ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 4 October 2011

Gmail ထဲကနေ Video Chat ချက်မယ်...ရုပ်လဲကြည့်မယ် စကားလဲပြောမယ်

Gmail ထဲကနေ Video Chat လို့ရပါတယ်။ ဟိုဘက်ဒီဘက် အရုပ်လဲမြင်ရမယ်။ဖုန်းပြောသကဲ့သို့လည်း ဆက်သွယ်စကားပြောနိုင်ပါတယ်။
သာမန် Text chat သုံးမယ်ဆိုရင်လည်းရပါတယ်။ပထမဆုံး Video Chat အတွက် Plug in တစ်ခုကို ကွန်ပျူတာမှာ Install လုပ်ရပါမယ်။
Plug in ကို Install လုပ်ရန် http://mail.google.com/videochat သို့သွားပါ။အောက်ကပုံအတိုင်းတွေ့ရမှာပါ။
ထို့နောက် Install voice and video chat ကို Click ပါ။ အောက်ပါအတိုင်း မြင်ရပါမယ်။
GoogleVoiceAndVideoSetUp ဖိုင်ကို သိမ်းလိုက်ပါ။
ထို့နောက် Double click ပြီး Install လိုက်ပါ။Restart browser now ကို Click ပေးပါ။
(မှတ်ချက်။ ။ ကျွန်တော် လုပ်ကြည့်သလောက်တော့ တစ်ခါတလေ GoogleVoiceAndVideoSetUp ဖိုင်ကို သိမ်းခိုင်းပါတယ်..တစ်ခါတလေ
Install voice and video chat ကို Click လိုက်တာနဲ့ auto installလုပ်ပါတယ်)ဘယ်လိုပဲဖြစ်ဖြစ် Restart browser nowရမှာပါ။အခုလုပ်မယ်ဆိုရင်ပါ။ restart ပြီးဆုံး ရင် voice and video chatကို Install လုပ်တဲ့အပိုင်းပြီးပါပြီ။
အသုံးပြုတဲ့အပိုင်းကတော့.....
မိမိ Video Chat ပြောလိုသော တစ်ဖက်က သူသည်လည်း မိမိကဲ့သို့ပင် ကွန်ပျူတာတွင် Plug in ကို Install လုပ်ထားပြီးဖြစ်ရပါမယ်။
တစ်ဖက်ကသူသည် Plug in ကို Install လုပ်ထားပါက Gmail ထဲတွင် အစိမ်းရောင် video camera ပုံစံလေးဖြစ်နေပါမည်။
မလုပ်ထားပါက သာမန် အစိမ်းရောင် အစက်ကလေး ဖြစ်နေပါမည်။ (Only online)အောက်က ပုံအတိုင်းပါ။
Gmail chat ထဲမှ video chat လိုသော မိတ်ဆွေအမည်ပေါ်တွင် click တစ်ချက်နှိပ်ပါ။ထိုမိတ်ဆွေ အမည်နဲ့ pop-up window လေးတစ်ခုပွင့်လာပါမည်။
Pop-up window ထဲရှိ video and more ကို click ပါ။
ကျလာမည့် menu ထဲရှိ start video chat တွင် click နှိပ်ခေါ်ဆိုလိုက်ပါ။
ထို့သို့ခေါ်လိုက်လျှင် တဖက်မှာ ring မြည်သွားပြီး alert လုပ်ပါလိမ့်မယ်။ အခြားသူတို့က မိမိအားခေါ်ဆိုခဲ့လျှင်လည်း
ထို alert မျိုးကို မိမိ ထံတွင်တွေ့ ရမှာပါ။ Answer ကို Click နှိပ်လက်ခံမယ်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက် ချိတ်ဆက်မိပြီးရုပ်မြင်အသံကြားဆက်သွယ်စကားပြောဆိုနိုင်ကြပါပြီ။တစ်ဖက်လူရဲ့ပုံကို fullscreen ကြည့်လို့ ရပါတယ်။
(မှတ်ချက်။ ။ထိုသို့ အသုံးပြုနေစဉ် Gtalk ကိုပိတ်ထားရင် အကောင်းဆုံးပါ၊ ဖွင့်ထားရင် ခေါ်လို့ မရ ဖြစ်နေတတ်ပါတယ်။)
Video chat က Gmail ထဲကပဲ ချက်တာ ဖြစ်ပါတယ်။ဒီလိုဆို VZO ကို သီးသန့် Install လုပ်စရာ မလိုတော့ဘူးပေါ့။
web camera တော့ တပ်ဆင်ထားရမှာပါနော် နှစ်ယောက်လုံးပါ။သိတဲ့ လူတွေ သိပ် မများသေးဘူးလို့ ထင်ပါတယ်။

No comments:

Post a Comment

daweiit@gmail.com