။
Windows ကြီးမှာပါတဲ့ Orginal အတိုင်းပဲလုပ်လို့ရတယ်ဗျာ။ ကဲလေတွေများနေအုံးမယ်
နဲနဲ လုပ်ကြည့်ရအောင်ဗျာ။ Windows ပေါ်မှာ  မမြင်ရတဲ့ Floder တခု ကို အလွယ်တကူစပြီး
တည်ဆောက်ကြည့်ရအောင်။ ဘာမှမမြင်ရတော့ သူများမမြင်စေချင်တဲ့ Data တွေကို အဲ့ဒီ Floder
ထဲထည့်ပြီးသိမ်းလိုက်ရင် အလွယ်တကူတွေ့မှာမဟုတ်တော့ဘူးပေါ့ဗျာ။ ဟဲ…ဟဲ


GUI Mode ပေါ်မှာ မမြင်ရတဲ့ Floder တစ်ခုကိုတည်ဆောက် လိုက်တာပါပဲ။
ကျနော်ပုံနဲ့တကွဖေါ်ပြပါမယ်။ အရင်ဆုံး Floder အသစ်တခုကို Windows မှာ ခေါ်လိုက်ဗျာ
 


 New Floder  ရဲ့နာမည်(မြှားပြထားတဲ့နေရာ)ကို  Special Character တခုပေးပါမယ်။ ဒီ Special Character
က Space ဘာလို မျိုး ဘာစလုံးမှမပါဘူး။ အာလုံးသိမှာပါ  အဲ့ဒီမှာ ဘာစလုံးမှမပါပဲ ဒီတိုင်းထားလို့မရဘူးဆိုတာလေ။ ဒီတော့ ကျနော်တို့ Special Character နဲ့ လူလည်ကျမယ်ဗျာ။

Character ရဲ့ Key-stroke က  Alt+0160(Alt0160) ပါ။ ကျနော်တို့ အရင်က မြန်မာစာရိုက်ရင် ပါဌ်ဆင့်စာလုံးတွေ ရိုက်သလိုမျိုးပါပဲ နာမည်ကို special Character ပေးပြီး တဲ့ အခါ Enter နှိပ်လိုက်ပါ။ဒါဆိုဘာနာမည်မှ မပါတဲ့ Floder တခုကို ရသွားပါပြီ။


 
အဲ့ဒီ Floder ရဲ့ Properties ထဲကိုဝင်ပါ။ Customize ဆိုတဲ့ Tab အောက်မှာ Change Icon ဆိုတာရှိပါလိမ့်မယ်။ Click လိုက်ပါ ကျလာတဲ့ Box ထဲမှာ Icon လေးတွေအများကြီးတွေ့ရမှာပါ။
ညာဘက်ကို နည်းနည်းချင်းသွားကြည့်လိုက်ပါ။ ဘာပုံမှ မပါတဲ့ Icon လေးတွေကို တွေ့ရပါလိမ့်မယ်။
(အောက် က ပုံထဲကအတိုင်းကြည့်လိုက်နော်) အဲ့ထဲက တခုကို ရွေးလိုက်ဗျာ။ ပြီးရင် OK OK နှိပ်ပြီးထွက်လိုက် ရင် ဘာစာမှမပါတဲ့ ဘာ Icon မှ မပါတဲ့ Floder တခုကို ရသွားပါလိမ့်မယ်။ ဘာမှ မမြင်လို့ ကိုယ့်ရဲ့ Floder ကို
 ရှိမှန်းတောင် သတိထားမိကြမှမဟုတ်ပါဘူး။ ကိုယ့်ဘာကိုယ်တော့မမေ့နဲ့ပေါ့ဗျာ။ ဟီး ဟီး.





ဒီ Invisible Floder တွေက ဒီအတိုင်းမမြင်ရအောင် ဘာမှမပါတဲ့ Icon နဲ့ ဘာမှ မပါတဲ့ နာမည်ကိုပေးလိုက်ရုံပဲ။
ကျန်တာတွေက တော့ တခြားသာမန် Floder တွေနဲ့ ဘာမှ မကွာပါဘူးဗျာ။
ကဲ ယုံပြီလား  ဘာSoftware မှ မလိုဘူးဆိုတာ…..
ကလိနိုင်ကြပါစေဗျာ……….

ခင်မင်စွာဖြင့်
ရဲဂျာ (MMCFamily)





အာလူးကျော်သွားစားအုံးမှ :P
Tags: နည်းပညာ
Reply to This..
Reply by min naing on April 17, 2011 at 10:24pm
ရတယ်ဗျို...လုပ်ပြီးပြီ..ဒါပေမယ့် ပျောက်သွားရင်ပြန်ရှာမယ့်နည်းလေးပါ ပြောပေးသင့်တယ်ဗျို့....
Zalat PhyuPermalink Reply by Zalat Phyu on April 18, 2011 at 10:12am
ကိုရဲဂျာရေ.....ကျေးဇူးပါနော်......ဖြူ လုပ်ကြည့်တာ အောင်မြင်တယ်....ပျော်လိုက်တာ......ကိုရဲဂျာ အစား ဖြူ ပြန်ဖြေပေးလိုက်တယ်နော်.......သူတို့လည်း ဖြူ့လို ပျော်သွားအောင်လို့.....:Pကိုမင်းနိုင်ရေ.....desktop မှာ refresh လုပ်ကြည့်လိုက်ရင် ပုန်းနေတဲ့ folder ပြန်ပေါ်လာပါတယ်....အဲသည့်နေရာကို pointer ထောက်ကြည့်ရင်လည်း  သူရှိကြောင်း သူ့ size ကိုဖော်ပြပေးပါတယ်......
..
..
Reply by Steven ho on April 17, 2011 at 8:45pm
folderတွေပဲပျောက်တယ်သူ့နာမည်newfolderကတောမပျောက်ဘူးအစ်ကိုဘယ်လိုလုပ်ရမလဲ;;;;;;;;;;;;;;;;;;;;;;;;;;;D:D:D
irrisPermalink Reply by irris on April 17, 2011 at 10:55pm
newfolder ပျောက်ချင်ရင် Numlock ပိတ်ပြီး Alt 0160 ရိုက်ကြည့် ပါ...............။..
.....
Ma May Htoo OoPermalink Reply by Ma May Htoo Oo on April 18, 2011 at 7:33am
ကိုရဲဂျာရေ ဒီ folder ကို နှစ်ခုလောက် လုပ် လို့ မရ လို့ တခြား နာမည် ရှိလား သိရင် ကျေးဇူးပြူပြီးတော့ ပြော ပေးပါ
လေရူးPermalink Reply by လေရူး on April 18, 2011 at 10:41am
နောက်တစ်မျိုးက alt+255 ပါ ... ပျော်ရွှင်ကြပါစေ...
Green HeartPermalink Reply by Green Heart on April 18, 2011 at 11:42am
ရတော့ပါတယ်။ But အားနည်းချက်ရှိတယ်ဗျ!!Refresh လုပ်တိုင်း အဲဒီပျောက်နေတဲ့ Folder က ဖျတ်ခနဲ ဖျက်ခနဲ ပေါ်လာတယ်။ So, လူသိနိုင်တာပေါ့!!

No comments:

Post a Comment

daweiit@gmail.com